Match Report Premier League

ဗန္ဒဘိခ္ အဖြင့္လွခဲ့ေပမယ့္ အိမ္ကြင္းမွာ မႏွစ္က ရွဳံးေၾကြးကို မဆပ္ႏုိင္ခဲ့တဲ့ ယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဒီေန႔ပြဲမွာ ကစားသမားတခ်ဳိ႕ကို မသုံးခဲ့ဘဲ အနားေပးခဲ့ရာမွာ လုိင္းနပ္ဝင္ေနက်မဟုတ္တဲ့သူေတြရဲ႕ ေျခမမွန္မွဳကို ခံခဲ့ရၿပီး အိမ္ကြင္းမွာ ၿပီးခဲ့တဲ့ႏွစ္က ရွဳံးေၾကြးကို မဆပ္ႏုိင္ခဲ့ဘဲ ခန္႔မွန္းသူေတြရဲ႕ ရလဒ္ေတြကိုလည္း တလြဲျဖစ္ေစခဲ့ၿပီး မ်က္ႏွာပ်က္ခဲ့ရသလို အသင္းအတြက္ ကစားသမားသစ္ေတြ လိုအပ္ေနၿပီဆုိတာကုိလည္း သိသာေစခဲ့တဲ့ပြဲျဖစ္ခဲ့ပါတယ္။

ညာေနာက္ခံလူေနရာမွာ တိုက္စစ္ဆိုရင္ အာႏုိးလ္ဒ္၊ ခံစစ္ဆုိရင္ ဝန္ဘစ္ဆာကာလို႔ ခ်ီးက်ဴးခဲ့ရတဲ့အခ်ိန္မွာ ဆုိးလ္ရွားကေတာ့ သူ႕လူကို အရန္ခုံမွာ သိမ္းဆည္းထားခဲ့ၿပီး ဒါေၾကာင့္လည္း ဒီေန႔ပြဲမွာ အလွဳပ္ကစားတဲ့ ပဲေလ့စ္ရဲ႕ ေတာင္ပံသမားေတြျဖစ္တဲ့ ဇာဟာနဲ႔ ရွလု(ပ္)တုိ႔ရဲ႕ ဘယ္ျခမ္းက တန္ျပန္တုိက္စစ္ေတြကို စိတ္ႀကဳိက္ကစားသြားႏုိင္ခဲ့တာပါ။

ေစာေစာစီးစီးလုိ႔ပဲ ေျပာရမယ့္ ပြဲခ်ိန္ ၇ မိနစ္မွာပဲ တန္ျပန္တုိက္စစ္ကေန ရွလု(ပ္) ျဖတ္တင္ေပးလုိက္တာကို ယူႏုိက္တက္ခံစစ္သမားေတြ ရွင္းမထုတ္ႏုိင္ခဲ့ဘဲ ေနာက္က်ေနတာကတစ္ဆင့္ ညာျခမ္းက ေတာင္ဆန္းက ေထာင့္ျဖတ္ပိတ္သြင္းခဲ့ရာမွာ ဟန္ခ်က္ပ်က္စျပဳေနတဲ့ ဒေဟးယား ပိတ္မထားႏုိင္ခဲ့ဘဲ အဖြင့္ဂိုး ခြင့္ျပဳေပးခဲ့ရပါတယ္။

