Ligue1

အွန်းဂျေးနဲ့ပွဲက မက်ဆီရဲ့ဂိုးဟာ အနုပညာတစ်ခုဆိုတာ ပြသခဲ့တဲ့ ဗီဒီယိုဖိုင်

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့လ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူရဲကောင်းဖြစ်ခဲ့ပြီးနောက်ပိုင်း ပီအက်စ်ဂျီအတွက် ပထမဆုံးပြန်လည်ပွဲထွက်ကစားပေးခဲ့တဲ့ပွဲမှာ လှပတဲ့သွင်းဂိုးကို သွင်းယူခဲ့ပြီး ဂိုးသွင်းယူတာကို ပရိသတ်တစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားအပြီး ၁၀ ရက် နားရက် ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ် ပဲရစ်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး အသင်းဖော်တွေနဲ့ ပြန်လည် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီလေ့ကျင့်ရေးကွင်းကိုရောက်ရှိလာချိန်မှာ အသင်းဖော်တွေရဲ့ Guard of honour နဲ့ ဂုဏ်ပြုကြိုဆိုမှုကို ခံခဲ့ရပြီး ပြီးခဲ့တဲ့လကမ္ဘာ့ဖလားအောင်ပွဲအတွက် ဂုဏ်ပြုချီးမြှင့်တဲ့ ရွှေပြားကပ်ထားတဲ့ ဆုတစ်ခုကိုလည်း ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

တစ်ပတ်အကြာမှာ ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာဟာ လီယွန်နယ် မက်ဆီကို အွန်းဂျေးနဲ့ ကစားရမယ့် လိဂန်းပွဲစဉ်မှာ ပွဲကစားချိန်အချို့ ပေးဖို့ အချိန်ကျပြီလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြင်သစ်ချန်ပီယံတွေအတွက် ပြီးခဲ့တဲ့နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဟူဂို အက်ခီတိုက်ခ်က ပထမပိုင်း ၅ မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းအတွက် ပွဲကစားချိန် ၁၇ မိနစ်သာ ကျန်ရှိတော့တဲ့အချိန်မှာ အနိုင်သေချာစေမယ့် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး လိဂန်းအမှတ်ပေးဇယား ဦးဆောင်သူတွေအတွက် အနိုင် ၃ မှတ်ကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦး ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ လီယွန်နယ် မက်ဆီဟာ ဘောလုံးကို နောက်ထိ ဆင်းယူပြီးနောက် နေမာနဲ့ အလွန်သေသပ်တဲ့ ဝမ်းတူးရိုက်ပြီး ဆာဂျီယို ရာမို့စ်ဆီ ဘယ်ခြေအပြင်ဘက်နဲ့ ပွတ်ပြီး အံ့အားသင့်ဖွယ် ဘောလုံးပေးပို့ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ မက်ဆီက နော်ဒီ မူခေလေ အလိုက်သင့် မျှောပေးလိုက်တဲ့ဘောလုံးကို ပြေးလွှားပြီး ညာခြေနဲ့ သက်တောင့်သက်သာပဲ အဆုံးသတ် ကန်သွင်းယူသွားခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးက အဲဒီဗီဒီယိုဖိုင်ကို “သူက တိုက်စစ်စတင်ချိန်မှာ အမြဲတမ်း ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့အချက်က ကျွန်တော့်ကို အံ့အားသင့်တုန်လှုပ်စေခဲ့တယ်”လို့ မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီလူက ဘောလုံးကစားတာကို အရမ်းကို ရိုးရှင်းတဲ့ပုံစံဖြစ်အောင် လုပ်နေတာပဲ။ သူ့ရဲ့ ဘောလုံးမပါဘဲ ရွေ့လျားမှုက လက်ဖျားခါရလောက်တယ်”လို့ ရေးသားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဗုဒ္ဓဟူးနေ့ညမှာ ပီအက်စ်ဂျီအတွက် ယခုရာသီ ၁၃ ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ညာခြေနဲ့ ဂိုးသွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး၁၀၀ ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့လ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့ၿပီးေနာက္ပိုင္း ပီအက္စ္ဂ်ီအတြက္ ပထမဆုံးျပန္လည္ပြဲထြက္ကစားေပးခဲ့တဲ့ပြဲမွာ လွပတဲ့သြင္းဂိုးကို သြင္းယူခဲ့ၿပီး ဂိုးသြင္းယူတာကို ပရိသတ္တစ္ဦး ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ကမာၻ႔ဖလားအၿပီး ၁၀ ရက္ နားရက္ ရရွိခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့အပတ္ ပဲရစ္ကို ျပန္လည္ ေရာက္ရွိလာခဲ့ၿပီး အသင္းေဖာ္ေတြနဲ႔ ျပန္လည္ ပူးေပါင္းခဲ့တာ ျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီေလ့က်င့္ေရးကြင္းကိုေရာက္ရွိလာခ်ိန္မွာ အသင္းေဖာ္ေတြရဲ႕ Guard of honour နဲ႔ ဂုဏ္ျပဳႀကိဳဆိုမႈကို ခံခဲ့ရၿပီး ၿပီးခဲ့တဲ့လကမာၻ႔ဖလားေအာင္ပြဲအတြက္ ဂုဏ္ျပဳခ်ီးျမႇင့္တဲ့ ေ႐ႊျပားကပ္ထားတဲ့ ဆုတစ္ခုကိုလည္း ေပးအပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

