အေစီမီလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာတာရူဆာနူး၊ ခံစစ်မှာ တိုမိုရီ၊ ကာလူးလူး၊ ကာလာဘရီးယားနဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ တိုနာလီ၊ ဘင်နာဆာနဲ့ ဘရာဟင်မ် ဒီယက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆယ်လီမေကာစ်၊ ရာဖေးလ် လီယာအိုနဲ့ ဂျီရူးတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ပွဲပယ်ခံထားရတဲ့ မော်ရင်ညိုရဲ့ ရိုးမားအသင်းကတော့ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ စမောလင်း၊ အီဘာညက်ဇ်နဲ့ မန်ချီနီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ချယ်လိခ်၊ ဇာလက်ဗ်စကီး၊ ခရစ္စတန်တေနဲ့ ပယ်လီဂရီနီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဇာနျိုလို၊ ဒီဘားလားနဲ့ အေဘရာဟမ်တို့ကို တွဲဖက်ပေးခဲ့တာပါ။
တိုနာလီနဲ့ ဘင်နာဆာတို့ ဦးဆောင်နေခဲ့တဲ့ အိမ်ရှင် မီလန်သားတွေရဲ့ ကွင်းလယ်ကစားကွက်နဲ့ ဘောလုံးပိုင်ဆိုင်မှုကို ရိုးမားတို့ ယှဉ်ကစားဖို့ မကြိုးစားခဲ့ဘဲ ခံစစ်ကို အားပြုဖို့ကိုပဲ ရွေးချယ်ခဲ့ရသလို ခရစ္စတန်တေနဲ့ ပယ်လီဂရီနီတို့ရဲ့ ကွင်းလယ်အထိုင်အနေနဲ့ ကောင်တာတွေကို ပံ့ပိုးဖို့ကိုလည်း သိပ်ပြီးတော့ မစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၃၀ မှာ ပုံစံကောင်းရနေတဲ့ အေစီမီလန်တို့ပဲ အဖွင့်ဂိုးကို စတင်ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရာဟင်မ် ဒီယက်ဇ်ရဲ့ ကန်ချက်ကို ဂိုးသမား ပက်ထရီစီယို ပုတ်ထုတ်လို့ ရတဲ့ ညာထောင့်ကန်ဘောကနေ တိုနာလီ ကန်တင်ပေးရာမှာ နောက်ခံလူ ကာလူးလူးက ရိုးမားခံစစ်ကြားကနေ ဒိုက်ဗင်ထိုး ခေါင်းတိုက်သွင်းယူခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။
ပထမပိုင်းမှာတော့ ပွဲကို အေစီမီလန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း သူတို့တွေပဲ ပွဲကို စိုးမိုးထားခဲ့တာကြောင့် ရိုးမားတို့အနေနဲ့ ခရစ္စတန်တေ၊ ဇာနျိုလိုတို့ ကွင်းလယ်အထိုင်ကို အတွဲလိုက် ဖြုတ်လဲပစ်ခဲ့ပြီး မန်ယူကနေ ပြောင်းလာတဲ့ မာတစ်ချ်နဲ့ တာဟီရိုဗစ်ချ်တို့ကို လူစားလဲခဲ့ရာမှာတော့ အပေါင်းလက္ခဏာ ပြန်ဆောင်လာခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန် ၇၇ မိနစ်မှာ အေစီမီလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဗရန့်ခ်စ်ရဲ့ ပေးပို့မှုကို ရာဖေးလ် လီယာအိုက ဘယ်ခြမ်းကနေ ဆွဲပြေးပြီး ဧရိယာထဲကို ခင်းပေးရာမှာ လူစားဝင်ကွင်းလယ်လူ ပိုဘီဂါက အနိမ့်ဘောကန်သွင်းပြီး ဂိုးသမား ပက်ထရီစီယိုကို အနိုင်ယူသွားခဲ့တာပါ။
ရိုးမားတို့အနေနဲ့ နှစ်ဂိုးရှုံးနိမ့်နေခဲ့ချိန်မှာတော့ တိုက်စစ်ကို ပြင်ဆင်လာခဲ့ပြီး ညာတောင်ပံက ချယ်လိခ်အစား အယ်လ်ရှာရာဝီနဲ့ နောက်ခံလူ မန်ချီနီအစား ဘယ်လော့တီတို့ကို ထည့်ပြီး ၄-၃-၃ ပြောင်းကစားလာခဲ့သလို အေစီမီလန်တို့ကတော့ ခံစစ်ကို သေသေချာချာ ပြင်ဆင်ခဲ့ခြင်း မရှိခဲ့လို့ ပွဲက ပြီးခါနီးမှာ ဧည့်သည်တွေ ပြန်သာလာခဲ့ပါတယ်။
