နော့တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ ဂိုးသမား ဟန်ဒါဆန်၊ ခံစစ်မှာ ဝေါရဲလ်၊ ဘိုလီ၊ ရီနန် လိုဒီနဲ့ အူရီယေးတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မန်ဂါလာ၊ ဖရွိုင်လာနဲ့ ယိတ်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂစ်ဘ်စ်-ဝှိုက်၊ အဝိုနီယီနဲ့ ဘရင်နန် ဂျွန်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ချဲလ်ဆီးအသင်းကတော့ ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ကူလီဘေလီ၊ အက်ဇ်ပီလီကွေတာနဲ့ ကူကူရဲယားတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဇာကာရီးယားနဲ့ မေဆန်မောင့်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတာလင်၊ ပူလီရှစ်ချ်နဲ့ ဟာဗတ်ဇ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။
ပွဲစတာနဲ့ ကစားကွက်ပိုကောင်းတဲ့ ချဲလ်ဆီးတို့က ကွင်းလယ်နဲ့ ခံစစ်ကနေ Play Out လုပ်လာခဲ့ပြီး တောင်ပံတွေကို ရိုက်တင်ပေးခဲ့တာတွေက ဖောရက်စ်ခံစစ်ကို ဖရိုဖရဲဖြစ်စေခဲ့မယ့် ဒီနေ့ပွဲမှာ ကူးပါးရဲ့ ခံစစ်အိုင်ဒီယာက ဧရိယာထဲမှာ ဝါရင့် ဘိုလီနဲ့ ဝေါရဲလ်တို့က ထိုင်ဖျက်ဖို့ ဖြစ်နေခဲ့တာကြောင့် ပေါ့တာရဲ့ တိုက်စစ်က ဖြတ်တင်ဘောတွေ ထင်သလောက် ခရီးမရောက်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၁၀ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဂစ်ဘ်စ်-ဝှိုက် တင်ပေးတာကို ဂျွန်ဆန်က ကူကူရဲယားနဲ့ ဆေးလ်ဗားတို့ကြားက ဆွဲပြေးပြီး ကန်ခဲ့ပေမယ့် ဂိုးသမား ကီပါ ကာကွယ်သွားနိုင်ခဲ့သလို ပြန်ပိတ်တာကိုလည်း နှစ်ကြိမ်ဆက် ဖမ်းယူသွားနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ သက်သာခဲ့ရပြီး ကွင်းလယ်မှာ ခံစစ်ကို ကာပေးမယ့်သူမျိုး မရှိခဲ့တာကတော့ ပေါ်လွင်ခဲ့တာပါ။
ပွဲချိန် ၁၆ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဂိုးစရခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ မေဆန်မောင့် ပေးတာကို ပူလီရှစ်ချ်က ဖြတ်တင်ပေးရာမှာ ဟာဗတ်ဇ်ရဲ့ နောက်ပေါက်နဲ့ ချိတ်တာက ဘားထိပြီး ပြန်ကျလာတာကို ဒုတိယအကြိမ် ကာကွယ်ဖို့ ကြက်သေသေပြီး မေ့လျော့နေခဲ့တဲ့ ဂိုးသမား ဟန်ဒါဆန်နဲ့ နောက်ခံလူ ရီနန် လိုဒီတို့ကြောင့် လွတ်နေတဲ့ စတာလင်က Volley ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ခြုံပြောရရင် ကိုဗာချစ် မပါတဲ့ ကွင်းလယ်ကစားအားက အလွဲအမှားတွေ ရှိနေခဲ့သလို ရီးစ်ဂျိမ်းစ် လစ်သွားပြန်တဲ့ ညာခြမ်းကိုလည်း အက်ဇ်ပီလီကွေတာက ပြန်မဖြည့်နိုင်ခဲ့ဘဲ သာမန်လျှံကာလောက်သာ ကစားနိုင်ခဲ့လို့ တိုက်စစ်က ရင်ခုန်စရာတော့ သိပ်မရှိခဲ့ဘဲ ပုံမှန်အခြေအနေတွေမှာတော့ ဟာဗတ်ဇ်အနေနဲ့ ဖောရက်စ်ခံစစ်ကြားမှာ ညပ်နေခဲ့တာပါ။
