Other Leagues

ရော်နယ်လ်ဒိုနဲ့ မက်ဆီကို လိဂ်တစ်ခုတည်းမှာ မြင်ချင်နေတဲ့ ဆော်ဒီအကြီးအကဲ

ဆော်ဒီ အာရေဗျဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး အီဘရာဟင် အယ်လ်ကက်ဆင်းက လီယွန်နယ် မက်ဆီအနေနဲ့ ဆော်ဒီ ပရိုလိဂ်မှာ ကာလရှည်ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြန်လည်ဆုံစည်းနိုင်တဲ့အလားအလာကို ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ရောက်ရှိနေသူဖြစ်ပြီး လိဂန်းကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ပြင်သစ်လိဂန်းချန်ပီယံတွေဟာ ကမ္ဘာ့ချန်ပီယံ ဘလွန်ဒေါ ၇ ဆုရှင်ကို ၂၀၂၂-၂၀၂၃ ရာသီထက်ကျော်လွန်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ချက်ချထားပေမယ့်လည်း ဘာစီလိုနာ၊ အင်တာမိုင်ယာမီတို့အပါအဝင် အခြားအသင်းတွေဆီကနေ စိတ်ဝင်စားမှုတွေ ရှိနေတာဖြစ်ပါတယ်။

မကြာသေးမီကမှ ဆော်ဒီ အာရေဗျအသင်းတွေဖြစ်တဲ့ အယ်လ် အစ်တီဟတ်နဲ့ အယ်လ် ဟီလာလ်တို့လို အသင်းတွေဆီကနေ စိတ်ဝင်စားမှုတွေ ရှိလာခဲ့တာဖြစ်ပြီး အယ်လ် ဟီလာလ်အသင်းက အာဂျင်တီးနားတိုက်စစ်မှူးကို တစ်နှစ်လုပ်ခလစာ ပေါင် ၂၄၅ သန်းနဲ့ ကြောက်မက်ဖွယ် စာချုပ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီသာ ဆော်ဒီ အာရေဗျကလပ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် ကာလရှည်ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒို အယ်လ် နက်ဆာအသင်းမှာ ရရှိနေတဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၇ သန်းထက် များစွာ သာလွန်သွားမှာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့မှုဟာ နိုင်ငံတဝှမ်းက ပရိသတ်တွေဆီကနေ အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေ အများအပြား ရရှိခဲ့တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ပြိုင်ဘက်ဟောင်းနဲ့ အရှေ့အလယ်ပိုင်းမှာ ပြန်လည်ဆုံစည်းနိုင်တယ်ဆိုတဲ့ အကောင်းမြင်မှုတွေလည်း ရှိလာနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆော်ဒီ အာရေဗျဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး အယ်လ်ကက်ဆင်းက ဒီလို မျှော်လင့်ချက်တွေကို ငြင်းပယ်သွားခဲ့ပေမယ့်လည်း ဆိုးရွားတဲ့အကြံအစည်မဟုတ်ဘူးလို့တော့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အခုအချိန်မှာ ကျွန်တော်တို့ လီယွန်နယ် မက်ဆီ ရောက်ရှိလာနိုင်ခြေနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မသိသေးပါဘူး။ ဒါပေမယ့်လည်း ဆော်ဒီဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ယောက်အနေနဲ့ တစ်နေ့မှာ သူ့ကို ပြည်တွင်းလိဂ်မှာ ရှိစေချင်တယ်ဆိုတာကို ကျွန်တော် ဖုံးကွယ်မှာမဟုတ်ပါဘူး။ အဖွဲ့ချုပ်ရဲ့ အကြံအစည်ဟာ ကျွန်တော်တို့ရဲ့ ဘောလုံးကို အမြဲတမ်း တိုးတက်အောင်လုပ်ဆောင်ဖို့ဖြစ်ပြီး ကျွန်တော်တို့ ရော်နယ်လ်ဒိုနဲ့ မက်ဆီကို လိဂ်တစ်ခုတည်းမှာ နောက်ထပ်တစ်ကြိမ် မြင်ချင်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အမှန်တရားကတော့ ကျွန်တော်တို့ အခုအချိန်မှာ ဘာမှ မသိသေးပါဘူး”လို့ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ေဆာ္ဒီ အာေရဗ်ေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး အီဘရာဟင္ အယ္လ္ကက္ဆင္းက လီယြန္နယ္ မက္ဆီအေနနဲ႔ ေဆာ္ဒီ ပ႐ိုလိဂ္မွာ ကာလရွည္ၿပိဳင္ဘက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ျပန္လည္ဆုံစည္းႏိုင္တဲ့အလားအလာကို ေျပာၾကားခဲ့ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးဟာ လက္ရွိမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၆ လထဲကို ေရာက္ရွိေနသူျဖစ္ၿပီး လိဂန္းကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးျခင္း မရွိေသးတာ ျဖစ္ပါတယ္။

