ဆောက်သမ်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ချာလက်တာ-ဆာ၊ လီယန်ကို၊ ဆာလီဆူးတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဒီယာလို၊ လာဗီယာ၊ ဝါ့ဒ်-ပရောက်စ်၊ အယ်လ်ယူနူစီနဲ့ ဝေါ်လ်ကာ-ပီတာစ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ရှေအက်ဒမ်စ်နဲ့ အီဒိုဇီတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ကိုဒီ၊ ဂေါ့ဖရီ၊ ကိုးလ်မန်းနဲ့ မစ်ကိုလန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ အိုနာနာနဲ့ အီဝိုဘီတို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ ဂရေးနဲ့ ကဲလ်ဗတ်-လူဝင်တို့ကို ခင်းကျင်းလာခဲ့တာပါ။
ပွဲချိန် ၁၄ မိနစ်မှာ ဂရေးရဲ့ ဖရီးကစ်ကနေ ကဲလ်ဗတ်-လူဝင်ရဲ့ ခေါင်းတိုက်ချက်က ဂိုးသမားဆီတည့်တည့် ရောက်သွားခဲ့ပြီး ငါးမိနစ်အကြာမှာ ဂရေးရဲ့ အနီးကပ် ကန်ချက်ကလည်း ဘားပေါ်ကျော်သွားခဲ့လို့ အဲဗာတန်တို့ စောစောစီးစီး ဂိုးရဖို့နဲ့ ဝေးခဲ့ပြီး ခံစစ်ကို အားပြုနေတဲ့ ဆောက်သမ်တန်တို့ကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ပွဲချိန် ၃၉ မိနစ်မှာတော့ အဲဗာတန်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ဂရေးက ကန်တင်ပေးရာမှာ ဆောက်သမ်တန်နောက်ခံလူတွေထက် မြင့်အောင် ခုန်နိုင်ခဲ့တဲ့ အရပ်ရှည်ရှည်နဲ့ အိုနာနာက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်နိုင်ခဲ့လို့ ဂိုးသမား ဘာဇူးနူး မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။
အိုနာနာအနေနဲ့ သူ့ရဲ့ ပထမဆုံး အဲဗာတန်ဂိုးအတွက် နည်းပြ ဖရန့် လမ်းပတ်နဲ့အတူ အောင်ပွဲခံသွားခဲ့ပြီး နှစ်မိနစ်အကြာမှာတော့ အိုနာနာကပဲ ဖရီးကစ်ကနေ ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် စိန့်ဂိုးသမား ဘာဇူးနူး ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ အဲဗာတန်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး အနိုင်ရဖို့အတွက် တက်ကြွနေခဲ့ကြပါတယ်။
ဒုတိယပိုင်း ပြန်စစချင်းမှာတော့ ဆောက်သမ်တန်တို့က ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဝေါ်လ်ကာ-ပီတာစ် ခုတ်တင်ပေးလိုက်တာကို ရှေအက်ဒမ်စ်က ခေါင်းတိုက်ချပေးခဲ့တဲ့ ဘောလုံးကို ဝါဒ့်-ပရောက်စ်က ဝင်ဖျက်တဲ့ ဂေါ့ဖရီကိုပါ တစ်ချက်ခေါက်ပြီးမှ ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ ဘယ်ဘက်အောက်ထောင့်ကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာကြောင့် တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။
