La Liga

ဘာဆာနဲ့ရီးရဲလ်တို့ရဲ့စူပါဖလားဗိုလ်လုပွဲမှာ စောင့်ကြည့်ရမယ့် အဓိကတိုက်ပွဲ ၃ ခု

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယနေ့ည ဆော်ဒီအာရေဗျက King Fahd နိုင်ငံတကာကွင်းကြီးထဲမှာ စပိန်စူပါဖလားဗိုလ်လုပွဲအဖြစ် ဘာစီလိုနာအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗလင်စီယာအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ရီးရဲလ်ဘက်တစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားသွားမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စူပါဖလား ဗိုလ်လုပွဲစဉ်မှာ အနိုင်ရရှိသူကို အဆုံးအဖြတ်ပေးနိုင်မယ့် အဓိကတိုက်ပွဲ ၃ ခုရှိနေပြီး အဲဒီတိုက်ပွဲတွေကတော့…

၃။ အူ့စ်မန် ဒမ်ဘီလီ Vs ဖာလန်း မန်ဒီ

ပြင်သစ်တိုက်စစ်မှူးဟာ တိုက်စစ်မှာ ဖန်တီးနိုင်စွမ်းအားကောင်းခဲ့ပြီး ၎င်းရဲ့ ကူညီပေးနိုင်စွမ်းဟာ ပြီးခဲ့တဲ့လတွေမှာ ဇာဗီအတွက် အရေးကြီးခဲ့တာဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ယခုရာသီမှာ ၂၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၄ ဂိုး ပါဝင်ပတ်သက်ပေးထားပြီး ဘာစီလိုနာရဲ့ဂိုးဖန်တီးမှုအများဆုံး(၇ ကြိမ်)ကစားသမားလည်း ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဒမ်ဘီလီရဲ့ တောင်ပံကနေ ပြိုင်ဘက်ကစားသမားတွေကို ဖြတ်ကျော် ပြေးလွှားနိုင်စွမ်းက အထင်ကြီးစရာကောင်းခဲ့ပြီး ရီးရဲလ်နောက်ခံတောင်ပံကစားသမား ဖာလန်း မန်ဒီအနေနဲ့ ဘာစီလိုနာကြယ်ပွင့်ကို ထိန်းချုပ်ထားချင်တယ်ဆိုရင် တိုက်စစ်ကို လိုက်ပါဖို့ထက် ခံစစ်ပိုင်းကို ပိုသတိထားရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ဒီကလည်း အလွန်လျင်မြန်ပြီး ခံစစ်ပိုင်းစွမ်းရည် ထူးခြားကောင်းမွန်သူဖြစ်တာကြောင့် ဒမ်ဘီလီနဲ့တိုက်ပွဲမှာ ဘယ်သူက တိတ်ဆိတ်စေမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါ။

၂။ ကာရင် ဘန်ဇီးမား Vs ရော်နယ်လ် အာရာအူဟို

ပြင်သစ်တိုက်စစ်မှူးဟာ လာလီဂါမှာ အကောင်းမွန်ဆုံး တိုက်စစ်မှူးဆိုတာ အငြင်းပွားစရာမရှိဘဲ ပြီးခဲ့တဲ့လမှာ ဒဏ်ရာပြဿနာကြောင့် ရုန်းကန်ခဲ့ရပေမယ့်လည်း ဘန်ဇီးမားပါဝင်မှုက ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ကို သိသိသာသာ အားကောင်းစေမှာ ဖြစ်ပါတယ်။ ဘန်ဇီးမားဟာ ယခုရာသီ ၁၄ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၀ ဂိုး ပါဝင်ပတ်သက်ပေးထားပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ သူမတူဘဲ အထူးခြားဆုံးစွမ်းရည်တစ်ခုက အခြားတိုက်စစ်ကစားသမားတွေနဲ့ ချိတ်ဆက်ကစားနိုင်စွမ်းဖြစ်ပါတယ်။ ဘန်ဇီးမားရဲ့ ပင်နယ်တီဧရိယာထဲက ရွေ့လျားမှုကို စောင့်ကြည့်ရတာက ခက်ခဲတဲ့အလုပ်ဖြစ်သလို အမြင့်ဘောတွေမှာလည်း ကောင်းမွန်တဲ့တိုက်စစ်မှူးဖြစ်တာကြောင့် ဘာစီလိုနာနောက်ခံလူ အာရာအူဟိုအနေနဲ့ တော်တော်လေး သတိထားပြီး လူကပ်ကစားသွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာရာအူဟိုရဲ့ ဘောလုံး ရယူနိုင်စွမ်းကလည်း ခံစစ်နေရာယူနိုင်စွမ်းလိုမျိုး အလွန်ကောင်းမွန်ပြီး ဘန်ဇီးမားကို ဂိုးမသွင်းနိုင်အောင် တားဆီးနိုင်မလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

