Premier League

အမ်းမရိတ်စ်က တိုက်ပွဲမှာ သက်သေပြသရမယ့် ကစားသမား ၃ ဦး

အာဆင်နယ်အသင်းဟာ ယနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းအမ်းမရိတ်စ်မှာ အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပမယ့်လည်း ကစားသမား ၃ ဦးကတော့ သက်သေပြသရဖို့ ရှိနေပါတယ်။

အာတီတာရဲ့အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်နေတဲ့အသင်းဟာ ယနေ့ညပွဲမတိုင်ခင် မန်စီးတီးကို ၅ မှတ်ဖြတ်ထားပြီး မန်ယူနိုက်တက်ကတော့ ဗုဒ္ဓဟူးနေ့က ပဲလေ့စ်ကို သရေကျခဲ့တဲ့အတွက် မန်စီးတီးနဲ့ ၃ မှတ်အကွာ တတိယနေရာကနေ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ခဲ့ရပြီး အဲဒီရှုံးပွဲဟာ တန်ဟက်ရဲ့အသင်းကို အိုးထရက်ဖို့ဒ်မှာ တွေ့ဆုံခဲ့စဉ်က ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အိုင်းယက်စ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီဟာ မှတ်မှတ်ရရ ပွဲဦးထွက်မှာ ဂန်းနားတွေကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းအမ်းမရိတ်စ်မှာ ယခုရာသီ ပထမအကြိမ်တွေ့ဆုံမှုက ရှုံးကြွေးပြန်ဆပ်ချင်နေမှာဖြစ်ပြီး ယူနိုက်တက်ကလည်း အမှတ်ပေးဇယားဦးဆောင်သူတွေနဲ့ ရမှတ်ကွာဟမှုကို လျှော့ချချင်နေမှာဖြစ်ပါတယ်။

ဒီလိုမျိုး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အစဉ်အလာပြိုင်ဘက် ၂ သင်းကြားက စူပါဆန်းဒေးတိုက်ပွဲမှာ သက်သေပြသရမယ့်ကစားသမား ၃ ဦးရှိနေပါတယ်။

လီအန်ဒရို ထရော့ဆာ့ဒ်(အာဆင်နယ်)

ဘရိုက်တန်ကနေ သောကြာနေ့ ပွဲလူစာရင်းမသွင်းခင် အချိန်မီ ပြောင်းလာခဲ့တဲ့ ထရော့ဆာ့ဒ်ဟာ မန်ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်မှာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ဒီပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးမှာမဟုတ်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း နည်းပြ အာတီတာရဲ့ အခွင့်အရေးပေးခြင်းခံရမယ်ဆိုရင် အထင်ကြီးဖွယ်ခြေစွမ်းအချို့ ပြသချင်နေမှာ သေချာပါတယ်။

အန်တိုနီ(မန်ချက်စတာယူနိုက်တက်)

အန်တိုနီဟာ စက်တင်ဘာလက အာဆင်နယ်ကို ၃-၁ နဲ့ မန်ချက်စတာယူနိုက်တက်က အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူနိုက်တက် ကစားသမားဘဝ ပြီးပြည့်စုံတဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့ပြီး အဲဒီပွဲနောက်ပိုင်း မန်စီးတီး၊ အဲဗာတန်တို့နဲ့ပွဲမှာ ပရီးမီးယားလိဂ်သွင်းဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်တောင်ပံကစားသမားဟာ နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ အမ်းမရိတ်စ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲစဉ်ဟာ ၎င်းရဲ့ သွင်းဂိုးတွေကို ပြန်လည်မြင်တွေ့ရဖို့ ပြီးပြည်စုံတဲ့အချိန်အခါကောင်းဖြစ်လာမှာ သေချာပါတယ်။

စကော့ မက်တော်မီနေး(မန်ချက်စတာယူနိုက်တက်)

ကာစီမီရို မပါဝင်နိုင်မှုက မန်ယူနိုက်တက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ဘရာဇီးလ်ကွင်းလယ်လူဟာ ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့လာတဲ့အချိန်ကတည်းက တန်ဟက်ရဲ့အသင်းအတွက် ပုံမှန်ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေနဲ့ ရင်ဆိုင်ကစားရမယ့်ပွဲစဉ်မှာ စကော့ မက်တော်မီနေး သို့မဟုတ် ဖရက်ဒ်ဟာ ကာစီမီရိုရဲ့နေရာမှာ အစားထိုးခံရဖွယ်ရှိနေပြီး ဘယ်သူပဲ ပွဲထွက်ခွင့်ရသည်ဖြစ်စေ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်အတိုင်းပဲ ကွင်းလယ်တိုက်ပွဲမှာ အသာစီးရရှိအောင် စွမ်းဆောင်ပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ယေန႔ညမွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အိမ္ကြင္းအမ္းမရိတ္စ္မွာ အစဥ္အလာၿပိဳင္ဘက္ျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ကို လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ပမယ့္လည္း ကစားသမား ၃ ဦးကေတာ့ သက္ေသျပသရဖို႔ ရွိေနပါတယ္။

