Match Report Premier League

အလှူတော်မင်္ဂလာ လိုရစ်ရဲ့ စပါးစ်ကို ဒုတိယပိုင်းမှာ ဂိုးမိုးရွာပြီး အနိုင်ရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဂျွန်စတုန်းစ်၊ အာကန်ဂျီ၊ ရီကို လူးဝစ္စနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် တော့တင်ဟမ် ဟော့စပါးတို့ကတော့ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဒိုင်ယာ၊ ရိုမဲရိုးနဲ့ ဒေးဗီးစ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အီမာဆန် ရိုယဲလ်၊ ဘင်တန်ကာ၊ ဟွိုင်ဘယာ့ဂ်နဲ့ ပါရီရှစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲစကတည်းက စီးတီးတို့ ဘောလုံးကိုင်ကစားပေမယ့် အလုပ်ဖြစ်မှု နည်းခဲ့သလို ဟားလန်းဆီကိုလည်း အကြိုက်တွေ မပေးနိုင်ခဲ့ဘဲဖြစ်နေခဲ့ပြီး အယ်လ်ဗာရက်ဇ်ကလည်း ဖန်တီးနိုင်မှု နည်းခဲ့သလို စပါးစ်တို့ကတော့ သူတို့ရဲ့ ကောင်တာနဲ့ ပြန်သွားတဲ့ ပုံစံကိုပဲ အားပြုခဲ့ပေမယ့် ဟာရီကိန်းနဲ့ ဆွန်တို့ရဲ့ အတွဲအဖက်တွေက ပုံစံကောင်းမရဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာ ဆွန်ဟောင်မင်က အီဒါဆန်တည့်တည့်ကို ခပ်ပျော့ပျော့ပဲ ခေါင်းတိုက်သွားခဲ့သလို ပွဲချိန် ၃၉ မိနစ်မှာတော့ ရီကို လူးဝစ္စရဲ့ ဧရိယာထိပ်က ကန်ချက်ကို လိုရစ် ပုတ်ထုတ်ခဲ့ရပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ခဲ့တဲ့ ဟားလန်းရဲ့ အထိန်းအသိမ်းက အနည်းငယ် အရှိန်လွန်သွားခဲ့လို့ ကန်သွင်းရာမှာ ဂိုးသမားနဲ့ပဲ ထိထွက်သွားခဲ့တာပါ။

ပွဲချိန် ၄၄ မိနစ်မှာတော့ မထင်မှတ်တဲ့ အနေအထားကနေ စပါးစ်တို့ အဖွင့်ဂိုးရသွားခဲ့ပြီး ဒီဂိုးကိုတော့ အီဒါဆန်ရဲ့ အန္တရာယ်များတဲ့ ပေးပို့မှုကနေ ရိုဒရီနဲ့ ဘင်တန်ကာတို့ ဘောလုံးယှဉ်လုရင်း ပြန်ထွက်လာတဲ့ ဘောလုံးကို ကူလူရှက်ဗ်စကီးက ဧရိယာထိပ်ကနေ သွေးအေးအေးနဲ့ အနိမ့်ဘောကန်သွင်းပြီး မန်စီးတီးတို့ကို ထိုးနှက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာ စပါးစ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ထိုးဖောက်လာခဲ့တဲ့ ဟာရီကိန်းက ရိုဒရီကို ကျော်ဖြတ်ပြီး ထောင့်ကျဉ်းအနေအထားက ကန်သွင်းခဲ့ရာမှာ အီဒါဆန် ပုတ်ထုတ်လို့ ထွက်လာခဲ့တဲ့ ဘောလုံးကို နောက်က ပါလာတဲ့ ရိုယဲလ်က မနားတမ်း ခေါင်းတိုက်သွင်းပြီး ပထမပိုင်းမှာ ဧည့်သည်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်လည်စတင်အပြီးမှာတော့ ဂွါဒီယိုလာ ဘာတွေ မှာလွှတ်လိုက်မှန်း မသိတဲ့ မန်စီးတီးတို့ ကစားပုံက တည်ငြိမ်သွားခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့သလို ညာခြမ်းကနေ မာရက်ဇ် ဖြတ်တင်ပေးရာကနေ ခံစစ်က ရှင်းထုတ်တာ မပီပြင်ခဲ့တဲ့ ဘောလုံးကို ထိအောင် မပုတ်နိုင်ဘဲ လွဲချော်ခဲ့တဲ့ လိုရစ်ရဲ့ အမှားကနေ အနားမှာ ရှိနေတဲ့ အယ်လ်ဗာရက်ဇ်က ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တစ်ဂိုးပြန်ရလို့ စိတ်ဓာတ်တက်သွားခဲ့တဲ့ မန်စီးတီးတို့ ဆက်တိုက်ဆိုသလိုပဲ သရေကျစေမယ့် ဒုတိယဂိုးကို ပွဲချိန် ၅၃ မိနစ်မှာ ထပ်မံရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ရိုဒရီက ဧရိယာထဲကို လှမ်းမ,ပေးရာမှာ ညာခြမ်းကနေ ပြေးဝင်သွားခဲ့တဲ့ မာရက်ဇ်က ဂိုးရှေ့ကို ခေါင်းဖြတ်တိုက်ပြီး တင်ပေးရာမှာ ဟားလန်းက စပါးစ်ခံစစ်ကြားက ကွက်တိပြေးဝင်ပြီး ထပ်ဆင့်ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ တစ်ဂိုးပေးရအပြီးမှာ စိတ်လှုပ်ရှားသွားတဲ့ မန်စီးတီးတို့ သုံးမိနစ်အတွင်း နှစ်ကြိမ်ဆက်တိုက်ထိုးနှက်ခံရသလိုမျိုးပဲ ဒုတိယပိုင်းမှာ မန်စီးတီးတို့ကလည်း သုံးမိနစ်အတွင်းမှာ နှစ်ဂိုးပြန်ရခဲ့တာဖြစ်ပြီး စပါးစ်ခံစစ်ကတော့ တဖြည်းဖြည်းနဲ့ စုဖွဲ့မှု ပျက်ပြားခဲ့သလို ဒီနေ့မှာ ခြေစွမ်းပျက်နေတဲ့ ဒေးဗီးစ်နဲ့ ပါရီရှစ်ချ်တို့ရဲ့ ဘယ်ခြမ်းကတော့ မာရက်ဇ်ရဲ့ ရေတွင်းတူးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာ မာရက်ဇ်ရဲ့ တစ်ကိုယ်တော် ကန်ချက်က တိုင်ဘေးကပ်ထွက်သွားခဲ့သလို ပွဲချိန်မိနစ် ၆၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ရသွားတဲ့ ကူလူရှက်ဗ်စကီးက ဆွန်ဟောင်မင် မျှားခေါ်တဲ့နောက်ကို ပါသွားတဲ့ စီးတီးခံစစ်နောက် နေရာလွတ်ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ အလွတ်ကြီး ကန်ခွင့်ရတာကို ပါရီရှစ်ချ်က နောက်ခံလူ ရီကို လူးဝစ္စတည့်တည့်ကို ကန်ပြီး ဘောလုံးက ဘားထိထွက်သွားခဲ့လို့ စပါးစ်တို့ နစ်နာခဲ့ရတာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ မန်စီးတီးတို့ တတိယ သွင်းဂိုးနဲ့ Come Back နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရိုဒရီက ညာခြမ်းကို ဖြတ်တင်ပေးရာမှာ ခံစစ်မှာ မစောင့်ဘဲ ဆရာကြီးလိုလိုနဲ့ အတင်းပြေးဝင်ပြီး လုဖို့ ကြိုးစားတဲ့ ပါရီရှစ်ချ်က သေချာမထိလိုက်ဘဲ ချော်ထွက်သွားလို့ လွတ်သွားခဲ့တာကို မာရက်ဇ်က တောင်ပံတောက်လျှောက်ဆွဲပြေးပြီး ထောင့်ကျဉ်းအနေအထားက ကန်သွင်းခဲ့ရာမှာ လိုရစ်ရဲ့ ပေါ့ဆမှုကြောင့် တိုင်ခြေကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

