မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားဟာ အိုးထရက်ဖို့ဒ်မှာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့အတွက် လစာလျှော့ယူဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ်ကတည်းက မန်ယူနိုက်တက်မှာ ရှိနေခဲ့တဲ့ စပိန်ဂိုးသမားဟာ ယခုလာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မရေရာမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒဟေးယားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်အထိ ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာအကောင်းဆုံးအသင်းတွေထဲမှာ ၅ ကြိမ်အထိ သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒေးဗစ် ဒဟေးယားဟာ ဂန္တဝင်နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်လက်အောက်မှာ ကစားခဲ့ပြီး အသင်းမှာ လက်ရှိအချိန်အထိ ရှိနေသေးတဲ့ စီနီယာကစားသမား ၂ ဦးထဲက တစ်ဦးဖြစ်ပြီး Sky Sports Germany သတင်းထောက် ဖလိုရီယန် ပလက်တန်ဘာ့ဂ်က ပြီးခဲ့တဲ့လမှာ တန်ဟက်ရဲ့အသင်းဟာ စပိန်ဂိုးသမားကို နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားထားခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက နွေရာသီမှာ ဂိုးသမားသစ်ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့လည်း ပြောကြားခဲ့ပြီး ပေါ်တူဂီလက်ရွေးစင်ဂိုးသမား ဒီအိုဂို ကော်စတာနဲ့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ဒဟေးယားရဲ့နေရာမှာ အစားထိုးခေါ်ယူမှု ပြုလုပ်ဖို့ ရှာဖွေနေတာမျိုးမရှိဘူးလို့ သိရပေမယ့် စပိန်သတင်းဌာန AS ကတော့ အသက် ၂၄ နှစ်အရွယ် ပေါ်တိုဂိုးသမားကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပြီး လက်ရှိ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဟာ ချဲလ်ဆီးဂိုးသမား ကီပါက ၂၀၁၇ ခုနှစ်တုန်းက ပေါင် ၇၁ သန်းနဲ့ စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။
The Telegraph ရဲ့ ဖော်ပြချက်အရ ဒဟေးယားဟာ လက်ရှိမှာ စာချုပ်သက်တမ်းတိုးဖို့အတွက် လစာလျှော့ယူသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပြီး ၎င်းရဲ့ မြင့်မားတဲ့လစာပမာဏက မန်ချက်စတာယူနိုက်တက်က ၁၂ လ သက်တမ်းမတိုးချင်တဲ့အကြောင်းအရင်းဖြစ်နေတယ်လို့ ယုံကြည်ရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ် ပဲလေ့စ် ဂျက်ခ် ဘတ်လန်းကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးနေတယ်လို့ သိရပြီး မာတင် ဒူဗရက်ကာကို နယူးကာဆယ်လ် ယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူသွားမှာဖြစ်တာကြောင့် နောက်ထပ်ဂိုးသမားတစ်ဦး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ေဒးဗစ္ ဒေဟးယားဟာ အိုးထရက္ဖို႔ဒ္မွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႔အတြက္ လစာေလွ်ာ့ယူဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။
၂၀၁၁ ခုႏွစ္ကတည္းက မန္ယူႏိုက္တက္မွာ ရွိေနခဲ့တဲ့ စပိန္ဂိုးသမားဟာ ယခုလာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ၎ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး မေရရာမႈေတြ ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒေဟးယားဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ၄ ႀကိမ္အထိ ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီတာအေကာင္းဆုံးအသင္းေတြထဲမွာ ၅ ႀကိမ္အထိ သတ္မွတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။
ေဒးဗစ္ ဒေဟးယားဟာ ဂႏၲဝင္နည္းျပႀကီး ဆာ အဲလက္စ္ ဖာဂူဆန္လက္ေအာက္မွာ ကစားခဲ့ၿပီး အသင္းမွာ လက္ရွိအခ်ိန္အထိ ရွိေနေသးတဲ့ စီနီယာကစားသမား ၂ ဦးထဲက တစ္ဦးျဖစ္ၿပီး Sky Sports Germany သတင္းေထာက္ ဖလိုရီယန္ ပလက္တန္ဘာ့ဂ္က ၿပီးခဲ့တဲ့လမွာ တန္ဟက္ရဲ႕အသင္းဟာ စပိန္ဂိုးသမားကို ေနာက္ထပ္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ စဥ္းစားထားျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းက ေႏြရာသီမွာ ဂိုးသမားသစ္ေခၚယူဖို႔ ဆႏၵရွိေနတယ္လို႔လည္း ေျပာၾကားခဲ့ၿပီး ေပၚတူဂီလက္ေ႐ြးစင္ဂိုးသမား ဒီအိုဂို ေကာ္စတာနဲ႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။
Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္ဟာ ဒေဟးယားရဲ႕ေနရာမွာ အစားထိုးေခၚယူမႈ ျပဳလုပ္ဖို႔ ရွာေဖြေနတာမ်ိဳးမရွိဘူးလို႔ သိရေပမယ့္ စပိန္သတင္းဌာန AS ကေတာ့ အသက္ ၂၄ ႏွစ္အ႐ြယ္ ေပၚတိုဂိုးသမားကို ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူသြားဖို႔ ျပင္ဆင္ေနတယ္လို႔ ေဖာ္ျပခဲ့ၿပီး လက္ရွိ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးဟာ ခ်ဲလ္ဆီးဂိုးသမား ကီပါက ၂၀၁၇ ခုႏွစ္တုန္းက ေပါင္ ၇၁ သန္းနဲ႔ စံခ်ိန္တင္ထားခဲ့တာ ျဖစ္ပါတယ္။
The Telegraph ရဲ႕ ေဖာ္ျပခ်က္အရ ဒေဟးယားဟာ လက္ရွိမွာ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ လစာေလွ်ာ့ယူသြားခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သိရၿပီး ၎ရဲ႕ ျမင့္မားတဲ့လစာပမာဏက မန္ခ်က္စတာယူႏိုက္တက္က ၁၂ လ သက္တမ္းမတိုးခ်င္တဲ့အေၾကာင္းအရင္းျဖစ္ေနတယ္လို႔ ယုံၾကည္ရပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာ ခရစၥတယ္ ပဲေလ့စ္ ဂ်က္ခ္ ဘတ္လန္းကို ေခၚယူဖို႔ ေျပာဆိုေဆြးေႏြးေနတယ္လို႔ သိရၿပီး မာတင္ ဒူဗရက္ကာကို နယူးကာဆယ္လ္ ယူႏိုက္တက္အသင္းက ျပန္လည္ေခၚယူသြားမွာျဖစ္တာေၾကာင့္ ေနာက္ထပ္ဂိုးသမားတစ္ဦး ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.