Analysis Premier League

မူဒရစ်ခ် ရောက်လာလို့ သုံးစားမရသူတွေကို ရောင်းဖို့ အပြောခံလိုက်ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားသစ် မိုက်ခေလို မူဒရစ်ခ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ နဲ့ ခေါ်ယူနိုင်ခဲ့အပြီးမှာ သူတို့ရဲ့ ကစားသမား စာရင်းထဲက သုံးစားမရတဲ့သူတွေနဲ့ လူငယ်တွေရဲ့ တက်လမ်းတွေကို ပိတ်ဆို့နေတဲ့ သက်ကြီးကစားသမားတွေ၊ အခွင့်အရေး ရှာဖွေမယ့် လူငယ်တွေကို ရောင်းချတော့လို့ အပြောခံလိုက်ရပါတယ်။

တိုက်စစ်မှူး အန်ဒရီ ရှက်ဗ်ချန်ကိုနောက်ပိုင်း ဒုတိယမြောက် ယူကရိန်းသားဖြစ်လာတဲ့ မူဒရစ်ခ်ဟာ အသင်းမှာ ကျောနံပါတ် ၁၅ ကို ဝတ်ဆင်သွားမှာဖြစ်ပြီး သူ့ရှေ့က ဒီနံပါတ်နဲ့ ခြေစွမ်းပြခဲ့တဲ့ ပြင်သစ်သား ဖလိုရွန် မာလူးဒါးကို လိုက်မီဖို့နဲ့ ကျော်ဖြတ်ဖို့ လုပ်ဆောင်နိုင်မလားဆိုတာတော့ ရှက်ခ်တာနဲ့ တစ်ရာသီသာ တောက်ပခဲ့သေးမှုအတွက် အစမ်းသပ်ခံရဦးမှာဖြစ်ပါတယ်။

မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းက အသည်းအသန် လိုချင်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် သူ့ကိုတော့ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ အဆင့်အတန်းမှာ ရှိနေလိမ့်မယ်လို့ ချဲလ်ဆီးပရိသတ်တွေက မျှော်လင့်ထားကြပြီး သူရောက်လာတဲ့အတွက်တော့ အသင်းက အလုပ်မဖြစ်တဲ့ ဂီလာနတွေနဲ့ လစာညာယူနေကြသူတွေကို ရှင်းထုတ်စေချင်နေတာပါ။

ဒီသဘောကို လီဗာပူးလ်နဲ့ လက်စတာတိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးကလည်း ပြောလိုက်ပြီး အသင်းက ကစားသမား ၇ ဦးလောက်ကို ရှင်းထုတ်သွားဖို့နဲ့ ဒီထဲမှာ အသက်အရွယ်အရ စာချုပ်သက်တမ်း မတိုးသင့်တော့တဲ့ ဘရာဇီးလ်နောက်ခံလူ သီယာဂို ဆေးလ်ဗားလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

“ပြောရရင်တော့ ချဲလ်ဆီးမှာ ဆက်မရှိသင့်တော့တဲ့သူတွေက ရာဟင်မ်း စတာလင်၊ ပျယ်-အမ်မရိခ် အူဘာမီယန်း၊ ခရစ္စတီယန် ပူလီရှစ်ချ်၊ ဂျော်ဂျင်ညို၊ ဆီဆာ အက်ဇ်ပီလီကွေတာနဲ့ သီယာဂို ဆေးလ်ဗားတို့ပါပဲ”လို့ ကော်လီမိုးက ထောက်ပြလိုက်ပြီး ကွန်နာ ဂါလာဂါကိုတော့ သူ့ရဲ့ အနာဂတ်ကို အာမမခံနိုင်ရင် အသင်းက ထွက်ခွင့်ပေးလိုက်ဖို့ ကောင်းတယ်လို့လည်း ညွှန်ပြသွားခဲ့တာပါ။

