Premier League

ဇန်နဝါရီပစ်မှတ်ကို ခေါ်ရခက်နေတဲ့ကြားက မြွေပူရာ ကင်းမှောင့်တာခံရဦးမယ့် အာဆင်နယ်

ဖက်ဘရီဇီယို ရိုမာနိုက မိုင်ခေလို မာဒရစ်ခ်ကို ခေါ်ယူဖို့ကြိုးပမ်းနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းဆီကနေ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ အာဆင်နယ်ရဲ့ ယခုလ နံပါတ်တစ်အပြောင်းအရွှေ့ပစ်မှတ်ဖြစ်တယ်လို့ ယုံကြည်ရပြီး ယူကရိန်းတောင်ပံကစားသမားဟာ ချန်ပီယံလိဂ်မှာ အထူးချွန်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ရှက်တာဒိုးနတ်အသင်းဟာ ကြယ်ပွင့်ကစားသမားရဲ့ပြောင်းရွှေ့ကြေးကို ပေါင် ၈၆ သန်းဝန်းကျင် သတ်မှတ်ခဲ့တာဖြစ်ပေမယ့်လည်း Sport Arena ရဲ့ ဖော်ပြချက်အရ ရှက်တာဒိုးနတ်နဲ့ အာဆင်နယ်တို့ကြား ပြောင်းရွှေ့ကြေးကို သဘောတူညီမှုမရသေးပေမယ့်လည်း တောင်ပံကစားသမားနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု အပြီးသတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

အာတီတာရဲ့အသင်းဟာ မာဒရစ်ခ်အတွက် ပေါင် ၅၅ သန်းနဲ့ ကနဦး ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို ငြင်းပယ်ခြင်းခံခဲ့ရပြီးဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ပြောင်းရွှေ့ကြေး တိုးမြှင့်ထားတဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားတော့မယ်လို့ ထင်ကြေးပေးခြင်း ခံနေရတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေဟာ သဘောတူညီမှုကို လျင်လျင်မြန်မြန် ရရှိချင်နေပေမယ့်လည်း လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးအသင်းကလည်း ယူကရိန်း တောင်ပံကစားသမားကို စိတ်ဝင်စားနေတယ်လို့ သိရပြီး အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက အာဆင်နယ်ရဲ့ မာဒရစ်ခ်အတွက် ဒုတိယမြောက်ကမ်းလှမ်းမှုဟာ ကနဦး ပေါင် ၄၄ သန်းဝန်းကျင်နဲ့ ထပ်ဆောင်းပေးချေမှုတွေ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေနဲ့ ရှက်တာဒိုးနတ်အသင်းတို့ဟာ တိုက်ရိုက်အဆက်အသွယ် ပြုလုပ်နေကြတာဖြစ်ပေမယ့်လည်း သဘောတူညီမှုမရဘဲ ပျက်ပြယ်သွားခဲ့မယ်ဆိုရင် ချဲလ်ဆီးအသင်းက တောင်ပံကစားသမားကို ခေါ်ယူသွားဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