ပွဲချိန် ၄၃ မိနစ်မှာ ဖရီးကစ်ကို မေဆန်မောင့် ကန်တင်ပေးရာကနေ ရှုပ်ယှက်ခတ်ပြီး ပြန်ကျလာတာကို ကူလီဘေလီ ချိုးပေးရာမှာ ပူလီရှစ်ချ် ကန်သွင်းခဲ့ပေမယ့် ဂိုးသမားတည့်တည့်ကို ခပ်ပျော့ပျော့ပဲ ရောက်သွားခဲ့လို့ ဂိုးရနိုင်တဲ့ အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ရပြီး ပထမပိုင်းကိုတော့ ချဲလ်ဆီးတို့က အဝေးကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းပြန်စစချင်း မိနစ်မှာတော့ ယူနီယံဘာလင်နဲ့ လီဗာပူးလ်တို့က လိမ်ရောင်းလိုက်တဲ့ အဝိုနီယီက လွတ်ထွက်သွားပြီး အနိမ့်ဘော ကန်သွင်းနိုင်ခဲ့ပေမယ့် ကီပါ ဖမ်းပြသွားခဲ့သလို ပွဲချိန် ၄၉ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းတောက်လျှောက် ဆွဲပြေးသွားတဲ့ ဂျွန်ဆန်က အလယ်မှာ ရှိနေတဲ့ အဝိုနီယီဆီ ချိုးပေးရမယ့်အစား တစ်ကိုယ်ကောင်းဆန်ဆန် ကန်သွားခဲ့လို့ ကီပါပဲ ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။
ဖောရက်စ်နည်းပြ ကူးပါးအနေနဲ့ သူ့ရဲ့ တိုက်စစ်ပိုင်းကို တိကျသေချာတဲ့ ဖော်မြူလာမျိုးတွေနဲ့ တည်ဆောက်ထားနိုင်ခြင်း မရှိဘဲ အထောင် တိုက်စစ်မှူးစစ်စစ်တွေ မဟုတ်ကြတဲ့ အဝိုနီယီနဲ့ ဂျွန်ဆန်တို့ကို နောက်ကနေ ဂစ်ဘ်စ်-ဝှိုက် သို့မဟုတ် လင်ဂတ်နဲ့ လိုက်ထောက်တဲ့ ဗျူဟာက ပိန်းလွန်းပြီး ဝတ်ဖို့ဒ်နဲ့ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဒင်းနစ်ကို တောင်ပံမှာ ဦးစားပေး ပွဲထုတ်ရမယ့်အစား ခေါက်ထားခဲ့တာတွေ ကျပ်မပြည့်မှုလို့ပဲ ယူဆရမှာဖြစ်ပါတယ်။
ပွဲချိန် ၅၄ မိနစ်မှာ ညာတောင်ပံကနေ ယိတ်စ်ရဲ့ ဧရိယာထဲ ပြန်ဖြတ်တင်ပေးတဲ့ ဘောလုံးကို နောက်ကနေ ပြေးတက်လာတဲ့ ဂစ်ဘ်စ်-ဝှိုက်က ကန်သွင်းခဲ့ရာမှာ ဘားထိထွက်ခဲ့လို့ ဖောရက်စ်တို့ ကံဆိုးခဲ့ရသလို တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ ဂျွန်ဆန်ကတော့ ဖြုန်းတီးလွန်းနေခဲ့ပြီး ပွဲချိန် ၆၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ဘက်က ဇာကာရီးယားအစား ကိုဗာချစ်ချ် ဝင်ကစားလာခဲ့တာပါ။