ပွဲချိန် ၈၇ မိနစ်မှာတော့ ရိုးမားတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အသင်းခေါင်းဆောင် ပယ်လီဂရီနီက ကန်တင်ပေးရာမှာ အေစီမီလန်နောက်ခံလူတွေကြားက အမြင့်ဆုံးခုန်နိုင်ခဲ့တဲ့ အီဘာညက်ဇ်က ခေါင်းတိုက်ချက်ပြင်းပြင်းနဲ့ သွင်းယူခဲ့ရာမှာ အိမ်ရှင်ဂိုးသမား တာတာရူဆာနူး မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။
နာကျင်အချိန်ပို ၃ မိနစ်မှာတော့ သရေကျစေမယ့် ဒုတိယချေပဂိုးကို ရိုးမားတို့ ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ပယ်လီဂရီနီပဲ ကန်တင်ပေးရာမှာ ဧရိယာထဲမှာ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရတဲ့ မာတစ်ချ်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် အေဘရာဟမ်က ထပ်ဆင့်ပိတ်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ အမှတ်ခွဲပေးဖို့ဖြစ်လာခဲ့ရပါတယ်။
ပွဲချိန်အပြည့်မှာတော့ ဒုတိယနေရာက အေစီမီလန်တို့ သရေတစ်မှတ်နဲ့ စိတ်ပျက်ခဲ့ရပြီး ဗျူဟာအလှည့်အပြောင်းတွေမှာ နောက်ကနေ မဆုတ်မနစ် ကြိုးစားပြီး နှစ်ဂိုးလိုက်သွင်းနိုင်ခဲ့တဲ့ မော်ရင်ညိုရဲ့ ရိုးမားတို့ကတော့ စိတ်ဓာတ်ကောင်းနဲ့ အမှတ်ခွဲယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နဲ့ သုံးမှတ်အကွာ အဆင့် ၆ မှာ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ေအစီမီလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာတာ႐ူဆာႏူး၊ ခံစစ္မွာ တိုမိုရီ၊ ကာလူးလူး၊ ကာလာဘရီးယားနဲ႔ သီယို ဟာနန္ဒက္ဇ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ တိုနာလီ၊ ဘင္နာဆာနဲ႔ ဘရာဟင္မ္ ဒီယက္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆယ္လီေမကာစ္၊ ရာေဖးလ္ လီယာအိုနဲ႔ ဂ်ီ႐ူးတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ပြဲပယ္ခံထားရတဲ့ ေမာ္ရင္ညိဳရဲ႕ ႐ိုးမားအသင္းကေတာ့ ဂိုးသမား ႐ူအီ ပက္ထရီစီယို၊ ခံစစ္မွာ စေမာလင္း၊ အီဘာညက္ဇ္နဲ႔ မန္ခ်ီနီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခ်ယ္လိခ္၊ ဇာလက္ဗ္စကီး၊ ခရစၥတန္ေတနဲ႔ ပယ္လီဂရီနီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဇာန်ိဳလို၊ ဒီဘားလားနဲ႔ ေအဘရာဟမ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။
တိုနာလီနဲ႔ ဘင္နာဆာတို႔ ဦးေဆာင္ေနခဲ့တဲ့ အိမ္ရွင္ မီလန္သားေတြရဲ႕ ကြင္းလယ္ကစားကြက္နဲ႔ ေဘာလုံးပိုင္ဆိုင္မႈကို ႐ိုးမားတို႔ ယွဥ္ကစားဖို႔ မႀကိဳးစားခဲ့ဘဲ ခံစစ္ကို အားျပဳဖို႔ကိုပဲ ေ႐ြးခ်ယ္ခဲ့ရသလို ခရစၥတန္ေတနဲ႔ ပယ္လီဂရီနီတို႔ရဲ႕ ကြင္းလယ္အထိုင္အေနနဲ႔ ေကာင္တာေတြကို ပံ့ပိုးဖို႔ကိုလည္း သိပ္ၿပီးေတာ့ မစြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ မိနစ္ ၃၀ မွာ ပုံစံေကာင္းရေနတဲ့ ေအစီမီလန္တို႔ပဲ အဖြင့္ဂိုးကို စတင္ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘရာဟင္မ္ ဒီယက္ဇ္ရဲ႕ ကန္ခ်က္ကို ဂိုးသမား ပက္ထရီစီယို ပုတ္ထုတ္လို႔ ရတဲ့ ညာေထာင့္ကန္ေဘာကေန တိုနာလီ ကန္တင္ေပးရာမွာ ေနာက္ခံလူ ကာလူးလူးက ႐ိုးမားခံစစ္ၾကားကေန ဒိုက္ဗင္ထိုး ေခါင္းတိုက္သြင္းယူခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။
