အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်လ်ဆန်ကိုပဲ ဆက်သုံးခဲ့ပြီး ခံစစ်မှာတော့ တိုင်ရုန်းမင်းစ်၊ ကွန်ဆာ၊ အက်ရှ်လီယန်းနဲ့ ဒီညာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ကာမာရာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ မက်ဂင်းတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဘွင်ဒီယာ၊ ဘေလီနဲ့ ဝပ်ကင်းစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် တော့တင်ဟမ် ဟော့စပါးစ်တို့ကတော့ ဂိုးသမား လိုရစ်၊ ခံစစ်မှာ လွန်ဂလေ၊ ဘန်ဒေးဗီးစ်နဲ့ ရိုမဲရိုးတို့ကို ထားခဲ့ပြီး ကွင်းလယ်မှာတော့ ဘီဆူးမား၊ ဟွိုင်ဘယာ့ဂ်၊ ပါရီရှစ်ချ်နဲ့ ဒိုဟာတီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘရိုင်ယန် ဟေးလ်၊ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။
အမ်မရီရဲ့ ဗီလာအသင်းအနေနဲ့ ဆွန်ဟောင်မင်ကို တတ်နိုင်သလောက် ဘောလုံးမရအောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့သလို ဟာရီကိန်းနဲ့ ကွင်းလယ်က ချိတ်ဆက်မှုတွေကိုလည်း အတတ်နိုင်ဆုံး ပိတ်ဆို့သွားခဲ့ကြပြီး စပါးစ်ကွင်းလယ်ကတော့ ပြီးခဲ့တဲ့ ပွဲတွေကလိုပဲ ဟွိုင်ဘယာ့ဂ်နဲ့ ဘီဆူးမားအတွဲရဲ့ ဖန်တီးမှု အားနည်းလွန်းနေတာကြောင့် ကူလူရှက်ဗ်စကီးပါ မပါနိုင်ချိန်မှာ ရုန်းကန်ခဲ့ရပါတယ်။
ဝပ်ကင်းစ်ရဲ့ ရုန်းအားနဲ့ အမြန်နှုန်းက လေးလံတဲ့ စပါးစ်နောက်ခံလူတွေရဲ့ Wing Back တွေကြားက နေရာလွတ်တွေကို အကြိုက်ပြေးလို့ ရသွားခဲ့လို့ ကွန်တီရဲ့ ကစားကွက်မှာ Glitch လို့ ခေါ်တဲ့ System Error မျိုးဖြစ်နေခဲ့ပြီး ကိုယ့်ဘာသာကိုယ် တိုင်ပတ်နေခဲ့ချိန်မှာ ဗီလာခံစစ်ရဲ့ အာရုံစိုက်မှု လွတ်သွားတဲ့ အချိန်တချို့မှာသာ ခြိမ်းခြောက်နိုင်တော့တာဖြစ်ပါတယ်။
ညာခြမ်းက ဘရိုင်ယန် ဟေးလ်အနေနဲ့ အလိမ်အခေါက်တွေ အရင်ကထက် ကောင်းလာခဲ့ပေမယ့် Final Pass တွေမှာ အားနည်းခဲ့သလို ပါရီရှစ်ချ် ဖောက်ထွက်သွားပြီး အကောင်းဆုံးဖန်တီးပေးတာကို ဟာရီကိန်းက ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား မရှိတဲ့ ဂိုးပေါက်ရှေ့မှ အက်ရှ်လီယန်းက ခေါင်းတိုက်ဖျက်ထုတ်သွားခဲ့လို့ စပါးစ်တို့ ရင်ခံခဲ့ရသလို ပထမပိုင်းမှာတော့ ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း စပါးစ်တို့ရဲ့ ကစားကွက်က အချိတ်အဆက် မမိဘဲ အိုင်နေခဲ့သလို ဆွန်ဟောင်မင် ပလာတာများဖို့ ကြိုးစားတိုင်း ဗီလာကွင်းလယ်က မက်ဂင်း၊ ကာမာရာနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့က ကြုံတဲ့သူ ကြုံသလို ဖိအားပေးနိုင်ခဲ့လို့ အမ်မရီရဲ့ ဗျူဟာမှာ ကွန်တီတစ်ယောက် အဖြေမရှာနိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်။
