Premier League

ကြောင်တောင်တောင်နိုင်တဲ့အမှားကို ကျူးလွန်မိခဲ့တဲ့ ဒဟေးယား

မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားဟာ သောကြာနေ့ည အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ ကြောင်တောင်တောင်နိုင်တဲ့ အမှားကို ကျူးလွန်ပြီး ဂိုးခွင့်ပြုပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ အိုင်းယက်စ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီက ပွဲကစားချိန် ၄ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ အဲဗာတန်ကို အခွင့်အရေး မပေးဘဲ အနိုင်ယူမယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်ဟာ ဘယ်တောင်ပံကနေ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အဲဗာတန်နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားက ဖြတ်တင်ပေးပို့မှုကို ချိန်သားကိုက်ပြေးဝင်ပြီး လူကပ်ခံထားရခြင်းမရှိဘဲ သက်တောင့်သက်သာနဲ့ တစ်ချက်ထိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဗာတန်ရဲ့နောက်တန်းကို ဆက်လက်ပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း နောက်ထပ် ၁၀ မိနစ်အကြာမှာ မထင်မှတ်ထားတဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

နီရယ် မူပေးက ပင်နယ်တီဧရိယာညာတောင်ပံကနေ ဘောလုံးကို အမီပြေးလိုက်ပြီး ဂိုးရှေ့ကို ချိုးပေးခဲ့ရာမှာ ဂိုးတိုင်ဘေးနားကပ်ရပ်နေတဲ့ ဒေးဗစ် ဒဟေးယားရဲ့ ပေါင်ကြားထဲကနေ ဘောလုံးက တစ်လိမ့်ချင်းစီ ထွက်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒဟေးယား ပေါင်ကြားထဲကနေ ထွက်လာတဲ့ ဘောလုံးကို အနားမှာ အဆင်သင့်ရှိနေတဲ့ ကော်နာ ကိုဒီက အဆုံးသတ်သွားခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ စပိန်ဂိုးသမားရဲ့ အံ့အားသင့်ဖွယ် လွဲချော်မှုကြောင့် မယုံနိုင်အောင် ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ဒေးဗစ် ဒဟေးယားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စပိန်လက်ရွေးစင်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး အများစုအတွက်တော့ အဲဒါက အံ့အားသင့်စရာမဟုတ်ခဲ့ဘဲ စပိန်ဂိုးသမားဟာ ၂၀၂၀ ခုနှစ်ကတည်းက စပိန်လက်ရွေးစင်အတွက် ပထမအသင်းမှာ ပွဲထွက်ခွင့်မရှိတော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ေဒးဗစ္ ဒေဟးယားဟာ ေသာၾကာေန႔ည အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ အဲဗာတန္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ ပထမပိုင္းမွာ ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ အမွားကို က်ဴးလြန္ၿပီး ဂိုးခြင့္ျပဳေပးခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီမွာ အိုင္းယက္စ္ကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အန္တိုနီက ပြဲကစားခ်ိန္ ၄ မိနစ္မွာပဲ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့တာေၾကာင့္ အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့ အဲဗာတန္ကို အခြင့္အေရး မေပးဘဲ အႏိုင္ယူမယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္ဟာ ဘယ္ေတာင္ပံကေန မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ အဲဗာတန္ေနာက္ခံလူေတြ ပိတ္ဆို႔ထားတဲ့ၾကားက ျဖတ္တင္ေပးပို႔မႈကို ခ်ိန္သားကိုက္ေျပးဝင္ၿပီး လူကပ္ခံထားရျခင္းမရွိဘဲ သက္ေတာင့္သက္သာနဲ႔ တစ္ခ်က္ထိ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အဲဗာတန္ရဲ႕ေနာက္တန္းကို ဆက္လက္ၿပီး ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ မထင္မွတ္ထားတဲ့ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရတာ ျဖစ္ပါတယ္။

နီရယ္ မူေပးက ပင္နယ္တီဧရိယာညာေတာင္ပံကေန ေဘာလုံးကို အမီေျပးလိုက္ၿပီး ဂိုးေရွ႕ကို ခ်ိဳးေပးခဲ့ရာမွာ ဂိုးတိုင္ေဘးနားကပ္ရပ္ေနတဲ့ ေဒးဗစ္ ဒေဟးယားရဲ႕ ေပါင္ၾကားထဲကေန ေဘာလုံးက တစ္လိမ့္ခ်င္းစီ ထြက္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒေဟးယား ေပါင္ၾကားထဲကေန ထြက္လာတဲ့ ေဘာလုံးကို အနားမွာ အဆင္သင့္ရွိေနတဲ့ ေကာ္နာ ကိုဒီက အဆုံးသတ္သြားခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ စပိန္ဂိုးသမားရဲ႕ အံ့အားသင့္ဖြယ္ လြဲေခ်ာ္မႈေၾကာင့္ မယုံႏိုင္ေအာင္ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

ေဒးဗစ္ ဒေဟးယားဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ စပိန္လက္ေ႐ြးစင္လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရၿပီး အမ်ားစုအတြက္ေတာ့ အဲဒါက အံ့အားသင့္စရာမဟုတ္ခဲ့ဘဲ စပိန္ဂိုးသမားဟာ ၂၀၂၀ ခုႏွစ္ကတည္းက စပိန္လက္ေ႐ြးစင္အတြက္ ပထမအသင္းမွာ ပြဲထြက္ခြင့္မရွိေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.