ပွဲချိန် ၆၃ မိနစ်မှာတော့ ဖောရက်စ်တို့ရဲ့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဂစ်ဘ်စ်-ဝှိုက်ရဲ့ ဘယ်ထောင့်ကန်ဘောကနေ ဧရိယာထဲမှာ မြောက်တက်နေတဲ့ ဘောလုံးကို ချဲလ်ဆီးတို့ ရှင်းထုတ်နိုင်ခြင်းမရှိချိန်မှာ Second Ball ကို ဘိုလီက ခေါင်းတိုက်ချပေးခဲ့တာကို အနားမှာ ရှိနေတဲ့ အူရီယေးက အနီးကပ် ကန်သွင်းနိုင်ခဲ့လို့ ကီပါ ကာကွယ်ဖို့ အခွင့်အရေး မရလိုက်ဘဲ ဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။
ဒီနောက်မှာတော့ နှစ်သင်းစလုံး အနိုင်ရဖို့အတွက် ကြိုးစားခဲ့ကြပြီး ချဲလ်ဆီးတို့ဘက်က စတာလင်၊ ဂျော်ဂျင်ညို၊ မေဆန်မောင့်နဲ့ ပူလီရှစ်ချ်တို့ အစား ဂါလာဂါ၊ ဇီးယက်ရှ်၊ အူဘာမီယန်းနဲ့ ချူကွယ်မီကာတို့ကို ထည့်သွင်းခဲ့သလို ဖောရက်စ်တို့ဘက်က မန်ဂါလာ၊ ဂျွန်ဆန်နဲ့ အဝိုနီယီတို့အစား ကိုးလ်ဘက်၊ ဆာရစ်ချ်နဲ့ နီကို ဝီလီယမ်စ်တို့ကို လဲကစားခဲ့ကြပေမယ့် နှစ်သင်းလုံးရဲ့ အားထုတ်မှုတွေကတော့ အနိုင်နဲ့ မထိုက်တန်ခဲ့ကြတာပါ။
ပွဲချိန်အပြည့်မှာတော့ ဇီးသီးဗန်းမှောက်ပြီး လူတွေ ဝယ်နေပေမယ့် ဘာကစားကွက်မှ ကောင်းကောင်းမရှိတဲ့ ခပ်ပိန်းပိန်းနည်းပြ ကူးပါးရဲ့ ဖောရက်စ်နဲ့ အင်္ဂလိပ် နည်းပြတွေထဲမှာ ဘာဆိုလားလို့ အပြောခံခဲ့ရပေမယ့် ခပ်ညံ့ညံ့ထက် မပိုခဲ့တဲ့ ပေါ့တာရဲ့ ချဲလ်ဆီးတို့ တစ်ဂိုးစီသရေပဲ ဖြစ်သွားခဲ့ပြီး ဥရောပဝင်ခွင့်အတွက် မျှော်လင့်နေကြတဲ့ အဝေးကွင်း ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာပွဲတစ်ပွဲပဲ ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ေနာ့တင္ဟမ္ေဖာရက္စ္အသင္းအေနနဲ႔ ဂိုးသမား ဟန္ဒါဆန္၊ ခံစစ္မွာ ေဝါရဲလ္၊ ဘိုလီ၊ ရီနန္ လိုဒီနဲ႔ အူရီေယးတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မန္ဂါလာ၊ ဖ႐ြိဳင္လာနဲ႔ ယိတ္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂစ္ဘ္စ္-ဝႈိက္၊ အဝိုနီယီနဲ႔ ဘရင္နန္ ဂြၽန္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ ခ်ဲလ္ဆီးအသင္းကေတာ့ ဂိုးသမား ကီပါ၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ကူလီေဘလီ၊ အက္ဇ္ပီလီေကြတာနဲ႔ ကူကူရဲယားတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ဇာကာရီးယားနဲ႔ ေမဆန္ေမာင့္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ စတာလင္၊ ပူလီရွစ္ခ်္နဲ႔ ဟာဗတ္ဇ္တို႔ကို တြဲဖက္ေပးလာခဲ့တာပါ။
