Premier League

အာဆင်နယ်အတွက် တစ်လတာအကောင်းဆုံးဆုကို ဆွတ်ခူးပေးလိုက်တဲ့ အော်ဒီဂွါဒ်

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကတော့ ဒီရာသီမှာ ခြေစွမ်းပြသနေခဲ့သလို နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ နှစ်လ ပေါင်းပြီး ပေးအပ်တဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံးဆုကိုတော့ ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ဒီဆုဟာ အာဆင်နယ်တို့အတွက်တော့ သုံးနှစ်ကျော် ဝေးကွာနေတဲ့ ဆုလည်းဖြစ်ပြီး ၂၀၁၉ စက်တင်ဘာလက ဂါဘွန်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းက နောက်ဆုံးရယူပေးခဲ့တာဖြစ်သလို တိုက်ဆိုင်မှုတစ်ရပ်အနေနဲ့တော့ ဂန်းနားအသင်းခေါင်းဆောင်တွေက နောက်ဆုံးနှစ်ကြိမ်ကို ရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အော်ဒီဂွါဒ်အနေနဲ့ အာဆင်နယ်တို့အတွက် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ လေးပွဲမှာ သုံးဂိုးသွင်း၊ သုံးဂိုး ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပြီး ဝုလ်ဗ်စ်နဲ့ပွဲမှာ နှစ်ဂိုးနဲ့ ဘရိုက်တန်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့သလို ဝက်စ်ဟမ်းနဲ့ပွဲမှာ နှစ်ဂိုးဖန်တီးပြီး ဘရိုက်တန်ဘက်ကိုလည်း တစ်ဂိုး ဖန်တီးနိုင်ခဲ့တာကြောင့် အကောင်းဆုံးဆုနဲ့ ထိုက်တန်ခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ် ဂန်းနားကပ္ပတိန်အနေနဲ့ ဒီနှစ်လပေါင်း‌ ပေးအပ်တဲ့ ဆုအတွက် အာဆင်နယ်အသင်းဖော် ဘူကာယို ဆာကာ၊ မန်ချက်စတာယူနိုက်တက်ရဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ကာစီမီရို၊ မန်စီးတီးရဲ့ နော်ဝေအသင်းဖော် အာလင်း ဟားလန်း၊ ဘရန့်ဖို့ဒ်ရဲ့ ဘန်မီး၊ နယူးကာဆယ်လ်ကပ္ပတိန် ကီရန် ထရစ်ပီယာ၊ ဖူလ်ဟမ်ရဲ့ ဂျာအို ပယ်လင်ညာတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး နောက်ဆုံးမှာ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာတော့ နော်ဝေသားတွေရဲ့ အမြင့်ပျံသန်းနိုင်မှုအဖြစ်လည်း မြင်တွေ့ခဲ့ရပြီး ဩဂုတ်လက ရယူခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး ဟားလန်းရဲ့ အဖွင့်ရယူမှုအပြီး သုံးလအကြာမှာတော့ အော်ဒီဂွါဒ်က ထပ်မံရယူပေးနိုင်ခဲ့တာဖြစ်သလို အနာဂတ်မှာလည်း နော်ဝေတို့အနေနဲ့ ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာဖို့ ရှိနေသေးတာပါ။

အော်ဒီဂွါဒ်ကတော့ “ဒီဆုကို ရတာ ကြီးကျယ်တဲ့ ခံစားမှုမျိုးပါပဲ”လို့ အာဆင်နယ်အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ ပြောကြားလိုက်ပြီး “ဒီအသင်းမှာ အောင်မြင်မှုတွေအတွက် ဆာလောင်နေတဲ့ လူငယ်တွေရဲ့ အသင်းစိတ်ဓာတ်နဲ့ ရုန်းအားကို အမြဲတမ်း ပြောပြခဲ့ဖူးသလို သူတို့နဲ့ တွဲကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒီဆုကို ရနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်”လို့လည်း ဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်က လစဉ်လတိုင်း ချီးမြှင့်လေ့ရှိတဲ့ အကောင်းဆုံးဆုအတွက် ကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တာလည်း ဖြစ်ပြီး အော်ဒီဂွါဒ်အပြင် နောက်ထပ် အကောင်းဆုံးဆုကို ရရှိဖို့ အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာကလည်း ရေပန်းစားနေကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ကေတာ့ ဒီရာသီမွာ ေျခစြမ္းျပသေနခဲ့သလို ႏိုဝင္ဘာလနဲ႔ ဒီဇင္ဘာလ ႏွစ္လ ေပါင္းၿပီး ေပးအပ္တဲ့ ပရီးမီးယားလိဂ္ရဲ႕ တစ္လတာ အေကာင္းဆုံးဆုကိုေတာ့ ထိုက္ထိုက္တန္တန္ ဆြတ္ခူးရယူသြားႏိုင္ခဲ့ၿပီပဲျဖစ္ပါတယ္။

