La Liga Match Report

လူစားဝင် စီဘာယော့စ် ခြေစွမ်းပြပြီး ဗီလာရီးရဲလ်ကို ကျော်ဖြတ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ ရူဒီဂါ၊ အယ်ဒါ မီလီတို၊ နာချိုနဲ့ ဖယ်လွန် မန်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာဗင်ဂါ၊ ဗယ်လ်ဗာဒီနဲ့ တိုနီ ခရူးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရိုဒရီဂို၊ ဗီနီးရှပ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဗီလာရီးရဲလ်တို့ကတော့ ဂိုးသမား ယော်ဂန်ဆန်၊ ခံစစ်မှာ ရာအူးလ် အယ်လ်ဘီယိုလ်၊ ပေါ်တောရက်စ်၊ ဟွမ်ဖွိုက်သ်နဲ့ အယ်လ်ဘတ်တို မိုရီနိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဒါနီ ပါရီဟို၊ အဲလက်စ် ဘေနာနဲ့ ကာပူးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ပီနို၊ ချူကွယ်ဇီနဲ့ ဂျရတ် မိုရီနိုတို့ကို စုဖွဲ့လာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက အဝါရောင် ရေငုပ်သင်္ဘောတွေ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက လက်ပစ်ဘောကနေ ဂျရတ် မိုရီနိုက ဧရိယာထဲကို နောက်ပြန်ချပေးလိုက်တဲ့ ဘောလုံးကို တောင်ပံကနေ ပြေးဝင်လာခဲ့တဲ့ ကာပူးက မနားတမ်း အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ကူတွာ ကာကွယ်ဖို့ မမီလိုက်ဘဲ မျက်တောင်တစ်ခတ်အတွင်းမှာ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

အန်ချယ်လော့တီရဲ့ ကစားသမားတွေကို နေရာချထားပုံတွေနဲ့ အသင်းလိုက် တွဲဖက်ပုံတွေက ခံစစ်ပိုင်းနဲ့ ကွင်းလယ်တွေမှာ အဓိကအားဖြင့် အားနည်းနေခဲ့ပြီး ဒါကို ဗီလာရီးရဲလ်တို့ အသုံးချနိုင်ခဲ့သလို မိုဒရစ်ချ် မပါရင် ပိုဆိုးသွားလေ့ရှိတဲ့ ကွင်းလယ်မှာ တိုနီ ခရူးစ်ကလည်း ခြေမမှန်သလို ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၄၂ မိနစ်မှာတော့ ဗီလာရီးရဲလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ ပီနိုနဲ့ ဝမ်းတူးရိုက်ထွက်လာခဲ့တဲ့ ဂျရတ် မိုရီနိုက ရီးရဲလ်ခံစစ်ကြားက လွတ်နေတဲ့ ကွက်လပ်ထဲကို ခင်းပေးခဲ့ရာမှာ ချူကွယ်ဇီက ပြေးဝင်ပြီး ဂိုးသမား ကူတွာနဲ့ တစ်ယောက်ချင်းအတွေ့မှာ အပေါ်ကို ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အိမ်ရှင် ဗီလာရီးရဲလ်တို့က ဧည့်သည်တွေကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဗီလာရီးရဲလ်ဘက်က ရာအူးလ် အယ်လ်ဘီယိုလ်အစား ဟော်ဟဲ ကူယန်ကာ ဝင်ကစားခဲ့သလို ပွဲချိန် ၅၂ မိနစ်မှာတော့ ဖွိုက်သ်အစား မွန်ဒီ ဝင်လာခဲ့ပြီး ရီးရဲလ်ဘက်ကတော့ တိုနီ ခရူးစ်နဲ့ ရိုဒရီဂိုတို့အစား ဒါနီ စီဘာယော့စ်နဲ့ အဆန်စီယိုတို့ကို ပွဲချိန် ၅၆ မိနစ်မှာ အပြောင်းအလဲလုပ်ခဲ့တာပါ။