တစ္ပြဲလုံးမွာ ေဘာလုံးပုိင္ဆုိင္မွဳ ၇၅ ရာခိုင္ႏွဳန္းေလာက္ရခဲ့တဲ့ ယူႏိုက္တက္အေနနဲ႔ အခ်ိတ္အဆက္နဲ႔ နားလည္မွဳေတြ လြဲေနခဲ့သလို ကြင္းလယ္က ေပါ့ဘာနဲ႔ မက္ေတာ္မီေနးတုိ႔ရဲ႕ ဖန္တီးမွဳေတြကလည္း အဆင္မေျပခဲ့ဘဲ ကြင္းလယ္ကစားသမားေတြအေနနဲ႔ ဂိုးဧရိယာအျပင္ကေနပဲ ကန္သြင္းေနခဲ့ၾကလို႔ ဂိုးသမား ဂြဳိင္တာ ကာကြယ္သြားႏုိင္ခဲ့ၿပီး ပဲေလ့စ္ခံစစ္ကလည္း ပိတ္ဆို႔ထားႏုိင္ခဲ့တာေၾကာင့္ ပထမပုိင္းက တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပုိင္းမွာလည္း ပဲေလ့စ္ရဲ႕ တန္ျပန္တုိက္စစ္ေတြကေတာ့ ဂိုးလိုခ်င္လုိ႔ တက္ဖိကစားေနတဲ့ ယူႏုိက္တက္ခံစစ္ကို ဖ႐ိုဖရဲျဖစ္ေစခဲ့သလို ေလ့က်င့္သား ျပည့္ဝမွဳ မရွိတဲ့ မက္ဂြဳိင္းယားနဲ႔ အဖြဲ႕ကလည္း ဒေဟးယားကို အလုပ္မ်ားေစခဲ့ပါတယ္။ ပြဲခ်ိန္ ၅၉ မိနစ္မွာ ဖိုဆူမန္ဆာရဲ႕ ရွားရွားပါးပါး ျဖတ္တင္ေဘာေကာင္းတစ္ခုကို လူစားဝင္တုိက္စစ္မွဴး ဂရင္းဝုဒ္ရဲ႕ ေခါင္းတုိက္ခ်က္ မပုိင္ခဲ့လုိ႔လည္း ေခ်ပဂိုး နစ္နာခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ လူစားဝင္ကစားသမား ဗန္ဒဘိခ္ လူေပးမွားရာကေန ပဲေလ့စ္တုိ႔ တန္ျပန္တုိက္စစ္ဆင္ႏုိင္ခဲ့ၿပီး ခံစစ္ကို ေက်ာ္ျဖတ္သြားႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး ေဂ်ာ္ဒန္ အာယူးရဲ႕ ကန္ခ်က္ကို ေနာက္ခံလူ လင္ဒီေလာ့ဖ္ လက္ထိခဲ့ရာကေန ပင္နယ္တီ သတ္မွတ္ေပးခဲ့ရာမွာ သူကိုယ္တုိင္ ကန္သြင္းခဲ့တာကို ဒေဟးယား ကာကြယ္ႏုိင္ခဲ့ေပမယ့္ ေဘာလုံးကို ကန္သူက မထိခင္မွာ ဂိုးသမားက စည္းေပၚကေန ေရွ႕ေရာက္ေနခဲ့လို႔ ထပ္ကန္ခဲ့ရပါတယ္။

ဒီတစ္ခါမွာေတာ့ ယူႏုိက္တက္ခံစစ္ကို ေတာင္ပံေတြကေန ဒုကၡေပးေနခဲ့တဲ့ တုိက္စစ္မွဴး ဇာဟာက တည္တည္ၿငိမ္ၿငိမ္နဲ႔ ကန္သြင္းႏုိင္ခဲ့လို႔ ဒေဟးယား မကာကြယ္ႏုိင္ခဲ့ဘဲ ဒုတိယဂိုး ထပ္ေပးခဲ့ရၿပီး အုိးလ္ထရက္ဖို႔ဒ္ကြင္းႀကီးမွာ အိမ္ရွင္တုိ႔အတြက္ ၿပီးခဲ့တဲ့ႏွစ္ကလို ရလဒ္ ထြက္ေပၚဖို႔ ျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၈၀ မွာေတာ့ ဖိုဆူမန္ဆားရဲ႕ ညာေတာင္ပံက ျဖတ္တင္ေဘာကို ပဲေလ့စ္ခံစစ္ရွင္းထုတ္ရာမွာ မပီျပင္ခဲ့ဘဲ ဂိုးဧရိယာထဲ ျပန္ဝင္လာခဲ့တာကို မာကင္လြတ္ေနတဲ့ ဗန္ဒဘိခ္က အေဝးတုိင္ဘက္ကို သပ္သပ္ရပ္ရပ္ သြင္းယူခဲ့ရာမွာ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရရွိခဲ့ၿပီး ဂိုးထပ္ရႏုိင္ဖို႔ ဆုိးလ္ရွားက ဖိုဆူမန္ဆားေနရာမွာ အီဂါလိုကို ထပ္ထည့္ခံပါတယ္။

