La Liga

ကလပ်မှာ အတွင်းခံထဲလက်နှိုက်မိလို့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရတဲ့ ဘရာဇီးလ်ကြယ်ပွင့်

ဘရာဇီးလ်ကြယ်ပွင့် ဒန်နီ အဲဗက်စ်ဟာ ဘာစီလိုနာမြို့က နိုက်ကလပ်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။

စပိန်သတင်းဌာန ABC ရဲ့ ဖော်ပြချက်အရ ဘရာဇီးလ်ဝါရင့်နောက်ခံလူဟာ ဘာစီလိုနာမြို့လည်ခေါင်က နိုက်ကလပ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပြီး ဒန်နီ အဲဗက်စ်ကတော့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားတယ်လို့ နားလည်ရပါတယ်။

နိုက်ကလပ်က ဖြစ်စဉ်အတွင်းမှာ ကျူးလွန်ခံခဲ့ရတဲ့အမျိုးသမီးဟာ ရဲစခန်းကို သွားရောက်ပြီး တရားဝင်စောဒကမတက်ရသေးတာကြောင့် အသက် ၃၉ နှစ်အရွယ် နောက်ခံကစားသမားဟာ စုံထောက်တွေရဲ့ မေးမြန်းခြင်းကို မခံရသေးဘူးလို့ သိရပါတယ်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြစ်ပွားခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ နိုက်ကလပ်မှာ သောကြာနေ့နနက်အစောပိုင်းမှာ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ABC ရဲ့ ဖော်ပြချက်အရ ရဲတပ်ဖွဲ့ဟာ စနေနေ့ နံနက် ၅ နာရီလောက်မှာ ဆပ်တန်လို့ အမည်ရတဲ့ ဘာစီလိုနာမြို့လယ်က နာမည်ကြီးတွေ လာရောက်တတ်တဲ့ နိုက်ကလပ်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

El Mundo ရဲ့ ဖော်ပြချက်အပါအဝင် စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ နိုက်ကလပ်ထဲမှာ အမျိုးသားတစ်ဦးက သူမရဲ့ အတွင်းခံဘောင်းဘီထဲ လက်နဲ့ နှိုက်ခဲ့ပြီးနောက် တရားခံကို လက်ညှိုးထိုးပြခဲ့ရာမှာ ဒန်နီ အဲဗက်စ် ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူအမျိုးသမီးဟာ သူငယ်ချင်းဖြစ်သူကို ပြောပြခဲ့ပြီး သူငယ်ချင်းဖြစ်သူက လုံခြုံရေးဝန်ထမ်းတွေကို အသိပေးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ခံရသူအမျိုးသမီးကို လုံခြုံတဲ့နေရာကို ခေါ်ဆောင်သွားခဲ့ပြီး ရဲတပ်ဖွဲ့ကို ချက်ချင်း ဖုန်းခေါ်ခဲ့တာဖြစ်ပါတယ်။

“ကတ်တလန် ရဲတပ်ဖွဲ့ဟာ ကလပ်ကို သွားခဲ့ပြီး ပြစ်မှုကျူးလွန်ခံရသူက ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူဟာ နိုက်ကလပ်ကို အဲဒီအချိန်မှာ စွန့်ခွာသွားခဲ့ပြီးဖြစ်ပါတယ်။ ကစားသမားရဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ်ခဲ့ချိန်မှာ စွပ်စွဲမှုတွေကို ငြင်းပယ်သွားခဲ့ပြီး ဒီသတင်းအချက်အလက်တွေဟာ မှားယွင်းနေတယ်လို့ ပြောခဲ့ပါတယ်။ အဲဗက်စ်ဟာ ကလပ်ထဲမှာ ရှိနေခဲ့ပေမယ့်လည်း အချိန်ခဏလောက်သာ ရှိနေခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်”လို့ ABC က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ၾကယ္ပြင့္ ဒန္နီ အဲဗက္စ္ဟာ ဘာစီလိုနာၿမိဳ႕က ႏိုက္ကလပ္မွာ ျဖစ္ပြားခဲ့တဲ့ျဖစ္စဥ္ကို စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနခ်ိန္မွာ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ေစာ္ကားမႈ ျပဳလုပ္ခဲ့ျခင္းမရွိဘူးလို႔ ျငင္းပယ္ခဲ့ပါတယ္။

