Premier League

ပရီးမီးယားလိဂ်အင်အားကြီးအသင်းတစ်သင်းရဲ့နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေတဲ့ ဝိန်း ရူနီ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီဟာ ဖရန့်ခ် လမ်းပတ်ရဲ့နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်မယ့် အဲဗာတန်ရဲ့ နည်းပြလောင်းစာရင်းထဲမှာ ထိပ်ပိုင်းကနေ ပါဝင်နေတယ်လို့ သိရပါတယ်။

အဲဗာတန်ဟာ ပရီးမီးယားလိဂ်မှာ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကို ရင်ဆိုင်နေရတာ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက တန်းဆင်းဇုန်ကနေ ပွတ်ကာသီကာ လွတ်မြောက်ခဲ့ပြီးနောက် ဖရန့်ခ် လမ်းပတ်ရဲ့ အချိန်တွေဟာ တဖြည်းဖြည်း ကုန်ဆုံးဖို့ နီးကပ်လာနေပြီဖြစ်ပြီး လက်ရှိမှာတော့ ဝိန်း ရူနီဟာ ချဲလ်ဆီးဂန္တဝင်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင် နည်းပြသစ်အဖြစ် ခန့်အပ်နိုင်တဲ့ ဖာဟတ်ဒ် မိုရှီရီရဲ့ နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဟာ မကြာသေးမီက ရာဖေးလ် ဘင်နီတက်ဇ် အဲဗာတန်နည်းပြ ရာထူးကနေ ထွက်ခွာသွားခဲ့ပြီးနောက် အသင်းဟောင်းကို နည်းပြဖို့အတွက် အင်တာဗျူးဖြေဆိုခွင့်ကို ငြင်းပယ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဒါဘီကောင်တီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ဝိန်း ရူနီက “သူတို့တွေ ကျွန်တော့်အေးဂျင့်ကို ချဉ်းကပ်ခဲ့ပြီး ကျွန်တော့်ကို နည်းပြအလုပ်အတွက် အင်တာဗျူးဖြေဖို့ ပြောခဲ့ပေမယ့် ကျွန်တော် ပယ်ချခဲ့ပါတယ်။ ကျွန်တော်က ပရီးမီးယားလိဂ်နည်းပြ ဖြစ်လာမှာဖြစ်ပြီး အဲဒီအတွက် အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။ အဲဗာတန်နဲ့အနာဂတ်မှာ အတူရှိရမယ်ဆိုရင် အရမ်းကောင်းပါလိမ့်မယ်”

“အဲဒါက အရမ်းခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပေမယ့်လည်း ကျွန်တော့်အတွက် အရေးကြီးတဲ့ ဒါဘီမှာ အလုပ်ရှိနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဝိန်း ရူနီဟာ ဒါဘီကောင်တီနည်းပြရာထူးကို စွန့်ခွာပြီးနောက် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ရဲ့ နည်းပြ ဖြစ်လာခဲ့သူဖြစ်ပြီး ကစားသမားအဖြစ်နဲ့ ကစားပေးခဲ့ဖူးတဲ့အသင်းကို တာဝန်ယူကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လမ်းပတ်ရဲ့အသင်းဟာ ယခုအပတ်အစောပိုင်းမှာ ဘရိုက်တန်ကို ၄-၁ နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် အဲဗာတန်အနေနဲ့ ရလဒ်ကောင်းတွေ ရရှိဖို့အတွက် ဖိအားတွေ တော်တော်လေးများပြားနေမှာ သေချာပါတယ်။

ဝိန်း ရူနီအနေနဲ့ အဲဗာတန်နည်းပြရာထူးအတွက် အင်တာဗျူးဖြေဆိုဖို့ ဒုတိယအကြိမ် အခွင့်အရေး ရရှိမှာ ဖြစ်ကောင်းဖြစ်နိုင်ပြီ မာဆေးဆိုဒ်အသင်းဟာ ရှောင် ဒိုက်ချ်၊ နည်းပြဟောင်း ရောဘတ်တို မာတီနက်ဇ်တို့ကိုလည်း နည်းပြလောင်းစာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဝိန္း ႐ူနီဟာ ဖရန႔္ခ္ လမ္းပတ္ရဲ႕ေနရာမွာ နည္းျပသစ္အျဖစ္ အစားထိုးခန႔္အပ္မယ့္ အဲဗာတန္ရဲ႕ နည္းျပေလာင္းစာရင္းထဲမွာ ထိပ္ပိုင္းကေန ပါဝင္ေနတယ္လို႔ သိရပါတယ္။

