Premier League

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ တနဂၤေႏြညပြဲစဥ္အတြက္ ကၽြမ္းက်င္သူေတြရဲ႕ ခန္႔မွန္းခ်က္မ်ား

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ မွာ ခရစၥတယ္လ္ပဲေလ့စ္အသင္းကို ယခုတပတ္ စေနေန႔ည ၁၁ နာရီအခ်ိန္မွာ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံကစားရမွာျဖစ္ၿပီး ဒီပြဲအတြက္ ပရီးမီးယားလိဂ္နဲ႔ အဂၤလန္တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္က ယခုလို ခန႔္မွန္းသုံးသပ္သြားခဲ့ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဥေရာပပြဲေတြ ေနာက္က်ကစားထားရတာေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္ ပထမပြဲစဥ္ကို မကစားရပဲ အနားရခဲ့ပါတယ္။ ယခုပြဲဟာ ပရီးမီးယားလိ္ဂ္ ပြဲစဥ္ ၂ ျဖစ္ေပမယ့္ သူတို႔အတြက္ေတာ့ ပထမဆံုးပြဲစဥ္ျဖစ္ျပီး ၃ မွတ္အရယူဖုိ႔ မေစာင့္ႏုိင္ျဖစ္ေနၿပီး စိတ္အားထက္သန္ေနၾကမွာပါ။

ခရစၥတယ္ပဲေလ့စ္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁ မွာ သူတို႔ရဲ႕ ဂိုးသမားလက္စြမ္းျပမႈနဲ႔ ေဆာက္သမ္တန္အသင္းကို ၁ ဂိုး ဂိုးမရိွနဲ႔ အႏိုင္ရျပီးတာထြက္ ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္အထင္ ရြိင္းေဟာ့ဒ္ဆန္နဲ႔ သူ႔အသင္းအတြက္ ရွည္လ်ားျပီး ခက္ခဲတဲ့ ေဘာလံုးရာသီတစ္ခုျဖစ္ပါလိမ့္မယ္။ ယူႏုိက္တက္အေနနဲ႔ အိမ္ကြင္း အိုးလ္ထရက္ဖုိ႔ဒ္မွာ ၂ ဂိုး ဂိုးမရိွနဲ႔ သက္ေတာင့္သက္သာ အႏိုင္ရယူသြားမွာပါ”လို႔ မိုက္ကယ္အိုဝင္က ခန႔္မွန္းလိုက္ပါတယ္။

BBC နဲ႔ BT Sport မွ ေဘာလံုးပြဲမ်ား ခန္႔မွန္းခ်က္မ်ား တင္ဆက္သူ ေလာ္႐ိုကေတာ့ “ခရစၥတယ္လ္ပဲေလ့စ္အသင္းကလည္း ပထမဆုံး ေဆာက္သမ္တန္နဲ႔ပြဲမွာ ႏိုင္ပြဲရထားျပီး ခ်ဲလ္ဆီးက ဘက္ရႊာယီကို အငွားနဲ႔ ေခၚယူထားျပီး သိမ္းငွက္ေတြအေနနဲ႔ ဒီရာသီမွာ ၿပိဳင္ဘက္အသင္းေတြကို ဂိုးပိုသြင္းႏိုင္ဖုိ႔ ၾကံရြယ္ထားပါတယ္။

ပဲေလ့စ္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လက အိုးထရက္ဖို႔ဒ္ကြင္းမွာ ယူႏိုက္တက္အသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ယူထားခဲ့ပါတယ္။ ဒါေပမယ့္ စေနေန႔ညပြဲမွာေတာ့ သူတို႔အေနနဲ႔ ဘာမွ ျပန္ရဖို႔ ျဖစ္လာမွာ မဟုတ္ပါဘူး။ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ မႏွစ္က ရာသီအစနဲ႔ မတူဘဲ ေတာင့္တင္းတဲ့ အသင္းျဖစ္ေနၿပီဆိုတာ သူတို႔ သတိျပဳသင့္ပါတယ္။ အိုးထရက္ဖို႔ဒ္မွာ အိမ္ရွင္ေတြက ၂ ဂိုး ဂိုးမရိွနဲ႔ အျပတ္အသတ္ အႏိုင္ရယူသြားႏိုင္ပါလိမ့္မယ္”လုိ႔ ေလာ္႐ိုက ခန္႔မွန္းထားေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: BBC, BET VICTOR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို ယခုတပတ် စနေနေ့ည ၁၁ နာရီအချိန်မှာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာဖြစ်ပြီး ဒီပွဲအတွက် ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ယခုလို ခန့်မှန်းသုံးသပ်သွားခဲ့ပါတယ်။

“မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဥရောပပွဲတွေ နောက်ကျကစားထားရတာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ပထမပွဲစဉ်ကို မကစားရပဲ အနားရခဲ့ပါတယ်။ ယခုပွဲဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ဖြစ်ပေမယ့် သူတို့အတွက်တော့ ပထမဆုံးပွဲစဉ်ဖြစ်ပြီး ၃ မှတ်အရယူဖို့ မစောင့်နိုင်ဖြစ်နေပြီး စိတ်အားထက်သန်နေကြမှာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ မှာ သူတို့ရဲ့ ဂိုးသမားလက်စွမ်းပြမှုနဲ့ ဆောက်သမ်တန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးတာထွက် ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အထင် ရွိင်းဟော့ဒ်ဆန်နဲ့ သူ့အသင်းအတွက် ရှည်လျားပြီး ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုဖြစ်ပါလိမ့်မယ်။ ယူနိုက်တက်အနေနဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ သက်တောင့်သက်သာ အနိုင်ရယူသွားမှာပါ”လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းလိုက်ပါတယ်။

BBC နဲ့ BT Sport မှ ဘောလုံးပွဲများ ခန့်မှန်းချက်များ တင်ဆက်သူ လော်ရိုကတော့ “ခရစ္စတယ်လ်ပဲလေ့စ်အသင်းကလည်း ပထမဆုံး ဆောက်သမ်တန်နဲ့ပွဲမှာ နိုင်ပွဲရထားပြီး ချဲလ်ဆီးက ဘက်ရွှာယီကို အငှားနဲ့ ခေါ်ယူထားပြီး သိမ်းငှက်တွေအနေနဲ့ ဒီရာသီမှာ ပြိုင်ဘက်အသင်းတွေကို ဂိုးပိုသွင်းနိုင်ဖို့ ကြံရွယ်ထားပါတယ်။

ပဲလေ့စ်ကတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အိုးထရက်ဖို့ဒ်ကွင်းမှာ ယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူထားခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့ညပွဲမှာတော့ သူတို့အနေနဲ့ ဘာမှ ပြန်ရဖို့ ဖြစ်လာမှာ မဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မနှစ်က ရာသီအစနဲ့ မတူဘဲ တောင့်တင်းတဲ့ အသင်းဖြစ်နေပြီဆိုတာ သူတို့ သတိပြုသင့်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ အိမ်ရှင်တွေက ၂ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရယူသွားနိုင်ပါလိမ့်မယ်”လို့ လော်ရိုက ခန့်မှန်းထားကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: BBC, BET VICTOR
PHOTOS CREDIT TO OWNERS
SPORTS A2Z.