အနိုင်ကနေ ပြန်ရှုံးသွားခဲ့အပြီးမှာ စပါးစ်တို့အနေနဲ့ ပါရီရှစ်ချ်၊ ဘင်တန်ကာ၊ ရိုယဲလ်နဲ့ ဒေးဗီးစ်တို့အစား ဆက်ဆီညွန်၊ ရစ်ချာလစ်ဆန်၊ ဘီဆူးမားနဲ့ လွန်ဂလေတို့ကို ထည့်သွင်းကစားခဲ့ပြီး ရစ်ချာလစ်ဆန်နဲ့ ဆက်ဆီညွန်တို့ကို သုံးခဲ့တာ မှန်ပေမယ့် တိုက်စစ်ကို အကျိုးမပြုနိုင်တဲ့ ဘီဆူးမားနဲ့ လွန်ဂလေတို့ကို ထည့်ခဲ့တာကတော့ နည်းပြ ကွန်တီရဲ့ နားလည်ဖို့ ခက်တဲ့ လုပ်ရပ်လည်းဖြစ်ခဲ့တာပါ။

စပါးစ်တို့ရဲ့ လူစားလဲမှုတွေက တကယ်တမ်းမှာတော့ ဂိုးပြန်ရဖို့ တစ်ခုမှ အကျိုးမပြုခဲ့သလို ညာနောက်ခံလူ မရှိတော့တဲ့ တောင်ပံကလည်း ဟန်ချက်ပျက်ပြီး ကူလူရှက်ဗ်စကီးနဲ့ ရစ်ချာလစ်ဆန်တို့ နှစ်ယောက် ဘာမှ မလုပ်တတ်ခဲ့ဘဲဖြစ်ခဲ့ရပြီး မြောက်လန်ဒန်ဒါဘီမှာ လူမိုက်လိုလိုနဲ့ ပွဲရှာခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးကြောင့် လက်ထိဘောကနေ ပင်နယ်တီပေးရဖို့တောင် နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ မန်စီးတီးတို့ အနိုင်သေချာစေမယ့် စတုတ္ထဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဂိုးသမား အီဒါဆန် ကန်တင်လိုက်တာကို ကွန်တီရဲ့ လူစားလဲမှုတစ်ခုဖြစ်တဲ့ နောက်ခံလူ လွန်ဂလေရဲ့ စိတ်ပျက်စရာ ထိန်းသိမ်းပုံက လွတ်ထွက်သွားခဲ့တဲ့ ဘောလုံးကို မာရက်ဇ်က လိုက်လံရယူပြီး ဂိုးသမား လိုရစ်နဲ့ တစ်ဦးချင်းအတွေ့မှာ အသာလေး ကျော်သွင်းနိုင်ခဲ့လို့ ပွဲသိမ်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့ ပထမပိုင်း နှစ်ဂိုးအရှုံးကို ဒုတိယပိုင်းသွင်းဂိုး လေးဂိုးနဲ့ ပြန်လာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီအရှုံးကို တုံ့ပြန်နိုင်ခဲ့ကြသလို ထိပ်ဆုံးက အာဆင်နယ်တို့အနေနဲ့ လျှော့မတွက်ဖို့နဲ့ တစ်ကွက်မှားတာနဲ့ ပြန်လိုက်မီဖို့ လုပ်နိုင်ကြောင်း အစွယ်ထုတ်ပြသွားခဲ့ပြီး ရွာစား စိန်ကွမ်းသီးရဲ့ စပါးအလှူတော် တော့တင်ဟမ် မင်္ဂလာဆိုင်းအဖွဲ့ကတော့ ရှုံးပွဲဆက်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ဂြၽန္စတုန္းစ္၊ အာကန္ဂ်ီ၊ ရီကို လူးဝစၥနဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္နဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မာရက္ဇ္၊ ဂရီးလစ္ရွ္နဲ႔ ဟားလန္းတို႔ကို ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ ေတာ့တင္ဟမ္ ေဟာ့စပါးတို႔ကေတာ့ ဂိုးသမား လိုရစ္၊ ခံစစ္မွာ ဒိုင္ယာ၊ ႐ိုမဲ႐ိုးနဲ႔ ေဒးဗီးစ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အီမာဆန္ ႐ိုယဲလ္၊ ဘင္တန္ကာ၊ ဟြိဳင္ဘယာ့ဂ္နဲ႔ ပါရီရွစ္ခ်္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ကူလူရွက္ဗ္စကီး၊ ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲစကတည္းက စီးတီးတို႔ ေဘာလုံးကိုင္ကစားေပမယ့္ အလုပ္ျဖစ္မႈ နည္းခဲ့သလို ဟားလန္းဆီကိုလည္း အႀကိဳက္ေတြ မေပးႏိုင္ခဲ့ဘဲျဖစ္ေနခဲ့ၿပီး အယ္လ္ဗာရက္ဇ္ကလည္း ဖန္တီးႏိုင္မႈ နည္းခဲ့သလို စပါးစ္တို႔ကေတာ့ သူတို႔ရဲ႕ ေကာင္တာနဲ႔ ျပန္သြားတဲ့ ပုံစံကိုပဲ အားျပဳခဲ့ေပမယ့္ ဟာရီကိန္းနဲ႔ ဆြန္တို႔ရဲ႕ အတြဲအဖက္ေတြက ပုံစံေကာင္းမရဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာ ဆြန္ေဟာင္မင္က အီဒါဆန္တည့္တည့္ကို ခပ္ေပ်ာ့ေပ်ာ့ပဲ ေခါင္းတိုက္သြားခဲ့သလို ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ရီကို လူးဝစၥရဲ႕ ဧရိယာထိပ္က ကန္ခ်က္ကို လိုရစ္ ပုတ္ထုတ္ခဲ့ရၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ခဲ့တဲ့ ဟားလန္းရဲ႕ အထိန္းအသိမ္းက အနည္းငယ္ အရွိန္လြန္သြားခဲ့လို႔ ကန္သြင္းရာမွာ ဂိုးသမားနဲ႔ပဲ ထိထြက္သြားခဲ့တာပါ။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ မထင္မွတ္တဲ့ အေနအထားကေန စပါးစ္တို႔ အဖြင့္ဂိုးရသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ အီဒါဆန္ရဲ႕ အႏၲရာယ္မ်ားတဲ့ ေပးပို႔မႈကေန ႐ိုဒရီနဲ႔ ဘင္တန္ကာတို႔ ေဘာလုံးယွဥ္လုရင္း ျပန္ထြက္လာတဲ့ ေဘာလုံးကို ကူလူရွက္ဗ္စကီးက ဧရိယာထိပ္ကေန ေသြးေအးေအးနဲ႔ အနိမ့္ေဘာကန္သြင္းၿပီး မန္စီးတီးတို႔ကို ထိုးႏွက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာ စပါးစ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ညာျခမ္းက ထိုးေဖာက္လာခဲ့တဲ့ ဟာရီကိန္းက ႐ိုဒရီကို ေက်ာ္ျဖတ္ၿပီး ေထာင့္က်ဥ္းအေနအထားက ကန္သြင္းခဲ့ရာမွာ အီဒါဆန္ ပုတ္ထုတ္လို႔ ထြက္လာခဲ့တဲ့ ေဘာလုံးကို ေနာက္က ပါလာတဲ့ ႐ိုယဲလ္က မနားတမ္း ေခါင္းတိုက္သြင္းၿပီး ပထမပိုင္းမွာ ဧည့္သည္ေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္လည္စတင္အၿပီးမွာေတာ့ ဂြါဒီယိုလာ ဘာေတြ မွာလႊတ္လိုက္မွန္း မသိတဲ့ မန္စီးတီးတို႔ ကစားပုံက တည္ၿငိမ္သြားခဲ့ၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့သလို ညာျခမ္းကေန မာရက္ဇ္ ျဖတ္တင္ေပးရာကေန ခံစစ္က ရွင္းထုတ္တာ မပီျပင္ခဲ့တဲ့ ေဘာလုံးကို ထိေအာင္ မပုတ္ႏိုင္ဘဲ လြဲေခ်ာ္ခဲ့တဲ့ လိုရစ္ရဲ႕ အမွားကေန အနားမွာ ရွိေနတဲ့ အယ္လ္ဗာရက္ဇ္က ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

တစ္ဂိုးျပန္ရလို႔ စိတ္ဓာတ္တက္သြားခဲ့တဲ့ မန္စီးတီးတို႔ ဆက္တိုက္ဆိုသလိုပဲ သေရက်ေစမယ့္ ဒုတိယဂိုးကို ပြဲခ်ိန္ ၅၃ မိနစ္မွာ ထပ္မံရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ႐ိုဒရီက ဧရိယာထဲကို လွမ္းမ,ေပးရာမွာ ညာျခမ္းကေန ေျပးဝင္သြားခဲ့တဲ့ မာရက္ဇ္က ဂိုးေရွ႕ကို ေခါင္းျဖတ္တိုက္ၿပီး တင္ေပးရာမွာ ဟားလန္းက စပါးစ္ခံစစ္ၾကားက ကြက္တိေျပးဝင္ၿပီး ထပ္ဆင့္ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ တစ္ဂိုးေပးရအၿပီးမွာ စိတ္လႈပ္ရွားသြားတဲ့ မန္စီးတီးတို႔ သုံးမိနစ္အတြင္း ႏွစ္ႀကိမ္ဆက္တိုက္ထိုးႏွက္ခံရသလိုမ်ိဳးပဲ ဒုတိယပိုင္းမွာ မန္စီးတီးတို႔ကလည္း သုံးမိနစ္အတြင္းမွာ ႏွစ္ဂိုးျပန္ရခဲ့တာျဖစ္ၿပီး စပါးစ္ခံစစ္ကေတာ့ တျဖည္းျဖည္းနဲ႔ စုဖြဲ႕မႈ ပ်က္ျပားခဲ့သလို ဒီေန႔မွာ ေျခစြမ္းပ်က္ေနတဲ့ ေဒးဗီးစ္နဲ႔ ပါရီရွစ္ခ်္တို႔ရဲ႕ ဘယ္ျခမ္းကေတာ့ မာရက္ဇ္ရဲ႕ ေရတြင္းတူးျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာ မာရက္ဇ္ရဲ႕ တစ္ကိုယ္ေတာ္ ကန္ခ်က္က တိုင္ေဘးကပ္ထြက္သြားခဲ့သလို ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းက ရသြားတဲ့ ကူလူရွက္ဗ္စကီးက ဆြန္ေဟာင္မင္ မွ်ားေခၚတဲ့ေနာက္ကို ပါသြားတဲ့ စီးတီးခံစစ္ေနာက္ ေနရာလြတ္ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ အလြတ္ႀကီး ကန္ခြင့္ရတာကို ပါရီရွစ္ခ်္က ေနာက္ခံလူ ရီကို လူးဝစၥတည့္တည့္ကို ကန္ၿပီး ေဘာလုံးက ဘားထိထြက္သြားခဲ့လို႔ စပါးစ္တို႔ နစ္နာခဲ့ရတာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ တတိယ သြင္းဂိုးနဲ႔ Come Back ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ႐ိုဒရီက ညာျခမ္းကို ျဖတ္တင္ေပးရာမွာ ခံစစ္မွာ မေစာင့္ဘဲ ဆရာႀကီးလိုလိုနဲ႔ အတင္းေျပးဝင္ၿပီး လုဖို႔ ႀကိဳးစားတဲ့ ပါရီရွစ္ခ်္က ေသခ်ာမထိလိုက္ဘဲ ေခ်ာ္ထြက္သြားလို႔ လြတ္သြားခဲ့တာကို မာရက္ဇ္က ေတာင္ပံေတာက္ေလွ်ာက္ဆြဲေျပးၿပီး ေထာင့္က်ဥ္းအေနအထားက ကန္သြင္းခဲ့ရာမွာ လိုရစ္ရဲ႕ ေပါ့ဆမႈေၾကာင့္ တိုင္ေျခကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

