Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၈.၉.၂၀၂၀

– မန္ခ်က္စတာစီးတီးအေနနဲ႔ ဆီဗီလာေနာက္ခံလူ ဒီေယဂို ကားလုိ႔စ္ကို စိတ္ဝင္စားျခင္းမရွိဘူးလို႔ သိရၿပီး တြဲဖက္ေနာက္ခံလူ ဂ်ဴးလ္စ္ ကြန္ဒီကိုေတာ့ ေျပာင္းေရႊ႕ေၾကး ေပါင္ ၆၈.၂၅ သန္း (ယူ႐ို ၇၅ သန္း)နဲ႔ ကမ္းလွမ္းဖို႔ ရွိေနသလို ဒီသေဘာတူညီမွဳထဲမွာ အသင္းေနာက္ခံလူ ေအာ့တာမန္ဒီကိုလည္း ထည့္သြင္းသြားဖို႔ရွိေန

– နည္းျပ ဂြါဒီယိုလာအေနနဲ႔ ဒီရာသီ မန္ခ်က္စတာစီးတီးအသင္းရဲ႕ လုပ္ေဆာင္မွဳေတြကို ေက်နပ္ေၾကာင္း ေျပာၾကားခဲ့ၿပီး နာသန္ ေအကီနဲ႔ ဖယ္ရန္ ေတာရက္စ္တုိ႔အတြက္ ေပါင္သန္း ၆၀ သာ သုံးစြဲရေသးေပမယ့္ လက္ရွိအင္အားကို ခ်ီးက်ဴးသြား။

– မန္ခ်က္စတာစီးတီးအေနနဲ႔ ဝုလ္ဗ္စ္နဲ႔ ရင္ဆုိင္ရမယ့္ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္မွာ အိမ္ရွင္အသင္းရဲ႕ နာမည္ေက်ာ္ၾကားတဲ့ တန္ျပန္ တုိက္စစ္ေတြကို ထင္သလို ထုိးႏွက္မလာႏုိင္ဖို႔ ဖယ္ရန္ ေတာရက္စ္ကို အသုံးျပဳၿပီး ဖိအားေပးဖို႔ ရွိေနတယ္လုိ႔ဆုိ။

– မန္စီးတီးခံစစ္မွဴး ေအးမရစ္ လာေပါ့တ္နဲ႔ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ ထရိန္နင္အျပည့္အဝ ဆင္းႏုိင္ျခင္း မရွိေသးဘဲ တုိက္စစ္မွာ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ပဲ ပြဲထြက္လာႏုိင္မွာ ျဖစ္သလို မာရက္ဇ္ကေတာ့ ျပန္ကစားႏုိင္မယ္လုိ႔ဆုိ။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အေဂြ႐ိုကို အစားထုိးဖို႔ တုိက္စစ္မွဴးသစ္တစ္ဦး ေခၚယူဖို႔ လိုအပ္ေနေၾကာင္းနဲ႔ အသင္းရဲ႕ တုိက္စစ္ကို ပုိမုိျမင့္မားတဲ့ ဂိုးသြင္းႏွဳန္းမ်ဳိး ရရွိေအာင္ တုိးျမႇင့္ဖို႔ တုိက္စစ္မွဴးေဟာင္း ေရွာင္ ဂုတ္တာ တုိက္တြန္း။

