အယ်လ် နက်ဆာနည်းပြ ရူဒီ ဂါစီယာဟာ ဆော်ဒီ အာရေဗျမှာ ရော်နယ်လ်ဒို ပထမဆုံး ပါဝင်ကစားပေးမယ့် ပွဲဦးထွက်ပွဲစဉ်နဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်မှာ အယ်လ် နက်ဆာအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပေမယ့်လည်း ဆော်ဒီ အာရေဗျကလပ်အသင်းအတွက် ပွဲဦးထွက်ပွဲစဉ်ဟာ နှောင့်နှေးကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။ ဘလွန်ဒေါ ၅ ဆုရှင်ဟာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ဥမင်လျှောက်လမ်းထဲကို ဆင်းချိန်မှာ အဲဗာတန်ပရိသတ်ကလေးငယ်လက်ထဲက ဖုန်းကို ရိုက်ချခဲ့ပြီးနောက် အက်ဖ်အေရဲ့ မလျော်ကန်တဲ့ အပြုအမူနဲ့ စွဲချက်တင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ဒဏ်ကြေးငွေ ပေါင် ၅ သောင်းနဲ့ ၂ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ပွဲပယ် ပြစ်ဒဏ်ကျခံနေခဲ့ရတာ ဖြစ်ပါတယ်။ အသင်းသစ် အယ်လ် နက်ဆာအတွက် ပွဲဦးထွက်ပါဝင်ကစားပေးဖို့ စိတ်ပျက်ဖွယ် စောင့်ဆိုင်းနေခဲ့ရပြီးနောက် ရော်နယ်လ်ဒိုဟာ နောက်ဆုံးမှာတော့ ဇန်နဝါရီလထဲမှာပဲ ပွဲဦးထွက်ပွဲစဉ်ကို ပါဝင်ကစားပေးသွားတော့မှာဖြစ်ပေမယ့်လည်း အယ်လ် နက်ဆာအသင်းအတွက်တော့ မဟုတ်တာ ဖြစ်ပါတယ်။
ရူဒီ ဂါစီယာက ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးရဲ့ ဆော်ဒီ အာရေဗျက ပထမဆုံးပွဲစဉ်ဟာ လိဂန်းချန်ပီယံတွေဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ကစားရမယ့် ခြေစမ်းပွဲစဉ်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ လီယွန်နယ် မက်ဆီ ဦးဆောင်လာမယ့် ပီအက်စ်ဂျီအသင်းနဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ King Fahd ကွင်းမှာ ကစားရမယ့် ဆော်ဒီ အာရေဗျ ကြယ်စင်စုအသင်းအတွက် ပါဝင်ကစားပေးသွားဖို့ စီစဉ်နေတာဖြစ်ပြီး ဂါစီယာက အဲဒါနဲ့ပတ်သက်ပြီး စိတ်ကျေနပ်ခြင်းမရှိတာဖြစ်ပါတယ်။
“အယ်လ် နက်ဆာ ဂျာစီနဲ့ ကစားမှာမဟုတ်ပါဘူး။ အဲဒါက အယ်လ် ဟီလာလ်နဲ့ အယ်လ် နက်ဆာရောထားတဲ့ ဂျာစီဖြစ်ပါလိမ့်မယ်။ အယ်လ် နက်ဆာရဲ့နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော် ဒီပွဲစဉ်နဲ့ပတ်သက်ပြီးမပျော်ရွှင်နိုင်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပီအက်စ်ဂျီနဲ့ တွေ့ဆုံရမှာ၊ ပီအက်စ်ဂျီကစားသမားတွေနဲ့တွေ့ဆုံရမှာကတော့ တကယ်တမ်းကျ ကောင်းမွန်တဲ့အရာပါ။ ဒါပေမယ့် ကျွန်တော်တို့ ၃ ရက်အကြာမှာ ချန်ပီယံရှစ်ပွဲရှိပါတယ်။ အချိန်စာရင်းအရပြောရရင် ပိုပြီးကောင်းမွန်အောင် လုပ်သင့်ပါတယ်”
