La Liga

မှန်ကန်တဲ့အရာကို မလုပ်ခဲ့မိလို့ ရီးရဲလ်ပရိသတ်တွေကို တောင်းပန်ခဲ့ရတဲ့ ချွင်မင်နီ

အော်ရယ်လီယန် ချွင်မင်နီဟာ ကြာသပတေးနေ့က ကိုပါဒယ်ရေးပြိုင်ပွဲမှာ ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယခုလအစောပိုင်းမှာ ခြေသလုံးဒဏ်ရာ ရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံး ၃ ပွဲကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီ အာရေဗျမှာ ဗလင်စီယာ၊ ဘာစီလိုနာတို့နဲ့ ကစားခဲ့တဲ့ စပိန်စူပါဖလားပွဲစဉ်မှာလည်း ပါဝင်ကစားပေးခဲ့ခြင်းမရှိတဲ့ ချွင်မင်နီဟာ ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။

ချွင်မင်နီက ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပရိသတ်တွေကို ၎င်းအနေနဲ့ မှန်ကန်တဲ့အရာကို မလုပ်မိတာ နောင်တရမိတယ်လို့ လူမှုကွန်ရက်ကနေ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းက ဗီလာရီးရဲလ်နဲ့ ယှဉ်ပြိုင်ကစားနေချိန်အတွင်း ချီကာဂို ဘူးလ်စ်နဲ့ ဒက်ထရွိုက် ပစ်စတင်စ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ NBA ပွဲစဉ်ကို ပဲရစ်က Accor Arena မှာ ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အော်ရယ်လီယန် ချွင်မင်နီဟာ နောက်ထပ်ရက်သတ္တပတ်အတော်ကြာတဲ့အထိ ပါဝင်ကစားပေးနိုင်ဦးမှာမဟုတ်ပေမယ့်လည်း အသင်းအတွက် မပါဝင်နိုင်ချိန်မှာ လုပ်ဆောင်ခဲ့တဲ့ အပြုအမူက ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ မိုနာကိုကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး “ကျွန်တော့်ရဲ့အသင်း၊ နည်းပြအဖွဲ့၊ ကျွန်တော့်အသင်းဖော်တွေ၊ မက်ဒရစ်ပရိသတ်တွေကို ကျွန်တော်တို့ ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားနေချိန်မှာ တခြားပွဲတစ်ခုမှာ ရှိနေခဲ့တဲ့အတွက် တောင်းပန်ပါတယ်”

“ကျွန်တော် ဗီလာရီးရဲလ်နဲ့ပွဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို တစ်ချိန်လုံး သတိထားခဲ့ပေမယ့်လည်း ကျွန်တော် မှန်ကန်တဲ့အရာကို မလုပ်ခဲ့မိဘူ။ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေအာ္ရယ္လီယန္ ခြၽင္မင္နီဟာ ၾကာသပေတးေန႔က ကိုပါဒယ္ေရးၿပိဳင္ပြဲမွာ ဗီလာရီးရဲလ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြကို ေတာင္းပန္ခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ယခုလအေစာပိုင္းမွာ ေျခသလုံးဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ရဲ႕ ေနာက္ဆုံး ၃ ပြဲကို လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။ ေဆာ္ဒီ အာေရဗ်မွာ ဗလင္စီယာ၊ ဘာစီလိုနာတို႔နဲ႔ ကစားခဲ့တဲ့ စပိန္စူပါဖလားပြဲစဥ္မွာလည္း ပါဝင္ကစားေပးခဲ့ျခင္းမရွိတဲ့ ခြၽင္မင္နီဟာ ဗီလာရီးရဲလ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကိုလည္း လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ခြၽင္မင္နီက ဗီလာရီးရဲလ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲအၿပီးမွာ ပရိသတ္ေတြကို ၎အေနနဲ႔ မွန္ကန္တဲ့အရာကို မလုပ္မိတာ ေနာင္တရမိတယ္လို႔ လူမႈကြန္ရက္ကေန ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားဟာ ရီးရဲလ္မက္ဒရစ္အသင္းက ဗီလာရီးရဲလ္နဲ႔ ယွဥ္ၿပိဳင္ကစားေနခ်ိန္အတြင္း ခ်ီကာဂို ဘူးလ္စ္နဲ႔ ဒက္ထ႐ြိဳက္ ပစ္စတင္စ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ NBA ပြဲစဥ္ကို ပဲရစ္က Accor Arena မွာ ၾကည့္ရႈေနတဲ့ ဓာတ္ပုံေတြထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ေအာ္ရယ္လီယန္ ခြၽင္မင္နီဟာ ေနာက္ထပ္ရက္သတၱပတ္အေတာ္ၾကာတဲ့အထိ ပါဝင္ကစားေပးႏိုင္ဦးမွာမဟုတ္ေပမယ့္လည္း အသင္းအတြက္ မပါဝင္ႏိုင္ခ်ိန္မွာ လုပ္ေဆာင္ခဲ့တဲ့ အျပဳအမူက ပရိသတ္ေတြအတြက္ ေဒါသထြက္စရာျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မိုနာကိုကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး “ကြၽန္ေတာ့္ရဲ႕အသင္း၊ နည္းျပအဖြဲ႕၊ ကြၽန္ေတာ့္အသင္းေဖာ္ေတြ၊ မက္ဒရစ္ပရိသတ္ေတြကို ကြၽန္ေတာ္တို႔ ဖလားၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ကစားေနခ်ိန္မွာ တျခားပြဲတစ္ခုမွာ ရွိေနခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္”

“ကြၽန္ေတာ္ ဗီလာရီးရဲလ္နဲ႔ပြဲမွာ ဘာေတြ ျဖစ္ပ်က္ခဲ့လဲဆိုတာကို တစ္ခ်ိန္လုံး သတိထားခဲ့ေပမယ့္လည္း ကြၽန္ေတာ္ မွန္ကန္တဲ့အရာကို မလုပ္ခဲ့မိဘူ။ အရမ္းစိတ္မေကာင္းျဖစ္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.