၈၅ မိနစ္မွာေတာ့ ပဲေလ့စ္တုိ႔ ဂိုးထပ္ရခဲ့ၿပီး ဘယ္ေတာင္ပံက မစ္ရွဲလ္ အနိမ့္ေဘာျဖတ္ခ်ဳိးေပးတာကို ဇာဟာက သူ႕ရဲ႕ တစ္ကိုယ္ေတာ္ ေျခစြမ္းနဲ႔ ေနာက္ခံလူ လင္ဒီေလာ့ဖ္ကို လွည့္ထြက္ၿပီး မက္ဂြဳိင္းယား မပိတ္ဆုိ႔ႏိုင္ခင္မွာပဲ ကန္သြင္းယူခဲ့တာကို ဂိုးသမား ဒေဟးယားကလည္း ဟန္ခ်က္ပ်က္ေနခဲ့တာေၾကာင့္ ဂိုးေပးခဲ့ရၿပီး ဒီဂိုးကေတာ့ ဟန္ဒါဆန္ကို ျမင္ခ်င္ၾကတဲ့ ပရိသတ္ေတြအတြက္ေတာ့ ေတာင္းဆုိစရာတစ္ရပ္လည္း ျဖစ္လာႏုိင္ပါတယ္။

နာက်င္အခ်ိန္ပို ၆ မိနစ္ ၿပီးဆုံးခ်ိန္မွာေတာ့ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က အုိးလ္ထရက္ဖို႔ဒ္ ရွဳံးေၾကြးကို မဆပ္ႏုိင္ခဲ့ဘဲ အေၾကြးထပ္တင္သြားခဲ့သလို နည္းျပ ဆုိးလ္ရွားအတြက္ ဝန္ဆစ္ဘာကာ မရွိခ်ိန္မွာ ေတာ္ေတာ္ေလး အထိုင္ပ်က္ခဲ့ရတဲ့ ျမင္းခြာက သံတစ္ေခ်ာင္း ကၽြတ္တဲ့ ပုံျပင္လုိပဲ ျဖစ္ခဲ့ရၿပီး ကစားသမားပုိင္းဆုိင္ရာ လိုအပ္ခ်က္ေတြအတြက္ေတာ့ အားမျဖည့္ရင္ ရာသီသစ္မွာ မ်က္ႏွာပ်က္ရႏုိင္တယ္လို႔ အသင္းတာဝန္ရွိသူေတြအေနနဲ႔ လက္ေတြ႕ျမင္ခဲ့ရတဲ့ ပြဲတစ္ပြဲလည္းျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ပွဲမှာ ကစားသမားတချို့ကို မသုံးခဲ့ဘဲ အနားပေးခဲ့ရာမှာ လိုင်းနပ်ဝင်နေကျမဟုတ်တဲ့သူတွေရဲ့ ခြေမမှန်မှုကို ခံခဲ့ရပြီး အိမ်ကွင်းမှာ ပြီးခဲ့တဲ့နှစ်က ရှုံးကြွေးကို မဆပ်နိုင်ခဲ့ဘဲ ခန့်မှန်းသူတွေရဲ့ ရလဒ်တွေကိုလည်း တလွဲဖြစ်စေခဲ့ပြီး မျက်နှာပျက်ခဲ့ရသလို အသင်းအတွက် ကစားသမားသစ်တွေ လိုအပ်နေပြီဆိုတာကိုလည်း သိသာစေခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။

