Ligue1 Other Leagues

မက်ဆီနဲ့ နောက်ထပ်တစ်ကြိမ် ကွင်းထဲမှာ အားပြိုင်ရဖွယ်ရှိနေတဲ့ ရော်နယ်လ်ဒို

ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျကလပ် အယ်လ်နက်ဆာကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ လီယွန်နယ် မက်ဆီနဲ့ နောက်ထပ်တစ်ကြိမ် အားပြိုင်ရဖွယ် ရှိနေပါတယ်။

ဆော်ဒီ အာရေဗျကလပ်အသင်းကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့ဖို့ ကောလဟလတွေ အချိန်အတော်ကြာ ထွက်ပေါ်ခဲ့ပြီးနောက် သောကြာနေ့ညနေမှာ ဘလွန်ဒေါ ၅ ဆုရှင် ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျကလပ် အယ်လ် နက်ဆာကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်လို့ ဆော်ဒီ အာရေဗျကလပ်အသင်းက အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ကို ဥရောပရဲ့ အမြင့်မားဆုံးအဆင့်အတန်းမှာ ဆက်လက်ကစားတာကို မြင်တွေ့ဖို့ မျှော်လင့်ခဲ့တဲ့ ပရိသတ်တွေအတွက်တော့ ရော်နယ်လ်ဒိုရဲ့ နောက်ဆုံးအပြောင်းအရွှေ့ဟာ စိတ်ပျက်စရာဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကစားခွင့် ရရှိနေတဲ့ ဥရောပအသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ဖို့ မျှော်လင့်ချက်က အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးအတွက် အမှန်တကယ်ဖြစ်မြောက်လာခဲ့ခြင်းမရှိဘဲ အရှေ့အလယ်ပိုင်းမှာပဲ ကစားသမားဘဝ နောက်ဆုံးအချိန်တွေကို ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့တစ်စုံတရာက စောင့်မျှော်နေတာကို သတိထားမိခဲ့ပုံပေါ်ပြီး ပီအက်စ်ဂျီအသင်းဟာ ဇန်နဝါရီလမှာ ရာသီလယ် ခြေစမ်းပွဲအဖြစ် ဆော်ဒီ အာရေဗျကို ခရီးထွက်ခွာမယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အယ်လ်နက်ဆာနဲ့ အယ်လ်-ဟီလာလ်အသင်းက ကစားသမားတွေ ပေါင်းထားတဲ့ ၁၁ ဦးအသင်းကို ရင်ဆိုင်ရဖို့ များနေတာကြောင့် ပရိသတ်တွေဟာ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကြား အားပြိုင်မှုကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ရနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကြား နောက်ထပ်တစ်ကြိမ် အားပြိုင်မှုကို မြင်တွေ့ရနိုင်တဲ့ ပွဲစဉ်ဖြစ်လာနိုင်ခြေကို ပရိသတ်တွေက လူမှုကွန်ရက်ပေါ်မှာ လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။ “ဒီလိုအရာတွေက ဒစ်စနီဇာတ်လမ်းထဲကလိုမျိုးပဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “ဒီပွဲကို ငါတော့ မစောင့်နိုင်တော့ဘူး”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္နက္ဆာကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္မွာ လီယြန္နယ္ မက္ဆီနဲ႔ ေနာက္ထပ္တစ္ႀကိမ္ အားၿပိဳင္ရဖြယ္ ရွိေနပါတယ္။

ေဆာ္ဒီ အာေရဗ်ကလပ္အသင္းကို ႀကီးမားတဲ့ ေငြေၾကးပမာဏနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ေကာလဟလေတြ အခ်ိန္အေတာ္ၾကာ ထြက္ေပၚခဲ့ၿပီးေနာက္ ေသာၾကာေန႔ညေနမွာ ဘလြန္ေဒါ ၅ ဆုရွင္ ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္ နက္ဆာကို ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္တယ္လို႔ ေဆာ္ဒီ အာေရဗ်ကလပ္အသင္းက အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ကို ဥေရာပရဲ႕ အျမင့္မားဆုံးအဆင့္အတန္းမွာ ဆက္လက္ကစားတာကို ျမင္ေတြ႕ဖို႔ ေမွ်ာ္လင့္ခဲ့တဲ့ ပရိသတ္ေတြအတြက္ေတာ့ ေရာ္နယ္လ္ဒိုရဲ႕ ေနာက္ဆုံးအေျပာင္းအေ႐ႊ႕ဟာ စိတ္ပ်က္စရာျဖစ္ခဲ့မွာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ကစားခြင့္ ရရွိေနတဲ့ ဥေရာပအသင္းႀကီးတစ္သင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေမွ်ာ္လင့္ခ်က္က အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအတြက္ အမွန္တကယ္ျဖစ္ေျမာက္လာခဲ့ျခင္းမရွိဘဲ အေရွ႕အလယ္ပိုင္းမွာပဲ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္ေတြကို ကုန္ဆုံးရေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရိသတ္ေတြဟာ စိတ္လႈပ္ရွားစရာေကာင္းတဲ့တစ္စုံတရာက ေစာင့္ေမွ်ာ္ေနတာကို သတိထားမိခဲ့ပုံေပၚၿပီး ပီအက္စ္ဂ်ီအသင္းဟာ ဇန္နဝါရီလမွာ ရာသီလယ္ ေျခစမ္းပြဲအျဖစ္ ေဆာ္ဒီ အာေရဗ်ကို ခရီးထြက္ခြာမယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အယ္လ္နက္ဆာနဲ႔ အယ္လ္-ဟီလာလ္အသင္းက ကစားသမားေတြ ေပါင္းထားတဲ့ ၁၁ ဦးအသင္းကို ရင္ဆိုင္ရဖို႔ မ်ားေနတာေၾကာင့္ ပရိသတ္ေတြဟာ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ၾကား အားၿပိဳင္မႈကို ေနာက္ထပ္တစ္ႀကိမ္ ျမင္ေတြ႕ရႏိုင္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ၾကား ေနာက္ထပ္တစ္ႀကိမ္ အားၿပိဳင္မႈကို ျမင္ေတြ႕ရႏိုင္တဲ့ ပြဲစဥ္ျဖစ္လာႏိုင္ေျခကို ပရိသတ္ေတြက လူမႈကြန္ရက္ေပၚမွာ လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကတာျဖစ္ပါတယ္။ “ဒီလိုအရာေတြက ဒစ္စနီဇာတ္လမ္းထဲကလိုမ်ိဳးပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “ဒီပြဲကို ငါေတာ့ မေစာင့္ႏိုင္ေတာ့ဘူး”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.