“အာဆင်နယ်ရဲ့ မာဒရစ်ခ်အတွက် ဒုတိယမြောက် ကမ်းလှမ်းချက်က ယူရိုသန်း ၅၀ နဲ့ ထပ်ဆောင်းပေးချေမှုတွေ ပါဝင်ပါတယ်။ ရှက်တာဒိုးနတ်အသင်းက ဆုံးဖြတ်ချက် ချမှတ်သွားဖို့ မျှော်မှန်းခြင်းခံထားရပြီး အသင်းတွေကြား တိုက်ရိုက်ဆက်သွယ်မှုတွေ ရှိနေပါတယ်။ ပုဂ္ဂိုလ်ရေးအချက်အလက်တွေက ဘယ်တုန်းကမှ ပြဿနာမဖြစ်ခဲ့ဘဲ အာဆင်နယ်က ကစားသမားရဲ့ ဦးစားပေးပြောင်းရွှေ့မယ့်နေရာပါ။ ချဲလ်ဆီးအသင်းက အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့ရင် ခေါ်ယူသွားမှာပါ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖက္ဘရီဇီယို ႐ိုမာႏိုက မိုင္ေခလို မာဒရစ္ခ္ကို ေခၚယူဖို႔ႀကိဳးပမ္းေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းဆီကေန ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈနဲ႔ ရင္ဆိုင္ရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အာဆင္နယ္ရဲ႕ ယခုလ နံပါတ္တစ္အေျပာင္းအေ႐ႊ႕ပစ္မွတ္ျဖစ္တယ္လို႔ ယုံၾကည္ရၿပီး ယူကရိန္းေတာင္ပံကစားသမားဟာ ခ်န္ပီယံလိဂ္မွာ အထူးခြၽန္ဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ရွက္တာဒိုးနတ္အသင္းဟာ ၾကယ္ပြင့္ကစားသမားရဲ႕ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၈၆ သန္းဝန္းက်င္ သတ္မွတ္ခဲ့တာျဖစ္ေပမယ့္လည္း Sport Arena ရဲ႕ ေဖာ္ျပခ်က္အရ ရွက္တာဒိုးနတ္နဲ႔ အာဆင္နယ္တို႔ၾကား ေျပာင္းေ႐ႊ႕ေၾကးကို သေဘာတူညီမႈမရေသးေပမယ့္လည္း ေတာင္ပံကစားသမားနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ အၿပီးသတ္ႏိုင္ခဲ့ၿပီလို႔ သိရပါတယ္။

အာတီတာရဲ႕အသင္းဟာ မာဒရစ္ခ္အတြက္ ေပါင္ ၅၅ သန္းနဲ႔ ကနဦး ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တာကို ျငင္းပယ္ျခင္းခံခဲ့ရၿပီးျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ ေျပာင္းေ႐ႊ႕ေၾကး တိုးျမႇင့္ထားတဲ့ ကမ္းလွမ္းမႈ ျပဳလုပ္သြားေတာ့မယ္လို႔ ထင္ေၾကးေပးျခင္း ခံေနရတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူေတြဟာ သေဘာတူညီမႈကို လ်င္လ်င္ျမန္ျမန္ ရရွိခ်င္ေနေပမယ့္လည္း လန္ဒန္ၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းကလည္း ယူကရိန္း ေတာင္ပံကစားသမားကို စိတ္ဝင္စားေနတယ္လို႔ သိရၿပီး အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုက အာဆင္နယ္ရဲ႕ မာဒရစ္ခ္အတြက္ ဒုတိယေျမာက္ကမ္းလွမ္းမႈဟာ ကနဦး ေပါင္ ၄၄ သန္းဝန္းက်င္နဲ႔ ထပ္ေဆာင္းေပးေခ်မႈေတြ ပါဝင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြနဲ႔ ရွက္တာဒိုးနတ္အသင္းတို႔ဟာ တိုက္႐ိုက္အဆက္အသြယ္ ျပဳလုပ္ေနၾကတာျဖစ္ေပမယ့္လည္း သေဘာတူညီမႈမရဘဲ ပ်က္ျပယ္သြားခဲ့မယ္ဆိုရင္ ခ်ဲလ္ဆီးအသင္းက ေတာင္ပံကစားသမားကို ေခၚယူသြားဖို႔ ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။

“အာဆင္နယ္ရဲ႕ မာဒရစ္ခ္အတြက္ ဒုတိယေျမာက္ ကမ္းလွမ္းခ်က္က ယူ႐ိုသန္း ၅၀ နဲ႔ ထပ္ေဆာင္းေပးေခ်မႈေတြ ပါဝင္ပါတယ္။ ရွက္တာဒိုးနတ္အသင္းက ဆုံးျဖတ္ခ်က္ ခ်မွတ္သြားဖို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး အသင္းေတြၾကား တိုက္႐ိုက္ဆက္သြယ္မႈေတြ ရွိေနပါတယ္။ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြက ဘယ္တုန္းကမွ ျပႆနာမျဖစ္ခဲ့ဘဲ အာဆင္နယ္က ကစားသမားရဲ႕ ဦးစားေပးေျပာင္းေ႐ႊ႕မယ့္ေနရာပါ။ ခ်ဲလ္ဆီးအသင္းက အာဆင္နယ္ရဲ႕ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္သြားခဲ့ရင္ ေခၚယူသြားမွာပါ”လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.