Premier League

Fantasy Premier League: ပထမပတ္မွာ ရခဲ့တဲ့ ဒုတိယပတ္အတြက္ သင္ခန္းစာ

သင္ခန္းစာ (၁)။ ပင္နယ္တီကန္သြင္းသူေတြရဲ႕ အေရးပါမွဳ – ၿပီးခဲ့တဲ့အပတ္က အသင္းေခါင္းေဆာင္ ေပးႏုိင္တဲ့ တုိက္စစ္မွဴးႏွစ္ဦးျဖစ္တဲ့ မိုဟာမက္ ဆာလားနဲ႔ ေဂ်မီ ဗာဒီတုိ႔ ပင္နယ္တီႏွစ္ဂိုးစီ ရရွိခဲ့သလို အမွတ္မ်ားမ်ား ရွာေဖြေလ့မရွိတဲ့ ေဂ်ာ္ဂ်င္ညဳိကလည္း ပင္နယ္တီနဲ႔ ဖန္တီးမွဳတစ္ႀကိမ္ ရရွိခဲ့တာပါပဲ။ ဒီတစ္ပတ္အတြက္ ထပ္ေျပာရရင္ေတာ့ ေဈးတူရင္ ပင္နယ္တီ ကန္ရတဲ့သူေတြကို ဦးစားေပးေရြးပါ။ မာေနးထက္ ဆာလားက ပုိတန္သလို တီမို ဗာနာထက္ ဗာဒီက ပုိအက်ဳိးျပဳမွာ အမွန္ပါပဲ။ ဖူလ္ဟမ္ရဲ႕ မီထ႐ိုဗစ္ကလည္း ပင္နယ္တီကန္သြင္းသူျဖစ္ပါသတဲ့။

သင္ခန္းစာ (၂)။ အဲဗာတန္အသင္းအတြက္ အမွတ္ေတြ ရလိမ့္မယ္ – ဘ႐ူႏုိ ဖာနန္ဒက္စ္နဲ႔ ပူလီရွစ္ခ်္ကို ေရြးမယ့္အစားေတာ့ အဲဗာတန္က ကစားသမားေတြကို ရဲရဲႀကီး ေရြးႏုိင္တယ္။ ကဲလ္ဗတ္-လူဝင္၊ ရစ္ခ်ာလစ္ဆန္၊ ဟားမက္စ္ ႐ိုဒရီးရက္ဇ္၊ အက္ဘ္ဒူလာေယး ဒူကူေယး သူတုိ႔အားလုံးက အန္ဆယ္ေလာ့တီနဲ႔ ရာသီသစ္အတြက္ အမွတ္ရႏုိင္သူေတြပါပဲ။ အယ္လန္နဲ႔ ဒူကူေယးကို ကြင္းလယ္မွာ ပုိင္ဆုိင္ထားတာက ခံစစ္သမားေတြပါ အမွတ္ ပုိရလာႏုိင္တယ္။ ဂိုးသမား ပစ္ခ္ဖို႔ဒ္နဲ႔ အရင္အပတ္က ၁၂ မွတ္ရတဲ့ ဒီညီ၊ မီနာ၊ ကီးန္၊ ကိုးလ္မန္းတုိ႔ကို အႀကဳိက္ေတြ႕လိမ့္မယ္ထင္တယ္။

သင္ခန္းစာ (၃)။ အရည္အခ်င္းမျပည့္တဲ့ ဖူလ္ဟမ္နဲ႔ ဝက္စ္ဘရြန္းကို ပစ္မွတ္ထားပါ – တန္းတက္ထဲက ဒီႏွစ္သင္းဟာ ပရီးမီးယားလိဂ္ရဲ႕ အရည္အခ်င္း မျပည့္ဘူးလို႔ပဲ ဆုိရမယ္။ လိဒ္စ္နဲ႔ ဘီယယ္လ္ဆာကိုေတာ့ ခ်န္ထားရမွာေပါ့ေလ။ ကိုယ့္ဘက္ တုိက္စစ္မွဴးကို အသင္းေခါင္းေဆာင္ ေရြးခ်ယ္ရင္ ဒီႏွစ္သင္းနဲ႔ေတြ႕တဲ့အခါမ်ဳိးမွာ ေရြးတာ အေကာင္းဆုံးပါပဲ။ ဒီတစ္ပတ္မွာေတာ့ အူဘာမီယန္းက အိမ္ကြင္းမွာ စာခ်ဳပ္သစ္ အထိန္းအမွတ္ ဟက္ထရစ္သြင္းမလားပဲ။

