ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာအသင်းကို စိတ်လှုပ်ရှားဖွယ် အပြောင်းအရွှေ့ မပြုလုပ်ခင် မန်ချက်စတာယူနိုက်တက်မှာ ရရှိနေတဲ့ လစာအတိုင်းပဲ ကြီးမားတဲ့ပမာဏနဲ့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။
ပေါ်တူဂီကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ်ကို အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက် မန်ယူနိုက်တက်ရဲ့ လစာအမြင့်ဆုံးကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၄၈၀၀၀၀ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ နည်းပြ တန်ဟက်လက်အောက် ယခုရာသီမှာ ဆက်ဆံခံရပုံနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အငြင်းပွားဖွယ် အင်တာဗျူးအတွင်း နည်းပြ တန်ဟက်၊ မန်ယူနိုက်တက်အသင်းဖော်ဟောင်းတွေနဲ့ ဂလေဇာ မိသားစုတွေကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လမှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဆော်ဒီ အာရေဗျကလပ် အယ်လ် နက်ဆာကို မက်မောလောက်ဖွယ် လစာပမာဏနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရော်နယ်လ်ဒိုဟာ တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၇ သန်း ရရှိနေတာကြောင့် ကမ္ဘာပေါ်က လစာအမြင့်မားဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပြီဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က အယ်လ် နက်ဆာနဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲအတွင်း တောင်အမေရိက က ကလပ်အသင်းတွေအပါအဝင် ကမ်းလှမ်းမှု အများအပြား လက်ခံရရှိခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။
ကိုရင်သီယန်ဥက္ကဌ မွန်တေရို အဲလ်ဗက်စ်က လက်ရှိမှာ ဘရာဇီးလ်ကလပ်အသင်းဟာ ရော်နယ်လ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်သွားတဲ့ ပေါ်တူဂီတိုက်စစ်မှူးကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
အဲလ်ဗက်စ်ရဲ့ ပြောကြားချက်အရ ကိုရင်သီယန်အသင်းဟာ ဘလွန်ဒေါ ၅ ဆုရှင်ကို မန်ချက်စတာယူနိုက်တက်မှာ ရရှိနေတဲ့ လစာပမာဏအတိုင်း ပေးချေဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ဆော်ဒီ အာရေဗျက ကမ်းလှမ်းမှုဟာ အဆ ၂၀ လောက် မြင့်မားနေတာကြောင့် ပေါ်တူဂီကြယ်ပွင့်ကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်။ မန်ချက်စတာယူနိုက်တက်မှာ ရနေတဲ့ လစာအတိုင်း တူညီတဲ့ပမာဏနဲ့ပါ။ စပွန်ဆာတွေရဲ့ အကူအညီနဲ့ ၂ နှစ်စာချုပ် ကမ်းလှမ်းခဲ့ပါတယ်။ သူ ဥရောပက ကမ်းလှမ်းမှုတွေလည်း ရရှိခဲ့တယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ဆော်ဒီ အာရေဗျက ကမ်းလှမ်းမှုတွေက အဆ ၂၀ လောက် ပိုမြင့်မားနေခဲ့တယ်။ ကျွန်တော် အေးဂျင့် ဂျော့ဂျ် မန်ဒက်စ်နဲ့ ၆ ကြိမ်၊ ၇ ကြိမ်လောက် စကားပြောခဲ့ပြီး အဆုံးမှာတော့ ကျွန်တော်တို့ တခြားလူကနေတဆင့် ကမ်းလှမ်းမှုကို ပေးပို့ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ နက္ဆာအသင္းကို စိတ္လႈပ္ရွားဖြယ္ အေျပာင္းအေ႐ႊ႕ မျပဳလုပ္ခင္ မန္ခ်က္စတာယူႏိုက္တက္မွာ ရရွိေနတဲ့ လစာအတိုင္းပဲ ႀကီးမားတဲ့ပမာဏနဲ႔ ကမ္းလွမ္းျခင္း ခံခဲ့ရပါတယ္။
