အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကိုပဲ အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ မာတီနယ်လီ၊ ဆာကာနဲ့ နကီးတီးယားတို့ကို အပြောင်းအလဲမရှိ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်နဲ့ ဒန်ဘန်းတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်၊ ဝီလော့ခ်၊ အယ်လ်မီရွန်နဲ့ လောင်းစတပ်ဖ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဝီလ်ဆန် တစ်ယောက်တည်းကို တင်ကစားလာခဲ့တာပါ။
ပွဲစကတည်းက အာဆင်နယ်တို့ ဖိကစားခဲ့ပေမယ့် နယူးကာဆယ်လ်တို့ကတော့ ဝီလ်ဆန်ကလွဲရင် တစ်သင်းလုံး နောက်မှာ ရောက်နေပြီး ဧရိယာထဲအထိ ဆုတ်ခံနေခဲ့တာကြောင့် ဘောလုံးလမ်းကြောင်းတွေ တွက်ဆနိုင်မှု နည်းသလို နေရာလွတ်တွေ ဖန်တီးနိုင်မှုနည်းတဲ့ နကီးတီးယားနဲ့ တိုင်ပတ်ခဲ့သလို ကန်သွင်းခွင့် အကြိမ်ကြိမ် ရပေမယ့် ဂိုးပေါက်တစ်ကြိမ်သာ တည့်ခဲ့တာဖြစ်ပါတယ်။
အက်ဒီဟောင်းရဲ့ ခပ်ညစ်ညစ် နည်းစနစ်တွေက အာဆင်နယ်ဘက်က လူရိုးလေးတွေကို ဒုက္ခတွေ့စေခဲ့ပြီး လိုတာထက်ပိုပြီး ဘောလုံးကိုင်နေတဲ့ ဇင်ချန်ကို၊ ကွင်းလယ်မှာ Progressive Pass တွေ မထွက်တဲ့ ပါတေးနဲ့ ဘောလုံးပုတ်နေပြီး တိုက်စစ်ကို ကူညီနိုင်မှုနည်းတဲ့ ဘန်ဝှိုက်တို့က ငှက်ကျားတွေ အကြိုက် ကစားပေးခဲ့ကြတာပါ။
ဆာကာကို ညာခြမ်းမှာ ဘယ်သူမှ မကူညီနိုင်သလို ဘယ်ခြမ်းမှာလည်း မာတီနယ်လီတစ်ယောက်တည်း ရုန်းနေခဲ့ရလို့ အာဆင်နယ်တို့ ဂိုးရဖို့ မဖြစ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာ ဂိုးမရှိသရေ ရလဒ်ပဲ ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာလည်း အထသွက်မလားလို့ လုပ်ကြည့်ပေမယ့် ပွဲဆက်တိုက် ကစားရလို့ လေးလံနေတဲ့ ချာကာ၊ ပါတေး၊ အော်ဒီဂွါဒ်တို့ သုံးဦးက စိတ်သွားတိုင်း ကိုယ်မပါသလို ဖြစ်နေခဲ့ပါတယ်။
နယူးကာဆယ်လ်တို့ကတော့ တည်ကန်ဘောရတိုင်း ခေါင်းတိုက်ဖို့ ကြိုးစားနေခဲ့ပေမယ့် ထရစ်ပီယာရဲ့ ပေးပို့မှုတွေကို အာဆင်နယ်ခံစစ်က အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့သလို အဝါကတ်ထိထားတဲ့ အယ်လ်မီရွန်နဲ့ ဝီလ်ဆန်တို့ကို မာဖီနဲ့ ခရစ္စဝုဒ်တို့ အစားထိုးသွားခဲ့ပြီး အိမ်ရှင်တွေဘက်က ညာနောက်ခံလူ ဘန်ဝှိုက်အစား တိုမီယာစုကို လူစားလဲသွားခဲ့တာပါ။
အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ သူ့ရဲ့ အရန်ခုံက ကစားသမားတွေကို အားကိုးခြင်း မရှိဘဲ ပွဲထွက်ကစားသမားတွေကိုပဲ မှီခိုနေခဲ့တာကို တွေ့မြင်ခဲ့ရပြီး လေးလံနေတဲ့ ချာကာနဲ့ တိုက်စစ်မှာ အလုပ်မဖြစ်တဲ့ နကီးတီးယားတို့ကို ဖာဘီယို ဗီယာရာနဲ့ လဲပြီး ကစားကွက်ပြင်တာမျိုး၊ ဇင်ချန်ကို အစား တီယာနီနဲ့ ဖြတ်တင်ဘော ရှာတာမျိုး လုပ်သင့်ပေမယ့် မလုပ်ရဲ မကိုင်ရဲဖြစ်ခဲ့ပြီး တစ်ပွဲလုံးမှာ လူတစ်ယောက်ပဲ လဲသွားခဲ့တာဖြစ်ပါတယ်။
စပါးစ်နဲ့ အဝေးကွင်းမှာ ကစားရမယ့် မြောက်လန်ဒန်ဒါဘီအတွက် ပွဲပယ်ခံရမှာကို စိုးရိမ်နေခဲ့ရတဲ့ ဆာလီဘာနဲ့ ဆာကာတို့နှစ်ဦးကတော့ ဒီနေ့ပွဲမှာ အဝါကတ်တွေကို ရှောင်လွှဲနိုင်ဖို့ ချိုကစားသွားခဲ့သလို နာကျင်အချိန်ပို ၅ မိနစ်ပေးရာမှာတော့ ငှက်ကျားဂိုးသမား နစ်ခ်ပုပ်နဲ့ ခံစစ်တွေက အမျိုးမျိုး အချိန်ဆွဲသွားခဲ့ပြီး မာဖီရဲ့ နောက်ဆုံးမိနစ် လက်ထိဘောကိုတော့ ပင်နယ်တီပေးဖို့ VAR က ပယ်ချသွားခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့ ဒီရာသီ အိမ်ကွင်းမှာ ရာနှုန်းပြည့် နိုင်ပွဲရခဲ့တဲ့ စံချိန်က ဂိုးမရှိသရေနဲ့ ရပ်တန့်သွားခဲ့ပြီး သူတို့တွေအနေနဲ့ ပိတ်ကစားတဲ့ အသင်းတွေကို နကီးတီးယားလို ဇော်ကန့်လန့် တိုက်စစ်မှူးနဲ့ ဘယ်လိုကျော်ဖြတ်မလဲဆိုတာကတော့ ရင်လေးစရာဖြစ်ခဲ့သလို ဧည့်သည် နယူးကာဆယ်လ်တို့အတွက်ကတော့ ကြီးမားတဲ့ ရလဒ်နဲ့ နှစ်သိမ့်နိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကိုပဲ အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ မာတီနယ္လီ၊ ဆာကာနဲ႔ နကီးတီးယားတို႔ကို အေျပာင္းအလဲမရွိ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ နယူးကာဆယ္လ္တို႔ကေတာ့ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ထရစ္ပီယာ၊ ရွား၊ ေဘာ့တ္မန္နဲ႔ ဒန္ဘန္းတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဂ်ိဳလင္တန္၊ ဝီေလာ့ခ္၊ အယ္လ္မီ႐ြန္နဲ႔ ေလာင္းစတပ္ဖ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဝီလ္ဆန္ တစ္ေယာက္တည္းကို တင္ကစားလာခဲ့တာပါ။
ပြဲစကတည္းက အာဆင္နယ္တို႔ ဖိကစားခဲ့ေပမယ့္ နယူးကာဆယ္လ္တို႔ကေတာ့ ဝီလ္ဆန္ကလြဲရင္ တစ္သင္းလုံး ေနာက္မွာ ေရာက္ေနၿပီး ဧရိယာထဲအထိ ဆုတ္ခံေနခဲ့တာေၾကာင့္ ေဘာလုံးလမ္းေၾကာင္းေတြ တြက္ဆႏိုင္မႈ နည္းသလို ေနရာလြတ္ေတြ ဖန္တီးႏိုင္မႈနည္းတဲ့ နကီးတီးယားနဲ႔ တိုင္ပတ္ခဲ့သလို ကန္သြင္းခြင့္ အႀကိမ္ႀကိမ္ ရေပမယ့္ ဂိုးေပါက္တစ္ႀကိမ္သာ တည့္ခဲ့တာျဖစ္ပါတယ္။
အက္ဒီေဟာင္းရဲ႕ ခပ္ညစ္ညစ္ နည္းစနစ္ေတြက အာဆင္နယ္ဘက္က လူ႐ိုးေလးေတြကို ဒုကၡေတြ႕ေစခဲ့ၿပီး လိုတာထက္ပိုၿပီး ေဘာလုံးကိုင္ေနတဲ့ ဇင္ခ်န္ကို၊ ကြင္းလယ္မွာ Progressive Pass ေတြ မထြက္တဲ့ ပါေတးနဲ႔ ေဘာလုံးပုတ္ေနၿပီး တိုက္စစ္ကို ကူညီႏိုင္မႈနည္းတဲ့ ဘန္ဝႈိက္တို႔က ငွက္က်ားေတြ အႀကိဳက္ ကစားေပးခဲ့ၾကတာပါ။