ပထမပိုင္းမွာေတာ့ ပြဲကို ေအစီမီလန္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း သူတို႔ေတြပဲ ပြဲကို စိုးမိုးထားခဲ့တာေၾကာင့္ ႐ိုးမားတို႔အေနနဲ႔ ခရစၥတန္ေတ၊ ဇာန်ိဳလိုတို႔ ကြင္းလယ္အထိုင္ကို အတြဲလိုက္ ျဖဳတ္လဲပစ္ခဲ့ၿပီး မန္ယူကေန ေျပာင္းလာတဲ့ မာတစ္ခ်္နဲ႔ တာဟီ႐ိုဗစ္ခ်္တို႔ကို လူစားလဲခဲ့ရာမွာေတာ့ အေပါင္းလကၡဏာ ျပန္ေဆာင္လာခဲ့ပါတယ္။
ဒါေပမယ့္ ပြဲခ်ိန္ ၇၇ မိနစ္မွာ ေအစီမီလန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဗရန႔္ခ္စ္ရဲ႕ ေပးပို႔မႈကို ရာေဖးလ္ လီယာအိုက ဘယ္ျခမ္းကေန ဆြဲေျပးၿပီး ဧရိယာထဲကို ခင္းေပးရာမွာ လူစားဝင္ကြင္းလယ္လူ ပိုဘီဂါက အနိမ့္ေဘာကန္သြင္းၿပီး ဂိုးသမား ပက္ထရီစီယိုကို အႏိုင္ယူသြားခဲ့တာပါ။
႐ိုးမားတို႔အေနနဲ႔ ႏွစ္ဂိုးရႈံးနိမ့္ေနခဲ့ခ်ိန္မွာေတာ့ တိုက္စစ္ကို ျပင္ဆင္လာခဲ့ၿပီး ညာေတာင္ပံက ခ်ယ္လိခ္အစား အယ္လ္ရွာရာဝီနဲ႔ ေနာက္ခံလူ မန္ခ်ီနီအစား ဘယ္ေလာ့တီတို႔ကို ထည့္ၿပီး ၄-၃-၃ ေျပာင္းကစားလာခဲ့သလို ေအစီမီလန္တို႔ကေတာ့ ခံစစ္ကို ေသေသခ်ာခ်ာ ျပင္ဆင္ခဲ့ျခင္း မရွိခဲ့လို႔ ပြဲက ၿပီးခါနီးမွာ ဧည့္သည္ေတြ ျပန္သာလာခဲ့ပါတယ္။
ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ႐ိုးမားတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန အသင္းေခါင္းေဆာင္ ပယ္လီဂရီနီက ကန္တင္ေပးရာမွာ ေအစီမီလန္ေနာက္ခံလူေတြၾကားက အျမင့္ဆုံးခုန္ႏိုင္ခဲ့တဲ့ အီဘာညက္ဇ္က ေခါင္းတိုက္ခ်က္ျပင္းျပင္းနဲ႔ သြင္းယူခဲ့ရာမွာ အိမ္ရွင္ဂိုးသမား တာတာ႐ူဆာႏူး မကာကြယ္ႏိုင္ဘဲျဖစ္ခဲ့ရတာပါ။
နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ သေရက်ေစမယ့္ ဒုတိယေခ်ပဂိုးကို ႐ိုးမားတို႔ ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို ပယ္လီဂရီနီပဲ ကန္တင္ေပးရာမွာ ဧရိယာထဲမွာ လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ရတဲ့ မာတစ္ခ်္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးသမား ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေအဘရာဟမ္က ထပ္ဆင့္ပိတ္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ အမွတ္ခြဲေပးဖို႔ျဖစ္လာခဲ့ရပါတယ္။
ပြဲခ်ိန္အျပည့္မွာေတာ့ ဒုတိယေနရာက ေအစီမီလန္တို႔ သေရတစ္မွတ္နဲ႔ စိတ္ပ်က္ခဲ့ရၿပီး ဗ်ဴဟာအလွည့္အေျပာင္းေတြမွာ ေနာက္ကေန မဆုတ္မနစ္ ႀကိဳးစားၿပီး ႏွစ္ဂိုးလိုက္သြင္းႏိုင္ခဲ့တဲ့ ေမာ္ရင္ညိဳရဲ႕ ႐ိုးမားတို႔ကေတာ့ စိတ္ဓာတ္ေကာင္းနဲ႔ အမွတ္ခြဲယူႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ဝင္ခြင့္ အဆင့္ ၄ နဲ႔ သုံးမွတ္အကြာ အဆင့္ ၆ မွာ ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.