– နာပုိလီေနာက္ခံလူ ကူလီေဘလီအတြက္ မန္စီးတီးဘက္ကေတာ့ စိတ္ဝင္စားမွဳ နည္းပါးေနခဲ့ၿပီျဖစ္ၿပီး အသင္းႏွစ္သင္းၾကားမွာ ေအးဂ်င့္ ဖာလီ ရာမာဒါနီရဲ႕ ဆက္သြယ္ေနမွဳကသာ အဓိကက်ေနၿပီး နာပုိလီဘက္က သေဘာထားေပ်ာ့ေျပာင္းမွ မန္စီးတီးတုိ႔ ျပန္လည္ လွဳပ္ရွားဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ ေဆးလ္ဗားဟာ သူ႕ရဲ႕ စံျပဳအတုယူခဲ့တဲ့ ကစားသမားျဖစ္ၿပီး သူ႕ဆီကေန ဆက္ခံရရွိခဲ့တဲ့ ေက်ာနံပါတ္ ၂၁ နဲ႔အတူ ေျခရာနင္းႏုိင္ေအာင္ ႀကဳိးစားသြားမွာျဖစ္တယ္လို႔ အသက္ ၆ ႏွစ္အရြယ္ကတည္းက ဗလင္စီယာက စီနီယာကို သေဘာက်ခဲ့ရတဲ့ ေတာရက္စ္ေျပာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအနေနဲ့ ဆီဗီလာနောက်ခံလူ ဒီယေဂို ကားလို့စ်ကို စိတ်ဝင်စားခြင်းမရှိဘူးလို့ သိရပြီး တွဲဖက်နောက်ခံလူ ဂျူးလ်စ် ကွန်ဒီကိုတော့ ပြောင်းရွှေ့ကြေး ပေါင် ၆၈.၂၅ သန်း (ယူရို ၇၅ သန်း)နဲ့ ကမ်းလှမ်းဖို့ ရှိနေသလို ဒီသဘောတူညီမှုထဲမှာ အသင်းနောက်ခံလူ အော့တာမန်ဒီကိုလည်း ထည့်သွင်းသွားဖို့ရှိနေ

– နည်းပြ ဂွါဒီယိုလာအနေနဲ့ ဒီရာသီ မန်ချက်စတာစီးတီးအသင်းရဲ့ လုပ်ဆောင်မှုတွေကို ကျေနပ်ကြောင်း ပြောကြားခဲ့ပြီး နာသန် အေကီနဲ့ ဖယ်ရန် တောရက်စ်တို့အတွက် ပေါင်သန်း ၆၀ သာ သုံးစွဲရသေးပေမယ့် လက်ရှိအင်အားကို ချီးကျူးသွား။

– မန်ချက်စတာစီးတီးအနေနဲ့ ဝုလ်ဗ်စ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ အိမ်ရှင်အသင်းရဲ့ နာမည်ကျော်ကြားတဲ့ တန်ပြန် တိုက်စစ်တွေကို ထင်သလို ထိုးနှက်မလာနိုင်ဖို့ ဖယ်ရန် တောရက်စ်ကို အသုံးပြုပြီး ဖိအားပေးဖို့ ရှိနေတယ်လို့ဆို။

– မန်စီးတီးခံစစ်မှူး အေးမရစ် လာပေါ့တ်နဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ ထရိန်နင်အပြည့်အဝ ဆင်းနိုင်ခြင်း မရှိသေးဘဲ တိုက်စစ်မှာ ဂါဘရီယယ်လ် ဂျေဆူးစ်ပဲ ပွဲထွက်လာနိုင်မှာ ဖြစ်သလို မာရက်ဇ်ကတော့ ပြန်ကစားနိုင်မယ်လို့ဆို။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အဂွေရိုကို အစားထိုးဖို့ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ လိုအပ်နေကြောင်းနဲ့ အသင်းရဲ့ တိုက်စစ်ကို ပိုမိုမြင့်မားတဲ့ ဂိုးသွင်းနှုန်းမျိုး ရရှိအောင် တိုးမြှင့်ဖို့ တိုက်စစ်မှူးဟောင်း ရှောင် ဂုတ်တာ တိုက်တွန်း။

– နာပိုလီနောက်ခံလူ ကူလီဘေလီအတွက် မန်စီးတီးဘက်ကတော့ စိတ်ဝင်စားမှု နည်းပါးနေခဲ့ပြီဖြစ်ပြီး အသင်းနှစ်သင်းကြားမှာ အေးဂျင့် ဖာလီ ရာမာဒါနီရဲ့ ဆက်သွယ်နေမှုကသာ အဓိကကျနေပြီး နာပိုလီဘက်က သဘောထားပျော့ပြောင်းမှ မန်စီးတီးတို့ ပြန်လည် လှုပ်ရှားဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဆေးလ်ဗားဟာ သူ့ရဲ့ စံပြုအတုယူခဲ့တဲ့ ကစားသမားဖြစ်ပြီး သူ့ဆီကနေ ဆက်ခံရရှိခဲ့တဲ့ ကျောနံပါတ် ၂၁ နဲ့အတူ ခြေရာနင်းနိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ အသက် ၆ နှစ်အရွယ်ကတည်းက ဗလင်စီယာက စီနီယာကို သဘောကျခဲ့ရတဲ့ တောရက်စ်ပြော။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.