အဲဗာတန္ဟာ ပရီးမီးယားလိဂ္မွာ ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေတြကို ရင္ဆိုင္ေနရတာ ျဖစ္ၿပီး အမွတ္ေပးဇယား အဆင့္ ၁၈ ေနရာမွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက တန္းဆင္းဇုန္ကေန ပြတ္ကာသီကာ လြတ္ေျမာက္ခဲ့ၿပီးေနာက္ ဖရန႔္ခ္ လမ္းပတ္ရဲ႕ အခ်ိန္ေတြဟာ တျဖည္းျဖည္း ကုန္ဆုံးဖို႔ နီးကပ္လာေနၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ ဝိန္း ႐ူနီဟာ ခ်ဲလ္ဆီးဂႏၲဝင္ကို ရာထူးကေန ထုတ္ပယ္ခဲ့ရင္ နည္းျပသစ္အျဖစ္ ခန႔္အပ္ႏိုင္တဲ့ ဖာဟတ္ဒ္ မိုရွီရီရဲ႕ နည္းျပေလာင္းစာရင္းထဲမွာ ပါဝင္ေနတယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ဟာ မၾကာေသးမီက ရာေဖးလ္ ဘင္နီတက္ဇ္ အဲဗာတန္နည္းျပ ရာထူးကေန ထြက္ခြာသြားခဲ့ၿပီးေနာက္ အသင္းေဟာင္းကို နည္းျပဖို႔အတြက္ အင္တာဗ်ဴးေျဖဆိုခြင့္ကို ျငင္းပယ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အဲဒီအခ်ိန္တုန္းက ဒါဘီေကာင္တီနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ေနတဲ့ ဝိန္း ႐ူနီက “သူတို႔ေတြ ကြၽန္ေတာ့္ေအးဂ်င့္ကို ခ်ဥ္းကပ္ခဲ့ၿပီး ကြၽန္ေတာ့္ကို နည္းျပအလုပ္အတြက္ အင္တာဗ်ဴးေျဖဖို႔ ေျပာခဲ့ေပမယ့္ ကြၽန္ေတာ္ ပယ္ခ်ခဲ့ပါတယ္။ ကြၽန္ေတာ္က ပရီးမီးယားလိဂ္နည္းျပ ျဖစ္လာမွာျဖစ္ၿပီး အဲဒီအတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ယုံၾကည္ပါတယ္။ အဲဗာတန္နဲ႔အနာဂတ္မွာ အတူရွိရမယ္ဆိုရင္ အရမ္းေကာင္းပါလိမ့္မယ္”

“အဲဒါက အရမ္းခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ေပမယ့္လည္း ကြၽန္ေတာ့္အတြက္ အေရးႀကီးတဲ့ ဒါဘီမွာ အလုပ္ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဝိန္း ႐ူနီဟာ ဒါဘီေကာင္တီနည္းျပရာထူးကို စြန႔္ခြာၿပီးေနာက္ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္ရဲ႕ နည္းျပ ျဖစ္လာခဲ့သူျဖစ္ၿပီး ကစားသမားအျဖစ္နဲ႔ ကစားေပးခဲ့ဖူးတဲ့အသင္းကို တာဝန္ယူကိုင္တြယ္ေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လမ္းပတ္ရဲ႕အသင္းဟာ ယခုအပတ္အေစာပိုင္းမွာ ဘ႐ိုက္တန္ကို ၄-၁ နဲ႔ အျပတ္အသတ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အဲဗာတန္အေနနဲ႔ ရလဒ္ေကာင္းေတြ ရရွိဖို႔အတြက္ ဖိအားေတြ ေတာ္ေတာ္ေလးမ်ားျပားေနမွာ ေသခ်ာပါတယ္။

ဝိန္း ႐ူနီအေနနဲ႔ အဲဗာတန္နည္းျပရာထူးအတြက္ အင္တာဗ်ဴးေျဖဆိုဖို႔ ဒုတိယအႀကိမ္ အခြင့္အေရး ရရွိမွာ ျဖစ္ေကာင္းျဖစ္ႏိုင္ၿပီ မာေဆးဆိုဒ္အသင္းဟာ ေရွာင္ ဒိုက္ခ်္၊ နည္းျပေဟာင္း ေရာဘတ္တို မာတီနက္ဇ္တို႔ကိုလည္း နည္းျပေလာင္းစာရင္းထဲမွာ ထည့္သြင္းထားတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.