Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၈.၉.၂၀၂၀

– ေအစီမီလန္က အငွားေခၚၿပီး အၿပီးသတ္ခ်ဳပ္ဆုိဖို႔ အင္တင္တင္ျဖစ္ေနတဲ့ ကြင္းလယ္အဖ်က္ကစားသမား တီမူး ဘာကာယိုကိုအတြက္ ရီးရဲလ္မက္ဒရစ္ရဲ႕ လက္သြက္တဲ့ ခ်ဥ္းကပ္မွဳ ေရာက္ရွိလာတယ္လုိ႔ သိရၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယူ႐ုိ သန္း ၃၀ ကို ေစာေစာစီးစီး ရရွိႏုိင္ဖို႔ရွိေန။

– ဂိုးသမား ေအဒူယာ မန္ဒီရဲ႕ ခ်ဲလ္ဆီးကို အေျပာင္းအေရႊ႕က ထင္သေလာက္ မေခ်ာေမြ႕ေသးဘဲ လမ္းတဝက္မွာပဲ ရွိေနေသးတယ္လုိ႔ သိရၿပီး ကစားသမားနဲ႔ ေဆြးေႏြးခြင့္ေပးထားေပမယ့္ ရင္းေနးအေနနဲ႔ ေငြသားသီးသန္႔နဲ႔ ေရာင္းခ်ဖို႔ထက္ တုိမိုရီနဲ႔ ဂ်ီ႐ူးတုိ႔ကို တစ္ရာသီအငွားနဲ႔ ျပန္အလိုရွိေနတာေၾကာင့္ သေဘာတူညီမွဳ အၿပီးမသတ္ႏုိင္ေသး။

– အသင္းရဲ႕ ကစားသမားေတြကို ရွင္းထုတ္ေရးအပုိင္းမွာေတာ့ အီတလီေနာက္ခံလူ ဒါဗီေဒး ဇက္ပါေကာ္စကာအတြက္ ဂ်ီႏိုအာအသင္းကို တစ္ႏွစ္အငွားခ်ဖို႔ သေဘာတူညီခဲ့ၿပီျဖစ္ၿပီး အဲ့ဒီၿမဳိ႕ရဲ႕ ေလဆိပ္ကို ေရာက္ရွိလာတာကို ျမင္ေတြ႕ခဲ့ရ။

– လီဗာပူးလ္နဲ႔ပြဲအတြက္ ခ်ဲလ္ဆီးရဲ႕ ထိခိုက္ဒဏ္ရာကစားသမားစာရင္းထဲက ဇီယက္ရွ္၊ ဂီးလ္မိုးနဲ႔ ပူလီရွစ္ခ်္တုိ႔ လြဲေခ်ာ္ဖို႔ ရွိေနေသးၿပီး တုိက္စစ္မွဴး တီမို ဗာနာကေတာ့ ကစားႏုိင္မွာျဖစ္သလို ေနာက္ခံလူေတြျဖစ္တဲ့ သီယာဂို ေဆးလ္ဗားနဲ႔ ဘန္ ေခ်းလ္ဝဲလ္တုိ႔ကို ထည့္သြင္း ကစားဖို႔ကေတာ့ လမ္းပတ္ရဲ႕ အဆုံးအျဖတ္သာျဖစ္ဖြယ္ရွိ။

– ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တုိ႔ ေတြ႕ဆုံမယ့္ပြဲမွာ ပရိသတ္ေတြအတြက္ ဒီပြဲရဲ႕ Talking Point တစ္ခုျဖစ္တဲ့ ဂိုးသမား ကီပါနဲ႔ တုိက္စစ္မွဴး ဆာလားတုိ႔ရဲ႕ ၿပဳိင္ဆုိင္မွဳကေတာ့ စိုးရိမ္ထိတ္လန္႔စရာျဖစ္ေနလိမ့္မယ္လို႔ Goal.com ေရးသား။

– ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္ရဲ႕ နည္းစနစ္ေတြနဲ႔ အံမဝင္တဲ့ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ အီမာဆန္ ပယ္လ္မီယာရီကို အလိုရွိေနတဲ့ အသင္းေတြထဲမွာ ဂ်ဴဗင္တပ္စ္နဲ႔ နာပိုလီတုိ႔အျပင္ ပီအက္စ္ဂ်ီလည္း ပါဝင္လာၿပီး အငွားနဲ႔ စတင္ေခၚယူၿပီးမွ အၿပီးသတ္ေျပာင္းေရႊ႕ေၾကး ေပးေခ်မယ့္ အစီအစဥ္ကို တာဝန္ရွိသူေတြ လက္ခံသြားဖြယ္ရွိေန။