၁။ လီဗန်ဒေါ့ဗ်စကီး Vs ရူဒီဂါ

ပိုလန်တိုက်စစ်မှူးဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ ပုံမှန်ခြေစွမ်းအရှိဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး ပွဲ ၂၀ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂၂ ဂိုးအထိ ပါဝင်ပတ်သက်ထားတာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ လာလီဂါနဲ့ ဘာစီလိုနာရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီး ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟောင်းရဲ့ အဆုံးသတ်တိကျသေချာမှုနဲ့ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကိုင်ထားနိုင်စွမ်းကို ထိန်းသိမ်းနိုင်ဖို့ တော်တော်လေး ခက်ခဲမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရူဒီဂါအနေနဲ့ ပိုလန်တိုက်စစ်မှူးဆီကနေ ဘောလုံးထွက်မလာအောင် တားဆီးနိုင်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ပြီး ဂျာမန်နောက်ခံလူဟာ ပါးနပ်ပြီး ကြံ့ခိုင်မှုအားကောင်းတဲ့ ကစားသမားဖြစ်တာကြောင့် ဘာစီလိုနာကြယ်ပွင့်ကို အိတ်ကပ်ထဲ ထည့်ထားနိုင်မလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းဟာ ယေန႔ည ေဆာ္ဒီအာေရဗ်က King Fahd ႏိုင္ငံတကာကြင္းႀကီးထဲမွာ စပိန္စူပါဖလားဗိုလ္လုပြဲအျဖစ္ ဘာစီလိုနာအသင္းနဲ႔ ထိပ္တိုက္ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဗလင္စီယာအသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ ဆီမီးဖိုင္နယ္အဆင့္မွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္းကလည္း ရီးရဲလ္ဘက္တစ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ စူပါဖလား ဗိုလ္လုပြဲစဥ္မွာ အႏိုင္ရရွိသူကို အဆုံးအျဖတ္ေပးႏိုင္မယ့္ အဓိကတိုက္ပြဲ ၃ ခုရွိေနၿပီး အဲဒီတိုက္ပြဲေတြကေတာ့…

၃။ အူ႔စ္မန္ ဒမ္ဘီလီ Vs ဖာလန္း မန္ဒီ

ျပင္သစ္တိုက္စစ္မႉးဟာ တိုက္စစ္မွာ ဖန္တီးႏိုင္စြမ္းအားေကာင္းခဲ့ၿပီး ၎ရဲ႕ ကူညီေပးႏိုင္စြမ္းဟာ ၿပီးခဲ့တဲ့လေတြမွာ ဇာဗီအတြက္ အေရးႀကီးခဲ့တာျဖစ္ပါတယ္။ ဒမ္ဘီလီဟာ ယခုရာသီမွာ ၂၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၄ ဂိုး ပါဝင္ပတ္သက္ေပးထားၿပီး ဘာစီလိုနာရဲ႕ဂိုးဖန္တီးမႈအမ်ားဆုံး(၇ ႀကိမ္)ကစားသမားလည္း ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ဒမ္ဘီလီရဲ႕ ေတာင္ပံကေန ၿပိဳင္ဘက္ကစားသမားေတြကို ျဖတ္ေက်ာ္ ေျပးလႊားႏိုင္စြမ္းက အထင္ႀကီးစရာေကာင္းခဲ့ၿပီး ရီးရဲလ္ေနာက္ခံေတာင္ပံကစားသမား ဖာလန္း မန္ဒီအေနနဲ႔ ဘာစီလိုနာၾကယ္ပြင့္ကို ထိန္းခ်ဳပ္ထားခ်င္တယ္ဆိုရင္ တိုက္စစ္ကို လိုက္ပါဖို႔ထက္ ခံစစ္ပိုင္းကို ပိုသတိထားရမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ဒီကလည္း အလြန္လ်င္ျမန္ၿပီး ခံစစ္ပိုင္းစြမ္းရည္ ထူးျခားေကာင္းမြန္သူျဖစ္တာေၾကာင့္ ဒမ္ဘီလီနဲ႔တိုက္ပြဲမွာ ဘယ္သူက တိတ္ဆိတ္ေစမလဲဆိုတာကို စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ရမွာပါ။

