Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္သတင္းမ်ား စုစည္းမွဳ – ၂၂.၉.၂၀၂၀

– ဖန္တီးမွဳ အားနည္းေနၿပီး လုခ္ေရွာ ႀကံ့ခိုင္မွဳ မျပည့္တဲ့ ဘယ္ျခမ္းအတြက္ အားျဖည့္မွဳတစ္ရပ္အျဖစ္ ေခၚယူမယ့္ အဲလက္စ္ တဲလက္စ္ အတြက္ ေျပာင္းေရႊ႕ေၾကး ေဆြးေႏြးရာမွာ ေပၚတုိနဲ႔ သေဘာတူညီမွဳရရွိဖို႔ နီးစပ္တဲ့ အေနအထားကို ေရာက္လာၿပီလို႔ ဖာဘရီဇီယို ႐ိုမာႏို ထုတ္ေဖာ္။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေတာင္ပံကစားသမားသစ္ ေခၚယူႏုိင္မွဳကို လိဒ္စ္ယူႏုိက္တက္အသင္းက ေစာင့္ၾကည့္ေနၿပီး အသင္းရဲ႕ ေဝးလ္စ္ေတာင္ပံကစားသမား ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို ေပါင္ ၁၂ သန္းနဲ႔ ကမ္းလွမ္းသြားဖို႔ရွိေန။

– ခရစၥတယ္လ္ပဲေလ့စ္ကို အိမ္ကြင္းမွာ ရွဳံးနိမ့္ၿပီး ေဂ်ဒန္ ဆန္ခ်ဳိကို ေနာက္တစ္ႀကိမ္ ထပ္ၿပီး ႀကဳိးစားေခၚယူဦးမယ္လို႔ သတင္းေတြ ထြက္လာတဲ့အေပၚ ေဒါ့မြန္အားကစားဒါ႐ိုက္တာ ဆီဘက္စတီယန္ ခါးလ္က ေရာင္းခ်ဖို႔ မရွိေၾကာင္းနဲ႔ သူဟာ မိမိတုိ႔ရဲ႕ ကစားသမားသာ ျဖစ္ေၾကာင္း ေျပာၾကား။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အေျပာင္းအေရႊ႕လုပ္ေဆာင္သူေတြနဲ႔ ဒုဥကၠ႒ အက္ဒ္ ဝုဒ္ဝဒ္ဟာ အေျပာင္းအေရႊ႕ေတြကို ေကာင္းေကာင္း လုပ္ေဆာင္ႏုိင္ပုံ မရွိေၾကာင္းနဲ႔ သူတို႔ေတြဟာ ကစားသမားေတြနဲ႔ တုိက္႐ိုက္ေတြ႕ဆုံေဆြးေႏြးရမယ့္အစား ေရွ႕ေနေတြ၊ ေအးဂ်င့္ေတြနဲ႔ပဲ အခ်ိန္ကုန္ေနတယ္လို႔ အီဗရာက သူ႕အေတြ႕အႀကဳံနဲ႔ ယွဥ္ၿပီး ေထာက္ျပ။

– နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ အဓိက ရင္ဆုိင္ေနရတဲ့ ျပႆနာဟာ ခံစစ္မွာ ဘယ္ကစားသမားကိုပဲ သုံးသုံး၊ ျမန္ဆန္တဲ့ ဗဟိုေနာက္ခံလူ မရွိတာေၾကာင့္ျဖစ္ၿပီး ေနာက္တန္းရဲ႕ စုစည္းညီညြတ္မွဳကလည္း ေပ်ာက္ဆုံးေနတယ္လို႔ ေဂ်မီ ကာေရဂါ ေဝဖန္သြား။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ကစားသမားေခၚယူေရး လုပ္ေဆာင္မွဳအပုိင္းကေတာ့ ေစာင့္ၾကည့္သူေတြအတြက္ အနည္းငယ္ အံ့အားသင့္စရာ ျဖစ္ေနခဲ့ၿပီး အဲလက္စ္ တဲလက္စ္နဲ႔ စကားေျပာလို႔ မၿပီးေသးခင္မွာဘဲ အရန္အစီအစဥ္အျဖစ္ ဒိုင္နမိုကိဗ္ရဲ႕ ဗီတာလီ မီကိုလန္ကို,ကို ခ်ိတ္ဆက္ေန။

