Bundesliga

ကင်ဆာရောဂါကနေ ပြန်ကောင်းလာပြီးနောက် ဒေါ့မွန်က ဘာကြောင့်ခေါ်ယူခဲ့တာလဲဆိုတာ ပြသခဲ့တဲ့ အဲလား

ဆီဘက်စတီယန် အဲလားဟာ ဝှေးစေ့ကင်ဆာ ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ရပြီးနောက် ၆ လအကြာမှာ ဘောလုံးကွင်းထဲကို ပြန်လာနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းအတွက် လျင်လျင်မြန်မြန်ပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ အဲလားဟာ အာလင်း ဟာလန်းရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ဒတ်ချ်ကလပ် အိုင်းယက်စ်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့်လည်း ၄ ပတ်အကြာမှာပဲ ဝှေးစေ့ကင်ဆာဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုတွေနဲ့ ဓာတ်ရောင်ခြည်ကုထုံးအများအပြား ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အဲလားဟာ ယခုလအစောပိုင်းမှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့တာဖြစ်ပြီး ယခုအပတ် ဖော်တူနာ ဒွတ်ဆယ်ဒေါ့ဖ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အချိန်အတော်ကြာစောင့်ဆိုင်းနေရတဲ့ မြက်ခင်းပေါ် ပြန်လည်ခြေချခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဖဲလစ် ပက်စ်လပ်ခ်၊ ကာရင် အဒီရေမီ၊ နီကို ရှလော့တာဘက်ခ်၊ ဒွန်ရဲလ် မာလန်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၅-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး သောကြာနေ့ညနေမှာ ဒေါ့မွန်အသင်းဟာ ဆွစ်ကလပ် ဘေဆယ်နဲ့ နောက်ထပ် ခြေစမ်းပွဲတစ်ပွဲကို ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။

အဲလားဟာ ၆၁ မိနစ်မှာ လူစားဝင်ကစားပေးခဲ့ပြီး ၈၁ မိနစ်ကနေ ၈၈ မိနစ်အတွင်းမှာ ဒေ့ါမွန်အသင်းကို ၆-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိစေမယ့် ဟက်ထရစ်ကို အံ့အားသင့်ဖွယ် လျင်လျင်မြန်မြန်ပဲ သွင်းယူသွားခဲ့တာဖြစ်ပြီး ကင်ဆာရောဂါ ခံစားနေရာကနေ ပြန်လာနိုင်ခဲ့တဲ့ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းက ၎င်းကို ဒေ့ါမွန်အသင်းက ဘာကြောင့် ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာလဲဆိုတာကို သက်သေပြသခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်တော် ကောင်းကောင်းလုပ်နေပါတယ်။ ခက်ခဲတဲ့ ၆ လဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒီမှာ အသင်းဖော်တွေနဲ့အတူ ရှိနေပြီး လေ့ကျင့်နေရတာကို အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော့်အတွက်တော့ ပြန်လာဖို့က အနှေးနဲ့ အမြန်ဆိုသလိုပဲ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အမြဲတမ်းဆက်ပြီး သွားနေခဲ့လို့ပါ။ ကွင်းထဲကို ပြန်လာရတာက ခင်ဗျား ရနိုင်တဲ့အကောင်းဆုံးခံစားချက်ပဲ။ ခင်ဗျားမှာ ဒီလို နာမကျန်းဖြစ်မှုရှိနေတဲ့အချိန်မှာ ခင်ဗျားရဲ့ အနာဂတ်က ဘယ်လိုမျိုးလဲဆိုတာကို ခင်ဗျား မသိပါဘူး။ ကျွန်တော် နောက်တနေ့အပေါ်မှာပဲ အာရုံစိုက်နိုင်ပါတယ်။ ကျွန်တေ်ာ အလုပ်တွေအများကြီး လုပ်ခဲ့တယ်။ အဲဒီတော့ ကျွန်တော်အခု အရာအားလုံးမှာ ပါဝင်နိုင်ပါပြီ။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က လေ့ကျင့်ရေးပြုလုပ်တာကို ဘယ်လိုတုံ့ပြန်လဲဆိုတာကို အာရုံစိုက်မှုတွေအများကြီး ပေးခဲ့ကြတယ်”

“ကျွန်တော့်ရဲ့တန်ဖိုးတွေက အခု အနီးကပ်စောင့်ကြည့်ခြင်းခံနေရပါတယ်။ ကျွန်တော် ကောင်းမွန်နေတယ်လို့ ခံစားနေရသရွေ့ အရာအားလုံးမှာ ပါဝင်ပတ်သက်နေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အချက်အလက်တွေအားလုံးအပေါ်မှာ ဆက်ပြီး စောင့်ကြည့်နေဖို့ လိုပါတယ်။ ကျွန်တော် ကွင်းထဲမှာ ကစားဖို့နဲ့ အဝါရောင်တံတိုင်း(ဒေ့ါမွန်ပရိသတ်)ရဲ့အရှေ့မှာ ကစားဖို့ စောင့်မျှော်နေပါတယ်။ အဲဒါက ရည်မှန်းချက်ပန်းတိုင်ပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆီဘက္စတီယန္ အဲလားဟာ ေဝွးေစ့ကင္ဆာ ျဖစ္ပြားေနေၾကာင္း ေတြ႕ရွိခဲ့ရၿပီးေနာက္ ၆ လအၾကာမွာ ေဘာလုံးကြင္းထဲကို ျပန္လာႏိုင္ခဲ့ၿပီး ေဒါ့မြန္အသင္းအတြက္ လ်င္လ်င္ျမန္ျမန္ပဲ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ အဲလားဟာ အာလင္း ဟာလန္းရဲ႕ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ဒတ္ခ်္ကလပ္ အိုင္းယက္စ္ကေန ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ေပမယ့္လည္း ၄ ပတ္အၾကာမွာပဲ ေဝွးေစ့ကင္ဆာျဖစ္ေနတာကို စစ္ေဆးေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