ပွဲချိန် မိနစ် ၅၀ မှာတော့ ဗီလာတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကတော့ လွတ်နေတဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က အဝေးကနေ ကန်သွင်းခဲ့ရာမှာ စပါးစ်ဂိုးသမား လိုရစ် မဖမ်းနိုင်ဘဲ အန်ထွက်လာခဲ့တဲ့ ဘောလုံးကို ပြေးဝင်လာတဲ့ ဝပ်ကင်းစ်က ရယူပြီး နောက်ကို ပြန်ချိုးပေးခဲ့ရာမှာ ဘွင်ဒီယာက အနိမ့်ဘော အပြင်းကန်သွင်းနိုင်ခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။
စပါးစ်အသင်းအနေနဲ့ ရှေ့တန်းနဲ့ ကွင်းလယ်ကို ဒီနောက်ပိုင်းနှစ်တွေမှာ အမျိုးမျိုး ပြင်ဆင်နေခဲ့ပေမယ့် အသင်းမှာ ၁၀ ရာသီမြောက် ကစားနေပြီး အသက် ၃၆ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ဂိုးသမား လိုရစ်ကို ထိပ်တန်းအဆင့် ပြိုင်ပွဲတွေမှာ အားကိုးနေခဲ့တာကတော့ နားမလည်နိုင်စရာလုပ်ရပ်တစ်ခု ဖြစ်နေပြီး တစ်နေ့တစ်ခြား လေးလံလာတဲ့ ပြင်သစ်သားကို အစားထိုးဖို့ ရှေ့လျှောက်လုပ်ဆောင်ရတော့မယ်လို့လည်း ထင်မြင်မိပါတယ်။
ပွဲချိန် ၅၇ မိနစ်မှာ ပါရီရှစ်ချ် အခွင့်အရေးရခဲ့ပေမယ့် ဘားပေါ်ကျော်ကန်မိခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာ စပါးစ်တို့ဘက်က ဘရိုင်ယန် ဟေးလ်အစား ဆက်ဆီညွန်ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်ခဲ့သလို ဗီလာတို့ကတော့ ညာခြမ်းမှာ လူပျောက်တိုင်ရမလိုဖြစ်နေတဲ့ ဘေလီအစား မက်တီ ကတ်ရှ်ကို ထည့်သွင်းကစားလာခဲ့တာပါ။
ဒီနေ့ပွဲမှာ ဆွန်ကိန်းအတွဲရဲ့ လင့်ခ်ကို ပြတ်တောက်နေအောင်နဲ့ တိုင်မင်မကိုက်အောင် ဗီလာတို့က ဗျူဟာမြောက် ဖျက်ဆီးသွားနိုင်ခဲ့ကြချိန်မှာ စပါးစ်ခံစစ်ကတော့ တော်တော်လေးကို Chemistry မမိခဲ့လို့ ဘွင်ဒီယာနဲ့ ဝပ်ကင်းစ်တို့က မကြာခဏဆိုသလို ခြိမ်းခြောက်နေနိုင်ခဲ့ပြီး ကွန်တီရဲ့ လူတွေအနေနဲ့ မကြာခဏဆိုသလို အပေးအယူတွေက တိုင်ပတ်နေခဲ့ကြချိန်မှာ အမ်မရီရဲ့ လူတွေက အခွင့်အရေးယူလာနိုင်ခဲ့ကြပါတယ်။
ပွဲချိန် ၇၃ မိနစ်မှာတော့ ဗီလာတို့အတွက် အနိုင်သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဟာရီကိန်းဆီကနေ နောက်က ဝင်လုသွားခဲ့တဲ့ ဝပ်ကင်းစ်က ပြန်ချပေးတာကို ကွင်းလယ်ကနေ ပြန်ရသွားတဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က မက်ဂင်းနဲ့ ဝမ်းတူးရိုက်ထွက်ပြီး ဧရိယာထဲမှာ ချိန်သားကိုက် ရရှိခဲ့တဲ့ အခွင့်အရေးကို အမှားအယွင်းမရှိ ကန်သွင်းပြီး အူကြောင်ကြောင် စပါးစ်ခံစစ်ကို အနိုင်ယူသွားခဲ့တာပါ။
