အီဒင် ဂျက်ကိုဟာ အင်တာမီလန်နဲ့ မွန်ဇာတို့ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း လူကာကူးရဲ့ ဆိုးရွားတဲ့ အခိုက်အတန့်ကို ဟန်မဆောင်နိုင်ဘဲ ရယ်မောနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
လူကာကူးအတွက် ကံဆိုးစွာနဲ့ပဲ စနေနေ့က အင်တာမီလန်အသင်းဟာ မွန်ဇာကို နောက်ကျချေပဂိုး ခွင့်ပြုခဲ့ရချိန်မှာ နောက်ထပ်တစ်ကြိမ် ပြိုင်ဘက်အသင်းကို ဖိအားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့စီးရီးအေပွဲစဉ်အတွင်း ဘယ်လ်ဂျီယမ်တိုက်စစ်မှူးရဲ့ ဘောလုံးအထိန်းအသိမ်းကို နာပိုလီကစားသမားတွေက ရယ်မောခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ထပ်ဖြစ်ခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အသင်းဖော် ဂျက်ကို ကိုယ်တိုင်က မွန်ဇာနဲ့ပွဲက လူကာကူးရဲ့ဘောလုံးအထိန်းအသိမ်းကို ရယ်မောခဲ့တာဖြစ်ပါတယ်။
နာကျင်အချိန်ပိုမှာ လူကာကူးဟာ လက်ပစ်ဘောကနေ ဘောလုံးကို လက်ခံရယူခဲ့ရာမှာ အရှိန်မထိန်းနိုင်ဘဲ ဘောလုံးက ကွင်းဘေးစည်းကို ကျော်ပြီး မွန်ဇာအသင်းက လက်ပစ်ဘော ပြန်ရသွားခဲ့တာ ဖြစ်ပါတယ်။
Professional footballer. pic.twitter.com/0aivSRGLeZ
— Nima Tavallaey Roodsari (@NimaTavRood) January 7, 2023
လူကာကူးဟာ ဘောလုံးကို ဒူးခေါင်းနဲ့ ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး တော်တော်လေး ဆိုးရွားတဲ့ ထိတွေ့မှုဖြစ်ခဲ့တာကြောင့် အသင်းဖော်ကို ဘောလုံးပြန်ပေးပို့ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ပေးပို့မှုကလည်း လွဲချော်ခဲ့ပြီး လက်ပစ်ဘော ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံကင်မရာတွေက အင်တာမီလန်အသင်းဖော်ရဲ့ ရယ်မောဖွယ်ကောင်းတဲ့ ဘောလုံးအထိန်းအသိမ်းကို ဟန်မဆောင်နိုင်ဘဲ ရယ်မောနေတဲ့ ဂျက်ကိုဆီကို လှည့်ရိုက်ပြခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ အင်တာမီလန်အသင်းက ၂-၂ ဖြစ်သွားစေမယ့် ချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် အခြေအနေက ပိုပြီး ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။ လူကာကူးဟာ ချဲလ်ဆီးအသင်းကနေ အငှားနဲ့ လာရောက်ကစားနေသူဖြစ်ပြီး ယခုရာသီမှာ အင်တာမီလန်အသင်းအတွက် ၇ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်လည်သွားရောက်ဖို့ ဆန္ဒမရှိဘဲ ကလေးဘဝကလပ်အသင်းဖြစ်တဲ အန်ဒါလက်ချ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ချင်တဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အီဒင္ ဂ်က္ကိုဟာ အင္တာမီလန္နဲ႔ မြန္ဇာတို႔ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း လူကာကူးရဲ႕ ဆိုး႐ြားတဲ့ အခိုက္အတန႔္ကို ဟန္မေဆာင္ႏိုင္ဘဲ ရယ္ေမာေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။
လူကာကူးအတြက္ ကံဆိုးစြာနဲ႔ပဲ စေနေန႔က အင္တာမီလန္အသင္းဟာ မြန္ဇာကို ေနာက္က်ေခ်ပဂိုး ခြင့္ျပဳခဲ့ရခ်ိန္မွာ ေနာက္ထပ္တစ္ႀကိမ္ ၿပိဳင္ဘက္အသင္းကို ဖိအားေပးႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။
ဗုဒၶဟူးေန႔က ကစားခဲ့တဲ့စီးရီးေအပြဲစဥ္အတြင္း ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးရဲ႕ ေဘာလုံးအထိန္းအသိမ္းကို နာပိုလီကစားသမားေတြက ရယ္ေမာခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ထပ္ျဖစ္ခဲ့တာ ျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ အသင္းေဖာ္ ဂ်က္ကို ကိုယ္တိုင္က မြန္ဇာနဲ႔ပြဲက လူကာကူးရဲ႕ေဘာလုံးအထိန္းအသိမ္းကို ရယ္ေမာခဲ့တာျဖစ္ပါတယ္။
နာက်င္အခ်ိန္ပိုမွာ လူကာကူးဟာ လက္ပစ္ေဘာကေန ေဘာလုံးကို လက္ခံရယူခဲ့ရာမွာ အရွိန္မထိန္းႏိုင္ဘဲ ေဘာလုံးက ကြင္းေဘးစည္းကို ေက်ာ္ၿပီး မြန္ဇာအသင္းက လက္ပစ္ေဘာ ျပန္ရသြားခဲ့တာ ျဖစ္ပါတယ္။
Professional footballer. pic.twitter.com/0aivSRGLeZ
— Nima Tavallaey Roodsari (@NimaTavRood) January 7, 2023
လူကာကူးဟာ ေဘာလုံးကို ဒူးေခါင္းနဲ႔ ထိန္းသိမ္းဖို႔ ႀကိဳးပမ္းခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ေတာ္ေတာ္ေလး ဆိုး႐ြားတဲ့ ထိေတြ႕မႈျဖစ္ခဲ့တာေၾကာင့္ အသင္းေဖာ္ကို ေဘာလုံးျပန္ေပးပို႔ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေပးပို႔မႈကလည္း လြဲေခ်ာ္ခဲ့ၿပီး လက္ပစ္ေဘာ ျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။
႐ုပ္သံကင္မရာေတြက အင္တာမီလန္အသင္းေဖာ္ရဲ႕ ရယ္ေမာဖြယ္ေကာင္းတဲ့ ေဘာလုံးအထိန္းအသိမ္းကို ဟန္မေဆာင္ႏိုင္ဘဲ ရယ္ေမာေနတဲ့ ဂ်က္ကိုဆီကို လွည့္႐ိုက္ျပခဲ့တာျဖစ္ၿပီး သိပ္မၾကာခင္မွာပဲ အင္တာမီလန္အသင္းက ၂-၂ ျဖစ္သြားေစမယ့္ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရတာေၾကာင့္ အေျခအေနက ပိုၿပီး ဆိုး႐ြားသြားခဲ့တာျဖစ္ပါတယ္။ လူကာကူးဟာ ခ်ဲလ္ဆီးအသင္းကေန အငွားနဲ႔ လာေရာက္ကစားေနသူျဖစ္ၿပီး ယခုရာသီမွာ အင္တာမီလန္အသင္းအတြက္ ၇ ပြဲ ပါဝင္ကစားေပးထားရာမွာ ၂ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ျပန္လည္သြားေရာက္ဖို႔ ဆႏၵမရွိဘဲ ကေလးဘဝကလပ္အသင္းျဖစ္တဲ အန္ဒါလက္ခ်္အသင္းမွာ ကစားသမားဘဝကို အဆုံးသတ္ခ်င္တဲ့ဆႏၵရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.