La Liga

ဖခင်ခြေရာနင်းဖို့ ဘာစီလိုနာကို ရောက်ရှိနေပြီဖြစ်တဲ့ ရော်နယ်လ်ဒင်ညိုရဲ့သား

ဘာစီလိုနာအသင်းဟာ အသင်းဂန္တဝင်ရဲ့ သားဖြစ်သူနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့ အနီးကပ်ဆုံးအခြေအနေမှာ ရှိနေတာကြောင့် မကြာမီအချိန်အတွင်း ရော်နယ်လ်ဒင်ညို ခေတ်သစ်ကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

ရော်နယ်လ်ဒင်ညိုဟာ ဘာစီလိုနာအသင်းနဲ့ ခွဲမြင်လို့မရတဲ့သူဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ နူးကမ့်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နူးကမ့်မှာ ကစားခဲ့တဲ့အချိန်အတွင်း ရော်နယ်လ်ဒင်ညိုရဲ့ ခြေစွမ်းက ဘယ်လောက်တောင် ကောင်းမွန်လဲဆိုရင် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်တွေတောင် မတ်တပ်ထပြီး လက်ခုပ်တီး ဂုဏ်ပြုခဲ့ရတဲ့အထိ စွမ်းဆောင်ရည်က ပြောင်မြောက်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ အချိန်လည်း ရှိခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ဘလွန်ဒေါဆုကို အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် မှတ်ကျောက်တင်ခံနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ စွမ်းအားတွေဟာ ပရိသတ်တွေ မျှော်လင့်ထားသလောက် ကြာကြာ မခံခဲ့ဘဲ ဘရာဇီးလ်ဂန္တဝင်ဟာ အပျော်အပါးအလွန်မက်တာ သိသာပြီး အေစီမီလန်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာတောင် ကလပ်တက်ခွင့်ကို ထည့်သွင်းချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီလို အပျော်အပါး၊ အသောက်အစားမက်တာကြောင့် ဘာစီလိုနာအသင်းဟာ ရော်နယ်လ်ဒင်ညိုနဲ့ လီယွန်နယ် မက်ဆီတို့ရဲ့ ဆက်ဆံရေးကို စိုးရိမ်ခဲ့ပြီး ဘရာဇီးလ်ကြယ်ပွင့်ဆီကနေ မကောင်းတဲ့အကျင့်တွေ ကူးစက်မှာစိုးတာကြောင့် ၂၀၀၈ ခုနှစ်မှာ ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရော်နယ်လ်ဒင်ညိုရဲ့သားက ဘာစီလိုနာအသင်းအတွက် ကစားပေးမယ့် နောက်ထပ်လူငယ်ကြယ်ပွင့်တစ်ဦး ဖြစ်လာဖွယ်ရှိပြီး ကတ်တလန်အသင်းကြီးဟာ လူငယ်ကစားသမားဟာ ဖခင်ဖြစ်သူရဲ့ ပါရမီ တစ်ဝက်လောက်ပဲ ပါရင်တောင် ရပြီလို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ဂျာနယ်လ် အေဒရီယန် ဆန်းချက်ဇ်ရဲ့ ပြောကြားချက်အရ ဆယ်ကျော်သက်တိုက်စစ်မှူး ဂျာအို မန်ဒက်စ် ဒီ အဆစ် မိုရဲရားဟာ လက်ရှိမှာတော့ နူးကမ့်မှာ အစမ်းလေ့ကျင့်ရေး ဆင်းနေပြီး ဘရာဇီးလ်ကသတင်းတွေအရ အပြောင်းအရွှေ့က အလွန်နီးစပ်နေပြီလို့ သိရပါတယ်။ ရော်နယ်လ်ဒင်ညိုရဲ့သား ဂျာအို မန်ဒက်စ်ဟာ ဘရာဇီးလ်ကလပ်အသင်းဖြစ်တဲ့ ခရူဇေရိုနဲ့ စာချုပ်ကို မကြာသေးမီက ဖျက်သိမ်းခဲ့တာကြောင့် အသင်းသစ်ကို လွတ်လွတ်လပ်လပ် ရှာဖွေခွင့် ရရှိခဲ့ပြီဖြစ်ပြီး လူငယ်တိုက်စစ်မှူးဟာ ဘာစီလိုနာရဲ့ Juvenil A အသင်းနဲ့တောင် လေ့ကျင့်ရေးဆင်းနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာအနေနဲ့ ဂန္တဝင်တိုက်စစ်မှူးရဲ့ သားဖြစ်သူဆီကနေ တိုးတက်မှုတွေ ဘယ်လိုရှိလာနိုင်လဲဆိုတာကို အနီးကပ်စောင့်ကြည့်နေပြီး ဂျာအို မန်ဒက်စ်ကို ခေါ်၊ မခေါ်ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ လာမာစီယာအကယ်ဒမီက နည်းပြတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဟာ အသင္းဂႏၲဝင္ရဲ႕ သားျဖစ္သူနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ အနီးကပ္ဆုံးအေျခအေနမွာ ရွိေနတာေၾကာင့္ မၾကာမီအခ်ိန္အတြင္း ေရာ္နယ္လ္ဒင္ညိဳ ေခတ္သစ္ကို ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