သင္ခန္းစာ (၄)။ လီဗာပူးလ္ခံစစ္ကို မယုံဖို႔ ျပသြားတဲ့ လိဒ္စ္ – လိဒ္စ္ကို ၃ ဂိုးေပးလုိက္ရတဲ့ လီဗာပူးလ္ေနာက္တန္းေတြကို ဘယ္ႏွေယာက္ ပုိင္ဆုိင္ထားၾကသလဲ။ ေရွ႕ဆက္ၿပီး ခ်ဲလ္ဆီး၊ အာဆင္နယ္တုိ႔နဲ႔ေတြ႕မယ့္ပြဲေတြမွာ ဂိုးမေပးရဖို႔ ယုံၾကည္ခ်က္ကေတာ့ မရွိသေလာက္ပါပဲ။ တုိက္စစ္ရဲ႕ ကစားပုံနဲ႔ ဂိုးသြင္းဖို႔ကို ခံစစ္ကတက္ၿပီး ဖန္တီးေပးႏုိင္ဖို႔ပဲ ေမွ်ာ္လင့္လိုက္ပါ။

သင္ခန္းစာ (၅)။ နယူးကာဆယ္လ္ရဲ႕ လူသစ္ေတြကို ယုံၾကည္ႏုိင္တယ္ – ကယ္လမ္ ဝီလ္ဆန္၊ ဂ်က္ဖ္ ဟင္းဒရစ္ခ္၊ ဂ်မားလ္ လူးဝစၥတုိ႔ သုံးဦးလုံး ပြဲထြက္မွာ ေျခစြမ္းျပၿပီး အမွတ္မ်ားမ်ားရခဲ့တယ္။ ဝီလ္ဆန္နဲ႔ လူးဝစၥရဲ႕ ခ်ိတ္ဆက္မွဳက ေတာ္ေတာ္ေလးေကာင္းၿပီး ဘယ္ေနာက္ခံလူအတြက္ ေဘာနပ္တစ္မွတ္လည္း ရခဲ့တယ္ေလ။ မီထ႐ိုဗစ္ကို ေရြးထားရင္ ဝီလ္ဆန္နဲ႔ လဲလုိက္ပါ။ ေလးႀကိမ္၊ သုံးႀကိမ္ ဂိုးေပါက္တည့္ၿပီး တစ္ဂိုးရတယ္ဆုိတာက ေတာ္ေတာ္ေလး မဆုိးပါဘူး။ ကဲ… ဒုတိယပတ္မွာ ကံေကာင္းၾကပါေစ။ (မာ့ခ္ မက္ဂက္တီဂန္ – FPL General)

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

သင်ခန်းစာ (၁)။ ပင်နယ်တီကန်သွင်းသူတွေရဲ့ အရေးပါမှု – ပြီးခဲ့တဲ့အပတ်က အသင်းခေါင်းဆောင် ပေးနိုင်တဲ့ တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ မိုဟာမက် ဆာလားနဲ့ ဂျေမီ ဗာဒီတို့ ပင်နယ်တီနှစ်ဂိုးစီ ရရှိခဲ့သလို အမှတ်များများ ရှာဖွေလေ့မရှိတဲ့ ဂျော်ဂျင်ညိုကလည်း ပင်နယ်တီနဲ့ ဖန်တီးမှုတစ်ကြိမ် ရရှိခဲ့တာပါပဲ။ ဒီတစ်ပတ်အတွက် ထပ်ပြောရရင်တော့ ဈေးတူရင် ပင်နယ်တီ ကန်ရတဲ့သူတွေကို ဦးစားပေးရွေးပါ။ မာနေးထက် ဆာလားက ပိုတန်သလို တီမို ဗာနာထက် ဗာဒီက ပိုအကျိုးပြုမှာ အမှန်ပါပဲ။ ဖူလ်ဟမ်ရဲ့ မီထရိုဗစ်ကလည်း ပင်နယ်တီကန်သွင်းသူဖြစ်ပါသတဲ့။