ေပၚတူဂီၾကယ္ပြင့္ဟာ အိုးထရက္ဖို႔ဒ္ကို အံ့အားသင့္ဖြယ္ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ မန္ယူႏိုက္တက္ရဲ႕ လစာအျမင့္ဆုံးကစားသမားျဖစ္လာခဲ့သူျဖစ္ၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ ၄၈၀၀၀၀ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ နည္းျပ တန္ဟက္လက္ေအာက္ ယခုရာသီမွာ ဆက္ဆံခံရပုံနဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရရွိဖို႔ ႐ုန္းကန္ခဲ့ရတာ ျဖစ္ပါတယ္။
ေရာ္နယ္လ္ဒိုဟာ ပီးယာ့စ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အျငင္းပြားဖြယ္ အင္တာဗ်ဴးအတြင္း နည္းျပ တန္ဟက္၊ မန္ယူႏိုက္တက္အသင္းေဖာ္ေဟာင္းေတြနဲ႔ ဂေလဇာ မိသားစုေတြကို ျပင္းထန္တဲ့ တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့လမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္ နက္ဆာကို မက္ေမာေလာက္ဖြယ္ လစာပမာဏနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ေရာ္နယ္လ္ဒိုဟာ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၇၇ သန္း ရရွိေနတာေၾကာင့္ ကမာၻေပၚက လစာအျမင့္မားဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့ၿပီျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္က အယ္လ္ နက္ဆာနဲ႔ ပထမဆုံးသတင္းစာရွင္းလင္းပြဲအတြင္း ေတာင္အေမရိက က ကလပ္အသင္းေတြအပါအဝင္ ကမ္းလွမ္းမႈ အမ်ားအျပား လက္ခံရရွိခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ကိုရင္သီယန္ဥကၠဌ မြန္ေတ႐ို အဲလ္ဗက္စ္က လက္ရွိမွာ ဘရာဇီးလ္ကလပ္အသင္းဟာ ေရာ္နယ္လ္ဒိုနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ လမ္းခြဲခဲ့ၿပီးေနာက္ အသင္းလက္မဲ့ျဖစ္သြားတဲ့ ေပၚတူဂီတိုက္စစ္မႉးကို ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။
အဲလ္ဗက္စ္ရဲ႕ ေျပာၾကားခ်က္အရ ကိုရင္သီယန္အသင္းဟာ ဘလြန္ေဒါ ၅ ဆုရွင္ကို မန္ခ်က္စတာယူႏိုက္တက္မွာ ရရွိေနတဲ့ လစာပမာဏအတိုင္း ေပးေခ်ဖို႔ ကမ္းလွမ္းခဲ့တယ္လို႔ သိရၿပီး ေဆာ္ဒီ အာေရဗ်က ကမ္းလွမ္းမႈဟာ အဆ ၂၀ ေလာက္ ျမင့္မားေနတာေၾကာင့္ ေပၚတူဂီၾကယ္ပြင့္ကို ေခၚယူမယ့္ၿပိဳင္ပြဲမွာ ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈနဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္။ မန္ခ်က္စတာယူႏိုက္တက္မွာ ရေနတဲ့ လစာအတိုင္း တူညီတဲ့ပမာဏနဲ႔ပါ။ စပြန္ဆာေတြရဲ႕ အကူအညီနဲ႔ ၂ ႏွစ္စာခ်ဳပ္ ကမ္းလွမ္းခဲ့ပါတယ္။ သူ ဥေရာပက ကမ္းလွမ္းမႈေတြလည္း ရရွိခဲ့တယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္ ေဆာ္ဒီ အာေရဗ်က ကမ္းလွမ္းမႈေတြက အဆ ၂၀ ေလာက္ ပိုျမင့္မားေနခဲ့တယ္။ ကြၽန္ေတာ္ ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္ဒက္စ္နဲ႔ ၆ ႀကိမ္၊ ၇ ႀကိမ္ေလာက္ စကားေျပာခဲ့ၿပီး အဆုံးမွာေတာ့ ကြၽန္ေတာ္တို႔ တျခားလူကေနတဆင့္ ကမ္းလွမ္းမႈကို ေပးပို႔ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.