ေရာ္နယ္လ္ဒင္ညိဳဟာ ဘာစီလိုနာအသင္းနဲ႔ ခြဲျမင္လို႔မရတဲ့သူျဖစ္ၿပီး ၂၀၀၃ ခုႏွစ္မွာ ႏူးကမ့္ကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ လာလီဂါဖလား ၂ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ႏူးကမ့္မွာ ကစားခဲ့တဲ့အခ်ိန္အတြင္း ေရာ္နယ္လ္ဒင္ညိဳရဲ႕ ေျခစြမ္းက ဘယ္ေလာက္ေတာင္ ေကာင္းမြန္လဲဆိုရင္ ၿပိဳင္ဆိုင္မႈ အလြန္ျပင္းထန္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းပရိသတ္ေတြေတာင္ မတ္တပ္ထၿပီး လက္ခုပ္တီး ဂုဏ္ျပဳခဲ့ရတဲ့အထိ စြမ္းေဆာင္ရည္က ေျပာင္ေျမာက္ခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉးဟာ ကမာၻေပၚက အေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့ အခ်ိန္လည္း ရွိခဲ့ၿပီး ၂၀၀၅ ခုႏွစ္မွာ ဘလြန္ေဒါဆုကို အႏိုင္ရရွိခဲ့ၿပီးေနာက္ ကမာၻ႔အေကာင္းဆုံးကစားသမားအျဖစ္ မွတ္ေက်ာက္တင္ခံႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုရဲ႕ စြမ္းအားေတြဟာ ပရိသတ္ေတြ ေမွ်ာ္လင့္ထားသေလာက္ ၾကာၾကာ မခံခဲ့ဘဲ ဘရာဇီးလ္ဂႏၲဝင္ဟာ အေပ်ာ္အပါးအလြန္မက္တာ သိသာၿပီး ေအစီမီလန္နဲ႔ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ထဲမွာေတာင္ ကလပ္တက္ခြင့္ကို ထည့္သြင္းခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

အဲဒီလို အေပ်ာ္အပါး၊ အေသာက္အစားမက္တာေၾကာင့္ ဘာစီလိုနာအသင္းဟာ ေရာ္နယ္လ္ဒင္ညိဳနဲ႔ လီယြန္နယ္ မက္ဆီတို႔ရဲ႕ ဆက္ဆံေရးကို စိုးရိမ္ခဲ့ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ဆီကေန မေကာင္းတဲ့အက်င့္ေတြ ကူးစက္မွာစိုးတာေၾကာင့္ ၂၀၀၈ ခုႏွစ္မွာ ေရာင္းထုတ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေရာ္နယ္လ္ဒင္ညိဳရဲ႕သားက ဘာစီလိုနာအသင္းအတြက္ ကစားေပးမယ့္ ေနာက္ထပ္လူငယ္ၾကယ္ပြင့္တစ္ဦး ျဖစ္လာဖြယ္ရွိၿပီး ကတ္တလန္အသင္းႀကီးဟာ လူငယ္ကစားသမားဟာ ဖခင္ျဖစ္သူရဲ႕ ပါရမီ တစ္ဝက္ေလာက္ပဲ ပါရင္ေတာင္ ရၿပီလို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

ဂ်ာနယ္လ္ ေအဒရီယန္ ဆန္းခ်က္ဇ္ရဲ႕ ေျပာၾကားခ်က္အရ ဆယ္ေက်ာ္သက္တိုက္စစ္မႉး ဂ်ာအို မန္ဒက္စ္ ဒီ အဆစ္ မိုရဲရားဟာ လက္ရွိမွာေတာ့ ႏူးကမ့္မွာ အစမ္းေလ့က်င့္ေရး ဆင္းေနၿပီး ဘရာဇီးလ္ကသတင္းေတြအရ အေျပာင္းအေ႐ႊ႕က အလြန္နီးစပ္ေနၿပီလို႔ သိရပါတယ္။ ေရာ္နယ္လ္ဒင္ညိဳရဲ႕သား ဂ်ာအို မန္ဒက္စ္ဟာ ဘရာဇီးလ္ကလပ္အသင္းျဖစ္တဲ့ ခ႐ူေဇ႐ိုနဲ႔ စာခ်ဳပ္ကို မၾကာေသးမီက ဖ်က္သိမ္းခဲ့တာေၾကာင့္ အသင္းသစ္ကို လြတ္လြတ္လပ္လပ္ ရွာေဖြခြင့္ ရရွိခဲ့ၿပီျဖစ္ၿပီး လူငယ္တိုက္စစ္မႉးဟာ ဘာစီလိုနာရဲ႕ Juvenil A အသင္းနဲ႔ေတာင္ ေလ့က်င့္ေရးဆင္းေနခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာအသင္းဥကၠဌ လာေပၚတာအေနနဲ႔ ဂႏၲဝင္တိုက္စစ္မႉးရဲ႕ သားျဖစ္သူဆီကေန တိုးတက္မႈေတြ ဘယ္လိုရွိလာႏိုင္လဲဆိုတာကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ဂ်ာအို မန္ဒက္စ္ကို ေခၚ၊ မေခၚဆိုတဲ့ ဆုံးျဖတ္ခ်က္ကေတာ့ လာမာစီယာအကယ္ဒမီက နည္းျပေတြရဲ႕ ဆုံးျဖတ္ခ်က္အေပၚမွာ မူတည္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.