– လူငယ္ေနာက္ခံလူကို တုိမိုရီကို ဇူးမားကို ေခၚယူစဥ္တုန္းကလုိပဲ ႏွစ္သင္းၾကား သေဘာတူညီႏုိင္မယ္လို႔ ထင္ေနခဲ့တဲ့ အဲဗာတန္အသင္းအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး ခ်ဲလ္ဆီးအေနနဲ႔ ဒီအဂၤလန္လူငယ္ကို ရင္းေနးဆီကို မျဖစ္မေန ပုိ႔ေဆာင္ေပးသြားရဖို႔ လုိက္ေလ်ာရႏုိင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အေစီမီလန်က အငှားခေါ်ပြီး အပြီးသတ်ချုပ်ဆိုဖို့ အင်တင်တင်ဖြစ်နေတဲ့ ကွင်းလယ်အဖျက်ကစားသမား တီမူး ဘာကာယိုကိုအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ လက်သွက်တဲ့ ချဉ်းကပ်မှု ရောက်ရှိလာတယ်လို့ သိရပြီး ချဲလ်ဆီးအသင်းအနေနဲ့ ယူရို သန်း ၃၀ ကို စောစောစီးစီး ရရှိနိုင်ဖို့ရှိနေ။

– ဂိုးသမား အေဒူယာ မန်ဒီရဲ့ ချဲလ်ဆီးကို အပြောင်းအရွှေ့က ထင်သလောက် မချောမွေ့သေးဘဲ လမ်းတဝက်မှာပဲ ရှိနေသေးတယ်လို့ သိရပြီး ကစားသမားနဲ့ ဆွေးနွေးခွင့်ပေးထားပေမယ့် ရင်းနေးအနေနဲ့ ငွေသားသီးသန့်နဲ့ ရောင်းချဖို့ထက် တိုမိုရီနဲ့ ဂျီရူးတို့ကို တစ်ရာသီအငှားနဲ့ ပြန်အလိုရှိနေတာကြောင့် သဘောတူညီမှု အပြီးမသတ်နိုင်သေး။

– အသင်းရဲ့ ကစားသမားတွေကို ရှင်းထုတ်ရေးအပိုင်းမှာတော့ အီတလီနောက်ခံလူ ဒါဗီဒေး ဇက်ပါကော်စကာအတွက် ဂျီနိုအာအသင်းကို တစ်နှစ်အငှားချဖို့ သဘောတူညီခဲ့ပြီဖြစ်ပြီး အဲ့ဒီမြို့ရဲ့ လေဆိပ်ကို ရောက်ရှိလာတာကို မြင်တွေ့ခဲ့ရ။

– လီဗာပူးလ်နဲ့ပွဲအတွက် ချဲလ်ဆီးရဲ့ ထိခိုက်ဒဏ်ရာကစားသမားစာရင်းထဲက ဇီယက်ရှ်၊ ဂီးလ်မိုးနဲ့ ပူလီရှစ်ချ်တို့ လွဲချော်ဖို့ ရှိနေသေးပြီး တိုက်စစ်မှူး တီမို ဗာနာကတော့ ကစားနိုင်မှာဖြစ်သလို နောက်ခံလူတွေဖြစ်တဲ့ သီယာဂို ဆေးလ်ဗားနဲ့ ဘန် ချေးလ်ဝဲလ်တို့ကို ထည့်သွင်း ကစားဖို့ကတော့ လမ်းပတ်ရဲ့ အဆုံးအဖြတ်သာဖြစ်ဖွယ်ရှိ။

– ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ တွေ့ဆုံမယ့်ပွဲမှာ ပရိသတ်တွေအတွက် ဒီပွဲရဲ့ Talking Point တစ်ခုဖြစ်တဲ့ ဂိုးသမား ကီပါနဲ့ တိုက်စစ်မှူး ဆာလားတို့ရဲ့ ပြိုင်ဆိုင်မှုကတော့ စိုးရိမ်ထိတ်လန့်စရာဖြစ်နေလိမ့်မယ်လို့ Goal.com ရေးသား။

– ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်ရဲ့ နည်းစနစ်တွေနဲ့ အံမဝင်တဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ အီမာဆန် ပယ်လ်မီယာရီကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ်စ်နဲ့ နာပိုလီတို့အပြင် ပီအက်စ်ဂျီလည်း ပါဝင်လာပြီး အငှားနဲ့ စတင်ခေါ်ယူပြီးမှ အပြီးသတ်ပြောင်းရွှေ့ကြေး ပေးချေမယ့် အစီအစဉ်ကို တာဝန်ရှိသူတွေ လက်ခံသွားဖွယ်ရှိနေ။

– လူငယ်နောက်ခံလူကို တိုမိုရီကို ဇူးမားကို ခေါ်ယူစဉ်တုန်းကလိုပဲ နှစ်သင်းကြား သဘောတူညီနိုင်မယ်လို့ ထင်နေခဲ့တဲ့ အဲဗာတန်အသင်းအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး ချဲလ်ဆီးအနေနဲ့ ဒီအင်္ဂလန်လူငယ်ကို ရင်းနေးဆီကို မဖြစ်မနေ ပို့ဆောင်ပေးသွားရဖို့ လိုက်လျောရနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.