Premier League

ဆာကာနဲ့ ဟာလန်းတို့ကို ဆုသာပေးလိုက်တော့လို့ ပြောလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ ဂန်းနားကြယ်ပွင့် ဘူကာယို ဆာကာတို့ဟာ ယခုရာသီ ပရီးမီးယားလိဂ်ရဲ့ ဆုတွေကို ရရှိခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်အသင်းကနေ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့လာခဲ့တဲ့ ဟာလန်းဟာ အင်္ဂလန်မှာ ချက်ချင်း ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရေပန်းအစားဆုံးဖြစ်နေတာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးဟာ စနေနေ့က အဲဗာတန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီမှာ ၁၅ ပွဲသာ ကစားရသေးချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၁ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဟာလန်းရဲ့ နောက်မှာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး အာလင်း ဟာလန်းက ရွှေဖိနပ်ဆုပြိုင်ပွဲမှာ ဒုတိယနေရာကနေ လိုက်နေတာဖြစ်ပြီး ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီက အင်္ဂလန်တိုက်စစ်မှူးထက် ၁ ဂိုးလျော့နဲ့ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်ကြယ်ပွင့် ဆာကာဟာ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ ဂန်းနားတွေအတွက် အလွန်ကောင်းမွန်တဲ့ ရာသီစတင်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အတွက် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ နှစ်သစ်ကူးအကြိုနေ့ညက ဘရိုက်တန်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပြီး ဖာဒီနန်က ဆာကာကို ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာအကောင်းဆုံးလူငယ်ကစားသမားကို ဖြစ်နိုင်သမျှ မြန်မြန်သာ ပေးအပ်လိုက်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံလူ ဖာဒီနန်က အာလင်း ဟာလန်းကလည်း စီးတီးမှာ အလွန်ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ပြီးနောက် တစ်ရာသီတာအကောင်းဆုံးကစားသမားဆုကို ရရှိသင့်တယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ဆာကာက ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား ဖြစ်ပြီးသားပါ။ သူ့ကို တတ်နိုင်သမျှ စောစောသာ ဆုပေးလိုက်ပါ။ ခင်ဗျား အဲဒီဆုပေးနေချိန်မှာ ဟာလန်းကိုလည်း စီနီယာဆု(ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆု)ပေးလိုက်ပါ”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က မန္စီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းနဲ႔ ဂန္းနားၾကယ္ပြင့္ ဘူကာယို ဆာကာတို႔ဟာ ယခုရာသီ ပရီးမီးယားလိဂ္ရဲ႕ ဆုေတြကို ရရွိခဲ့ၿပီးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဒါ့မြန္အသင္းကေန မန္ခ်က္စတာစီးတီးကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဟာလန္းဟာ အဂၤလန္မွာ ခ်က္ခ်င္း ေျခစြမ္းျပသႏိုင္ခဲ့ၿပီးေနာက္ ယခုရာသီ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကို ေရပန္းအစားဆုံးျဖစ္ေနတာ ျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာ္ေဝတိုက္စစ္မႉးဟာ စေနေန႔က အဲဗာတန္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ယခုရာသီမွာ ၁၅ ပြဲသာ ကစားရေသးခ်ိန္မွာ ပရီးမီးယားလိဂ္သြင္းဂိုး ၂၁ ဂိုးအထိ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

ဟာလန္းရဲ႕ ေနာက္မွာ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး အာလင္း ဟာလန္းက ေ႐ႊဖိနပ္ဆုၿပိဳင္ပြဲမွာ ဒုတိယေနရာကေန လိုက္ေနတာျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉး အိုင္ဗန္ တိုနီက အဂၤလန္တိုက္စစ္မႉးထက္ ၁ ဂိုးေလ်ာ့နဲ႔ တတိယေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။ အာဆင္နယ္ၾကယ္ပြင့္ ဆာကာဟာ ယခုရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူ ဂန္းနားေတြအတြက္ အလြန္ေကာင္းမြန္တဲ့ ရာသီစတင္မႈ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အတြက္ အေကာင္းဆုံးပုံစံကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ အဂၤလန္ေတာင္ပံၾကယ္ပြင့္ဟာ ႏွစ္သစ္ကူးအႀကိဳေန႔ညက ဘ႐ိုက္တန္ကို ၄-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္သြင္းဂိုး ၆ ဂိုးအထိ ရွိလာခဲ့တာျဖစ္ၿပီး ဖာဒီနန္က ဆာကာကို ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီတာအေကာင္းဆုံးလူငယ္ကစားသမားကို ျဖစ္ႏိုင္သမွ် ျမန္ျမန္သာ ေပးအပ္လိုက္ဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေနာက္ခံလူ ဖာဒီနန္က အာလင္း ဟာလန္းကလည္း စီးတီးမွာ အလြန္ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ခဲ့ၿပီးေနာက္ တစ္ရာသီတာအေကာင္းဆုံးကစားသမားဆုကို ရရွိသင့္တယ္လို႔လည္း ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

“ဆာကာက ပရီးမီးယားလိဂ္ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမား ျဖစ္ၿပီးသားပါ။ သူ႔ကို တတ္ႏိုင္သမွ် ေစာေစာသာ ဆုေပးလိုက္ပါ။ ခင္ဗ်ား အဲဒီဆုေပးေနခ်ိန္မွာ ဟာလန္းကိုလည္း စီနီယာဆု(ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု)ေပးလိုက္ပါ”လို႔ တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.