အႏိုင္ကေန ျပန္ရႈံးသြားခဲ့အၿပီးမွာ စပါးစ္တို႔အေနနဲ႔ ပါရီရွစ္ခ်္၊ ဘင္တန္ကာ၊ ႐ိုယဲလ္နဲ႔ ေဒးဗီးစ္တို႔အစား ဆက္ဆီၫြန္၊ ရစ္ခ်ာလစ္ဆန္၊ ဘီဆူးမားနဲ႔ လြန္ဂေလတို႔ကို ထည့္သြင္းကစားခဲ့ၿပီး ရစ္ခ်ာလစ္ဆန္နဲ႔ ဆက္ဆီၫြန္တို႔ကို သုံးခဲ့တာ မွန္ေပမယ့္ တိုက္စစ္ကို အက်ိဳးမျပဳႏိုင္တဲ့ ဘီဆူးမားနဲ႔ လြန္ဂေလတို႔ကို ထည့္ခဲ့တာကေတာ့ နည္းျပ ကြန္တီရဲ႕ နားလည္ဖို႔ ခက္တဲ့ လုပ္ရပ္လည္းျဖစ္ခဲ့တာပါ။

စပါးစ္တို႔ရဲ႕ လူစားလဲမႈေတြက တကယ္တမ္းမွာေတာ့ ဂိုးျပန္ရဖို႔ တစ္ခုမွ အက်ိဳးမျပဳခဲ့သလို ညာေနာက္ခံလူ မရွိေတာ့တဲ့ ေတာင္ပံကလည္း ဟန္ခ်က္ပ်က္ၿပီး ကူလူရွက္ဗ္စကီးနဲ႔ ရစ္ခ်ာလစ္ဆန္တို႔ ႏွစ္ေယာက္ ဘာမွ မလုပ္တတ္ခဲ့ဘဲျဖစ္ခဲ့ရၿပီး ေျမာက္လန္ဒန္ဒါဘီမွာ လူမိုက္လိုလိုနဲ႔ ပြဲရွာခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မႉးေၾကာင့္ လက္ထိေဘာကေန ပင္နယ္တီေပးရဖို႔ေတာင္ နီးစပ္ခဲ့ေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ မန္စီးတီးတို႔ အႏိုင္ေသခ်ာေစမယ့္ စတုတၳဂိုးကို သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ဂိုးသမား အီဒါဆန္ ကန္တင္လိုက္တာကို ကြန္တီရဲ႕ လူစားလဲမႈတစ္ခုျဖစ္တဲ့ ေနာက္ခံလူ လြန္ဂေလရဲ႕ စိတ္ပ်က္စရာ ထိန္းသိမ္းပုံက လြတ္ထြက္သြားခဲ့တဲ့ ေဘာလုံးကို မာရက္ဇ္က လိုက္လံရယူၿပီး ဂိုးသမား လိုရစ္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အသာေလး ေက်ာ္သြင္းႏိုင္ခဲ့လို႔ ပြဲသိမ္းသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္စီးတီးတို႔ ပထမပိုင္း ႏွစ္ဂိုးအရႈံးကို ဒုတိယပိုင္းသြင္းဂိုး ေလးဂိုးနဲ႔ ျပန္လာႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ မန္ခ်က္စတာဒါဘီအရႈံးကို တုံ႔ျပန္ႏိုင္ခဲ့ၾကသလို ထိပ္ဆုံးက အာဆင္နယ္တို႔အေနနဲ႔ ေလွ်ာ့မတြက္ဖို႔နဲ႔ တစ္ကြက္မွားတာနဲ႔ ျပန္လိုက္မီဖို႔ လုပ္ႏိုင္ေၾကာင္း အစြယ္ထုတ္ျပသြားခဲ့ၿပီး ႐ြာစား စိန္ကြမ္းသီးရဲ႕ စပါးအလႉေတာ္ ေတာ့တင္ဟမ္ မဂၤလာဆိုင္းအဖြဲ႕ကေတာ့ ရႈံးပြဲဆက္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.