ျပင္သစ္လိဂန္းခ်န္ပီယံေတြဟာ ကမာၻ႔ခ်န္ပီယံ ဘလြန္ေဒါ ၇ ဆုရွင္ကို ၂၀၂၂-၂၀၂၃ ရာသီထက္ေက်ာ္လြန္ၿပီး အသင္းမွာ ဆက္လက္ထိန္းသိမ္းထားဖို႔ ဆုံးျဖတ္ခ်က္ခ်ထားေပမယ့္လည္း ဘာစီလိုနာ၊ အင္တာမိုင္ယာမီတို႔အပါအဝင္ အျခားအသင္းေတြဆီကေန စိတ္ဝင္စားမႈေတြ ရွိေနတာျဖစ္ပါတယ္။

မၾကာေသးမီကမွ ေဆာ္ဒီ အာေရဗ်အသင္းေတြျဖစ္တဲ့ အယ္လ္ အစ္တီဟတ္နဲ႔ အယ္လ္ ဟီလာလ္တို႔လို အသင္းေတြဆီကေန စိတ္ဝင္စားမႈေတြ ရွိလာခဲ့တာျဖစ္ၿပီး အယ္လ္ ဟီလာလ္အသင္းက အာဂ်င္တီးနားတိုက္စစ္မႉးကို တစ္ႏွစ္လုပ္ခလစာ ေပါင္ ၂၄၅ သန္းနဲ႔ ေၾကာက္မက္ဖြယ္ စာခ်ဳပ္ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

လီယြန္နယ္ မက္ဆီသာ ေဆာ္ဒီ အာေရဗ်ကလပ္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့မယ္ဆိုရင္ ကာလရွည္ၿပိဳင္ဘက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒို အယ္လ္ နက္ဆာအသင္းမွာ ရရွိေနတဲ့ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၇၇ သန္းထက္ မ်ားစြာ သာလြန္သြားမွာ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕မႈဟာ ႏိုင္ငံတဝွမ္းက ပရိသတ္ေတြဆီကေန အေပါင္းလကၡဏာေဆာင္တဲ့ တုံ႔ျပန္မႈေတြ အမ်ားအျပား ရရွိခဲ့တဲ့ အေျပာင္းအေ႐ႊ႕တစ္ခု ျဖစ္ခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီဟာ ၎ရဲ႕ၿပိဳင္ဘက္ေဟာင္းနဲ႔ အေရွ႕အလယ္ပိုင္းမွာ ျပန္လည္ဆုံစည္းႏိုင္တယ္ဆိုတဲ့ အေကာင္းျမင္မႈေတြလည္း ရွိလာေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဆာ္ဒီ အာေရဗ်ေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြ အတြင္းေရးမႉး အယ္လ္ကက္ဆင္းက ဒီလို ေမွ်ာ္လင့္ခ်က္ေတြကို ျငင္းပယ္သြားခဲ့ေပမယ့္လည္း ဆိုး႐ြားတဲ့အႀကံအစည္မဟုတ္ဘူးလို႔ေတာ့ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔ လီယြန္နယ္ မက္ဆီ ေရာက္ရွိလာႏိုင္ေျခနဲ႔ပတ္သက္ၿပီး ဘာတစ္ခုမွ မသိေသးပါဘူး။ ဒါေပမယ့္လည္း ေဆာ္ဒီေဘာလုံးအဖြဲ႕ခ်ဳပ္က တာဝန္ရွိသူတစ္ေယာက္အေနနဲ႔ တစ္ေန႔မွာ သူ႔ကို ျပည္တြင္းလိဂ္မွာ ရွိေစခ်င္တယ္ဆိုတာကို ကြၽန္ေတာ္ ဖုံးကြယ္မွာမဟုတ္ပါဘူး။ အဖြဲ႕ခ်ဳပ္ရဲ႕ အႀကံအစည္ဟာ ကြၽန္ေတာ္တို႔ရဲ႕ ေဘာလုံးကို အၿမဲတမ္း တိုးတက္ေအာင္လုပ္ေဆာင္ဖို႔ျဖစ္ၿပီး ကြၽန္ေတာ္တို႔ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီကို လိဂ္တစ္ခုတည္းမွာ ေနာက္ထပ္တစ္ႀကိမ္ ျမင္ခ်င္တယ္ဆိုတာ အမွန္ပါပဲ။ ဒါေပမယ့္ အမွန္တရားကေတာ့ ကြၽန္ေတာ္တို႔ အခုအခ်ိန္မွာ ဘာမွ မသိေသးပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.