Premier League Transfer News

မူဒရစ်ခ်ကို ရရှိဖို့ နီးလာပြီး ကွင်းလယ်ကိုပါ အားဖြည့်သွားဦးမယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ မိုက်ခေလို မူဒရစ်ခ်ကို ရှက်ခ်တာဒိုးနက်စ်ခ်အသင်းကနေ ခေါ်ယူနိုင်ဖို့ နီးစပ်တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပြီး အပြောင်းအရွှေ့မဖြစ်အောင် လိုက်လံနှောင့်ယှက်နေတဲ့ မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းကို နောက်ကောက်ချပြီး ခေါ်ယူသွားနိုင်ဖို့ ရှိနေခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ယူကရိန်း တောင်ပံကစားသမားကို ခေါ်ယူဖို့ အာဆင်နယ်တို့က ကနဦးက ဦးဆောင်နေခဲ့ပေမယ့် ဘာနားမလည် ညာနားမလည်နဲ့ ငွေထုပ်ပိုက် ရမ်းချင်တဲ့ ချဲလ်ဆီးသူဌေး တော့ဒ် ဘိုလီကြောင့် ငွေရှာချင်နေတဲ့ ရှက်ခ်တာတို့နဲ့ ဆွေးနွေးရ ခက်နေခဲ့သလို လက်ရှိမှာတော့ ကစားသမားရဲ့ ဆန္ဒအရ အလုပ်ဖြစ်နိုင်ဖို့ နီးစပ်နေတာပါ။

လက်ရှိပုံစံနဲ့ဆိုရင် လာမယ့်နှစ်မှာ ချန်ပီယံလိဂ်တောင် ဝင်ဖွယ်မရှိတဲ့ ဇယားအလယ်က ချဲလ်ဆီးတို့ရဲ့ ပရိသတ်တွေကတော့ မူဒရစ်ခ်ကို ပြောင်းလာခဲ့ပါလားလို့ အင်စတာဂရမ်မှာ စည်းရုံးခဲ့သေးတယ်လို့လည်း သိရပြီး ဒါကိုတော့ ကာယကံရှင်က Emoji နှစ်ခုဖြစ်တဲ့ အဖြူရောင်နဲ့ အနီရောင် အသည်းပုံနှစ်ခုနဲ့ပဲ တုံ့ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ရှက်ခ်တာတို့ လိုချင်တဲ့ ပေါင်သန်း ၈၀ ဝန်းကျင် ပေးချေသွားဖို့ ရှိနေပြီး ကစားသမားအတွက် ခိုင်မာတဲ့ ပေးချေမှုကို ၇၀ ရာခိုင်နှုန်းနဲ့ အနာဂတ်ခံစားခွင့်ကို ၃၀ ရာခိုင်နှုန်း လန်ဒန်ကလပ်ဘက် ပေးချေချင်နေချိန်မှာ ယူကရိန်းသားတွေဘက်ကတော့ ၈၀ နဲ့ ၂၀ တောင်းဆိုနေတယ်လို့လည်း ကြားထားရပါတယ်။

လက်ရှိအနေအထားအတိုင်းဆိုရင်တော့ နှစ်သင်းကြားက ကွာဟမှုက သိပ်မရှိတော့တာကြောင့် ပြေလည်ဖို့ များနေသလို ကစားသမားနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုဖို့ပါ ပုဂ္ဂိုလ်ရေး သဘောတူညီပြီးဖြစ်တာကြောင့် ဘောင်မဝင်တဲ့ မြို့ခံပြိုင်ဘက်တွေကို တောက်ချသွားနိုင်ဖို့ ရှိနေခဲ့တာပါ။

ဒါ့အပြင် အောက်စ်ဖို့ဒ်နဲ့ပွဲမှာ ဆမ်ဘီ လိုကွန်ဂါ သုံးစားမရတာကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတဲ့ အာဆင်နယ်တို့အနေနဲ့ ကွင်းလယ်အားဖြည့်မှုအဖြစ် သူတို့ရဲ့ နွေရာသီကတည်းက စိတ်ဝင်စားခဲ့တဲ့ ပါးလ်မီးရပ်စ် ကွင်းလယ်လူ ဒါနီလိုကို နော့တင်ဟမ်ဖောရက်စ်ဆီက ကြားဖြတ်ပြီး ခေါ်ယူသွားဖို့ ကြိုးစားနေတယ်လို့ ဘရာဇီးလ်ဘက်က သတင်းအချို့က ဖော်ပြခဲ့ပါတယ်။