ညာနောက်ခံလူနေရာမှာ တိုက်စစ်ဆိုရင် အာနိုးလ်ဒ်၊ ခံစစ်ဆိုရင် ဝန်ဘစ်ဆာကာလို့ ချီးကျူးခဲ့ရတဲ့အချိန်မှာ ဆိုးလ်ရှားကတော့ သူ့လူကို အရန်ခုံမှာ သိမ်းဆည်းထားခဲ့ပြီး ဒါကြောင့်လည်း ဒီနေ့ပွဲမှာ အလှုပ်ကစားတဲ့ ပဲလေ့စ်ရဲ့ တောင်ပံသမားတွေဖြစ်တဲ့ ဇာဟာနဲ့ ရှလု(ပ်)တို့ရဲ့ ဘယ်ခြမ်းက တန်ပြန်တိုက်စစ်တွေကို စိတ်ကြိုက်ကစားသွားနိုင်ခဲ့တာပါ။

စောစောစီးစီးလို့ပဲ ပြောရမယ့် ပွဲချိန် ၇ မိနစ်မှာပဲ တန်ပြန်တိုက်စစ်ကနေ ရှလု(ပ်) ဖြတ်တင်ပေးလိုက်တာကို ယူနိုက်တက်ခံစစ်သမားတွေ ရှင်းမထုတ်နိုင်ခဲ့ဘဲ နောက်ကျနေတာကတစ်ဆင့် ညာခြမ်းက တောင်ဆန်းက ထောင့်ဖြတ်ပိတ်သွင်းခဲ့ရာမှာ ဟန်ချက်ပျက်စပြုနေတဲ့ ဒဟေးယား ပိတ်မထားနိုင်ခဲ့ဘဲ အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။

တစ်ပွဲလုံးမှာ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းလောက်ရခဲ့တဲ့ ယူနိုက်တက်အနေနဲ့ အချိတ်အဆက်နဲ့ နားလည်မှုတွေ လွဲနေခဲ့သလို ကွင်းလယ်က ပေါ့ဘာနဲ့ မက်တော်မီနေးတို့ရဲ့ ဖန်တီးမှုတွေကလည်း အဆင်မပြေခဲ့ဘဲ ကွင်းလယ်ကစားသမားတွေအနေနဲ့ ဂိုးဧရိယာအပြင်ကနေပဲ ကန်သွင်းနေခဲ့ကြလို့ ဂိုးသမား ဂွိုင်တာ ကာကွယ်သွားနိုင်ခဲ့ပြီး ပဲလေ့စ်ခံစစ်ကလည်း ပိတ်ဆို့ထားနိုင်ခဲ့တာကြောင့် ပထမပိုင်းက တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပဲလေ့စ်ရဲ့ တန်ပြန်တိုက်စစ်တွေကတော့ ဂိုးလိုချင်လို့ တက်ဖိကစားနေတဲ့ ယူနိုက်တက်ခံစစ်ကို ဖရိုဖရဲဖြစ်စေခဲ့သလို လေ့ကျင့်သား ပြည့်ဝမှု မရှိတဲ့ မက်ဂွိုင်းယားနဲ့ အဖွဲ့ကလည်း ဒဟေးယားကို အလုပ်များစေခဲ့ပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာ ဖိုဆူမန်ဆာရဲ့ ရှားရှားပါးပါး ဖြတ်တင်ဘောကောင်းတစ်ခုကို လူစားဝင်တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ ခေါင်းတိုက်ချက် မပိုင်ခဲ့လို့လည်း ချေပဂိုး နစ်နာခဲ့ရပြန်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ လူစားဝင်ကစားသမား ဗန်ဒဘိခ် လူပေးမှားရာကနေ ပဲလေ့စ်တို့ တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ခံစစ်ကို ကျော်ဖြတ်သွားနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျော်ဒန် အာယူးရဲ့ ကန်ချက်ကို နောက်ခံလူ လင်ဒီလော့ဖ် လက်ထိခဲ့ရာကနေ ပင်နယ်တီ သတ်မှတ်ပေးခဲ့ရာမှာ သူကိုယ်တိုင် ကန်သွင်းခဲ့တာကို ဒဟေးယား ကာကွယ်နိုင်ခဲ့ပေမယ့် ဘောလုံးကို ကန်သူက မထိခင်မှာ ဂိုးသမားက စည်းပေါ်ကနေ ရှေ့ရောက်နေခဲ့လို့ ထပ်ကန်ခဲ့ရပါတယ်။

