Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၂၁.၉.၂၀၂၀

– လီဗာပူးလ္နဲ႔ပြဲမွာ ခရစၥတင္ဆန္ အထုတ္ခံရတာအတြက္ အဓိကတာဝန္ရွိသူဟာ မလိုအပ္ဘဲ ဂိုးေရွ႕ကေန ၂၅ ကိုက္ေလာက္ ေျပးတက္လာခဲ့တဲ့ ကီပါျဖစ္ၿပီး သူ႕ေၾကာင့္ ဒိန္းမတ္သားအေနနဲ႔ ျပစ္ဒဏ္က်ဴးလြန္ျဖစ္ခဲ့တာလို႔ မိုက္ကယ္ အုိဝင္ေဝဖန္။

– ခ်ဲလ္ဆီးအသင္းရဲ႕ ၿပီးခဲ့တဲ့ ႏွစ္ပြဲစလုံးမွာ ေတာင္ပံေတြမွာ ကစားဖို႔ ေနရာခ်ခံခဲ့ရတဲ့ ကစားသမားသစ္ ခိုင္ ဟာဗတ္ဇ္အေနနဲ႔ ေျခစြမ္း မျပႏုိင္တာေၾကာင့္ နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ သူ႕အတြက္ အေကာင္းဆုံးေနရာကို ရွာေဖြႏုိင္ဖို႔ လိုအပ္ေနေသးတယ္လို႔ ကာေရဂါ ေထာက္ျပသြားခဲ့။

– ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတြက္ ေထာက္ခံမွဳ ေပးထားေပမယ့္ ကာဘယ္လာ႐ိုကို လာမယ့္ပြဲမွာ ပြဲထြက္ေစမယ္လို႔ ေျပာထားတဲ့ လမ္းပတ္အတြက္ေတာ့ ဂိုးသမားသစ္ မန္ဒီကို အသင္းရဲ႕ ေခၚယူမွဳက ၁၀၀ ရာခိုင္ႏွဳန္း ၿပီးစီးသြားၿပီျဖစ္လို႔ လာမယ့္ ရက္ပုိင္းအတြင္း ေၾကျငာႏုိင္မွဳနဲ႔အတူ ေရြးခ်ယ္စရာအသစ္ ရရွိလာမည္။

– အသင္းရဲ႕ ကြင္းလယ္နဲ႔ ခံစစ္ၾကားက ကြက္လပ္ဟာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကြင္းလယ္အဖ်က္ကစားသမားတစ္ဦး မျဖစ္မေန ထပ္မံ ေခၚယူဖို႔ လုိအပ္ေနတယ္ဆုိတာ ျပသလုိက္တာျဖစ္ၿပီး လက္က်န္ ကာလအတြင္းမွာ ဒီေနရာကို ဒက္ကလန္ ႐ိုက္စ္နဲ႔ အားျဖည့္ႏုိင္ဖို႔ လမ္းပတ္ တြန္းအားေပးေန။

– ကီပါဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ရလဒ္ဆုိးရြားမွဳေတြမွာ အဓိက ျပႆနာျဖစ္ၿပီး သူ႕အစား ခရစၥတင္ဆန္က အထုတ္ပယ္ခံခဲ့ရတာ ျဖစ္ေၾကာင္းနဲ႔ သူ႕ရဲ႕ အနာဂတ္ ဘယ္လိုျဖစ္လာမယ္ဆုိတာ မိမိတုိ႔အားလုံး သိရွိေနၾကတယ္လို႔ စကိုင္းစပုိ႔စ္ရဲ႕ တင္ဆက္သူ ဂယ္ရီ နဗီးလ္ ေျပာၾကား။

– ႐ူဒီဂါကို ထရိန္နင္မွာ တိုမိုရီေလာက္ မေကာင္းခဲ့လုိ႔ လီဗာပူးလ္နဲ႔ပြဲကို ေခၚမလာခဲ့တာျဖစ္ေၾကာင္း လမ္းပတ္ေျပာလိုက္ၿပီး သူ႕ရဲ႕ ဝါရင့္ ေနာက္ခံလူေတြျဖစ္တဲ့ ဂ်ာမန္သားနဲ႔ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာကို ခ်န္လွပ္မွဳေတြအတြက္ ေဝဖန္စရာေတြျဖစ္လာခဲ့။

