Match Report Premier League

ဒုတိယပိုင်းမှ အားကြီးနဲ့ ဆိတ်လွှတ်လိုက်တဲ့ စင်ရော်တွေကြောင့် ကြိုးကြာလေးကြေကွဲ

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်၊ လူးဝစ္စ ဒန့်ခ်၊ ကောလ်ဝီလ်၊ ဂရော့စ်နဲ့ အက်စ်တူပီညန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ မက္ကယ်လစ္စတာ၊ လယ်လာနာ၊ ဆော်လီ မာ့ချ်နဲ့ မီတိုမာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဖာဂူဆန်တစ်ဦးတည်းကို အထောင်ထားပြီး ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လီဗာပူးလ်အသင်းကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ကိုနာတေ၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ သီယာဂိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ချိမ်ဘာလိန်၊ ဆာလားနဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်လာခဲ့တာပါ။

လူငယ်နည်းပြ ဒီဇာဘီရဲ့ လုပ်ရဲကိုင်ရဲတဲ့ စိတ်ဓာတ်ကို အသိအမှတ်ပြုရမှာဖြစ်ပြီး ဘရိုက်တန်အသင်းအနေနဲ့ စာရွက်ပေါ်မှာသာ ၄-၅-၁ ဖြစ်နေခဲ့ပေမယ့် တိုက်စစ်ဆင်ချိန်တွေမှာ ခံစစ်ဗဟိုက ဒန့်ခ်၊ ကောလ်ဝီလ်တို့နဲ့ ကွင်းလယ်က ကိုင်စီဒိုတို့ ခံစစ်လိုင်း သုံးယောက်တန်းကို ဖန်တီးသွားခဲ့ပြီး ဂရော့စ်က ကွင်းလယ်မှာ ချိတ်ဆက်သွားခဲ့ကြသလို ၃-၄-၃ ပုံစံကို ပြောင်းပြီး ဘောလုံးပိုင်ဆိုင်မှုကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တို့ကတော့ ယာဂန် ကလော့ပ်ရဲ့ ထုံးစံအတိုင်း အားကုန်ပြီး မျိုးဆက်ပြတ်တဲ့ ပြဿနာကို ရင်ဆိုင်နေရပြီး Depleted လို့‌ ခေါ်တဲ့ ကုန်သွားတဲ့ ဘက်ထရီ ပြန်သွင်းလို့ မရတော့တာမျိုး၊ အပင်အားကုန်သွားလို့ ပန်းမပွင့်တော့တာမျိုး၊ အိုလာတဲ့ ကြက်မက ဥမအုတော့တာမျိုး ဖြစ်နေခဲ့သလို အဓိကအားဖြင့် ကွင်းလယ်လူသစ်တွေ လိုနေခဲ့ပေမယ့် မဖြည့်ဆည်းနိုင်ခဲ့တာက သူတို့ရဲ့ Gegenpress System ကို ပျက်စီးသွားစေခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာကတည်းက မာ့ချ်က ညာတောင်ပံကနေ ဘောလုံးရပြီး ဧရိယာထဲကို ဆွဲဝင်ကန်သွင်းခဲ့ရာမှာ အယ်လစ်ဆန် မဖမ်းနိုင်ခဲ့ပေမယ့် အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဖျက်ထုတ်သွားခဲ့လို့သာ လီဗာပူးလ်တို့ စောစောစီးစီး ဂိုးမပေးခဲ့ရတာဖြစ်သလို ဒီက ရတဲ့ ထောင့်ကန်ဘောကို ကွင်းလယ်လူ မက္ကယ်လစ္စတာက ခေါင်းတိုက်ရာမှာတော့ ဘရာဇီးလ်ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးကိုင်ပြီး ကွင်းလယ်မှာ ရှေ့တက်ကစားနေခဲ့တဲ့ ဘရိုက်တန်တို့ကို လီဗာပူးလ်တို့ ခံစစ်တန်းကြားကနေ ပြေးထွက်ပြီး ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဆာလားရော ဂက်ခ်ပိုပါ ဒီလိုလုပ်နိုင်ဖို့ အစွမ်းမရှိခဲ့သလို အိမ်ရှင်ခံစစ်နဲ့ ဂိုးသမား ဆန်ချက်ဇ်တို့ကလည်း သတိကြီးကြီးနဲ့ ကာကွယ်ခဲ့လို့ ဂိုးမပေးခဲ့ရဘဲ ပွဲချိန် ၄၁ မိနစ်မှာ အယ်လစ်ဆန်ကြောင့် ပင်နယ်တီ ပေးရမလိုဖြစ်ခဲ့ပေမယ့် လူအနည်းငယ်ကျွံနေခဲ့လို့ သက်သာသွားခဲ့ရတာပါ။

ပထမပိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့ကြပြီး ဒုတိယပိုင်း ပြန်စစချင်းမိနစ်မှာတော့ ဘရိုက်တန်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ မာတစ်ပ် လူပေးမှားတာကနေ မက္ကယ်လစ္စတာ ဖြတ်ယူသွားပြီး လယ်လာနာက ခင်းပေးခဲ့တာကို မီတိုမာက ဘယ်ခြမ်းကနေ အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ညာတောင်ပံသမား မာ့ချ်က ပြေးဝင်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ ဘရိုက်တန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ရယူသွားခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ကွင်းလယ်မှာ ခြင်းခတ်ပြီး ဘောလုံးပျက်ခဲ့တဲ့ လီဗာပူးလ်တို့ရဲ့ အမှားကနေ ပြန်ရသွားခဲ့တဲ့ ဖာဂူဆန်က ခံစစ်ကြားထဲကနေ ဧရိယာထိပ်ကို ခင်းပေးရာမှာ မာ့ချ်ကပဲ ရယူနိုင်ခဲ့ပြီး ညာဘက်တိုင်ခြေကို ချိုးကန်သွင်းခဲ့ရာမှာ ရောဘတ်ဆန်နဲ့ ကွယ်နေခဲ့လို့ အယ်လစ်ဆန် ကာကွယ်မှု နောက်ကျခဲ့ပြီး ဂိုးပေးခဲ့ရတာပါ။

လီဗာပူးလ်တို့ရဲ့ ကွင်းလယ်ကစားပုံက အိုးနင်းခွက်နင်းနိုင်လွန်းသလို ကြံ့ခိုင်မှုကို အားကိုးလွန်းတဲ့ ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ ချိမ်ဘာလိန်တို့လို ကစားသမားတွေရဲ့ ကျဆင်းပုံတွေက သံဝေဂရစရာတောင်ဖြစ်နေခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ သူတို့သုံးယောက်ကို ကီတာ၊ အဲလီးယော့၊ ဘန်ဒုတ်ခ်တို့နဲ့ လူစားလဲသွားခဲ့ပြီး ဘရိုက်တန်ဘက်ကတော့ လယ်လာနာနဲ့ ဖာဂူဆန်တို့အစား ဗဲ့လ်မန်းနဲ့ ဝဲလ်ဘက်ခ်တို့ ဝင်လာခဲ့ကြပါတယ်။