ဒီဆုဟာ အာဆင္နယ္တို႔အတြက္ေတာ့ သုံးႏွစ္ေက်ာ္ ေဝးကြာေနတဲ့ ဆုလည္းျဖစ္ၿပီး ၂၀၁၉ စက္တင္ဘာလက ဂါဘြန္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းက ေနာက္ဆုံးရယူေပးခဲ့တာျဖစ္သလို တိုက္ဆိုင္မႈတစ္ရပ္အေနနဲ႔ေတာ့ ဂန္းနားအသင္းေခါင္းေဆာင္ေတြက ေနာက္ဆုံးႏွစ္ႀကိမ္ကို ရယူေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္အေနနဲ႔ အာဆင္နယ္တို႔အတြက္ ႏိုဝင္ဘာလနဲ႔ ဒီဇင္ဘာလအတြင္းမွာ ကစားခဲ့တဲ့ ေလးပြဲမွာ သုံးဂိုးသြင္း၊ သုံးဂိုး ဖန္တီးေပးႏိုင္ခဲ့တာ ျဖစ္ၿပီး ဝုလ္ဗ္စ္နဲ႔ပြဲမွာ ႏွစ္ဂိုးနဲ႔ ဘ႐ိုက္တန္နဲ႔ပြဲမွာ တစ္ဂိုးသြင္းယူခဲ့သလို ဝက္စ္ဟမ္းနဲ႔ပြဲမွာ ႏွစ္ဂိုးဖန္တီးၿပီး ဘ႐ိုက္တန္ဘက္ကိုလည္း တစ္ဂိုး ဖန္တီးႏိုင္ခဲ့တာေၾကာင့္ အေကာင္းဆုံးဆုနဲ႔ ထိုက္တန္ခဲ့တာပါ။

အသက္ ၂၄ ႏွစ္အ႐ြယ္ ဂန္းနားကပၸတိန္အေနနဲ႔ ဒီႏွစ္လေပါင္း‌ ေပးအပ္တဲ့ ဆုအတြက္ အာဆင္နယ္အသင္းေဖာ္ ဘူကာယို ဆာကာ၊ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ကာစီမီ႐ို၊ မန္စီးတီးရဲ႕ ေနာ္ေဝအသင္းေဖာ္ အာလင္း ဟားလန္း၊ ဘရန႔္ဖို႔ဒ္ရဲ႕ ဘန္မီး၊ နယူးကာဆယ္လ္ကပၸတိန္ ကီရန္ ထရစ္ပီယာ၊ ဖူလ္ဟမ္ရဲ႕ ဂ်ာအို ပယ္လင္ညာတို႔နဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး ေနာက္ဆုံးမွာ ေအာင္ပြဲခံႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာေတာ့ ေနာ္ေဝသားေတြရဲ႕ အျမင့္ပ်ံသန္းႏိုင္မႈအျဖစ္လည္း ျမင္ေတြ႕ခဲ့ရၿပီး ဩဂုတ္လက ရယူခဲ့တဲ့ မန္စီးတီးတိုက္စစ္မႉး ဟားလန္းရဲ႕ အဖြင့္ရယူမႈအၿပီး သုံးလအၾကာမွာေတာ့ ေအာ္ဒီဂြါဒ္က ထပ္မံရယူေပးႏိုင္ခဲ့တာျဖစ္သလို အနာဂတ္မွာလည္း ေနာ္ေဝတို႔အေနနဲ႔ ဂုဏ္သိကၡာ ပိုမိုျမင့္မားလာဖို႔ ရွိေနေသးတာပါ။

ေအာ္ဒီဂြါဒ္ကေတာ့ “ဒီဆုကို ရတာ ႀကီးက်ယ္တဲ့ ခံစားမႈမ်ိဳးပါပဲ”လို႔ အာဆင္နယ္အသင္းရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္ကေန ေျပာၾကားလိုက္ၿပီး “ဒီအသင္းမွာ ေအာင္ျမင္မႈေတြအတြက္ ဆာေလာင္ေနတဲ့ လူငယ္ေတြရဲ႕ အသင္းစိတ္ဓာတ္နဲ႔ ႐ုန္းအားကို အၿမဲတမ္း ေျပာျပခဲ့ဖူးသလို သူတို႔နဲ႔ တြဲကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ဒီဆုကို ရႏိုင္ခဲ့လို႔ ေပ်ာ္႐ႊင္မိပါတယ္”လို႔လည္း ဆိုသြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္က လစဥ္လတိုင္း ခ်ီးျမႇင့္ေလ့ရွိတဲ့ အေကာင္းဆုံးဆုအတြက္ ကြၽမ္းက်င္သူေတြနဲ႔ ပရိသတ္ေတြက မဲေပးေ႐ြးခ်ယ္ခဲ့တာလည္း ျဖစ္ၿပီး ေအာ္ဒီဂြါဒ္အျပင္ ေနာက္ထပ္ အေကာင္းဆုံးဆုကို ရရွိဖို႔ အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာကလည္း ေရပန္းစားေနေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.