စပိန္သတင္းဌာန ABC ရဲ႕ ေဖာ္ျပခ်က္အရ ဘရာဇီးလ္ဝါရင့္ေနာက္ခံလူဟာ ဘာစီလိုနာၿမိဳ႕လည္ေခါင္က ႏိုက္ကလပ္မွာ ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္မွာ ပါဝင္ပတ္သက္ခဲ့တယ္လို႔ သိရၿပီး ဒန္နီ အဲဗက္စ္ကေတာ့ ဘာအမွားမွ မလုပ္ခဲ့ဘူးလို႔ ျငင္းဆိုထားတယ္လို႔ နားလည္ရပါတယ္။

ႏိုက္ကလပ္က ျဖစ္စဥ္အတြင္းမွာ က်ဴးလြန္ခံခဲ့ရတဲ့အမ်ိဳးသမီးဟာ ရဲစခန္းကို သြားေရာက္ၿပီး တရားဝင္ေစာဒကမတက္ရေသးတာေၾကာင့္ အသက္ ၃၉ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ စုံေထာက္ေတြရဲ႕ ေမးျမန္းျခင္းကို မခံရေသးဘူးလို႔ သိရပါတယ္။

လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈျဖစ္ပြားခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရတဲ့ ႏိုက္ကလပ္မွာ ေသာၾကာေန႔နနက္အေစာပိုင္းမွာ ဒီျဖစ္စဥ္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ABC ရဲ႕ ေဖာ္ျပခ်က္အရ ရဲတပ္ဖြဲ႕ဟာ စေနေန႔ နံနက္ ၅ နာရီေလာက္မွာ ဆပ္တန္လို႔ အမည္ရတဲ့ ဘာစီလိုနာၿမိဳ႕လယ္က နာမည္ႀကီးေတြ လာေရာက္တတ္တဲ့ ႏိုက္ကလပ္မွာ ျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။

El Mundo ရဲ႕ ေဖာ္ျပခ်က္အပါအဝင္ စပိန္သတင္းစာေတြရဲ႕ ေဖာ္ျပခ်က္အရ ႏိုက္ကလပ္ထဲမွာ အမ်ိဳးသားတစ္ဦးက သူမရဲ႕ အတြင္းခံေဘာင္းဘီထဲ လက္နဲ႔ ႏႈိက္ခဲ့ၿပီးေနာက္ တရားခံကို လက္ညႇိဳးထိုးျပခဲ့ရာမွာ ဒန္နီ အဲဗက္စ္ ျဖစ္ေနခဲ့တယ္လို႔ သိရပါတယ္။

လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရသူအမ်ိဳးသမီးဟာ သူငယ္ခ်င္းျဖစ္သူကို ေျပာျပခဲ့ၿပီး သူငယ္ခ်င္းျဖစ္သူက လုံၿခဳံေရးဝန္ထမ္းေတြကို အသိေပးခဲ့ၿပီးေနာက္ ျပစ္မႈက်ဴးလြန္ခံရသူအမ်ိဳးသမီးကို လုံၿခဳံတဲ့ေနရာကို ေခၚေဆာင္သြားခဲ့ၿပီး ရဲတပ္ဖြဲ႕ကို ခ်က္ခ်င္း ဖုန္းေခၚခဲ့တာျဖစ္ပါတယ္။

“ကတ္တလန္ ရဲတပ္ဖြဲ႕ဟာ ကလပ္ကို သြားခဲ့ၿပီး ျပစ္မႈက်ဴးလြန္ခံရသူက ျဖစ္စဥ္ကို ေျပာျပခဲ့ပါတယ္။ ျပစ္မႈက်ဴးလြန္သူဟာ ႏိုက္ကလပ္ကို အဲဒီအခ်ိန္မွာ စြန႔္ခြာသြားခဲ့ၿပီးျဖစ္ပါတယ္။ ကစားသမားရဲ႕ ကိုယ္စားလွယ္ေတြကို ဆက္သြယ္ခဲ့ခ်ိန္မွာ စြပ္စြဲမႈေတြကို ျငင္းပယ္သြားခဲ့ၿပီး ဒီသတင္းအခ်က္အလက္ေတြဟာ မွားယြင္းေနတယ္လို႔ ေျပာခဲ့ပါတယ္။ အဲဗက္စ္ဟာ ကလပ္ထဲမွာ ရွိေနခဲ့ေပမယ့္လည္း အခ်ိန္ခဏေလာက္သာ ရွိေနခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္”လို႔ ABC က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.