ရီယို ဖာဒီနန်နဲ့ ပေါလ် စခိုးတို့ဟာ အိုးထရက်ဖို့ဒ်မှာ ကောင်းလိုက်ဆိုးလိုက်နဲ့ သံသရာလည်နေတဲ့ အန်သိုနီ မာစီယယ်လ်ရဲ့ ကစားသမားဘဝကို မေးခွန်းထုတ်ခဲ့ပါတယ်။
မာစီယယ်လ်ရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝဟာ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့အချိန်အတွင်း အကောင်းအဆိုးတွေ ရောပြွန်းနေခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နွေရာသီမှာ မိုနာကိုအသင်းကနေ မာစီယယ်လ်ကို ခေါ်ယူခဲ့တဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ပြင်သစ်တိုက်စစ်မှူးအတွက် မျှော်မှန်းချက်တွေ ကြီးကြီးမားမား ထားရှိခဲ့ကြတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ မာစီယယ်လ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းပေးချေခဲ့ရပြီး အဲဒီအချိန်တုန်းက ထိပ်တန်းအဆင့်မှာ သက်သေပြသနိုင်ခြင်းမရှိသေးတဲ့ ဆယ်ကျော်သက်ကစားသမားတစ်ဦးအတွက် အမြင့်မားဆုံးပြောင်းရွှေ့ကြေးကို ပေးချေခဲ့ရတာဖြစ်ပြီး မျှော်မှန်းချက်တွေနဲ့အတူ သံသယတွေလည်း ရှိခဲ့ကြတာဖြစ်ပါတယ်။
ကံမကောင်းစွာနဲ့ပဲ မာစီယယ်လ်ဟာ အိုးထရက်ဖို့ဒ်မှာ မျှော်မှန်းထားတဲ့ခြေစွမ်းအတိုင်း ပြသဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး အချိန်အချို့မှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပေမယ့်လည်း အချိန်တော်တော်ကြာ ပြန်ပျောက်ပျောက်သွားခဲ့တာဖြစ်ပါတယ်။
ရီယို ဖာဒီနန်က မာစီယယ်အနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ ရှိနေခဲ့တဲ့အချိန်တွေနဲ့ပတ်သက်ပြီး ပျော်ရွှင်နေရဲ့လားဆိုတာကို မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး “ကျွန်တော် သူ မန်ယူနိုက်တက်ရှပ်နဲ့ လုပ်နေတာတွေကို စိတ်ကျေနပ်မှုရှိရဲ့လားဆိုတာ သိချင်ပါတယ်။ မာစီယယ်လ်အနေနဲ့ သူ့ရဲ့ မန်ယူနိုက်တက်ကစားသမားဘဝမှာ သူရရှိခဲ့တာတွေနဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့ရဲ့လား။ သူ မပျော်ရွှင်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အများကြီးပိုပြီး လုပ်စရာတွေ ရှိနေလို့ပါ။ သူ အိုးထရက်ဖို့ဒ်ကို ရောက်လာပြီး လီဗာပူးလ်နဲ့ပွဲစဉ်က ဂိုးကို သွင်းယူသွားတဲ့အချိန်မှာ အားလုံးက ဘုရားသခင် ဒီဆယ်ကျော်သက်လေး။ ပေါင်သန်း ၅၀ တန်။ သီယာရီ အွန်နရီ ခံစားမှုမျိုးတွေ ဖြစ်သွားခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပေါလ် စခိုးကလည်း မာစီယယ်လ်ဟာ မန်ချက်စတာယူနိုက်တက်မှာ အောင်မြင်မှု ရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်သွားရမှာဖြစ်ပေမယ့်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ကင်းမဲ့နေတယ်လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။
“သူ့မှာ အရာအားလုံးရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူက ဘယ်လိုနည်းလမ်းမျိုးနဲ့မဆို သွားနိုင်ပါတယ်။ သူက သန်မာတယ်။ အားကောင်းတယ်။ စိတ်ပိုင်းဆိုင်ရာကတော့ တစ်ခုတည်းသော မေးခွန်းထုတ်စရာ ဖြစ်နိုင်ပါတယ်။သူ အဲဒါကို လုပ်နိုင်မှာလား။ သူ မန်ယူနိုက်တက်ကို ပရီးမီးယားလိဂ်ရရှိအောင် စွမ်းဆောင်ပေးမှာလား။ သူ ၂၅ ဂိုး သွင်းယူပေးနိုင်မှာလား။သူက ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိပါ့မလား”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ရီယို ဖာဒီနန္နဲ႔ ေပါလ္ စခိုးတို႔ဟာ အိုးထရက္ဖို႔ဒ္မွာ ေကာင္းလိုက္ဆိုးလိုက္နဲ႔ သံသရာလည္ေနတဲ့ အန္သိုနီ မာစီယယ္လ္ရဲ႕ ကစားသမားဘဝကို ေမးခြန္းထုတ္ခဲ့ပါတယ္။