မန်စီးတီးအသင်းကနေ ခြေစွမ်းကျလာချိန်မှာ ဂျင်းထည့်လိုက်တယ်လို့ ပရိသတ်တော်တော်များများ ခံစားနေရတဲ့ စတာလင်ဟာလည်း လူတွေ လေးစားအားကျရတဲ့ ပုံစံမျိုးမှာ ရှိမနေတော့ဘဲ ဒီရာသီ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၄ ဂိုးသာ သွင်းယူထားနိုင်သလို ပူလီရှစ်ချ်ကလည်း ဒဏ်ရာတွေနဲ့ပဲ နပမ်းလုံးပြီး အလုပ်မဖြစ်တဲ့အတွက် မူဒရစ်ခ်ရဲ့ နေရာဖယ်ထုတ်ခြင်းကို ခံရဖို့ ရှိနေပါတယ်။

အူဘာမီယန်းကတော့ လစာညာယူဖို့ ရောက်လာတဲ့ သဘောမျိုးဖြစ်နေခဲ့ပြီး အသင်းရဲ့ အသက်အရွယ်ထောက်ပြီး နည်းပြ ဂရေဟမ် ပေါ့တာရဲ့ နည်းစနစ်မှာ အံဝင်အောင် မကစားနိုင်တော့မယ့် ဘိုးတော်ကစားသမားတွေနဲ့အတူ ရှင်းထုတ်ရဖို့ ရှိနေချိန်မှာ ခြေစွမ်းပြန်ပြလာတဲ့ ဟာကင်းမ် ဇီးယက်ရှ်နဲ့ ခိုင် ဟာဗတ်ဇ်၊ လူသစ် မာ့ခ် ကူကူရဲလားတို့ကိုတော့ တစ်ရာသီစောင့်ကြည့်ဖို့ ကော်လီမိုးက တိုက်တွန်းသွားခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ဒီရာသီ ခံစစ်ပိုင်းကို ခါလီဒူး ကူလီဘေလီ၊ ဝက်စ်လီ ဖိုဖာနာနဲ့ ဘယ်နွာ ဘာဒီယာရှီးလ်တို့ ဗဟိုခံစစ်မှူးသစ် သုံးဦးနဲ့ အားဖြည့်ထားတာကြောင့် မူလရှိပြီးသား လူငယ် ထရီဗိုရ် ချာလိုဘာနဲ့ဆိုရင် ကောင်းကောင်း လှည့်ပတ်သုံးစွဲနိုင်တော့မယ့်အချိန်မှာ သီယာဂို ဆေးလ်ဗားရဲ့ အခန်းကဏ္ဍကိုတော့ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး စာချုပ်သက်တမ်း မတိုးတော့ဖို့ အကြံပြုခံထားရတာဖြစ်ပါတယ်။

ပိုင်ရှင်သစ် တော့ဒ် ဘိုလီအနေနဲ့ တိုက်စစ်နဲ့ ကွင်းလယ်ကို အားဖြည့်ဖို့ ရှိနေပေမယ့် လက်ရှိပုံစံ ၃-၄-၃ ကစားကွက်အတိုင်း ပေါ့တာနဲ့ ဆက်သွားမယ်ဆိုရင်တော့ ဒဏ်ရာများလွန်းတဲ့ ရီးစ် ဂျိမ်းစ်နဲ့ ဘန် ချေးလ်ဝဲလ်တို့နေရာမှာ အစားဝင်ကစားပေမယ့် Wing Back တွေကိုလည်း အားဖြည့်ရဖို့ ရှိနေပြီး ဒါမှသာ လမ်းကြောင်းမှန်ပေါ်ကို ပြန်တက်နိုင်လိမ့်မယ်လို့ သုံးသပ်ခံထားရကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကစားသမားသစ္ မိုက္ေခလို မူဒရစ္ခ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၉၀ နဲ႔ ေခၚယူႏိုင္ခဲ့အၿပီးမွာ သူတို႔ရဲ႕ ကစားသမား စာရင္းထဲက သုံးစားမရတဲ့သူေတြနဲ႔ လူငယ္ေတြရဲ႕ တက္လမ္းေတြကို ပိတ္ဆို႔ေနတဲ့ သက္ႀကီးကစားသမားေတြ၊ အခြင့္အေရး ရွာေဖြမယ့္ လူငယ္ေတြကို ေရာင္းခ်ေတာ့လို႔ အေျပာခံလိုက္ရပါတယ္။

