Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၁.၉.၂၀၂၀

– အာဆင္နယ္အသင္းအေနနဲ႔ အက္သလက္တီကိုဘက္က လုိခ်င္ေနတဲ့ ေတာ္ရဲရားကို အျပတ္ေရာင္းခ်သြားဖို႔ပဲ ဆႏၵရွိေနၿပီး အငွားခ်ဖို႔ စိတ္ကူးမရွိေၾကာင္းနဲ႔ လိုခ်င္ရင္ ေသာမတ္စ္ ပါေတးအတြက္ ေဈးျဖတ္ၿပီး လဲလွယ္ေပးမယ္ဆုိတဲ့အေၾကာင္း တုံ႔ျပန္။

– ဝီလီယန္ဟာ တစ္ကိုယ္ေကာင္းမဆန္သူတစ္ဦးျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းအတြက္ ၿပီးျပည့္စုံတဲ့ ေခၚယူမွဳျဖစ္ေၾကာင္း ေနာက္ခံလူေဟာင္း အီဗရာက ေျပာၾကားသြားခဲ့ၿပီး သူ႕ကို အသင္းေဖာ္ေတြအေနနဲ႔ ပုိမုိယုံၾကည္သင့္တယ္လို႔ တုိက္တြန္း။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူ ကိုလာစီနက္ခ်္ကို ဝက္စ္ဟမ္းအသင္းလိုရွိေနဆဲျဖစ္ၿပီး ဘယ္ေနာက္ခံလူေနရာမွာ တုိက္စစ္ကို ပုိမိုလုိက္ပါကစားႏုိင္တဲ့ အရည္အေသြးကို နည္းျပ ေဒးဗစ္ မြဳိက္စ္က သေဘာက်တယ္ေနတယ္လို႔ဆို။

– နည္းျပ အာတီတာက အာဆင္နယ္ကစားသမားေတြအေနနဲ႔ အသင္းႀကီးတစ္သင္းျဖစ္လာဖို႔ တည္ေဆာက္ခ်င္တယ္ဆုိရင္ တုိက္စစ္မွဴး အူဘာမီယန္းတစ္ေယာက္ကိုပဲ မွီခုိမေနဖုိ႔နဲ႔ ဂိုးသြင္းဖို႔ တာဝန္ေတြကို ခြဲေဝယူဖို႔လိုတယ္လို႔ သတိေပး။

– ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ႏွစ္ပြဲစလုံးမွာ အေကာင္းဆုံးဆုရႏုိင္တဲ့ ေျခစြမ္းကို ပုိင္ဆုိင္ထားခဲ့တဲ့ ေနာက္ခံလူသစ္ ဂါဘရီယယ္လ္ဟာ ပရိသတ္ေတြ ရင္ထဲေရာက္ေအာင္ ကစားျပႏုိင္ၿပီး လီႏိုလြတ္က်ခဲ့တဲ့ ေဘာလုံးကို ရွင္းထုတ္ႏုိင္ခဲ့တာက အာဆင္နယ္ပရိသတ္ေတြၾကား အေျပာမ်ားေန။

– လက္ရွိအခ်ိန္အထိ လီယြန္ကြင္းလယ္လူ ေအာဝါအတြက္ အာဆင္နယ္ဆီက တစ္စုံတစ္ရာ ကမ္းလွမ္းမွဳ မရေသးဘူးလို႔ တိက်တဲ့ အရင္းအျမစ္ေတြက ေဖာ္ျပထားခဲ့တဲ့အတြက္ မာတီနက္ဇ္ကို ေရာင္းထားခဲ့တာေတာင္ မေခၚယူႏုိင္ေသးဘူးလားလုိ႔ စိုးရိမ္မွဳေတြ ရွိလာ။