ခြဲစိတ္ကုသမႈေတြနဲ႔ ဓာတ္ေရာင္ျခည္ကုထုံးအမ်ားအျပား ျပဳလုပ္ခဲ့ၿပီးေနာက္ပိုင္း အဲလားဟာ ယခုလအေစာပိုင္းမွာ ေလ့က်င့္ေရး ျပန္ဆင္းႏိုင္ခဲ့တာျဖစ္ၿပီး ယခုအပတ္ ေဖာ္တူနာ ဒြတ္ဆယ္ေဒါ့ဖ္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ အခ်ိန္အေတာ္ၾကာေစာင့္ဆိုင္းေနရတဲ့ ျမက္ခင္းေပၚ ျပန္လည္ေျခခ်ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္အသင္းဟာ ဖဲလစ္ ပက္စ္လပ္ခ္၊ ကာရင္ အဒီေရမီ၊ နီကို ရွေလာ့တာဘက္ခ္၊ ဒြန္ရဲလ္ မာလန္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၅-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး ေသာၾကာေန႔ညေနမွာ ေဒါ့မြန္အသင္းဟာ ဆြစ္ကလပ္ ေဘဆယ္နဲ႔ ေနာက္ထပ္ ေျခစမ္းပြဲတစ္ပြဲကို ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ပါတယ္။

အဲလားဟာ ၆၁ မိနစ္မွာ လူစားဝင္ကစားေပးခဲ့ၿပီး ၈၁ မိနစ္ကေန ၈၈ မိနစ္အတြင္းမွာ ေဒ့ါမြန္အသင္းကို ၆-၀ နဲ႔ အျပတ္အသတ္ အႏိုင္ရရွိေစမယ့္ ဟက္ထရစ္ကို အံ့အားသင့္ဖြယ္ လ်င္လ်င္ျမန္ျမန္ပဲ သြင္းယူသြားခဲ့တာျဖစ္ၿပီး ကင္ဆာေရာဂါ ခံစားေနရာကေန ျပန္လာႏိုင္ခဲ့တဲ့ အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းက ၎ကို ေဒ့ါမြန္အသင္းက ဘာေၾကာင့္ ႀကီးမားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့တာလဲဆိုတာကို သက္ေသျပသခဲ့တာလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေကာင္းေကာင္းလုပ္ေနပါတယ္။ ခက္ခဲတဲ့ ၆ လျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ဒီမွာ အသင္းေဖာ္ေတြနဲ႔အတူ ရွိေနၿပီး ေလ့က်င့္ေနရတာကို အရမ္းေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ျပန္လာဖို႔က အေႏွးနဲ႔ အျမန္ဆိုသလိုပဲ ျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ အၿမဲတမ္းဆက္ၿပီး သြားေနခဲ့လို႔ပါ။ ကြင္းထဲကို ျပန္လာရတာက ခင္ဗ်ား ရႏိုင္တဲ့အေကာင္းဆုံးခံစားခ်က္ပဲ။ ခင္ဗ်ားမွာ ဒီလို နာမက်န္းျဖစ္မႈရွိေနတဲ့အခ်ိန္မွာ ခင္ဗ်ားရဲ႕ အနာဂတ္က ဘယ္လိုမ်ိဳးလဲဆိုတာကို ခင္ဗ်ား မသိပါဘူး။ ကြၽန္ေတာ္ ေနာက္တေန႔အေပၚမွာပဲ အာ႐ုံစိုက္ႏိုင္ပါတယ္။ ကြၽန္ေတ္ာ အလုပ္ေတြအမ်ားႀကီး လုပ္ခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္အခု အရာအားလုံးမွာ ပါဝင္ႏိုင္ပါၿပီ။ ကြၽန္ေတာ့္ရဲ႕ ခႏၶာကိုယ္က ေလ့က်င့္ေရးျပဳလုပ္တာကို ဘယ္လိုတုံ႔ျပန္လဲဆိုတာကို အာ႐ုံစိုက္မႈေတြအမ်ားႀကီး ေပးခဲ့ၾကတယ္”

“ကြၽန္ေတာ့္ရဲ႕တန္ဖိုးေတြက အခု အနီးကပ္ေစာင့္ၾကည့္ျခင္းခံေနရပါတယ္။ ကြၽန္ေတာ္ ေကာင္းမြန္ေနတယ္လို႔ ခံစားေနရသေ႐ြ႕ အရာအားလုံးမွာ ပါဝင္ပတ္သက္ေနမွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အခ်က္အလက္ေတြအားလုံးအေပၚမွာ ဆက္ၿပီး ေစာင့္ၾကည့္ေနဖို႔ လိုပါတယ္။ ကြၽန္ေတာ္ ကြင္းထဲမွာ ကစားဖို႔နဲ႔ အဝါေရာင္တံတိုင္း(ေဒ့ါမြန္ပရိသတ္)ရဲ႕အေရွ႕မွာ ကစားဖို႔ ေစာင့္ေမွ်ာ္ေနပါတယ္။ အဲဒါက ရည္မွန္းခ်က္ပန္းတိုင္ပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.