ဘာစီလိုနာတိုက်စစ်မှူး မန်းဖစ် ဒီပိုင်းဟာ ယခုလမှာ မန်ချက်စတာယူနိုက်တက်ကို ပြန်လည် ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဒတ်ချ်ကြယ်ပွင့်ရဲ့ နူးကမ့်က စာချုပ်ဟာ ဇွန်လကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဘာစီလိုနာကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ မန်းဖစ် ဒီပိုင်းဟာ ယခုရာသီကုန်မှာ အပြောင်းအရွှေ့ပြုလုပ်ဖို့အတွက် ပြည်ပကလပ်အသင်းတွေနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးညှိနှိုင်းခွင့် ရရှိနေပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ ဆောင်းရာသီဈေးကွက်ထဲမှာ လှုပ်ရှားနေတာဖြစ်ပါတယ်။
သရဲနီတွေဟာ မန်းဖစ် ဒီပိုင်းကို ယခုလမှာ ပစ်မှတ်အစစ်အမှန်အဖြစ် ရှုမြင်ထားတယ်လို့ SPORT က ဖော်ပြခဲ့ပြီး နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးကလည်း အိုးထရက်ဖို့ဒ်ကို ဒုတိယအကြိမ် ပြန်လည် ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ဒတ်ချ်တိုက်စစ်မှူးဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်အတွက် ကိုယ်စားပြု ကစားပေးခဲ့ဖူသူဖြစ်ပြီး အဲဒီအချိန်တုန်း ပီအက်စ်ဗွီအတွက် ၁၂၄ ပွဲမှာ သွင်းဂိုး ၅၀ နဲ့ ဂိုးဖန်တီးမှု ၂၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
မန်းဖစ် ဒီပိုင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပီး ပြိုင်ပွဲစုံ ၅၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒတ်ချ်တိုက်စစ်မှူးဟာ လီယွန်အသင်းမှာ ကစားသမားဘဝကို ပြန်လည် တည်ဆောက်ခဲ့ပြီး ပြင်သစ်လိဂန်းထိပ်သီးအသင်းကြီးအတွက် ပြိုင်ပွဲစုံ ၁၇၈ ပွဲမှာ သွင်းဂိုး ၇၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
မန်းဖစ် ဒီပိုင်းဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဘာစီလိုနာကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ကတ်တလန်ထိပ်သီးအသင်းကြီးအတွက် ၄၂ ပွဲမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာကြယ်ပွင့်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ယခုရာသီ ကလပ်အသင်းအဆင့်မှာ ၄ ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ် အက်စ်ပန်ညိုနဲ့ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဟာ အင်တာစီးတီးနဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ ပွဲထွက်ကစားပေးခဲ့ပေမယ့်လည်း ၇၅ မိနစ်မှာ ခြေစွမ်း မပြသနိုင်ခဲ့တာကြောင့် လူစားလဲလှယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဘာစီလိုနာနည်းပြ ဇာဗီကတော့ ပြီးခဲ့တဲ့အပတ်မှာ မန်းဖစ်ကို ယခုလ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း မန်ယူနိုက်တက်ဟာ ကြယ်ပွင့်ဟောင်းကို ပြန်လည်ခေါ်ယူဖို့ တွန်းအားပေးလုပ်ဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။
ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ချူပို မိုတင်းက မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်အဖြစ် ရှိနေတယ်လို့ ထင်မြင်ရပေမယ့်လည်း ကင်မရွန်းလက်ရွေးစင်ကစားသမားဟာ လက်ရှိမှာ ဘွန်ဒက်စ်လီဂါဘီလူးကြီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆိုဆွေးနွေးနေတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ဘာစီလိုနာတိုက္စစ္မႉး မန္းဖစ္ ဒီပိုင္းဟာ ယခုလမွာ မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လည္ ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