ဒီနောက်မှာတော့ ဗီလာတို့ဘက်က မက်ဂင်း၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ဘွင်ဒီယာနဲ့ ကွန်ဆာတို့အစား ကော်တင်ညို၊ ဘက်ဒ်နာရက်ခ်၊ ချိမ်းဘားစ်နဲ့ ဒန်နီအင်းစ်တို့ ဝင်ကစားခဲ့ကြသလို စပါးစ်တို့ဘက်ကတော့ အကြံကုန် ဂဠုန်ဆားချက်ပြီး ဘီဆူးမား၊ ဒိုဟာတီ၊ ပါရီရှစ်ချ်နဲ့ ဟွိုင်ဘယာ့ဂ်တို့အစား ပါပီ မာတာ ဆားရ်၊ အီမာဆန် ရိုယဲလ်၊ စပင့်စ်နဲ့ စကစ်ပ်တို့လို ကွင်းလယ်နဲ့ တောင်ပံလူတွေကိုသာ လဲစရာရှိခဲ့တာကြောင့် အိမ်ကွင်းမှာ ဘာမှ မတတ်နိုင်ဘဲ အမွေးနုတ်ခံခဲ့ရတာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ အက်စ်တန်ဗီလာတို့အနေနဲ့ အိမ်ရှင် စပါးစ်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ထိုက်ထိုက်တန်တန် အနိုင်ယူသွားခဲ့ပြီး နှစ်သစ်ကူးနေ့မှာ အဖွင့်လှခဲ့သလို ဇယားအလယ်ကို ပြန်တက်ဖို့ စတင်ရုန်းထလာနိုင်ခဲ့ကြချိန်မှာ မြောက်လန်ဒန်သားတွေကတော့ မန်ယူတို့ လုသွားခဲ့တဲ့ အဆင့် ၄ နေရာကို တစ်ပွဲပိုကစားထားတာတောင် ပြန်မသိမ်းနိုင်တော့ဘဲ နှစ်ပွဲဆက် နိုင်ပွဲပျောက်မှုနဲ့ မျက်နှာပျက်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေအာ္လ္ဆန္ကိုပဲ ဆက္သုံးခဲ့ၿပီး ခံစစ္မွာေတာ့ တိုင္႐ုန္းမင္းစ္၊ ကြန္ဆာ၊ အက္ရွ္လီယန္းနဲ႔ ဒီညာတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ကာမာရာ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ မက္ဂင္းတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘြင္ဒီယာ၊ ေဘလီနဲ႔ ဝပ္ကင္းစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
အိမ္ရွင္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္တို႔ကေတာ့ ဂိုးသမား လိုရစ္၊ ခံစစ္မွာ လြန္ဂေလ၊ ဘန္ေဒးဗီးစ္နဲ႔ ႐ိုမဲ႐ိုးတို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘီဆူးမား၊ ဟြိဳင္ဘယာ့ဂ္၊ ပါရီရွစ္ခ်္နဲ႔ ဒိုဟာတီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဘ႐ိုင္ယန္ ေဟးလ္၊ ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ကို တြဲဖက္ေပးလာခဲ့တာပါ။
အမ္မရီရဲ႕ ဗီလာအသင္းအေနနဲ႔ ဆြန္ေဟာင္မင္ကို တတ္ႏိုင္သေလာက္ ေဘာလုံးမရေအာင္ ႀကိဳတင္ကာကြယ္မႈေတြ ျပဳလုပ္သြားခဲ့သလို ဟာရီကိန္းနဲ႔ ကြင္းလယ္က ခ်ိတ္ဆက္မႈေတြကိုလည္း အတတ္ႏိုင္ဆုံး ပိတ္ဆို႔သြားခဲ့ၾကၿပီး စပါးစ္ကြင္းလယ္ကေတာ့ ၿပီးခဲ့တဲ့ ပြဲေတြကလိုပဲ ဟြိဳင္ဘယာ့ဂ္နဲ႔ ဘီဆူးမားအတြဲရဲ႕ ဖန္တီးမႈ အားနည္းလြန္းေနတာေၾကာင့္ ကူလူရွက္ဗ္စကီးပါ မပါႏိုင္ခ်ိန္မွာ ႐ုန္းကန္ခဲ့ရပါတယ္။
ဝပ္ကင္းစ္ရဲ႕ ႐ုန္းအားနဲ႔ အျမန္ႏႈန္းက ေလးလံတဲ့ စပါးစ္ေနာက္ခံလူေတြရဲ႕ Wing Back ေတြၾကားက ေနရာလြတ္ေတြကို အႀကိဳက္ေျပးလို႔ ရသြားခဲ့လို႔ ကြန္တီရဲ႕ ကစားကြက္မွာ Glitch လို႔ ေခၚတဲ့ System Error မ်ိဳးျဖစ္ေနခဲ့ၿပီး ကိုယ့္ဘာသာကိုယ္ တိုင္ပတ္ေနခဲ့ခ်ိန္မွာ ဗီလာခံစစ္ရဲ႕ အာ႐ုံစိုက္မႈ လြတ္သြားတဲ့ အခ်ိန္တခ်ိဳ႕မွာသာ ၿခိမ္းေျခာက္ႏိုင္ေတာ့တာျဖစ္ပါတယ္။
ညာျခမ္းက ဘ႐ိုင္ယန္ ေဟးလ္အေနနဲ႔ အလိမ္အေခါက္ေတြ အရင္ကထက္ ေကာင္းလာခဲ့ေပမယ့္ Final Pass ေတြမွာ အားနည္းခဲ့သလို ပါရီရွစ္ခ်္ ေဖာက္ထြက္သြားၿပီး အေကာင္းဆုံးဖန္တီးေပးတာကို ဟာရီကိန္းက ေခါင္းတိုက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးသမား မရွိတဲ့ ဂိုးေပါက္ေရွ႕မွ အက္ရွ္လီယန္းက ေခါင္းတိုက္ဖ်က္ထုတ္သြားခဲ့လို႔ စပါးစ္တို႔ ရင္ခံခဲ့ရသလို ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရျဖစ္ေနခဲ့တာပါ။
ဒုတိယပိုင္းမွာလည္း စပါးစ္တို႔ရဲ႕ ကစားကြက္က အခ်ိတ္အဆက္ မမိဘဲ အိုင္ေနခဲ့သလို ဆြန္ေဟာင္မင္ ပလာတာမ်ားဖို႔ ႀကိဳးစားတိုင္း ဗီလာကြင္းလယ္က မက္ဂင္း၊ ကာမာရာနဲ႔ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္တို႔က ႀကဳံတဲ့သူ ႀကဳံသလို ဖိအားေပးႏိုင္ခဲ့လို႔ အမ္မရီရဲ႕ ဗ်ဴဟာမွာ ကြန္တီတစ္ေယာက္ အေျဖမရွာႏိုင္ဘဲ ျဖစ္ေနခဲ့ရပါတယ္။
ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဗီလာတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေတာ့ လြတ္ေနတဲ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က အေဝးကေန ကန္သြင္းခဲ့ရာမွာ စပါးစ္ဂိုးသမား လိုရစ္ မဖမ္းႏိုင္ဘဲ အန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ေျပးဝင္လာတဲ့ ဝပ္ကင္းစ္က ရယူၿပီး ေနာက္ကို ျပန္ခ်ိဳးေပးခဲ့ရာမွာ ဘြင္ဒီယာက အနိမ့္ေဘာ အျပင္းကန္သြင္းႏိုင္ခဲ့လို႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။
စပါးစ္အသင္းအေနနဲ႔ ေရွ႕တန္းနဲ႔ ကြင္းလယ္ကို ဒီေနာက္ပိုင္းႏွစ္ေတြမွာ အမ်ိဳးမ်ိဳး ျပင္ဆင္ေနခဲ့ေပမယ့္ အသင္းမွာ ၁၀ ရာသီေျမာက္ ကစားေနၿပီး အသက္ ၃၆ ႏွစ္ျပည့္ခဲ့ၿပီျဖစ္တဲ့ ဂိုးသမား လိုရစ္ကို ထိပ္တန္းအဆင့္ ၿပိဳင္ပြဲေတြမွာ အားကိုးေနခဲ့တာကေတာ့ နားမလည္ႏိုင္စရာလုပ္ရပ္တစ္ခု ျဖစ္ေနၿပီး တစ္ေန႔တစ္ျခား ေလးလံလာတဲ့ ျပင္သစ္သားကို အစားထိုးဖို႔ ေရွ႕ေလွ်ာက္လုပ္ေဆာင္ရေတာ့မယ္လို႔လည္း ထင္ျမင္မိပါတယ္။