– လက္စတာစီးတီးကေန ေပါင္ ၃၅ သန္းနဲ႔ ေခၚယူထားခဲ့တဲ့ ကြင္းလယ္လူ ဒရင့္ခ္ဝါးတားကို ဆမ္ဒိုးရီးယားအသင္းက အလိုရွိေနၿပီး ၿပီးခဲ့တဲ့ႏွစ္ ေအာက္တုိဘာမွာ နည္းျပသစ္ျဖစ္လာခဲ့တဲ့ ကေလာ္ဒီယို ရာနီေရးရီက ေခၚယူသြားဖို႔ စီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်နဲ့ပွဲမှာ ခရစ္စတင်ဆန် အထုတ်ခံရတာအတွက် အဓိကတာဝန်ရှိသူဟာ မလိုအပ်ဘဲ ဂိုးရှေ့ကနေ ၂၅ ကိုက်လောက် ပြေးတက်လာခဲ့တဲ့ ကီပါဖြစ်ပြီး သူ့ကြောင့် ဒိန်းမတ်သားအနေနဲ့ ပြစ်ဒဏ်ကျူးလွန်ဖြစ်ခဲ့တာလို့ မိုက်ကယ် အိုဝင်ဝေဖန်။

– ချဲလ်ဆီးအသင်းရဲ့ ပြီးခဲ့တဲ့ နှစ်ပွဲစလုံးမှာ တောင်ပံတွေမှာ ကစားဖို့ နေရာချခံခဲ့ရတဲ့ ကစားသမားသစ် ခိုင် ဟာဗတ်ဇ်အနေနဲ့ ခြေစွမ်း မပြနိုင်တာကြောင့် နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ သူ့အတွက် အကောင်းဆုံးနေရာကို ရှာဖွေနိုင်ဖို့ လိုအပ်နေသေးတယ်လို့ ကာရေဂါ ထောက်ပြသွားခဲ့။

– ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတွက် ထောက်ခံမှု ပေးထားပေမယ့် ကာဘယ်လာရိုကို လာမယ့်ပွဲမှာ ပွဲထွက်စေမယ်လို့ ပြောထားတဲ့ လမ်းပတ်အတွက်တော့ ဂိုးသမားသစ် မန်ဒီကို အသင်းရဲ့ ခေါ်ယူမှုက ၁၀၀ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်လို့ လာမယ့် ရက်ပိုင်းအတွင်း ကြေငြာနိုင်မှုနဲ့အတူ ရွေးချယ်စရာအသစ် ရရှိလာမည်။

– အသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ကြားက ကွက်လပ်ဟာ ချဲလ်ဆီးအသင်းအနေနဲ့ ကွင်းလယ်အဖျက်ကစားသမားတစ်ဦး မဖြစ်မနေ ထပ်မံ ခေါ်ယူဖို့ လိုအပ်နေတယ်ဆိုတာ ပြသလိုက်တာဖြစ်ပြီး လက်ကျန် ကာလအတွင်းမှာ ဒီနေရာကို ဒက်ကလန် ရိုက်စ်နဲ့ အားဖြည့်နိုင်ဖို့ လမ်းပတ် တွန်းအားပေးနေ။

– ကီပါဟာ ချဲလ်ဆီးအသင်းရဲ့ ရလဒ်ဆိုးရွားမှုတွေမှာ အဓိက ပြဿနာဖြစ်ပြီး သူ့အစား ခရစ္စတင်ဆန်က အထုတ်ပယ်ခံခဲ့ရတာ ဖြစ်ကြောင်းနဲ့ သူ့ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမယ်ဆိုတာ မိမိတို့အားလုံး သိရှိနေကြတယ်လို့ စကိုင်းစပို့စ်ရဲ့ တင်ဆက်သူ ဂယ်ရီ နဗီးလ် ပြောကြား။

– ရူဒီဂါကို ထရိန်နင်မှာ တိုမိုရီလောက် မကောင်းခဲ့လို့ လီဗာပူးလ်နဲ့ပွဲကို ခေါ်မလာခဲ့တာဖြစ်ကြောင်း လမ်းပတ်ပြောလိုက်ပြီး သူ့ရဲ့ ဝါရင့် နောက်ခံလူတွေဖြစ်တဲ့ ဂျာမန်သားနဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာကို ချန်လှပ်မှုတွေအတွက် ဝေဖန်စရာတွေဖြစ်လာခဲ့။

– လက်စတာစီးတီးကနေ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူ ဒရင့်ခ်ဝါးတားကို ဆမ်ဒိုးရီးယားအသင်းက အလိုရှိနေပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ကလော်ဒီယို ရာနီရေးရီက ခေါ်ယူသွားဖို့ စီစဉ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.