ပွဲချိန် ၅၅ မိနစ်မှာ ကဲလ်ဗတ်-လူဝင်ရဲ့ ကန်ချက်က ဘားထိထွက်ခဲ့လို့ အဲဗာတန်တို့ ကံခေခဲ့ရအပြီးမှာတော့ တိုက်စစ်မြှင့်ကစားဖို့အတွက် ကိုးလ်မန်းအစား ဂေါ်ဒန် ဝင်ရောက်လာခဲ့ပြီး ဆောက်သမ်တန်တို့ဘက်ကတော့ အီဒိုဇီနဲ့ လာဗီယာတို့အစား အက်ဒမ် အမ်းစ်ထရောင်းနဲ့ လူသစ် အယ်လ်ကာရက်ဇ်တို့ကို ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၈ မိနစ်မှာတော့ ဆောက်သမ်တန်တို့ နောက်ကနေ ပြန်လည်ဦးဆောင်သွားခဲ့ကြပြီး ဒီဂိုးကိုတော့ ရှေအက်ဒမ်စ်ကြောင့် ရတဲ့ ဖရီးကစ်ကို ဝါ့ဒ်-ပရောက်စ်က အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ် အာရုံများနေပြီး သူ့လူတွေကို ညွှန်ကြားလို့ ဇာတ်လမ်းမပြတ်သေးတဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဘယ်ဘက်ထောင့်ထဲကို တိုက်ရိုက်ကန်သွင်းယူသွားခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ ဂွတ်ဒီဆန်ပါ့ခ်မှာ အိမ်ရှင် အဲဗာတန်တို့ကို ဆောက်သမ်တန်တို့က နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ကြပြီး နောက်ဆုံး ၆ ပွဲ ဆက်တိုက် ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့သလို သုံးမှတ် စုဆောင်းသွားနိုင်ခဲ့တာကြောင့် အဆင့် ၂၀ ကနေ ရုန်းထွက်နိုင်ဖို့ တန်းဆင်းဇုန်အထက်က အသင်းတွေနဲ့ နှစ်မှတ်အကွာကို ရောက်ရှိလာခဲ့ကြချိန်မှာ လမ်းပတ်ရဲ့လူတွေကတော့ ဒီတစ်ပတ်မှ အနိုင်ရသွားခဲ့တဲ့ ဝုလ်ဗ်စ်တို့ကြောင့် အဆင့် ၁၉ နေရာအထိ ကျဆင်းသွားခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ေဆာက္သမ္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ ခ်ာလက္တာ-ဆာ၊ လီယန္ကို၊ ဆာလီဆူးတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဒီယာလို၊ လာဗီယာ၊ ဝါ့ဒ္-ပေရာက္စ္၊ အယ္လ္ယူႏူစီနဲ႔ ေဝၚလ္ကာ-ပီတာစ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေရွအက္ဒမ္စ္နဲ႔ အီဒိုဇီတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
အိမ္ရွင္ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ကိုဒီ၊ ေဂါ့ဖရီ၊ ကိုးလ္မန္းနဲ႔ မစ္ကိုလန္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂါနာ ေဂးယီ၊ အိုနာနာနဲ႔ အီဝိုဘီတို႔ကို ကစားေစခဲ့သလို တိုက္စစ္မွာေတာ့ ဂေရးနဲ႔ ကဲလ္ဗတ္-လူဝင္တို႔ကို ခင္းက်င္းလာခဲ့တာပါ။
ပြဲခ်ိန္ ၁၄ မိနစ္မွာ ဂေရးရဲ႕ ဖရီးကစ္ကေန ကဲလ္ဗတ္-လူဝင္ရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးသမားဆီတည့္တည့္ ေရာက္သြားခဲ့ၿပီး ငါးမိနစ္အၾကာမွာ ဂေရးရဲ႕ အနီးကပ္ ကန္ခ်က္ကလည္း ဘားေပၚေက်ာ္သြားခဲ့လို႔ အဲဗာတန္တို႔ ေစာေစာစီးစီး ဂိုးရဖို႔နဲ႔ ေဝးခဲ့ၿပီး ခံစစ္ကို အားျပဳေနတဲ့ ေဆာက္သမ္တန္တို႔ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။
ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အဲဗာတန္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကို ဂေရးက ကန္တင္ေပးရာမွာ ေဆာက္သမ္တန္ေနာက္ခံလူေတြထက္ ျမင့္ေအာင္ ခုန္ႏိုင္ခဲ့တဲ့ အရပ္ရွည္ရွည္နဲ႔ အိုနာနာက လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ႏိုင္ခဲ့လို႔ ဂိုးသမား ဘာဇူးႏူး မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာပါ။
အိုနာနာအေနနဲ႔ သူ႔ရဲ႕ ပထမဆုံး အဲဗာတန္ဂိုးအတြက္ နည္းျပ ဖရန႔္ လမ္းပတ္နဲ႔အတူ ေအာင္ပြဲခံသြားခဲ့ၿပီး ႏွစ္မိနစ္အၾကာမွာေတာ့ အိုနာနာကပဲ ဖရီးကစ္ကေန ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ စိန႔္ဂိုးသမား ဘာဇူးႏူး ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ အဲဗာတန္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး အႏိုင္ရဖို႔အတြက္ တက္ႂကြေနခဲ့ၾကပါတယ္။
ဒုတိယပိုင္း ျပန္စစခ်င္းမွာေတာ့ ေဆာက္သမ္တန္တို႔က ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ေဝၚလ္ကာ-ပီတာစ္ ခုတ္တင္ေပးလိုက္တာကို ေရွအက္ဒမ္စ္က ေခါင္းတိုက္ခ်ေပးခဲ့တဲ့ ေဘာလုံးကို ဝါဒ့္-ပေရာက္စ္က ဝင္ဖ်က္တဲ့ ေဂါ့ဖရီကိုပါ တစ္ခ်က္ေခါက္ၿပီးမွ ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ ဘယ္ဘက္ေအာက္ေထာင့္ကို အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာေၾကာင့္ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။
ပြဲခ်ိန္ ၅၅ မိနစ္မွာ ကဲလ္ဗတ္-လူဝင္ရဲ႕ ကန္ခ်က္က ဘားထိထြက္ခဲ့လို႔ အဲဗာတန္တို႔ ကံေခခဲ့ရအၿပီးမွာေတာ့ တိုက္စစ္ျမႇင့္ကစားဖို႔အတြက္ ကိုးလ္မန္းအစား ေဂၚဒန္ ဝင္ေရာက္လာခဲ့ၿပီး ေဆာက္သမ္တန္တို႔ဘက္ကေတာ့ အီဒိုဇီနဲ႔ လာဗီယာတို႔အစား အက္ဒမ္ အမ္းစ္ထေရာင္းနဲ႔ လူသစ္ အယ္လ္ကာရက္ဇ္တို႔ကို ထည့္သြင္းလာခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔ ေနာက္ကေန ျပန္လည္ဦးေဆာင္သြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေရွအက္ဒမ္စ္ေၾကာင့္ ရတဲ့ ဖရီးကစ္ကို ဝါ့ဒ္-ပေရာက္စ္က အဲဗာတန္ဂိုးသမား ပစ္ခ္ဖို႔ဒ္ အာ႐ုံမ်ားေနၿပီး သူ႔လူေတြကို ၫႊန္ၾကားလို႔ ဇာတ္လမ္းမျပတ္ေသးတဲ့ အားနည္းခ်က္ကို အခြင့္ေကာင္းယူၿပီး ဘယ္ဘက္ေထာင့္ထဲကို တိုက္႐ိုက္ကန္သြင္းယူသြားခဲ့တာပါ။
ပြဲခ်ိန္အျပည့္မွာေတာ့ ဂြတ္ဒီဆန္ပါ့ခ္မွာ အိမ္ရွင္ အဲဗာတန္တို႔ကို ေဆာက္သမ္တန္တို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူသြားခဲ့ၾကၿပီး ေနာက္ဆုံး ၆ ပြဲ ဆက္တိုက္ ရႈံးနိမ့္မႈကို ရပ္တန႔္ႏိုင္ခဲ့သလို သုံးမွတ္ စုေဆာင္းသြားႏိုင္ခဲ့တာေၾကာင့္ အဆင့္ ၂၀ ကေန ႐ုန္းထြက္ႏိုင္ဖို႔ တန္းဆင္းဇုန္အထက္က အသင္းေတြနဲ႔ ႏွစ္မွတ္အကြာကို ေရာက္ရွိလာခဲ့ၾကခ်ိန္မွာ လမ္းပတ္ရဲ႕လူေတြကေတာ့ ဒီတစ္ပတ္မွ အႏိုင္ရသြားခဲ့တဲ့ ဝုလ္ဗ္စ္တို႔ေၾကာင့္ အဆင့္ ၁၉ ေနရာအထိ က်ဆင္းသြားခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.