လူစားလဲပြီး တစ်မိနစ်အကြာမှာပဲ ရီးရဲလ်တို့ ချေပဂိုးစတင်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ ကာမာဗင်ဂါ ပေးတာကို ဘင်ဇီးမားဆီက တစ်ဆင့် လူစားဝင်ကွင်းလယ်လူ စီဘာယော့စ်က ဧရိယာထဲကို ထိုးပေးခဲ့ရမှာ နေရာလွတ်ထဲ ပြေးဝင်သွားနိုင်ခဲ့တဲ့ ဗီနီးရှပ်စ်က ဂိုးသမား အောက်ကနေ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာ အိမ်ရှင်တွေဘက်က ပီနိုအစား မိုရာလက်စ် ဝင်လာခဲ့ပြီး တစ်မိနစ်အကြာမှာတော့ ရီးရဲလ်တို့ သရေကျစေမယ့် ဂိုးကို ရရှိခဲ့သလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောက ပြန်ထွက်လာခဲ့တာကို စီဘာယော့စ်ကပဲ ဖြတ်တင်ပေးခဲ့ရာမှာ ဘင်ဇီးမား ခေါင်းတိုက်သွင်းခဲ့တဲ့ ဘောလုံးကို ဂိုးသမား ယော်ဂန်ဆန် ပုတ်ထုတ်လို့ ပြန်ကျလာတာကို နောက်ခံလူ မီလီတိုက အနီးကပ် ပိတ်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ ရီးရဲလ်တို့ နောက်က လိုက်ပြီး အနိုင်ဂိုး ပြန်ရသွားခဲ့သလို ဒီဂိုးကိုတော့ ဗီနီးရှပ်စ် ထိုးပေးတဲ့ ဘောလုံးက နည်းနည်း များသွားခဲ့ပေမယ့် အဆန်စီယိုက ဂိုးစည်းနားအထိ လိုက်လံရယူပြီး ဧရိယာထိပ်ကို နောက်ပြန်ချပေးတာကို လူစားဝင်ပြီး ခြေစွမ်းပြနေတဲ့ စီဘာယော့စ်က ညာဘက်အောက်ထောင့်ထဲကို ကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လူစားဝင် စီဘာယော့စ်ရဲ့ ထူးချွန်ထက်မြက်မှုနဲ့ ဗီလာရီးရဲလ်တို့ကို မက်ဒရစ်သားတွေက သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူပြီး နည်းပြ အန်ချယ်လော့တီ အသက်ရှူချောင်ခဲ့ရသလို အဝေးကွင်းက Come Back နိုင်ပွဲနဲ့အတူ စပိန်ဘုရင့်ဖလား ကိုပါဒဲလ်ရေးရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ ႐ူဒီဂါ၊ အယ္ဒါ မီလီတို၊ နာခ်ိဳနဲ႔ ဖယ္လြန္ မန္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာဗင္ဂါ၊ ဗယ္လ္ဗာဒီနဲ႔ တိုနီ ခ႐ူးစ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ႐ိုဒရီဂို၊ ဗီနီးရွပ္ ဂ်ဴနီယာနဲ႔ ဘင္ဇီးမားတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဗီလာရီးရဲလ္တို႔ကေတာ့ ဂိုးသမား ေယာ္ဂန္ဆန္၊ ခံစစ္မွာ ရာအူးလ္ အယ္လ္ဘီယိုလ္၊ ေပၚေတာရက္စ္၊ ဟြမ္ဖြိဳက္သ္နဲ႔ အယ္လ္ဘတ္တို မိုရီႏိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဒါနီ ပါရီဟို၊ အဲလက္စ္ ေဘနာနဲ႔ ကာပူးတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ပီႏို၊ ခ်ဴကြယ္ဇီနဲ႔ ဂ်ရတ္ မိုရီႏိုတို႔ကို စုဖြဲ႕လာခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက အဝါေရာင္ ေရငုပ္သေဘၤာေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက လက္ပစ္ေဘာကေန ဂ်ရတ္ မိုရီႏိုက ဧရိယာထဲကို ေနာက္ျပန္ခ်ေပးလိုက္တဲ့ ေဘာလုံးကို ေတာင္ပံကေန ေျပးဝင္လာခဲ့တဲ့ ကာပူးက မနားတမ္း အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ကူတြာ ကာကြယ္ဖို႔ မမီလိုက္ဘဲ မ်က္ေတာင္တစ္ခတ္အတြင္းမွာ ဂိုးဝင္သြားခဲ့တာျဖစ္ပါတယ္။