– ယူႏုိက္တက္ရဲ႕ ဂ်က္ဆီ လင္ဂတ္ကို ေခၚယူဖို႔အတြက္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းလယ္လူ ဒယ္လီ အလီရဲ႕ အေျပာင္းအေရႊ႕ျဖစ္ေျမာက္မွဳအေပၚ မူတည္လုပ္ေဆာင္မွာျဖစ္ၿပီး အငွားခ်ႏုိင္ဖို႔ လက္ရွိမွာ ႀကဳိးစားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဖန်တီးမှု အားနည်းနေပြီး လုခ်ရှော ကြံ့ခိုင်မှု မပြည့်တဲ့ ဘယ်ခြမ်းအတွက် အားဖြည့်မှုတစ်ရပ်အဖြစ် ခေါ်ယူမယ့် အဲလက်စ် တဲလက်စ် အတွက် ပြောင်းရွှေ့ကြေး ဆွေးနွေးရာမှာ ပေါ်တိုနဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်တဲ့ အနေအထားကို ရောက်လာပြီလို့ ဖာဘရီဇီယို ရိုမာနို ထုတ်ဖော်။

– မန်ချက်စတာယူနိုက်တက်ရဲ့ တောင်ပံကစားသမားသစ် ခေါ်ယူနိုင်မှုကို လိဒ်စ်ယူနိုက်တက်အသင်းက စောင့်ကြည့်နေပြီး အသင်းရဲ့ ဝေးလ်စ်တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်ကို ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းသွားဖို့ရှိနေ။

– ခရစ္စတယ်လ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ပြီး ဂျေဒန် ဆန်ချိုကို နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားခေါ်ယူဦးမယ်လို့ သတင်းတွေ ထွက်လာတဲ့အပေါ် ဒေါ့မွန်အားကစားဒါရိုက်တာ ဆီဘက်စတီယန် ခါးလ်က ရောင်းချဖို့ မရှိကြောင်းနဲ့ သူဟာ မိမိတို့ရဲ့ ကစားသမားသာ ဖြစ်ကြောင်း ပြောကြား။

– မန်ချက်စတာယူနိုက်တက်ရဲ့ အပြောင်းအရွှေ့လုပ်ဆောင်သူတွေနဲ့ ဒုဥက္ကဋ္ဌ အက်ဒ် ဝုဒ်ဝဒ်ဟာ အပြောင်းအရွှေ့တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်ပုံ မရှိကြောင်းနဲ့ သူတို့တွေဟာ ကစားသမားတွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရမယ့်အစား ရှေ့နေတွေ၊ အေးဂျင့်တွေနဲ့ပဲ အချိန်ကုန်နေတယ်လို့ အီဗရာက သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ထောက်ပြ။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ခံစစ်မှာ ဘယ်ကစားသမားကိုပဲ သုံးသုံး၊ မြန်ဆန်တဲ့ ဗဟိုနောက်ခံလူ မရှိတာကြောင့်ဖြစ်ပြီး နောက်တန်းရဲ့ စုစည်းညီညွတ်မှုကလည်း ပျောက်ဆုံးနေတယ်လို့ ဂျေမီ ကာရေဂါ ဝေဖန်သွား။

– မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားခေါ်ယူရေး လုပ်ဆောင်မှုအပိုင်းကတော့ စောင့်ကြည့်သူတွေအတွက် အနည်းငယ် အံ့အားသင့်စရာ ဖြစ်နေခဲ့ပြီး အဲလက်စ် တဲလက်စ်နဲ့ စကားပြောလို့ မပြီးသေးခင်မှာဘဲ အရန်အစီအစဉ်အဖြစ် ဒိုင်နမိုကိဗ်ရဲ့ ဗီတာလီ မီကိုလန်ကို,ကို ချိတ်ဆက်နေ။

– ယူနိုက်တက်ရဲ့ ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူဖို့အတွက် တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဒယ်လီ အလီရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်မှုအပေါ် မူတည်လုပ်ဆောင်မှာဖြစ်ပြီး အငှားချနိုင်ဖို့ လက်ရှိမှာ ကြိုးစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.