တိုက္စစ္မႉး အန္ဒရီ ရွက္ဗ္ခ်န္ကိုေနာက္ပိုင္း ဒုတိယေျမာက္ ယူကရိန္းသားျဖစ္လာတဲ့ မူဒရစ္ခ္ဟာ အသင္းမွာ ေက်ာနံပါတ္ ၁၅ ကို ဝတ္ဆင္သြားမွာျဖစ္ၿပီး သူ႔ေရွ႕က ဒီနံပါတ္နဲ႔ ေျခစြမ္းျပခဲ့တဲ့ ျပင္သစ္သား ဖလို႐ြန္ မာလူးဒါးကို လိုက္မီဖို႔နဲ႔ ေက်ာ္ျဖတ္ဖို႔ လုပ္ေဆာင္ႏိုင္မလားဆိုတာေတာ့ ရွက္ခ္တာနဲ႔ တစ္ရာသီသာ ေတာက္ပခဲ့ေသးမႈအတြက္ အစမ္းသပ္ခံရဦးမွာျဖစ္ပါတယ္။

ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္အသင္းက အသည္းအသန္ လိုခ်င္ခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ သူ႔ကိုေတာ့ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ အဆင့္အတန္းမွာ ရွိေနလိမ့္မယ္လို႔ ခ်ဲလ္ဆီးပရိသတ္ေတြက ေမွ်ာ္လင့္ထားၾကၿပီး သူေရာက္လာတဲ့အတြက္ေတာ့ အသင္းက အလုပ္မျဖစ္တဲ့ ဂီလာနေတြနဲ႔ လစာညာယူေနၾကသူေတြကို ရွင္းထုတ္ေစခ်င္ေနတာပါ။

ဒီသေဘာကို လီဗာပူးလ္နဲ႔ လက္စတာတိုက္စစ္မႉးေဟာင္း စတန္ ေကာ္လီမိုးကလည္း ေျပာလိုက္ၿပီး အသင္းက ကစားသမား ၇ ဦးေလာက္ကို ရွင္းထုတ္သြားဖို႔နဲ႔ ဒီထဲမွာ အသက္အ႐ြယ္အရ စာခ်ဳပ္သက္တမ္း မတိုးသင့္ေတာ့တဲ့ ဘရာဇီးလ္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားလည္း ပါဝင္ေနတယ္လို႔ ဆိုပါတယ္။

“ေျပာရရင္ေတာ့ ခ်ဲလ္ဆီးမွာ ဆက္မရွိသင့္ေတာ့တဲ့သူေတြက ရာဟင္မ္း စတာလင္၊ ပ်ယ္-အမ္မရိခ္ အူဘာမီယန္း၊ ခရစၥတီယန္ ပူလီရွစ္ခ်္၊ ေဂ်ာ္ဂ်င္ညိဳ၊ ဆီဆာ အက္ဇ္ပီလီေကြတာနဲ႔ သီယာဂို ေဆးလ္ဗားတို႔ပါပဲ”လို႔ ေကာ္လီမိုးက ေထာက္ျပလိုက္ၿပီး ကြန္နာ ဂါလာဂါကိုေတာ့ သူ႔ရဲ႕ အနာဂတ္ကို အာမမခံႏိုင္ရင္ အသင္းက ထြက္ခြင့္ေပးလိုက္ဖို႔ ေကာင္းတယ္လို႔လည္း ၫႊန္ျပသြားခဲ့တာပါ။