– ဝက္စ္ဟမ္းနဲ႔ ပြဲမွာ အခြင့္အေရးမ်ားမ်ားစားစား မရခဲ့ေပမယ့္လည္း ႏွစ္ဂိုးသြင္းယူႏုိင္ခဲ့တဲ့ အာဆင္နယ္တုိက္စစ္နဲ႔ အရန္ခုံကေန အႏုိင္ဂိုး သြင္းေပးခဲ့တဲ့ လူငယ္တုိက္စစ္မွဴး နကီးတီးယားကို ဂေရမီ ေဆာင္းနက္စ္ ခ်ီးက်ဴး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE :

– အာဆင်နယ်အသင်းအနေနဲ့ အက်သလက်တီကိုဘက်က လိုချင်နေတဲ့ တော်ရဲရားကို အပြတ်ရောင်းချသွားဖို့ပဲ ဆန္ဒရှိနေပြီး အငှားချဖို့ စိတ်ကူးမရှိကြောင်းနဲ့ လိုချင်ရင် သောမတ်စ် ပါတေးအတွက် ဈေးဖြတ်ပြီး လဲလှယ်ပေးမယ်ဆိုတဲ့အကြောင်း တုံ့ပြန်။

– ဝီလီယန်ဟာ တစ်ကိုယ်ကောင်းမဆန်သူတစ်ဦးဖြစ်တာကြောင့် အာဆင်နယ်အသင်းအတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုဖြစ်ကြောင်း နောက်ခံလူဟောင်း အီဗရာက ပြောကြားသွားခဲ့ပြီး သူ့ကို အသင်းဖော်တွေအနေနဲ့ ပိုမိုယုံကြည်သင့်တယ်လို့ တိုက်တွန်း။

– အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ကိုလာစီနက်ချ်ကို ဝက်စ်ဟမ်းအသင်းလိုရှိနေဆဲဖြစ်ပြီး ဘယ်နောက်ခံလူနေရာမှာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်တဲ့ အရည်အသွေးကို နည်းပြ ဒေးဗစ် မွိုက်စ်က သဘောကျတယ်နေတယ်လို့ဆို။

– နည်းပြ အာတီတာက အာဆင်နယ်ကစားသမားတွေအနေနဲ့ အသင်းကြီးတစ်သင်းဖြစ်လာဖို့ တည်ဆောက်ချင်တယ်ဆိုရင် တိုက်စစ်မှူး အူဘာမီယန်းတစ်ယောက်ကိုပဲ မှီခိုမနေဖို့နဲ့ ဂိုးသွင်းဖို့ တာဝန်တွေကို ခွဲဝေယူဖို့လိုတယ်လို့ သတိပေး။

– ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ပွဲစလုံးမှာ အကောင်းဆုံးဆုရနိုင်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားခဲ့တဲ့ နောက်ခံလူသစ် ဂါဘရီယယ်လ်ဟာ ပရိသတ်တွေ ရင်ထဲရောက်အောင် ကစားပြနိုင်ပြီး လီနိုလွတ်ကျခဲ့တဲ့ ဘောလုံးကို ရှင်းထုတ်နိုင်ခဲ့တာက အာဆင်နယ်ပရိသတ်တွေကြား အပြောများနေ။

– လက်ရှိအချိန်အထိ လီယွန်ကွင်းလယ်လူ အောဝါအတွက် အာဆင်နယ်ဆီက တစ်စုံတစ်ရာ ကမ်းလှမ်းမှု မရသေးဘူးလို့ တိကျတဲ့ အရင်းအမြစ်တွေက ဖော်ပြထားခဲ့တဲ့အတွက် မာတီနက်ဇ်ကို ရောင်းထားခဲ့တာတောင် မခေါ်ယူနိုင်သေးဘူးလားလို့ စိုးရိမ်မှုတွေ ရှိလာ။

– ဝက်စ်ဟမ်းနဲ့ ပွဲမှာ အခွင့်အရေးများများစားစား မရခဲ့ပေမယ့်လည်း နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်နဲ့ အရန်ခုံကနေ အနိုင်ဂိုး သွင်းပေးခဲ့တဲ့ လူငယ်တိုက်စစ်မှူး နကီးတီးယားကို ဂရေမီ ဆောင်းနက်စ် ချီးကျူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.