ဘရိုက်တန်တို့အနေနဲ့ နှစ်ဂိုးရထားချိန်မှာ ကစားကွက်ကို ပုံမှန်ပြန်ပြောင်းပြီး နောက်ခံလူစစ်စစ် ဗဲ့လ်မန်းကို ညာမှာ ပြန်ထားပြီး ၄-၃-၃ နဲ့ ပြန်ထိန်းသွားခဲ့သလို လီဗာပူးလ်တို့ကတော့ ဖြတ်တင်ဘောတွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အထောင်တိုက်စစ်ကစားတဲ့ ဂက်ခ်ပိုရဲ့ အဆုံးသတ်စွမ်းရည်က ဒါဝင် နူးညက်ဇ်နဲ့ ထူးမခြားနားဖြစ်နေခဲ့လို့ ဂိုးပြန်မရဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၈၁ မိနစ်မှာတော့ လီဗာပူးလ်တို့ကို အပြီးတိုင် ပြိုလဲစေမယ့် တတိယဂိုးကို ဘရိုက်တန်တို့ပဲ သွင်းယူသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ ညာခြမ်းက လက်ပစ်ဘောကနေ တောင်ပံသမား မာ့ချ်က ခေါင်းတိုက်ချပေးရာမှာ ဝဲလ်ဘက်ခ်က ဝင်ဖျက်ဖို့ ကြိုးစားတဲ့ ဂျိုးဂိုမက်ဇ်ပေါ်က ကျော်ယူပြီး အယ်လစ်ဆန်နဲ့ တစ်ဦးချင်းအတွေ့မှာ ထောင့်ကျဉ်းထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဘရိုက်တန် စင်ရော်တို့ အခွင့်အရေးတွေကို ထပ်မံအသုံးမချနိုင်ကြတော့လို့ သုံးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့သလို ဒီပွဲရလဒ်ကြောင့် အမှတ်ပေးဇယားမှာ လီဗာပူးလ်ကို ကျော်တက်ပြီး အဆင့် ၇ နေရာကို ရောက်ရှိလာနိုင်ခဲ့ကြချိန်မှာ ဧည့်သည် ကြိုးကြာတွေကတော့ နှစ်ပွဲဆက်ရှုံးပြီး ဇန်နဝါရီမှာ လူလုံးမလှဘဲဖြစ်ခဲ့ကြရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေရာဘတ္ ဆန္းခ်က္ဇ္၊ လူးဝစၥ ဒန႔္ခ္၊ ေကာလ္ဝီလ္၊ ဂေရာ့စ္နဲ႔ အက္စ္တူပီညန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ မကၠယ္လစၥတာ၊ လယ္လာနာ၊ ေဆာ္လီ မာ့ခ်္နဲ႔ မီတိုမာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဖာဂူဆန္တစ္ဦးတည္းကို အေထာင္ထားၿပီး ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ လီဗာပူးလ္အသင္းကေတာ့ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ကိုနာေတ၊ မာတစ္ပ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ ဟန္ဒါဆန္နဲ႔ သီယာဂိုတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ခ်ိမ္ဘာလိန္၊ ဆာလားနဲ႔ ဂက္ခ္ပိုတို႔ကို ပြဲထုတ္လာခဲ့တာပါ။