ပြဲခ်ိန္ ၅၇ မိနစ္မွာ ပါရီရွစ္ခ်္ အခြင့္အေရးရခဲ့ေပမယ့္ ဘားေပၚေက်ာ္ကန္မိခဲ့ၿပီး ပြဲခ်ိန္ ၆၃ မိနစ္မွာ စပါးစ္တို႔ဘက္က ဘ႐ိုင္ယန္ ေဟးလ္အစား ဆက္ဆီၫြန္ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္ခဲ့သလို ဗီလာတို႔ကေတာ့ ညာျခမ္းမွာ လူေပ်ာက္တိုင္ရမလိုျဖစ္ေနတဲ့ ေဘလီအစား မက္တီ ကတ္ရွ္ကို ထည့္သြင္းကစားလာခဲ့တာပါ။
ဒီေန႔ပြဲမွာ ဆြန္ကိန္းအတြဲရဲ႕ လင့္ခ္ကို ျပတ္ေတာက္ေနေအာင္နဲ႔ တိုင္မင္မကိုက္ေအာင္ ဗီလာတို႔က ဗ်ဴဟာေျမာက္ ဖ်က္ဆီးသြားႏိုင္ခဲ့ၾကခ်ိန္မွာ စပါးစ္ခံစစ္ကေတာ့ ေတာ္ေတာ္ေလးကို Chemistry မမိခဲ့လို႔ ဘြင္ဒီယာနဲ႔ ဝပ္ကင္းစ္တို႔က မၾကာခဏဆိုသလို ၿခိမ္းေျခာက္ေနႏိုင္ခဲ့ၿပီး ကြန္တီရဲ႕ လူေတြအေနနဲ႔ မၾကာခဏဆိုသလို အေပးအယူေတြက တိုင္ပတ္ေနခဲ့ၾကခ်ိန္မွာ အမ္မရီရဲ႕ လူေတြက အခြင့္အေရးယူလာႏိုင္ခဲ့ၾကပါတယ္။
ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ဗီလာတို႔အတြက္ အႏိုင္ေသခ်ာေစမယ့္ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဟာရီကိန္းဆီကေန ေနာက္က ဝင္လုသြားခဲ့တဲ့ ဝပ္ကင္းစ္က ျပန္ခ်ေပးတာကို ကြင္းလယ္ကေန ျပန္ရသြားတဲ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က မက္ဂင္းနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး ဧရိယာထဲမွာ ခ်ိန္သားကိုက္ ရရွိခဲ့တဲ့ အခြင့္အေရးကို အမွားအယြင္းမရွိ ကန္သြင္းၿပီး အူေၾကာင္ေၾကာင္ စပါးစ္ခံစစ္ကို အႏိုင္ယူသြားခဲ့တာပါ။
ဒီေနာက္မွာေတာ့ ဗီလာတို႔ဘက္က မက္ဂင္း၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ ဘြင္ဒီယာနဲ႔ ကြန္ဆာတို႔အစား ေကာ္တင္ညိဳ၊ ဘက္ဒ္နာရက္ခ္၊ ခ်ိမ္းဘားစ္နဲ႔ ဒန္နီအင္းစ္တို႔ ဝင္ကစားခဲ့ၾကသလို စပါးစ္တို႔ဘက္ကေတာ့ အႀကံကုန္ ဂဠဳန္ဆားခ်က္ၿပီး ဘီဆူးမား၊ ဒိုဟာတီ၊ ပါရီရွစ္ခ်္နဲ႔ ဟြိဳင္ဘယာ့ဂ္တို႔အစား ပါပီ မာတာ ဆားရ္၊ အီမာဆန္ ႐ိုယဲလ္၊ စပင့္စ္နဲ႔ စကစ္ပ္တို႔လို ကြင္းလယ္နဲ႔ ေတာင္ပံလူေတြကိုသာ လဲစရာရွိခဲ့တာေၾကာင့္ အိမ္ကြင္းမွာ ဘာမွ မတတ္ႏိုင္ဘဲ အေမြးႏုတ္ခံခဲ့ရတာျဖစ္ပါတယ္။
ပြဲခ်ိန္အျပည့္မွာေတာ့ အက္စ္တန္ဗီလာတို႔အေနနဲ႔ အိမ္ရွင္ စပါးစ္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ထိုက္ထိုက္တန္တန္ အႏိုင္ယူသြားခဲ့ၿပီး ႏွစ္သစ္ကူးေန႔မွာ အဖြင့္လွခဲ့သလို ဇယားအလယ္ကို ျပန္တက္ဖို႔ စတင္႐ုန္းထလာႏိုင္ခဲ့ၾကခ်ိန္မွာ ေျမာက္လန္ဒန္သားေတြကေတာ့ မန္ယူတို႔ လုသြားခဲ့တဲ့ အဆင့္ ၄ ေနရာကို တစ္ပြဲပိုကစားထားတာေတာင္ ျပန္မသိမ္းႏိုင္ေတာ့ဘဲ ႏွစ္ပြဲဆက္ ႏိုင္ပြဲေပ်ာက္မႈနဲ႔ မ်က္ႏွာပ်က္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.