ဘာစီလိုနာနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဝီးလ်ဖရက်ဒ် ဇာဟာကို စိတ်ဝင်စားနေတယ်လို့ Standard Sport ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့်ရဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း ဇာဟာက အသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုခြင်း မရှိတာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ် ကြယ်ပွင့်ဟာ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ဝင်ရောက်နေပြီဖြစ်တာကြောင့် လက်ရှိမှာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ပြုလုပ်ဖို့ ပြည်ပကလပ်အသင်းတွေနဲ့ လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေးနိုင်နေပြီဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့အပြင် ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားကလည်း ဇာဟာရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ဆဲလ်ဟတ်စ်ပါ့ခ်မှာ မတူညီတဲ့ကာလ ၂ ခုအတွင်း ၈ နှစ်ကြာ ကစားပေးခဲ့တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမားဟာ အသင်းရဲ့ အရေးအပါဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်နေခဲ့တာဖြစ်ပါတယ်။
ဇာဟာဟာ ကစားသမားတိုင်းရဲ့အိပ်မက်ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားချင်တဲ့ ဆန္ဒရှိနေတာကြောင့် လန်ဒန်အခြေစိုက်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ မသေချာတော့တာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် တောင်ပံကစားသမားဟာ ယခုလာမယ့်နွေရာသီမှာ ပဲလေ့စ်ကို စွန့်ခွာခဲ့မယ်ဆိုရင် မက်မောလောက်ဖွယ် ကမ်းလှမ်းမှုတွေ ရရှိလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရပါတယ်။
နည်းပြ ပက်ထရစ် ဗီယာရာက အသင်းအနေနဲ့ ဇာဟာနဲ့ စောင့်ဆိုင်းခြင်း ကစားပွဲကို ကစားနေတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဆောက်သမ်တန်နဲ့ ကစားရမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲမတိုင်ခင် ပြင်သစ်လူမျိုးနည်းပြက “ကျွန်တော်တို့ အခြေအနေကို သိပွတယ်။ ကျွန်တော်တို့ သူ့ကို ထိန်းသိမ်းထားချင်တယ်။ သူက အသင်းအတွက် အရေးပါတဲ့ကစားသမားပါ။ သူ ဒီမှာရှိနေရတာကို နှစ်သက်ပါတယ်”
“ကျွန်တော်တို့ သူ ဘာလုပ်ဖို့ ဆုံးဖြတ်မလဲဆိုတာကို စောင့်ကြည့်သွားရမှာပါ။ အရေးကြီးတာက ပွဲစဉ်တွေအတွင်းမှာ သူ ပြသနေတဲ့ ပေးဆပ်မှုပါ”လို့ ပြောကြားခဲ့ပါတယ်။ ဇာဟာ ဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားသူဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ဘာစီလိုနာနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔ဟာ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း ဝီးလ္ဖရက္ဒ္ ဇာဟာကို စိတ္ဝင္စားေနတယ္လို႔ Standard Sport ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ခရစၥတယ္ ပဲေလ့စ္ၾကယ္ပြင့္ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း ဇာဟာက အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးလိုျခင္း မရွိတာ ျဖစ္ပါတယ္။ အိုင္ဗရီကို႔စ္ ၾကယ္ပြင့္ဟာ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၆ လထဲကို ဝင္ေရာက္ေနၿပီျဖစ္တာေၾကာင့္ လက္ရွိမွာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔ ျပည္ပကလပ္အသင္းေတြနဲ႔ လြတ္လြတ္လပ္လပ္ ေျပာဆို ေဆြးေႏြးႏိုင္ေနၿပီျဖစ္ပါတယ္။
ဘာစီလိုနာနဲ႔ ဂ်ဴဗင္တပ္တို႔အျပင္ ပရီးမီးယားလိဂ္ကလပ္အသင္းအမ်ားအျပားကလည္း ဇာဟာရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး ဆဲလ္ဟတ္စ္ပါ့ခ္မွာ မတူညီတဲ့ကာလ ၂ ခုအတြင္း ၈ ႏွစ္ၾကာ ကစားေပးခဲ့တဲ့ အိုင္ဗရီကို႔စ္ေတာင္ပံကစားသမားဟာ အသင္းရဲ႕ အေရးအပါဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္ေနခဲ့တာျဖစ္ပါတယ္။
ဇာဟာဟာ ကစားသမားတိုင္းရဲ႕အိပ္မက္ျဖစ္တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားခ်င္တဲ့ ဆႏၵရွိေနတာေၾကာင့္ လန္ဒန္အေျခစိုက္ကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ မေသခ်ာေတာ့တာျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ယခုလာမယ့္ေႏြရာသီမွာ ပဲေလ့စ္ကို စြန႔္ခြာခဲ့မယ္ဆိုရင္ မက္ေမာေလာက္ဖြယ္ ကမ္းလွမ္းမႈေတြ ရရွိလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရပါတယ္။
နည္းျပ ပက္ထရစ္ ဗီယာရာက အသင္းအေနနဲ႔ ဇာဟာနဲ႔ ေစာင့္ဆိုင္းျခင္း ကစားပြဲကို ကစားေနတယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ေဆာက္သမ္တန္နဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား တတိယအဆင့္ပြဲမတိုင္ခင္ ျပင္သစ္လူမ်ိဳးနည္းျပက “ကြၽန္ေတာ္တို႔ အေျခအေနကို သိပြတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို ထိန္းသိမ္းထားခ်င္တယ္။ သူက အသင္းအတြက္ အေရးပါတဲ့ကစားသမားပါ။ သူ ဒီမွာရွိေနရတာကို ႏွစ္သက္ပါတယ္”
“ကြၽန္ေတာ္တို႔ သူ ဘာလုပ္ဖို႔ ဆုံးျဖတ္မလဲဆိုတာကို ေစာင့္ၾကည့္သြားရမွာပါ။ အေရးႀကီးတာက ပြဲစဥ္ေတြအတြင္းမွာ သူ ျပသေနတဲ့ ေပးဆပ္မႈပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဇာဟာ ဟာ ယခုရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၆ ပြဲမွာ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားသူျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.