အသက္ ၂၈ ႏွစ္အ႐ြယ္ ဒတ္ခ်္ၾကယ္ပြင့္ရဲ႕ ႏူးကမ့္က စာခ်ဳပ္ဟာ ဇြန္လကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းမွာ ဘာစီလိုနာကေန ထြက္ခြာဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။
လက္ရွိအေျခအေနအရ မန္းဖစ္ ဒီပိုင္းဟာ ယခုရာသီကုန္မွာ အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔အတြက္ ျပည္ပကလပ္အသင္းေတြနဲ႔ လြတ္လြတ္လပ္လပ္ ေဆြးေႏြးညႇိႏႈိင္းခြင့္ ရရွိေနၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ ေရာ္နယ္လ္ဒို ထြက္ခြာသြားၿပီးေနာက္ပိုင္း တိုက္စစ္ကို အင္အားျဖည့္တင္းဖို႔ ေဆာင္းရာသီေဈးကြက္ထဲမွာ လႈပ္ရွားေနတာျဖစ္ပါတယ္။
သရဲနီေတြဟာ မန္းဖစ္ ဒီပိုင္းကို ယခုလမွာ ပစ္မွတ္အစစ္အမွန္အျဖစ္ ရႈျမင္ထားတယ္လို႔ SPORT က ေဖာ္ျပခဲ့ၿပီး နယ္သာလန္လက္ေ႐ြးစင္တိုက္စစ္မႉးကလည္း အိုးထရက္ဖို႔ဒ္ကို ဒုတိယအႀကိမ္ ျပန္လည္ ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။ ဒတ္ခ်္တိုက္စစ္မႉးဟာ ၂၀၁၅ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကိုယ္စားျပဳ ကစားေပးခဲ့ဖူသူျဖစ္ၿပီး အဲဒီအခ်ိန္တုန္း ပီအက္စ္ဗြီအတြက္ ၁၂၄ ပြဲမွာ သြင္းဂိုး ၅၀ နဲ႔ ဂိုးဖန္တီးမႈ ၂၉ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကလပ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။
မန္းဖစ္ ဒီပိုင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ေျခစြမ္းျပသႏိုင္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရပီး ၿပိဳင္ပြဲစုံ ၅၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္သာ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒတ္ခ်္တိုက္စစ္မႉးဟာ လီယြန္အသင္းမွာ ကစားသမားဘဝကို ျပန္လည္ တည္ေဆာက္ခဲ့ၿပီး ျပင္သစ္လိဂန္းထိပ္သီးအသင္းႀကီးအတြက္ ၿပိဳင္ပြဲစုံ ၁၇၈ ပြဲမွာ သြင္းဂိုး ၇၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅၅ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
မန္းဖစ္ ဒီပိုင္းဟာ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ ဘာစီလိုနာကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ကတ္တလန္ထိပ္သီးအသင္းႀကီးအတြက္ ၄၂ ပြဲမွာ သြင္းဂိုး ၁၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
ဘာစီလိုနာၾကယ္ပြင့္ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ယခုရာသီ ကလပ္အသင္းအဆင့္မွာ ၄ ပြဲသာ ပါဝင္ကစားေပးထားႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့အပတ္ အက္စ္ပန္ညိဳနဲ႔ပြဲစဥ္မွာ အရန္ခုံမွာသာ ထိုင္ေနခဲ့ရတာ ျဖစ္ပါတယ္။ နယ္သာလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ အင္တာစီးတီးနဲ႔ ဗုဒၶဟူးေန႔က ကစားခဲ့တဲ့ ကိုပါဒယ္ေရးဖလားပြဲစဥ္မွာ ပြဲထြက္ကစားေပးခဲ့ေပမယ့္လည္း ၇၅ မိနစ္မွာ ေျခစြမ္း မျပသႏိုင္ခဲ့တာေၾကာင့္ လူစားလဲလွယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။
ဘာစီလိုနာနည္းျပ ဇာဗီကေတာ့ ၿပီးခဲ့တဲ့အပတ္မွာ မန္းဖစ္ကို ယခုလ အသင္းမွာ ဆက္လက္ထိန္းသိမ္းထားခ်င္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း မန္ယူႏိုက္တက္ဟာ ၾကယ္ပြင့္ေဟာင္းကို ျပန္လည္ေခၚယူဖို႔ တြန္းအားေပးလုပ္ေဆာင္ေနတယ္လို႔ ယုံၾကည္ရပါတယ္။
ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ ခ်ဴပို မိုတင္းက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပစ္မွတ္အျဖစ္ ရွိေနတယ္လို႔ ထင္ျမင္ရေပမယ့္လည္း ကင္မ႐ြန္းလက္ေ႐ြးစင္ကစားသမားဟာ လက္ရွိမွာ ဘြန္ဒက္စ္လီဂါဘီလူးႀကီးနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေျပာဆိုေဆြးေႏြးေနတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.