သင်ခန်းစာ (၂)။ အဲဗာတန်အသင်းအတွက် အမှတ်တွေ ရလိမ့်မယ် – ဘရူနို ဖာနန်ဒက်စ်နဲ့ ပူလီရှစ်ချ်ကို ရွေးမယ့်အစားတော့ အဲဗာတန်က ကစားသမားတွေကို ရဲရဲကြီး ရွေးနိုင်တယ်။ ကဲလ်ဗတ်-လူဝင်၊ ရစ်ချာလစ်ဆန်၊ ဟားမက်စ် ရိုဒရီးရက်ဇ်၊ အက်ဘ်ဒူလာယေး ဒူကူယေး သူတို့အားလုံးက အန်ဆယ်လော့တီနဲ့ ရာသီသစ်အတွက် အမှတ်ရနိုင်သူတွေပါပဲ။ အယ်လန်နဲ့ ဒူကူယေးကို ကွင်းလယ်မှာ ပိုင်ဆိုင်ထားတာက ခံစစ်သမားတွေပါ အမှတ် ပိုရလာနိုင်တယ်။ ဂိုးသမား ပစ်ခ်ဖို့ဒ်နဲ့ အရင်အပတ်က ၁၂ မှတ်ရတဲ့ ဒီညီ၊ မီနာ၊ ကီးန်၊ ကိုးလ်မန်းတို့ကို အကြိုက်တွေ့လိမ့်မယ်ထင်တယ်။

သင်ခန်းစာ (၃)။ အရည်အချင်းမပြည့်တဲ့ ဖူလ်ဟမ်နဲ့ ဝက်စ်ဘရွန်းကို ပစ်မှတ်ထားပါ – တန်းတက်ထဲက ဒီနှစ်သင်းဟာ ပရီးမီးယားလိဂ်ရဲ့ အရည်အချင်း မပြည့်ဘူးလို့ပဲ ဆိုရမယ်။ လိဒ်စ်နဲ့ ဘီယယ်လ်ဆာကိုတော့ ချန်ထားရမှာပေါ့လေ။ ကိုယ့်ဘက် တိုက်စစ်မှူးကို အသင်းခေါင်းဆောင် ရွေးချယ်ရင် ဒီနှစ်သင်းနဲ့တွေ့တဲ့အခါမျိုးမှာ ရွေးတာ အကောင်းဆုံးပါပဲ။ ဒီတစ်ပတ်မှာတော့ အူဘာမီယန်းက အိမ်ကွင်းမှာ စာချုပ်သစ် အထိန်းအမှတ် ဟက်ထရစ်သွင်းမလားပဲ။

သင်ခန်းစာ (၄)။ လီဗာပူးလ်ခံစစ်ကို မယုံဖို့ ပြသွားတဲ့ လိဒ်စ် – လိဒ်စ်ကို ၃ ဂိုးပေးလိုက်ရတဲ့ လီဗာပူးလ်နောက်တန်းတွေကို ဘယ်နှယောက် ပိုင်ဆိုင်ထားကြသလဲ။ ရှေ့ဆက်ပြီး ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့တွေ့မယ့်ပွဲတွေမှာ ဂိုးမပေးရဖို့ ယုံကြည်ချက်ကတော့ မရှိသလောက်ပါပဲ။ တိုက်စစ်ရဲ့ ကစားပုံနဲ့ ဂိုးသွင်းဖို့ကို ခံစစ်ကတက်ပြီး ဖန်တီးပေးနိုင်ဖို့ပဲ မျှော်လင့်လိုက်ပါ။

သင်ခန်းစာ (၅)။ နယူးကာဆယ်လ်ရဲ့ လူသစ်တွေကို ယုံကြည်နိုင်တယ် – ကယ်လမ် ဝီလ်ဆန်၊ ဂျက်ဖ် ဟင်းဒရစ်ခ်၊ ဂျမားလ် လူးဝစ္စတို့ သုံးဦးလုံး ပွဲထွက်မှာ ခြေစွမ်းပြပြီး အမှတ်များများရခဲ့တယ်။ ဝီလ်ဆန်နဲ့ လူးဝစ္စရဲ့ ချိတ်ဆက်မှုက တော်တော်လေးကောင်းပြီး ဘယ်နောက်ခံလူအတွက် ဘောနပ်တစ်မှတ်လည်း ရခဲ့တယ်လေ။ မီထရိုဗစ်ကို ရွေးထားရင် ဝီလ်ဆန်နဲ့ လဲလိုက်ပါ။ လေးကြိမ်၊ သုံးကြိမ် ဂိုးပေါက်တည့်ပြီး တစ်ဂိုးရတယ်ဆိုတာက တော်တော်လေး မဆိုးပါဘူး။ ကဲ… ဒုတိယပတ်မှာ ကံကောင်းကြပါစေ။ (မာ့ခ် မက်ဂက်တီဂန် – FPL General)

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.