ပြဲစတာနဲ႔ ကစားကြက္ပိုေကာင္းတဲ့ ခ်ဲလ္ဆီးတို႔က ကြင္းလယ္နဲ႔ ခံစစ္ကေန Play Out လုပ္လာခဲ့ၿပီး ေတာင္ပံေတြကို ႐ိုက္တင္ေပးခဲ့တာေတြက ေဖာရက္စ္ခံစစ္ကို ဖ႐ိုဖရဲျဖစ္ေစခဲ့မယ့္ ဒီေန႔ပြဲမွာ ကူးပါးရဲ႕ ခံစစ္အိုင္ဒီယာက ဧရိယာထဲမွာ ဝါရင့္ ဘိုလီနဲ႔ ေဝါရဲလ္တို႔က ထိုင္ဖ်က္ဖို႔ ျဖစ္ေနခဲ့တာေၾကာင့္ ေပါ့တာရဲ႕ တိုက္စစ္က ျဖတ္တင္ေဘာေတြ ထင္သေလာက္ ခရီးမေရာက္ခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၁၀ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဂစ္ဘ္စ္-ဝႈိက္ တင္ေပးတာကို ဂြၽန္ဆန္က ကူကူရဲယားနဲ႔ ေဆးလ္ဗားတို႔ၾကားက ဆြဲေျပးၿပီး ကန္ခဲ့ေပမယ့္ ဂိုးသမား ကီပါ ကာကြယ္သြားႏိုင္ခဲ့သလို ျပန္ပိတ္တာကိုလည္း ႏွစ္ႀကိမ္ဆက္ ဖမ္းယူသြားႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ သက္သာခဲ့ရၿပီး ကြင္းလယ္မွာ ခံစစ္ကို ကာေပးမယ့္သူမ်ိဳး မရွိခဲ့တာကေတာ့ ေပၚလြင္ခဲ့တာပါ။
ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဂိုးစရခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေမဆန္ေမာင့္ ေပးတာကို ပူလီရွစ္ခ်္က ျဖတ္တင္ေပးရာမွာ ဟာဗတ္ဇ္ရဲ႕ ေနာက္ေပါက္နဲ႔ ခ်ိတ္တာက ဘားထိၿပီး ျပန္က်လာတာကို ဒုတိယအႀကိမ္ ကာကြယ္ဖို႔ ၾကက္ေသေသၿပီး ေမ့ေလ်ာ့ေနခဲ့တဲ့ ဂိုးသမား ဟန္ဒါဆန္နဲ႔ ေနာက္ခံလူ ရီနန္ လိုဒီတို႔ေၾကာင့္ လြတ္ေနတဲ့ စတာလင္က Volley ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ၿခဳံေျပာရရင္ ကိုဗာခ်စ္ မပါတဲ့ ကြင္းလယ္ကစားအားက အလြဲအမွားေတြ ရွိေနခဲ့သလို ရီးစ္ဂ်ိမ္းစ္ လစ္သြားျပန္တဲ့ ညာျခမ္းကိုလည္း အက္ဇ္ပီလီေကြတာက ျပန္မျဖည့္ႏိုင္ခဲ့ဘဲ သာမန္လွ်ံကာေလာက္သာ ကစားႏိုင္ခဲ့လို႔ တိုက္စစ္က ရင္ခုန္စရာေတာ့ သိပ္မရွိခဲ့ဘဲ ပုံမွန္အေျခအေနေတြမွာေတာ့ ဟာဗတ္ဇ္အေနနဲ႔ ေဖာရက္စ္ခံစစ္ၾကားမွာ ညပ္ေနခဲ့တာပါ။
ပြဲခ်ိန္ ၄၃ မိနစ္မွာ ဖရီးကစ္ကို ေမဆန္ေမာင့္ ကန္တင္ေပးရာကေန ရႈပ္ယွက္ခတ္ၿပီး ျပန္က်လာတာကို ကူလီေဘလီ ခ်ိဳးေပးရာမွာ ပူလီရွစ္ခ်္ ကန္သြင္းခဲ့ေပမယ့္ ဂိုးသမားတည့္တည့္ကို ခပ္ေပ်ာ့ေပ်ာ့ပဲ ေရာက္သြားခဲ့လို႔ ဂိုးရႏိုင္တဲ့ အခြင့္အေရးတစ္ခု ဆုံးရႈံးခဲ့ရၿပီး ပထမပိုင္းကိုေတာ့ ခ်ဲလ္ဆီးတို႔က အေဝးကြင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။
ဒုတိယပိုင္းျပန္စစခ်င္း မိနစ္မွာေတာ့ ယူနီယံဘာလင္နဲ႔ လီဗာပူးလ္တို႔က လိမ္ေရာင္းလိုက္တဲ့ အဝိုနီယီက လြတ္ထြက္သြားၿပီး အနိမ့္ေဘာ ကန္သြင္းႏိုင္ခဲ့ေပမယ့္ ကီပါ ဖမ္းျပသြားခဲ့သလို ပြဲခ်ိန္ ၄၉ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ညာျခမ္းေတာက္ေလွ်ာက္ ဆြဲေျပးသြားတဲ့ ဂြၽန္ဆန္က အလယ္မွာ ရွိေနတဲ့ အဝိုနီယီဆီ ခ်ိဳးေပးရမယ့္အစား တစ္ကိုယ္ေကာင္းဆန္ဆန္ ကန္သြားခဲ့လို႔ ကီပါပဲ ပုတ္ထုတ္သြားႏိုင္ခဲ့တာပါ။