လူငယ္နည္းျပ ဒီဇာဘီရဲ႕ လုပ္ရဲကိုင္ရဲတဲ့ စိတ္ဓာတ္ကို အသိအမွတ္ျပဳရမွာျဖစ္ၿပီး ဘ႐ိုက္တန္အသင္းအေနနဲ႔ စာ႐ြက္ေပၚမွာသာ ၄-၅-၁ ျဖစ္ေနခဲ့ေပမယ့္ တိုက္စစ္ဆင္ခ်ိန္ေတြမွာ ခံစစ္ဗဟိုက ဒန႔္ခ္၊ ေကာလ္ဝီလ္တို႔နဲ႔ ကြင္းလယ္က ကိုင္စီဒိုတို႔ ခံစစ္လိုင္း သုံးေယာက္တန္းကို ဖန္တီးသြားခဲ့ၿပီး ဂေရာ့စ္က ကြင္းလယ္မွာ ခ်ိတ္ဆက္သြားခဲ့ၾကသလို ၃-၄-၃ ပုံစံကို ေျပာင္းၿပီး ေဘာလုံးပိုင္ဆိုင္မႈကို ရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ကေတာ့ ယာဂန္ ကေလာ့ပ္ရဲ႕ ထုံးစံအတိုင္း အားကုန္ၿပီး မ်ိဳးဆက္ျပတ္တဲ့ ျပႆနာကို ရင္ဆိုင္ေနရၿပီး Depleted လို႔‌ ေခၚတဲ့ ကုန္သြားတဲ့ ဘက္ထရီ ျပန္သြင္းလို႔ မရေတာ့တာမ်ိဳး၊ အပင္အားကုန္သြားလို႔ ပန္းမပြင့္ေတာ့တာမ်ိဳး၊ အိုလာတဲ့ ၾကက္မက ဥမအုေတာ့တာမ်ိဳး ျဖစ္ေနခဲ့သလို အဓိကအားျဖင့္ ကြင္းလယ္လူသစ္ေတြ လိုေနခဲ့ေပမယ့္ မျဖည့္ဆည္းႏိုင္ခဲ့တာက သူတို႔ရဲ႕ Gegenpress System ကို ပ်က္စီးသြားေစခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာကတည္းက မာ့ခ်္က ညာေတာင္ပံကေန ေဘာလုံးရၿပီး ဧရိယာထဲကို ဆြဲဝင္ကန္သြင္းခဲ့ရာမွာ အယ္လစ္ဆန္ မဖမ္းႏိုင္ခဲ့ေပမယ့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ဖ်က္ထုတ္သြားခဲ့လို႔သာ လီဗာပူးလ္တို႔ ေစာေစာစီးစီး ဂိုးမေပးခဲ့ရတာျဖစ္သလို ဒီက ရတဲ့ ေထာင့္ကန္ေဘာကို ကြင္းလယ္လူ မကၠယ္လစၥတာက ေခါင္းတိုက္ရာမွာေတာ့ ဘရာဇီးလ္ဂိုးသမားက ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဘာလုံးကိုင္ၿပီး ကြင္းလယ္မွာ ေရွ႕တက္ကစားေနခဲ့တဲ့ ဘ႐ိုက္တန္တို႔ကို လီဗာပူးလ္တို႔ ခံစစ္တန္းၾကားကေန ေျပးထြက္ၿပီး ကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆာလားေရာ ဂက္ခ္ပိုပါ ဒီလိုလုပ္ႏိုင္ဖို႔ အစြမ္းမရွိခဲ့သလို အိမ္ရွင္ခံစစ္နဲ႔ ဂိုးသမား ဆန္ခ်က္ဇ္တို႔ကလည္း သတိႀကီးႀကီးနဲ႔ ကာကြယ္ခဲ့လို႔ ဂိုးမေပးခဲ့ရဘဲ ပြဲခ်ိန္ ၄၁ မိနစ္မွာ အယ္လစ္ဆန္ေၾကာင့္ ပင္နယ္တီ ေပးရမလိုျဖစ္ခဲ့ေပမယ့္ လူအနည္းငယ္ကြၽံေနခဲ့လို႔ သက္သာသြားခဲ့ရတာပါ။

ပထမပိုင္းမွာ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးမသြင္းႏိုင္ဘဲ သေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္စစခ်င္းမိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ မာတစ္ပ္ လူေပးမွားတာကေန မကၠယ္လစၥတာ ျဖတ္ယူသြားၿပီး လယ္လာနာက ခင္းေပးခဲ့တာကို မီတိုမာက ဘယ္ျခမ္းကေန အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ညာေတာင္ပံသမား မာ့ခ်္က ေျပးဝင္ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ရယူသြားခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ ျခင္းခတ္ၿပီး ေဘာလုံးပ်က္ခဲ့တဲ့ လီဗာပူးလ္တို႔ရဲ႕ အမွားကေန ျပန္ရသြားခဲ့တဲ့ ဖာဂူဆန္က ခံစစ္ၾကားထဲကေန ဧရိယာထိပ္ကို ခင္းေပးရာမွာ မာ့ခ်္ကပဲ ရယူႏိုင္ခဲ့ၿပီး ညာဘက္တိုင္ေျခကို ခ်ိဳးကန္သြင္းခဲ့ရာမွာ ေရာဘတ္ဆန္နဲ႔ ကြယ္ေနခဲ့လို႔ အယ္လစ္ဆန္ ကာကြယ္မႈ ေနာက္က်ခဲ့ၿပီး ဂိုးေပးခဲ့ရတာပါ။