ဒီတစ်ခါမှာတော့ ယူနိုက်တက်ခံစစ်ကို တောင်ပံတွေကနေ ဒုက္ခပေးနေခဲ့တဲ့ တိုက်စစ်မှူး ဇာဟာက တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းနိုင်ခဲ့လို့ ဒဟေးယား မကာကွယ်နိုင်ခဲ့ဘဲ ဒုတိယဂိုး ထပ်ပေးခဲ့ရပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးမှာ အိမ်ရှင်တို့အတွက် ပြီးခဲ့တဲ့နှစ်ကလို ရလဒ် ထွက်ပေါ်ဖို့ ဖြစ်လာခဲ့ပါတယ်။

ပွဲချိန်မိနစ် ၈၀ မှာတော့ ဖိုဆူမန်ဆားရဲ့ ညာတောင်ပံက ဖြတ်တင်ဘောကို ပဲလေ့စ်ခံစစ်ရှင်းထုတ်ရာမှာ မပီပြင်ခဲ့ဘဲ ဂိုးဧရိယာထဲ ပြန်ဝင်လာခဲ့တာကို မာကင်လွတ်နေတဲ့ ဗန်ဒဘိခ်က အဝေးတိုင်ဘက်ကို သပ်သပ်ရပ်ရပ် သွင်းယူခဲ့ရာမှာ ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပြီး ဂိုးထပ်ရနိုင်ဖို့ ဆိုးလ်ရှားက ဖိုဆူမန်ဆားနေရာမှာ အီဂါလိုကို ထပ်ထည့်ခံပါတယ်။

၈၅ မိနစ်မှာတော့ ပဲလေ့စ်တို့ ဂိုးထပ်ရခဲ့ပြီး ဘယ်တောင်ပံက မစ်ရှဲလ် အနိမ့်ဘောဖြတ်ချိုးပေးတာကို ဇာဟာက သူ့ရဲ့ တစ်ကိုယ်တော် ခြေစွမ်းနဲ့ နောက်ခံလူ လင်ဒီလော့ဖ်ကို လှည့်ထွက်ပြီး မက်ဂွိုင်းယား မပိတ်ဆို့နိုင်ခင်မှာပဲ ကန်သွင်းယူခဲ့တာကို ဂိုးသမား ဒဟေးယားကလည်း ဟန်ချက်ပျက်နေခဲ့တာကြောင့် ဂိုးပေးခဲ့ရပြီး ဒီဂိုးကတော့ ဟန်ဒါဆန်ကို မြင်ချင်ကြတဲ့ ပရိသတ်တွေအတွက်တော့ တောင်းဆိုစရာတစ်ရပ်လည်း ဖြစ်လာနိုင်ပါတယ်။

နာကျင်အချိန်ပို ၆ မိနစ် ပြီးဆုံးချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့နှစ်က အိုးလ်ထရက်ဖို့ဒ် ရှုံးကြွေးကို မဆပ်နိုင်ခဲ့ဘဲ အကြွေးထပ်တင်သွားခဲ့သလို နည်းပြ ဆိုးလ်ရှားအတွက် ဝန်ဆစ်ဘာကာ မရှိချိန်မှာ တော်တော်လေး အထိုင်ပျက်ခဲ့ရတဲ့ မြင်းခွာက သံတစ်ချောင်း ကျွတ်တဲ့ ပုံပြင်လိုပဲ ဖြစ်ခဲ့ရပြီး ကစားသမားပိုင်းဆိုင်ရာ လိုအပ်ချက်တွေအတွက်တော့ အားမဖြည့်ရင် ရာသီသစ်မှာ မျက်နှာပျက်ရနိုင်တယ်လို့ အသင်းတာဝန်ရှိသူတွေအနေနဲ့ လက်တွေ့မြင်ခဲ့ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.