ဆာကာကို ညာျခမ္းမွာ ဘယ္သူမွ မကူညီႏိုင္သလို ဘယ္ျခမ္းမွာလည္း မာတီနယ္လီတစ္ေယာက္တည္း ႐ုန္းေနခဲ့ရလို႔ အာဆင္နယ္တို႔ ဂိုးရဖို႔ မျဖစ္ႏိုင္ခဲ့ဘဲ ပထမပိုင္းမွာ ဂိုးမရွိသေရ ရလဒ္ပဲ ထြက္ေပၚေနခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာလည္း အထသြက္မလားလို႔ လုပ္ၾကည့္ေပမယ့္ ပြဲဆက္တိုက္ ကစားရလို႔ ေလးလံေနတဲ့ ခ်ာကာ၊ ပါေတး၊ ေအာ္ဒီဂြါဒ္တို႔ သုံးဦးက စိတ္သြားတိုင္း ကိုယ္မပါသလို ျဖစ္ေနခဲ့ပါတယ္။
နယူးကာဆယ္လ္တို႔ကေတာ့ တည္ကန္ေဘာရတိုင္း ေခါင္းတိုက္ဖို႔ ႀကိဳးစားေနခဲ့ေပမယ့္ ထရစ္ပီယာရဲ႕ ေပးပို႔မႈေတြကို အာဆင္နယ္ခံစစ္က အမွားအယြင္းမရွိ ကာကြယ္ႏိုင္ခဲ့သလို အဝါကတ္ထိထားတဲ့ အယ္လ္မီ႐ြန္နဲ႔ ဝီလ္ဆန္တို႔ကို မာဖီနဲ႔ ခရစၥဝုဒ္တို႔ အစားထိုးသြားခဲ့ၿပီး အိမ္ရွင္ေတြဘက္က ညာေနာက္ခံလူ ဘန္ဝႈိက္အစား တိုမီယာစုကို လူစားလဲသြားခဲ့တာပါ။
အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ သူ႔ရဲ႕ အရန္ခုံက ကစားသမားေတြကို အားကိုးျခင္း မရွိဘဲ ပြဲထြက္ကစားသမားေတြကိုပဲ မွီခိုေနခဲ့တာကို ေတြ႕ျမင္ခဲ့ရၿပီး ေလးလံေနတဲ့ ခ်ာကာနဲ႔ တိုက္စစ္မွာ အလုပ္မျဖစ္တဲ့ နကီးတီးယားတို႔ကို ဖာဘီယို ဗီယာရာနဲ႔ လဲၿပီး ကစားကြက္ျပင္တာမ်ိဳး၊ ဇင္ခ်န္ကို အစား တီယာနီနဲ႔ ျဖတ္တင္ေဘာ ရွာတာမ်ိဳး လုပ္သင့္ေပမယ့္ မလုပ္ရဲ မကိုင္ရဲျဖစ္ခဲ့ၿပီး တစ္ပြဲလုံးမွာ လူတစ္ေယာက္ပဲ လဲသြားခဲ့တာျဖစ္ပါတယ္။
စပါးစ္နဲ႔ အေဝးကြင္းမွာ ကစားရမယ့္ ေျမာက္လန္ဒန္ဒါဘီအတြက္ ပြဲပယ္ခံရမွာကို စိုးရိမ္ေနခဲ့ရတဲ့ ဆာလီဘာနဲ႔ ဆာကာတို႔ႏွစ္ဦးကေတာ့ ဒီေန႔ပြဲမွာ အဝါကတ္ေတြကို ေရွာင္လႊဲႏိုင္ဖို႔ ခ်ိဳကစားသြားခဲ့သလို နာက်င္အခ်ိန္ပို ၅ မိနစ္ေပးရာမွာေတာ့ ငွက္က်ားဂိုးသမား နစ္ခ္ပုပ္နဲ႔ ခံစစ္ေတြက အမ်ိဳးမ်ိဳး အခ်ိန္ဆြဲသြားခဲ့ၿပီး မာဖီရဲ႕ ေနာက္ဆုံးမိနစ္ လက္ထိေဘာကိုေတာ့ ပင္နယ္တီေပးဖို႔ VAR က ပယ္ခ်သြားခဲ့တာပါ။
ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔ ဒီရာသီ အိမ္ကြင္းမွာ ရာႏႈန္းျပည့္ ႏိုင္ပြဲရခဲ့တဲ့ စံခ်ိန္က ဂိုးမရွိသေရနဲ႔ ရပ္တန႔္သြားခဲ့ၿပီး သူတို႔ေတြအေနနဲ႔ ပိတ္ကစားတဲ့ အသင္းေတြကို နကီးတီးယားလို ေဇာ္ကန႔္လန႔္ တိုက္စစ္မႉးနဲ႔ ဘယ္လိုေက်ာ္ျဖတ္မလဲဆိုတာကေတာ့ ရင္ေလးစရာျဖစ္ခဲ့သလို ဧည့္သည္ နယူးကာဆယ္လ္တို႔အတြက္ကေတာ့ ႀကီးမားတဲ့ ရလဒ္နဲ႔ ႏွစ္သိမ့္ႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.