ေဖာရက္စ္နည္းျပ ကူးပါးအေနနဲ႔ သူ႔ရဲ႕ တိုက္စစ္ပိုင္းကို တိက်ေသခ်ာတဲ့ ေဖာ္ျမဴလာမ်ိဳးေတြနဲ႔ တည္ေဆာက္ထားႏိုင္ျခင္း မရွိဘဲ အေထာင္ တိုက္စစ္မႉးစစ္စစ္ေတြ မဟုတ္ၾကတဲ့ အဝိုနီယီနဲ႔ ဂြၽန္ဆန္တို႔ကို ေနာက္ကေန ဂစ္ဘ္စ္-ဝႈိက္ သို႔မဟုတ္ လင္ဂတ္နဲ႔ လိုက္ေထာက္တဲ့ ဗ်ဴဟာက ပိန္းလြန္းၿပီး ဝတ္ဖို႔ဒ္နဲ႔ လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ ဒင္းနစ္ကို ေတာင္ပံမွာ ဦးစားေပး ပြဲထုတ္ရမယ့္အစား ေခါက္ထားခဲ့တာေတြ က်ပ္မျပည့္မႈလို႔ပဲ ယူဆရမွာျဖစ္ပါတယ္။
ပြဲခ်ိန္ ၅၄ မိနစ္မွာ ညာေတာင္ပံကေန ယိတ္စ္ရဲ႕ ဧရိယာထဲ ျပန္ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ေနာက္ကေန ေျပးတက္လာတဲ့ ဂစ္ဘ္စ္-ဝႈိက္က ကန္သြင္းခဲ့ရာမွာ ဘားထိထြက္ခဲ့လို႔ ေဖာရက္စ္တို႔ ကံဆိုးခဲ့ရသလို တစ္ကိုယ္ေကာင္းဆန္လြန္းတဲ့ ဂြၽန္ဆန္ကေတာ့ ျဖဳန္းတီးလြန္းေနခဲ့ၿပီး ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က ဇာကာရီးယားအစား ကိုဗာခ်စ္ခ်္ ဝင္ကစားလာခဲ့တာပါ။
ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ေဖာရက္စ္တို႔ရဲ႕ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ဂစ္ဘ္စ္-ဝႈိက္ရဲ႕ ဘယ္ေထာင့္ကန္ေဘာကေန ဧရိယာထဲမွာ ေျမာက္တက္ေနတဲ့ ေဘာလုံးကို ခ်ဲလ္ဆီးတို႔ ရွင္းထုတ္ႏိုင္ျခင္းမရွိခ်ိန္မွာ Second Ball ကို ဘိုလီက ေခါင္းတိုက္ခ်ေပးခဲ့တာကို အနားမွာ ရွိေနတဲ့ အူရီေယးက အနီးကပ္ ကန္သြင္းႏိုင္ခဲ့လို႔ ကီပါ ကာကြယ္ဖို႔ အခြင့္အေရး မရလိုက္ဘဲ ဂိုးျပန္ေပးခဲ့ရတာျဖစ္ပါတယ္။
ဒီေနာက္မွာေတာ့ ႏွစ္သင္းစလုံး အႏိုင္ရဖို႔အတြက္ ႀကိဳးစားခဲ့ၾကၿပီး ခ်ဲလ္ဆီးတို႔ဘက္က စတာလင္၊ ေဂ်ာ္ဂ်င္ညိဳ၊ ေမဆန္ေမာင့္နဲ႔ ပူလီရွစ္ခ်္တို႔ အစား ဂါလာဂါ၊ ဇီးယက္ရွ္၊ အူဘာမီယန္းနဲ႔ ခ်ဴကြယ္မီကာတို႔ကို ထည့္သြင္းခဲ့သလို ေဖာရက္စ္တို႔ဘက္က မန္ဂါလာ၊ ဂြၽန္ဆန္နဲ႔ အဝိုနီယီတို႔အစား ကိုးလ္ဘက္၊ ဆာရစ္ခ်္နဲ႔ နီကို ဝီလီယမ္စ္တို႔ကို လဲကစားခဲ့ၾကေပမယ့္ ႏွစ္သင္းလုံးရဲ႕ အားထုတ္မႈေတြကေတာ့ အႏိုင္နဲ႔ မထိုက္တန္ခဲ့ၾကတာပါ။
ပြဲခ်ိန္အျပည့္မွာေတာ့ ဇီးသီးဗန္းေမွာက္ၿပီး လူေတြ ဝယ္ေနေပမယ့္ ဘာကစားကြက္မွ ေကာင္းေကာင္းမရွိတဲ့ ခပ္ပိန္းပိန္းနည္းျပ ကူးပါးရဲ႕ ေဖာရက္စ္နဲ႔ အဂၤလိပ္ နည္းျပေတြထဲမွာ ဘာဆိုလားလို႔ အေျပာခံခဲ့ရေပမယ့္ ခပ္ညံ့ညံ့ထက္ မပိုခဲ့တဲ့ ေပါ့တာရဲ႕ ခ်ဲလ္ဆီးတို႔ တစ္ဂိုးစီသေရပဲ ျဖစ္သြားခဲ့ၿပီး ဥေရာပဝင္ခြင့္အတြက္ ေမွ်ာ္လင့္ေနၾကတဲ့ အေဝးကြင္း ပရိသတ္ေတြအတြက္ေတာ့ စိတ္ပ်က္စရာပြဲတစ္ပြဲပဲ ျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.