ပေါင် ၃၅ သန်းလောက်မှ မရရင် မရောင်းဘူးလို့ဆိုထားခဲ့ဖူးတဲ့ အသက် ၂၁ နှစ်အရွယ် ဘရာဇီးလ်သားကို ဖောရက်စ်တို့ကို ၁၈ သန်းနဲ့ ပေးဖွယ် ရှိနေတယ်ဆိုတဲ့ သတင်းလည်း ထွက်နေတာကြောင့် အသင်းငယ်တွေအနေနဲ့ အသင်းကြီးကို ရောင်းရင် အနာဂတ် ပြောင်းရွှေ့ကြေး ခွဲဝေခံစားခွင့်နဲ့ ဈေးလျှော့ရနိုင်ချိန်မှာ အာဆင်နယ်တို့ကတော့ ဒီထက်ပိုပေးရဖွယ် ရှိနေတာပါ။

ဒါပေမယ့် ပါးလ်မီးရပ်စ်ဘက်က ဘရာဇီးလ်ရာသီသစ် မစတင်ခင် ရောင်းချမယ့် အနေအထားကို ပြသထားတာကြောင့် အာဆင်နယ်တို့အနေနဲ့ ပြောင်းရွှေ့ကြေး ခွဲဝေခံစားခွင့် မပေးဘဲ ခေါ်ယူမယ်ဆိုရင် ပေါင် ၂၅ သန်း ဝန်းကျင်မှာ ဈေးတည့်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြပြီး အသင်းရဲ့ ငွေသုံးမယ့် အခြေအနေကြောင့်လည်း ‌အလုပ်ဖြစ်လာနိုင်ပါတယ်။

အောက်စ်ဖို့ဒ်နဲ့ပွဲမှာ အယ်လ်နန်နီ ဂိုးသွင်းခဲ့ပေမယ့် ကွင်းလယ်မှာ ချာကာနဲ့ ပါတေးတို့ မပါဝင်မှုကြောင့် ကွင်းလယ်ကစားကွက် မကောင်းဘဲ သိသာခဲ့ချိန်မှာ ရေရှည်နဲ့ ဒီရာသီ ပရီးမီးယားလိဂ်ကို ဗိုလ်စွဲနိုင်ဖို့အတွက် အာဆင်နယ်တို့အနေနဲ့ မဖြစ်မနေ အားဖြည့်သွားရမှာဖြစ်ပြီး တိုက်စစ်မှူးသစ် တစ်ဦးလည်း ထပ်မံရှာဖွေရဖို့ ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အဓိက ပစ္မွတ္ျဖစ္တဲ့ မိုက္ေခလို မူဒရစ္ခ္ကို ရွက္ခ္တာဒိုးနက္စ္ခ္အသင္းကေန ေခၚယူႏိုင္ဖို႔ နီးစပ္တဲ့ အေျခအေနကို ေရာက္ရွိေနၿပီျဖစ္ၿပီး အေျပာင္းအေ႐ႊ႕မျဖစ္ေအာင္ လိုက္လံေႏွာင့္ယွက္ေနတဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းကို ေနာက္ေကာက္ခ်ၿပီး ေခၚယူသြားႏိုင္ဖို႔ ရွိေနခဲ့ၿပီျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ယူကရိန္း ေတာင္ပံကစားသမားကို ေခၚယူဖို႔ အာဆင္နယ္တို႔က ကနဦးက ဦးေဆာင္ေနခဲ့ေပမယ့္ ဘာနားမလည္ ညာနားမလည္နဲ႔ ေငြထုပ္ပိုက္ ရမ္းခ်င္တဲ့ ခ်ဲလ္ဆီးသူေဌး ေတာ့ဒ္ ဘိုလီေၾကာင့္ ေငြရွာခ်င္ေနတဲ့ ရွက္ခ္တာတို႔နဲ႔ ေဆြးေႏြးရ ခက္ေနခဲ့သလို လက္ရွိမွာေတာ့ ကစားသမားရဲ႕ ဆႏၵအရ အလုပ္ျဖစ္ႏိုင္ဖို႔ နီးစပ္ေနတာပါ။

လက္ရွိပုံစံနဲ႔ဆိုရင္ လာမယ့္ႏွစ္မွာ ခ်န္ပီယံလိဂ္ေတာင္ ဝင္ဖြယ္မရွိတဲ့ ဇယားအလယ္က ခ်ဲလ္ဆီးတို႔ရဲ႕ ပရိသတ္ေတြကေတာ့ မူဒရစ္ခ္ကို ေျပာင္းလာခဲ့ပါလားလို႔ အင္စတာဂရမ္မွာ စည္း႐ုံးခဲ့ေသးတယ္လို႔လည္း သိရၿပီး ဒါကိုေတာ့ ကာယကံရွင္က Emoji ႏွစ္ခုျဖစ္တဲ့ အျဖဴေရာင္နဲ႔ အနီေရာင္ အသည္းပုံႏွစ္ခုနဲ႔ပဲ တုံ႔ျပန္သြားခဲ့တယ္လို႔ ဆိုပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ရွက္ခ္တာတို႔ လိုခ်င္တဲ့ ေပါင္သန္း ၈၀ ဝန္းက်င္ ေပးေခ်သြားဖို႔ ရွိေနၿပီး ကစားသမားအတြက္ ခိုင္မာတဲ့ ေပးေခ်မႈကို ၇၀ ရာခိုင္ႏႈန္းနဲ႔ အနာဂတ္ခံစားခြင့္ကို ၃၀ ရာခိုင္ႏႈန္း လန္ဒန္ကလပ္ဘက္ ေပးေခ်ခ်င္ေနခ်ိန္မွာ ယူကရိန္းသားေတြဘက္ကေတာ့ ၈၀ နဲ႔ ၂၀ ေတာင္းဆိုေနတယ္လို႔လည္း ၾကားထားရပါတယ္။