မာစီယယ္လ္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘဝဟာ အိုးထရက္ဖို႔ဒ္မွာ ရွိေနခဲ့တဲ့အခ်ိန္အတြင္း အေကာင္းအဆိုးေတြ ေရာႁပြန္းေနခဲ့တာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ ေႏြရာသီမွာ မိုနာကိုအသင္းကေန မာစီယယ္လ္ကို ေခၚယူခဲ့တဲ့အခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ျပင္သစ္တိုက္စစ္မႉးအတြက္ ေမွ်ာ္မွန္းခ်က္ေတြ ႀကီးႀကီးမားမား ထားရွိခဲ့ၾကတာျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာ မာစီယယ္လ္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၆ သန္းေပးေခ်ခဲ့ရၿပီး အဲဒီအခ်ိန္တုန္းက ထိပ္တန္းအဆင့္မွာ သက္ေသျပသႏိုင္ျခင္းမရွိေသးတဲ့ ဆယ္ေက်ာ္သက္ကစားသမားတစ္ဦးအတြက္ အျမင့္မားဆုံးေျပာင္းေ႐ႊ႕ေၾကးကို ေပးေခ်ခဲ့ရတာျဖစ္ၿပီး ေမွ်ာ္မွန္းခ်က္ေတြနဲ႔အတူ သံသယေတြလည္း ရွိခဲ့ၾကတာျဖစ္ပါတယ္။
ကံမေကာင္းစြာနဲ႔ပဲ မာစီယယ္လ္ဟာ အိုးထရက္ဖို႔ဒ္မွာ ေမွ်ာ္မွန္းထားတဲ့ေျခစြမ္းအတိုင္း ျပသဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး အခ်ိန္အခ်ိဳ႕မွာ အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့ေပမယ့္လည္း အခ်ိန္ေတာ္ေတာ္ၾကာ ျပန္ေပ်ာက္ေပ်ာက္သြားခဲ့တာျဖစ္ပါတယ္။
ရီယို ဖာဒီနန္က မာစီယယ္အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္မွာ ရွိေနခဲ့တဲ့အခ်ိန္ေတြနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ေနရဲ႕လားဆိုတာကို ေမးခြန္းထုတ္ခဲ့တာျဖစ္ၿပီး “ကြၽန္ေတာ္ သူ မန္ယူႏိုက္တက္ရွပ္နဲ႔ လုပ္ေနတာေတြကို စိတ္ေက်နပ္မႈရွိရဲ႕လားဆိုတာ သိခ်င္ပါတယ္။ မာစီယယ္လ္အေနနဲ႔ သူ႔ရဲ႕ မန္ယူႏိုက္တက္ကစားသမားဘဝမွာ သူရရွိခဲ့တာေတြနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ခဲ့ရဲ႕လား။ သူ မေပ်ာ္႐ႊင္ေနဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အမ်ားႀကီးပိုၿပီး လုပ္စရာေတြ ရွိေနလို႔ပါ။ သူ အိုးထရက္ဖို႔ဒ္ကို ေရာက္လာၿပီး လီဗာပူးလ္နဲ႔ပြဲစဥ္က ဂိုးကို သြင္းယူသြားတဲ့အခ်ိန္မွာ အားလုံးက ဘုရားသခင္ ဒီဆယ္ေက်ာ္သက္ေလး။ ေပါင္သန္း ၅၀ တန္။ သီယာရီ အြန္နရီ ခံစားမႈမ်ိဳးေတြ ျဖစ္သြားခဲ့ၾကပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ေပါလ္ စခိုးကလည္း မာစီယယ္လ္ဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ေအာင္ျမင္မႈ ရရွိဖို႔ ကိုယ္စြမ္းဉာဏ္စြမ္းရွိသမွ် လုပ္ေဆာင္သြားရမွာျဖစ္ေပမယ့္လည္း စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ ကင္းမဲ့ေနတယ္လို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။
“သူ႔မွာ အရာအားလုံးရွိတယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ သူက ဘယ္လိုနည္းလမ္းမ်ိဳးနဲ႔မဆို သြားႏိုင္ပါတယ္။ သူက သန္မာတယ္။ အားေကာင္းတယ္။ စိတ္ပိုင္းဆိုင္ရာကေတာ့ တစ္ခုတည္းေသာ ေမးခြန္းထုတ္စရာ ျဖစ္ႏိုင္ပါတယ္။သူ အဲဒါကို လုပ္ႏိုင္မွာလား။ သူ မန္ယူႏိုက္တက္ကို ပရီးမီးယားလိဂ္ရရွိေအာင္ စြမ္းေဆာင္ေပးမွာလား။ သူ ၂၅ ဂိုး သြင္းယူေပးႏိုင္မွာလား။သူက ေျခစြမ္းပိုင္းတည္ၿငိမ္မႈရွိပါ့မလား”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.