၂။ ကာရင္ ဘန္ဇီးမား Vs ေရာ္နယ္လ္ အာရာအူဟို

ျပင္သစ္တိုက္စစ္မႉးဟာ လာလီဂါမွာ အေကာင္းမြန္ဆုံး တိုက္စစ္မႉးဆိုတာ အျငင္းပြားစရာမရွိဘဲ ၿပီးခဲ့တဲ့လမွာ ဒဏ္ရာျပႆနာေၾကာင့္ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ဘန္ဇီးမားပါဝင္မႈက ရီးရဲလ္မက္ဒရစ္ရဲ႕ တိုက္စစ္ကို သိသိသာသာ အားေကာင္းေစမွာ ျဖစ္ပါတယ္။ ဘန္ဇီးမားဟာ ယခုရာသီ ၁၄ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၀ ဂိုး ပါဝင္ပတ္သက္ေပးထားၿပီး ျပင္သစ္တိုက္စစ္မႉးရဲ႕ သူမတူဘဲ အထူးျခားဆုံးစြမ္းရည္တစ္ခုက အျခားတိုက္စစ္ကစားသမားေတြနဲ႔ ခ်ိတ္ဆက္ကစားႏိုင္စြမ္းျဖစ္ပါတယ္။ ဘန္ဇီးမားရဲ႕ ပင္နယ္တီဧရိယာထဲက ေ႐ြ႕လ်ားမႈကို ေစာင့္ၾကည့္ရတာက ခက္ခဲတဲ့အလုပ္ျဖစ္သလို အျမင့္ေဘာေတြမွာလည္း ေကာင္းမြန္တဲ့တိုက္စစ္မႉးျဖစ္တာေၾကာင့္ ဘာစီလိုနာေနာက္ခံလူ အာရာအူဟိုအေနနဲ႔ ေတာ္ေတာ္ေလး သတိထားၿပီး လူကပ္ကစားသြားရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာရာအူဟိုရဲ႕ ေဘာလုံး ရယူႏိုင္စြမ္းကလည္း ခံစစ္ေနရာယူႏိုင္စြမ္းလိုမ်ိဳး အလြန္ေကာင္းမြန္ၿပီး ဘန္ဇီးမားကို ဂိုးမသြင္းႏိုင္ေအာင္ တားဆီးႏိုင္မလားဆိုတာကို စိတ္ဝင္တစား ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။

၁။ လီဗန္ေဒါ့ဗ္စကီး Vs ႐ူဒီဂါ

ပိုလန္တိုက္စစ္မႉးဟာ ၂၀၂၂-၂၀၂၃ ရာသီမွာ ပုံမွန္ေျခစြမ္းအရွိဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ၿပီး ပြဲ ၂၀ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂၂ ဂိုးအထိ ပါဝင္ပတ္သက္ထားတာ ျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လာလီဂါနဲ႔ ဘာစီလိုနာရဲ႕ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနၿပီး ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ေဟာင္းရဲ႕ အဆုံးသတ္တိက်ေသခ်ာမႈနဲ႔ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကိုင္ထားႏိုင္စြမ္းကို ထိန္းသိမ္းႏိုင္ဖို႔ ေတာ္ေတာ္ေလး ခက္ခဲမွာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ႐ူဒီဂါအေနနဲ႔ ပိုလန္တိုက္စစ္မႉးဆီကေန ေဘာလုံးထြက္မလာေအာင္ တားဆီးႏိုင္ဖို႔ ႀကိဳးပမ္းသြားရမွာျဖစ္ၿပီး ဂ်ာမန္ေနာက္ခံလူဟာ ပါးနပ္ၿပီး ႀကံ့ခိုင္မႈအားေကာင္းတဲ့ ကစားသမားျဖစ္တာေၾကာင့္ ဘာစီလိုနာၾကယ္ပြင့္ကို အိတ္ကပ္ထဲ ထည့္ထားႏိုင္မလားဆိုတာကို စိတ္ဝင္တစား ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.