လက္ရွိအေနအထားအတိုင္းဆိုရင္ေတာ့ ႏွစ္သင္းၾကားက ကြာဟမႈက သိပ္မရွိေတာ့တာေၾကာင့္ ေျပလည္ဖို႔ မ်ားေနသလို ကစားသမားနဲ႔ ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ပါ ပုဂၢိဳလ္ေရး သေဘာတူညီၿပီးျဖစ္တာေၾကာင့္ ေဘာင္မဝင္တဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ေတြကို ေတာက္ခ်သြားႏိုင္ဖို႔ ရွိေနခဲ့တာပါ။

ဒါ့အျပင္ ေအာက္စ္ဖို႔ဒ္နဲ႔ပြဲမွာ ဆမ္ဘီ လိုကြန္ဂါ သုံးစားမရတာကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္ခဲ့ရတဲ့ အာဆင္နယ္တို႔အေနနဲ႔ ကြင္းလယ္အားျဖည့္မႈအျဖစ္ သူတို႔ရဲ႕ ေႏြရာသီကတည္းက စိတ္ဝင္စားခဲ့တဲ့ ပါးလ္မီးရပ္စ္ ကြင္းလယ္လူ ဒါနီလိုကို ေနာ့တင္ဟမ္ေဖာရက္စ္ဆီက ၾကားျဖတ္ၿပီး ေခၚယူသြားဖို႔ ႀကိဳးစားေနတယ္လို႔ ဘရာဇီးလ္ဘက္က သတင္းအခ်ိဳ႕က ေဖာ္ျပခဲ့ပါတယ္။

ေပါင္ ၃၅ သန္းေလာက္မွ မရရင္ မေရာင္းဘူးလို႔ဆိုထားခဲ့ဖူးတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားကို ေဖာရက္စ္တို႔ကို ၁၈ သန္းနဲ႔ ေပးဖြယ္ ရွိေနတယ္ဆိုတဲ့ သတင္းလည္း ထြက္ေနတာေၾကာင့္ အသင္းငယ္ေတြအေနနဲ႔ အသင္းႀကီးကို ေရာင္းရင္ အနာဂတ္ ေျပာင္းေ႐ႊ႕ေၾကး ခြဲေဝခံစားခြင့္နဲ႔ ေဈးေလွ်ာ့ရႏိုင္ခ်ိန္မွာ အာဆင္နယ္တို႔ကေတာ့ ဒီထက္ပိုေပးရဖြယ္ ရွိေနတာပါ။

ဒါေပမယ့္ ပါးလ္မီးရပ္စ္ဘက္က ဘရာဇီးလ္ရာသီသစ္ မစတင္ခင္ ေရာင္းခ်မယ့္ အေနအထားကို ျပသထားတာေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကး ခြဲေဝခံစားခြင့္ မေပးဘဲ ေခၚယူမယ္ဆိုရင္ ေပါင္ ၂၅ သန္း ဝန္းက်င္မွာ ေဈးတည့္သြားႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းေနၾကၿပီး အသင္းရဲ႕ ေငြသုံးမယ့္ အေျခအေနေၾကာင့္လည္း ‌အလုပ္ျဖစ္လာႏိုင္ပါတယ္။

ေအာက္စ္ဖို႔ဒ္နဲ႔ပြဲမွာ အယ္လ္နန္နီ ဂိုးသြင္းခဲ့ေပမယ့္ ကြင္းလယ္မွာ ခ်ာကာနဲ႔ ပါေတးတို႔ မပါဝင္မႈေၾကာင့္ ကြင္းလယ္ကစားကြက္ မေကာင္းဘဲ သိသာခဲ့ခ်ိန္မွာ ေရရွည္နဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ကို ဗိုလ္စြဲႏိုင္ဖို႔အတြက္ အာဆင္နယ္တို႔အေနနဲ႔ မျဖစ္မေန အားျဖည့္သြားရမွာျဖစ္ၿပီး တိုက္စစ္မႉးသစ္ တစ္ဦးလည္း ထပ္မံရွာေဖြရဖို႔ ရွိေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.