အာတီတာရဲ႕အမွတ္ေပးဇယားထိပ္ဆုံးကို ဦးေဆာင္ေနတဲ့အသင္းဟာ ယေန႔ညပြဲမတိုင္ခင္ မန္စီးတီးကို ၅ မွတ္ျဖတ္ထားၿပီး မန္ယူႏိုက္တက္ကေတာ့ ဗုဒၶဟူးေန႔က ပဲေလ့စ္ကို သေရက်ခဲ့တဲ့အတြက္ မန္စီးတီးနဲ႔ ၃ မွတ္အကြာ တတိယေနရာကေန ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ရႈံးပြဲတစ္ပြဲသာ ႀကဳံေတြ႕ခဲ့ရၿပီး အဲဒီရႈံးပြဲဟာ တန္ဟက္ရဲ႕အသင္းကို အိုးထရက္ဖို႔ဒ္မွာ ေတြ႕ဆုံခဲ့စဥ္က ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ အာဆင္နယ္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အိုင္းယက္စ္ကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အန္တိုနီဟာ မွတ္မွတ္ရရ ပြဲဦးထြက္မွာ ဂန္းနားေတြကို ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ မန္ခ်က္စတာယူႏိုက္တက္ကို အိမ္ကြင္းအမ္းမရိတ္စ္မွာ ယခုရာသီ ပထမအႀကိမ္ေတြ႕ဆုံမႈက ရႈံးေႂကြးျပန္ဆပ္ခ်င္ေနမွာျဖစ္ၿပီး ယူႏိုက္တက္ကလည္း အမွတ္ေပးဇယားဦးေဆာင္သူေတြနဲ႔ ရမွတ္ကြာဟမႈကို ေလွ်ာ့ခ်ခ်င္ေနမွာျဖစ္ပါတယ္။

ဒီလိုမ်ိဳး ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ အစဥ္အလာၿပိဳင္ဘက္ ၂ သင္းၾကားက စူပါဆန္းေဒးတိုက္ပြဲမွာ သက္ေသျပသရမယ့္ကစားသမား ၃ ဦးရွိေနပါတယ္။

လီအန္ဒ႐ို ထေရာ့ဆာ့ဒ္(အာဆင္နယ္)

ဘ႐ိုက္တန္ကေန ေသာၾကာေန႔ ပြဲလူစာရင္းမသြင္းခင္ အခ်ိန္မီ ေျပာင္းလာခဲ့တဲ့ ထေရာ့ဆာ့ဒ္ဟာ မန္ယူႏိုက္တက္နဲ႔ပြဲမွာ ပါဝင္ကစားေပးႏိုင္မွာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ဒီပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားေပးမွာမဟုတ္တာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္လည္း နည္းျပ အာတီတာရဲ႕ အခြင့္အေရးေပးျခင္းခံရမယ္ဆိုရင္ အထင္ႀကီးဖြယ္ေျခစြမ္းအခ်ိဳ႕ ျပသခ်င္ေနမွာ ေသခ်ာပါတယ္။

အန္တိုနီ(မန္ခ်က္စတာယူႏိုက္တက္)

အန္တိုနီဟာ စက္တင္ဘာလက အာဆင္နယ္ကို ၃-၁ နဲ႔ မန္ခ်က္စတာယူႏိုက္တက္က အႏိုင္ရခဲ့တဲ့ပြဲမွာ မန္ယူႏိုက္တက္ ကစားသမားဘဝ ၿပီးျပည့္စုံတဲ့ စတင္မႈ ျပဳလုပ္ႏိုင္ခဲ့ၿပီး အဲဒီပြဲေနာက္ပိုင္း မန္စီးတီး၊ အဲဗာတန္တို႔နဲ႔ပြဲမွာ ပရီးမီးယားလိဂ္သြင္းဂိုးေတြ ဆက္တိုက္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘရာဇီးလ္ေတာင္ပံကစားသမားဟာ ေနာက္ဆုံးပရီးမီးယားလိဂ္ ၇ ပြဲမွာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ျပဳလုပ္ႏိုင္ခဲ့ျခင္းမရွိဘဲ အမ္းမရိတ္စ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ အေဝးကြင္းပြဲစဥ္ဟာ ၎ရဲ႕ သြင္းဂိုးေတြကို ျပန္လည္ျမင္ေတြ႕ရဖို႔ ၿပီးျပည္စုံတဲ့အခ်ိန္အခါေကာင္းျဖစ္လာမွာ ေသခ်ာပါတယ္။

စေကာ့ မက္ေတာ္မီေနး(မန္ခ်က္စတာယူႏိုက္တက္)

ကာစီမီ႐ို မပါဝင္ႏိုင္မႈက မန္ယူႏိုက္တက္အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ၿပီး ဘရာဇီးလ္ကြင္းလယ္လူဟာ ရီးရဲလ္မက္ဒရစ္ကေန ေျပာင္းေ႐ႊ႕လာတဲ့အခ်ိန္ကတည္းက တန္ဟက္ရဲ႕အသင္းအတြက္ ပုံမွန္ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြနဲ႔ ရင္ဆိုင္ကစားရမယ့္ပြဲစဥ္မွာ စေကာ့ မက္ေတာ္မီေနး သို႔မဟုတ္ ဖရက္ဒ္ဟာ ကာစီမီ႐ိုရဲ႕ေနရာမွာ အစားထိုးခံရဖြယ္ရွိေနၿပီး ဘယ္သူပဲ ပြဲထြက္ခြင့္ရသည္ျဖစ္ေစ ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္အတိုင္းပဲ ကြင္းလယ္တိုက္ပြဲမွာ အသာစီးရရွိေအာင္ စြမ္းေဆာင္ျပဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.