တစ္ပတ္အၾကာမွာ ပီအက္စ္ဂ်ီနည္းျပ ခရစၥတိုဖီ ဂဲလ္တီယာဟာ လီယြန္နယ္ မက္ဆီကို အြန္းေဂ်းနဲ႔ ကစားရမယ့္ လိဂန္းပြဲစဥ္မွာ ပြဲကစားခ်ိန္အခ်ိဳ႕ ေပးဖို႔ အခ်ိန္က်ၿပီလို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ျပင္သစ္ခ်န္ပီယံေတြအတြက္ ၿပီးခဲ့တဲ့ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ဟူဂို အက္ခီတိုက္ခ္က ပထမပိုင္း ၅ မိနစ္မွာပဲ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ပြဲကစားခ်ိန္ ၁၇ မိနစ္သာ က်န္ရွိေတာ့တဲ့အခ်ိန္မွာ အႏိုင္ေသခ်ာေစမယ့္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး လိဂန္းအမွတ္ေပးဇယား ဦးေဆာင္သူေတြအတြက္ အႏိုင္ ၃ မွတ္ကို ရယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္တစ္ဦး ႐ိုက္ကူးခဲ့တဲ့ ဗီဒီယိုဖိုင္ထဲမွာ လီယြန္နယ္ မက္ဆီဟာ ေဘာလုံးကို ေနာက္ထိ ဆင္းယူၿပီးေနာက္ ေနမာနဲ႔ အလြန္ေသသပ္တဲ့ ဝမ္းတူး႐ိုက္ၿပီး ဆာဂ်ီယို ရာမို႔စ္ဆီ ဘယ္ေျခအျပင္ဘက္နဲ႔ ပြတ္ၿပီး အံ့အားသင့္ဖြယ္ ေဘာလုံးေပးပို႔ခဲ့ပါတယ္။ ၿပီးတဲ့ေနာက္မွာ မက္ဆီက ေနာ္ဒီ မူေခေလ အလိုက္သင့္ ေမွ်ာေပးလိုက္တဲ့ေဘာလုံးကို ေျပးလႊားၿပီး ညာေျခနဲ႔ သက္ေတာင့္သက္သာပဲ အဆုံးသတ္ ကန္သြင္းယူသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

တြစ္တာအသုံးျပဳသူတစ္ဦးက အဲဒီဗီဒီယိုဖိုင္ကို “သူက တိုက္စစ္စတင္ခ်ိန္မွာ အၿမဲတမ္း ပါဝင္ပတ္သက္ခဲ့တယ္ဆိုတဲ့အခ်က္က ကြၽန္ေတာ့္ကို အံ့အားသင့္တုန္လႈပ္ေစခဲ့တယ္”လို႔ မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဒီလူက ေဘာလုံးကစားတာကို အရမ္းကို ႐ိုးရွင္းတဲ့ပုံစံျဖစ္ေအာင္ လုပ္ေနတာပဲ။ သူ႔ရဲ႕ ေဘာလုံးမပါဘဲ ေ႐ြ႕လ်ားမႈက လက္ဖ်ားခါရေလာက္တယ္”လို႔ ေရးသားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဗုဒၶဟူးေန႔ညမွာ ပီအက္စ္ဂ်ီအတြက္ ယခုရာသီ ၁၃ ဂိုးေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ညာေျခနဲ႔ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ သြင္းဂိုး၁၀၀ ျပည့္ေျမာက္ခဲ့တာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.