“ဒါပေမယ့် အဲဒါက ရေးကြီးခွင်ကျယ်တော့မဟုတ်ပါဘူး။ ကျွန်တော်တို့က ဦးဆောင်နေပြီး ကျွန်တော်တို့ ပျော်ရွှင်နေပါတယ်။ အနိုင်ရရှိဖို့ ခက်ခဲတဲ့ ချန်ပီယံရှစ်ဖြစ်ပေမယ့် ကျွန်တော်တို့ အဲဒါကို အနိုင်ရရှိဖို့ ရည်ရွယ်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အယ္လ္ နက္ဆာနည္းျပ ႐ူဒီ ဂါစီယာဟာ ေဆာ္ဒီ အာေရဗ်မွာ ေရာ္နယ္လ္ဒို ပထမဆုံး ပါဝင္ကစားေပးမယ့္ ပြဲဦးထြက္ပြဲစဥ္နဲ႔ပတ္သက္ၿပီး မေက်မနပ္ျဖစ္ေနေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလကုန္မွာ အယ္လ္ နက္ဆာအသင္းနဲ႔ ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သူျဖစ္ေပမယ့္လည္း ေဆာ္ဒီ အာေရဗ်ကလပ္အသင္းအတြက္ ပြဲဦးထြက္ပြဲစဥ္ဟာ ေႏွာင့္ေႏွးၾကန႔္ၾကာေနခဲ့တာျဖစ္ပါတယ္။ ဘလြန္ေဒါ ၅ ဆုရွင္ဟာ အဲဗာတန္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး ဥမင္ေလွ်ာက္လမ္းထဲကို ဆင္းခ်ိန္မွာ အဲဗာတန္ပရိသတ္ကေလးငယ္လက္ထဲက ဖုန္းကို ႐ိုက္ခ်ခဲ့ၿပီးေနာက္ အက္ဖ္ေအရဲ႕ မေလ်ာ္ကန္တဲ့ အျပဳအမူနဲ႔ စြဲခ်က္တင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။
ေရာ္နယ္လ္ဒိုဟာ ဒဏ္ေၾကးေငြ ေပါင္ ၅ ေသာင္းနဲ႔ ၂ ပြဲပယ္ ျပစ္ဒဏ္ ခ်မွတ္ျခင္း ခံခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာ ပြဲပယ္ ျပစ္ဒဏ္က်ခံေနခဲ့ရတာ ျဖစ္ပါတယ္။ အသင္းသစ္ အယ္လ္ နက္ဆာအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးဖို႔ စိတ္ပ်က္ဖြယ္ ေစာင့္ဆိုင္းေနခဲ့ရၿပီးေနာက္ ေရာ္နယ္လ္ဒိုဟာ ေနာက္ဆုံးမွာေတာ့ ဇန္နဝါရီလထဲမွာပဲ ပြဲဦးထြက္ပြဲစဥ္ကို ပါဝင္ကစားေပးသြားေတာ့မွာျဖစ္ေပမယ့္လည္း အယ္လ္ နက္ဆာအသင္းအတြက္ေတာ့ မဟုတ္တာ ျဖစ္ပါတယ္။
႐ူဒီ ဂါစီယာက ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ ေဆာ္ဒီ အာေရဗ်က ပထမဆုံးပြဲစဥ္ဟာ လိဂန္းခ်န္ပီယံေတြျဖစ္တဲ့ ပီအက္စ္ဂ်ီနဲ႔ ကစားရမယ့္ ေျခစမ္းပြဲစဥ္မွာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လီယြန္နယ္ မက္ဆီ ဦးေဆာင္လာမယ့္ ပီအက္စ္ဂ်ီအသင္းနဲ႔ ဇန္နဝါရီ ၁၉ ရက္ေန႔ King Fahd ကြင္းမွာ ကစားရမယ့္ ေဆာ္ဒီ အာေရဗ် ၾကယ္စင္စုအသင္းအတြက္ ပါဝင္ကစားေပးသြားဖို႔ စီစဥ္ေနတာျဖစ္ၿပီး ဂါစီယာက အဲဒါနဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္ျခင္းမရွိတာျဖစ္ပါတယ္။
“အယ္လ္ နက္ဆာ ဂ်ာစီနဲ႔ ကစားမွာမဟုတ္ပါဘူး။ အဲဒါက အယ္လ္ ဟီလာလ္နဲ႔ အယ္လ္ နက္ဆာေရာထားတဲ့ ဂ်ာစီျဖစ္ပါလိမ့္မယ္။ အယ္လ္ နက္ဆာရဲ႕နည္းျပတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ ဒီပြဲစဥ္နဲ႔ပတ္သက္ၿပီးမေပ်ာ္႐ႊင္ႏိုင္ပါဘူး။ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ပီအက္စ္ဂ်ီနဲ႔ ေတြ႕ဆုံရမွာ၊ ပီအက္စ္ဂ်ီကစားသမားေတြနဲ႔ေတြ႕ဆုံရမွာကေတာ့ တကယ္တမ္းက် ေကာင္းမြန္တဲ့အရာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ၃ ရက္အၾကာမွာ ခ်န္ပီယံရွစ္ပြဲရွိပါတယ္။ အခ်ိန္စာရင္းအရေျပာရရင္ ပိုၿပီးေကာင္းမြန္ေအာင္ လုပ္သင့္ပါတယ္”
“ဒါေပမယ့္ အဲဒါက ေရးႀကီးခြင္က်ယ္ေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က ဦးေဆာင္ေနၿပီး ကြၽန္ေတာ္တို႔ ေပ်ာ္႐ႊင္ေနပါတယ္။ အႏိုင္ရရွိဖို႔ ခက္ခဲတဲ့ ခ်န္ပီယံရွစ္ျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ အဲဒါကို အႏိုင္ရရွိဖို႔ ရည္႐ြယ္ထားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.