လီဗာပူးလ္တို႔ရဲ႕ ကြင္းလယ္ကစားပုံက အိုးနင္းခြက္နင္းႏိုင္လြန္းသလို ႀကံ့ခိုင္မႈကို အားကိုးလြန္းတဲ့ ဖာဘင္ညိဳ၊ ဟန္ဒါဆန္နဲ႔ ခ်ိမ္ဘာလိန္တို႔လို ကစားသမားေတြရဲ႕ က်ဆင္းပုံေတြက သံေဝဂရစရာေတာင္ျဖစ္ေနခဲ့ၿပီး ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ သူတို႔သုံးေယာက္ကို ကီတာ၊ အဲလီးေယာ့၊ ဘန္ဒုတ္ခ္တို႔နဲ႔ လူစားလဲသြားခဲ့ၿပီး ဘ႐ိုက္တန္ဘက္ကေတာ့ လယ္လာနာနဲ႔ ဖာဂူဆန္တို႔အစား ဗဲ့လ္မန္းနဲ႔ ဝဲလ္ဘက္ခ္တို႔ ဝင္လာခဲ့ၾကပါတယ္။

ဘ႐ိုက္တန္တို႔အေနနဲ႔ ႏွစ္ဂိုးရထားခ်ိန္မွာ ကစားကြက္ကို ပုံမွန္ျပန္ေျပာင္းၿပီး ေနာက္ခံလူစစ္စစ္ ဗဲ့လ္မန္းကို ညာမွာ ျပန္ထားၿပီး ၄-၃-၃ နဲ႔ ျပန္ထိန္းသြားခဲ့သလို လီဗာပူးလ္တို႔ကေတာ့ ျဖတ္တင္ေဘာေတြနဲ႔ ဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ အေထာင္တိုက္စစ္ကစားတဲ့ ဂက္ခ္ပိုရဲ႕ အဆုံးသတ္စြမ္းရည္က ဒါဝင္ ႏူးညက္ဇ္နဲ႔ ထူးမျခားနားျဖစ္ေနခဲ့လို႔ ဂိုးျပန္မရဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ကို အၿပီးတိုင္ ၿပိဳလဲေစမယ့္ တတိယဂိုးကို ဘ႐ိုက္တန္တို႔ပဲ သြင္းယူသြားခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက လက္ပစ္ေဘာကေန ေတာင္ပံသမား မာ့ခ်္က ေခါင္းတိုက္ခ်ေပးရာမွာ ဝဲလ္ဘက္ခ္က ဝင္ဖ်က္ဖို႔ ႀကိဳးစားတဲ့ ဂ်ိဳးဂိုမက္ဇ္ေပၚက ေက်ာ္ယူၿပီး အယ္လစ္ဆန္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေထာင့္က်ဥ္းထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ဘ႐ိုက္တန္ စင္ေရာ္တို႔ အခြင့္အေရးေတြကို ထပ္မံအသုံးမခ်ႏိုင္ၾကေတာ့လို႔ သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့သလို ဒီပြဲရလဒ္ေၾကာင့္ အမွတ္ေပးဇယားမွာ လီဗာပူးလ္ကို ေက်ာ္တက္ၿပီး အဆင့္ ၇ ေနရာကို ေရာက္ရွိလာႏိုင္ခဲ့ၾကခ်ိန္မွာ ဧည့္သည္ ႀကိဳးၾကာေတြကေတာ့ ႏွစ္ပြဲဆက္ရႈံးၿပီး ဇန္နဝါရီမွာ လူလုံးမလွဘဲျဖစ္ခဲ့ၾကရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.