အန္ခ်ယ္ေလာ့တီရဲ႕ ကစားသမားေတြကို ေနရာခ်ထားပုံေတြနဲ႔ အသင္းလိုက္ တြဲဖက္ပုံေတြက ခံစစ္ပိုင္းနဲ႔ ကြင္းလယ္ေတြမွာ အဓိကအားျဖင့္ အားနည္းေနခဲ့ၿပီး ဒါကို ဗီလာရီးရဲလ္တို႔ အသုံးခ်ႏိုင္ခဲ့သလို မိုဒရစ္ခ်္ မပါရင္ ပိုဆိုးသြားေလ့ရွိတဲ့ ကြင္းလယ္မွာ တိုနီ ခ႐ူးစ္ကလည္း ေျခမမွန္သလို ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ဗီလာရီးရဲလ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ ပီႏိုနဲ႔ ဝမ္းတူး႐ိုက္ထြက္လာခဲ့တဲ့ ဂ်ရတ္ မိုရီႏိုက ရီးရဲလ္ခံစစ္ၾကားက လြတ္ေနတဲ့ ကြက္လပ္ထဲကို ခင္းေပးခဲ့ရာမွာ ခ်ဴကြယ္ဇီက ေျပးဝင္ၿပီး ဂိုးသမား ကူတြာနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ အေပၚကို ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ အိမ္ရွင္ ဗီလာရီးရဲလ္တို႔က ဧည့္သည္ေတြကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ဗီလာရီးရဲလ္ဘက္က ရာအူးလ္ အယ္လ္ဘီယိုလ္အစား ေဟာ္ဟဲ ကူယန္ကာ ဝင္ကစားခဲ့သလို ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဖြိဳက္သ္အစား မြန္ဒီ ဝင္လာခဲ့ၿပီး ရီးရဲလ္ဘက္ကေတာ့ တိုနီ ခ႐ူးစ္နဲ႔ ႐ိုဒရီဂိုတို႔အစား ဒါနီ စီဘာေယာ့စ္နဲ႔ အဆန္စီယိုတို႔ကို ပြဲခ်ိန္ ၅၆ မိနစ္မွာ အေျပာင္းအလဲလုပ္ခဲ့တာပါ။

လူစားလဲၿပီး တစ္မိနစ္အၾကာမွာပဲ ရီးရဲလ္တို႔ ေခ်ပဂိုးစတင္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္တြဲလုံးကေန ကာမာဗင္ဂါ ေပးတာကို ဘင္ဇီးမားဆီက တစ္ဆင့္ လူစားဝင္ကြင္းလယ္လူ စီဘာေယာ့စ္က ဧရိယာထဲကို ထိုးေပးခဲ့ရမွာ ေနရာလြတ္ထဲ ေျပးဝင္သြားႏိုင္ခဲ့တဲ့ ဗီနီးရွပ္စ္က ဂိုးသမား ေအာက္ကေန အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာ အိမ္ရွင္ေတြဘက္က ပီႏိုအစား မိုရာလက္စ္ ဝင္လာခဲ့ၿပီး တစ္မိနစ္အၾကာမွာေတာ့ ရီးရဲလ္တို႔ သေရက်ေစမယ့္ ဂိုးကို ရရွိခဲ့သလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာက ျပန္ထြက္လာခဲ့တာကို စီဘာေယာ့စ္ကပဲ ျဖတ္တင္ေပးခဲ့ရာမွာ ဘင္ဇီးမား ေခါင္းတိုက္သြင္းခဲ့တဲ့ ေဘာလုံးကို ဂိုးသမား ေယာ္ဂန္ဆန္ ပုတ္ထုတ္လို႔ ျပန္က်လာတာကို ေနာက္ခံလူ မီလီတိုက အနီးကပ္ ပိတ္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ေနာက္က လိုက္ၿပီး အႏိုင္ဂိုး ျပန္ရသြားခဲ့သလို ဒီဂိုးကိုေတာ့ ဗီနီးရွပ္စ္ ထိုးေပးတဲ့ ေဘာလုံးက နည္းနည္း မ်ားသြားခဲ့ေပမယ့္ အဆန္စီယိုက ဂိုးစည္းနားအထိ လိုက္လံရယူၿပီး ဧရိယာထိပ္ကို ေနာက္ျပန္ခ်ေပးတာကို လူစားဝင္ၿပီး ေျခစြမ္းျပေနတဲ့ စီဘာေယာ့စ္က ညာဘက္ေအာက္ေထာင့္ထဲကို ကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လူစားဝင္ စီဘာေယာ့စ္ရဲ႕ ထူးခြၽန္ထက္ျမက္မႈနဲ႔ ဗီလာရီးရဲလ္တို႔ကို မက္ဒရစ္သားေတြက သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ယူၿပီး နည္းျပ အန္ခ်ယ္ေလာ့တီ အသက္ရႉေခ်ာင္ခဲ့ရသလို အေဝးကြင္းက Come Back ႏိုင္ပြဲနဲ႔အတူ စပိန္ဘုရင့္ဖလား ကိုပါဒဲလ္ေရးရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.