Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၂၂.၉.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ အင်္ဂါနေ့၊ သမားညို၊ သမားဖြူ၊ ရက်ပုပ်။
တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၂:၃၀ အထိ တိထီ ၆ လုံး။ ကျော်လျှင် ၇ လုံး။ ၆ လုံးတွင် အမြိတ္တယုဂ်နှင့် မတယုဂ်၊ ထာဝရ ရှင်သန်အောင်မြင်စေလိုသည့်အလုပ်များရော ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့်အလုပ်များပါ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၂၀:၁၇ အထိ အနုရာဓနက္ခတ်။ ကျော်လျှင် ဇေဋ္ဌနက္ခတ်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့ နံနက် ၂:၅၄ အထိ ပီတိယုဂ်၊ နှစ်သက်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ ပျော်ရွှင်ခြင်း၊ ပေါ့ပေါ့ပါးပါးအလုပ်များ၊ အပန်းဖြေခြင်းများစသည်တို့ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် အယုသ္မာန်ယုဂ်၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ ဆေးဝါးမှီဝဲခြင်း၊ ဆေးရုံဆေးခန်း တက်ရောက်၍ ခွဲစိတ်ခြင်း၊ ကုသမှု ခံယူခြင်းများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၁:၃၁ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ည ၂၂:၃၀ အထိ တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ည ၂၂:၃၀ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)