မန္စီးတီးအသင္းကေန ေျခစြမ္းက်လာခ်ိန္မွာ ဂ်င္းထည့္လိုက္တယ္လို႔ ပရိသတ္ေတာ္ေတာ္မ်ားမ်ား ခံစားေနရတဲ့ စတာလင္ဟာလည္း လူေတြ ေလးစားအားက်ရတဲ့ ပုံစံမ်ိဳးမွာ ရွိမေနေတာ့ဘဲ ဒီရာသီ ပရီးမီးယားလိဂ္ ၁၅ ပြဲမွာ ၄ ဂိုးသာ သြင္းယူထားႏိုင္သလို ပူလီရွစ္ခ်္ကလည္း ဒဏ္ရာေတြနဲ႔ပဲ နပမ္းလုံးၿပီး အလုပ္မျဖစ္တဲ့အတြက္ မူဒရစ္ခ္ရဲ႕ ေနရာဖယ္ထုတ္ျခင္းကို ခံရဖို႔ ရွိေနပါတယ္။

အူဘာမီယန္းကေတာ့ လစာညာယူဖို႔ ေရာက္လာတဲ့ သေဘာမ်ိဳးျဖစ္ေနခဲ့ၿပီး အသင္းရဲ႕ အသက္အ႐ြယ္ေထာက္ၿပီး နည္းျပ ဂေရဟမ္ ေပါ့တာရဲ႕ နည္းစနစ္မွာ အံဝင္ေအာင္ မကစားႏိုင္ေတာ့မယ့္ ဘိုးေတာ္ကစားသမားေတြနဲ႔အတူ ရွင္းထုတ္ရဖို႔ ရွိေနခ်ိန္မွာ ေျခစြမ္းျပန္ျပလာတဲ့ ဟာကင္းမ္ ဇီးယက္ရွ္နဲ႔ ခိုင္ ဟာဗတ္ဇ္၊ လူသစ္ မာ့ခ္ ကူကူရဲလားတို႔ကိုေတာ့ တစ္ရာသီေစာင့္ၾကည့္ဖို႔ ေကာ္လီမိုးက တိုက္တြန္းသြားခဲ့တာပါ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီရာသီ ခံစစ္ပိုင္းကို ခါလီဒူး ကူလီေဘလီ၊ ဝက္စ္လီ ဖိုဖာနာနဲ႔ ဘယ္ႏြာ ဘာဒီယာရွီးလ္တို႔ ဗဟိုခံစစ္မႉးသစ္ သုံးဦးနဲ႔ အားျဖည့္ထားတာေၾကာင့္ မူလရွိၿပီးသား လူငယ္ ထရီဗိုရ္ ခ်ာလိုဘာနဲ႔ဆိုရင္ ေကာင္းေကာင္း လွည့္ပတ္သုံးစြဲႏိုင္ေတာ့မယ့္အခ်ိန္မွာ သီယာဂို ေဆးလ္ဗားရဲ႕ အခန္းက႑ကိုေတာ့ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ၿပီး စာခ်ဳပ္သက္တမ္း မတိုးေတာ့ဖို႔ အႀကံျပဳခံထားရတာျဖစ္ပါတယ္။

ပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီအေနနဲ႔ တိုက္စစ္နဲ႔ ကြင္းလယ္ကို အားျဖည့္ဖို႔ ရွိေနေပမယ့္ လက္ရွိပုံစံ ၃-၄-၃ ကစားကြက္အတိုင္း ေပါ့တာနဲ႔ ဆက္သြားမယ္ဆိုရင္ေတာ့ ဒဏ္ရာမ်ားလြန္းတဲ့ ရီးစ္ ဂ်ိမ္းစ္နဲ႔ ဘန္ ေခ်းလ္ဝဲလ္တို႔ေနရာမွာ အစားဝင္ကစားေပမယ့္ Wing Back ေတြကိုလည္း အားျဖည့္ရဖို႔ ရွိေနၿပီး ဒါမွသာ လမ္းေၾကာင္းမွန္ေပၚကို ျပန္တက္ႏိုင္လိမ့္မယ္လို႔ သုံးသပ္ခံထားရေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.