Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁၈.၉.၂၀၂၀

– လီဗာပူးလ္အသင္းအေနနဲ႔ သီယာဂို အယ္လ္ကန္တာရာကို ဘိုင္ယန္ျမဴးနစ္ကေန ေခၚယူဖို႔ သေဘာတူညီခဲ့ၿပီး ဒီေန႔မွာေတာ့ ကစားသမားအေနနဲ႔ အသင္းေဟာင္းကို ေက်းဇူးတင္ႏွဳတ္ဆက္စကား တြစ္တာမွာ ေျပာၾကားခဲ့သလို မာေဆးဆုိက္ဒ္ကို ေရာက္ရွိလာၿပီး အသင္းနဲ႔ အၿပီးသတ္ကိစၥေတြကို လုပ္ေဆာင္သြားဖို႔ရွိေန။

– သီယာဂိုအျပင္ တုိက္စစ္ပုိင္း အားျဖည့္မွဳအတြက္ လီဗာပူးလ္အသင္းအေနနဲ႔ ဝတ္ဖို႔ဒ္ရဲ႕ အစၥမိုင္လာ ဆားရ္ထက္ ကမာၻ႔ဖလားဆုရ ျပင္သစ္လက္ေရြးစင္ အူစမန္ ဒမ္ဘီလီကို ဘာစီလိုနာကေန အငွားနဲ႔ ေခၚယူဖို႔ ရွိေနၿပီး ကာတာလန္ကလပ္ဘက္ကလည္း သေဘာတူညီဖြယ္ရွိ။

isamaila sarr

– ဝတ္ဖို႔ဒ္ရဲ႕ အစၥမိုင္လာ ဆားရ္ကိုေတာ့ ေပါင္သန္း ၃၀ သတ္မွတ္ထားတယ္လုိ႔ ၾကားရၿပီး လီဗာပူးလ္အသင္းအေနနဲ႔ စိတ္ဝင္စားေနဆဲျဖစ္သလို ေခၚယူမယ္ဆုိရင္ ေဂ်ဒန္ ဆန္ခ်ဳိကို မရလုိက္တဲ့ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ယွဥ္ၿပဳိင္ရႏုိင္။

– အသင္းကေန ဇာဘီ အလြန္ဆို ထြက္ခြာသြားခဲ့အၿပီးမွာ သူ႕ရဲ႕ ေဘာလုံးကစားဟန္နဲ႔ ေပးပုိ႔မွဳမ်ဳိး ျပဳလုပ္ႏုိင္တဲ့ ကစားသမားမ်ဳိး လီဗာပူးလ္မွာ မရွိခဲ့တာေၾကာင့္ သီယာဂိုကို ယာဂန္ ကေလာ့ပ္က အသည္းအသန္ လိုခ်င္ေနတာျဖစ္တယ္လုိ႔ ကၽြမ္းက်င္သူေတြ သုံးသပ္။

– ရွက္ဖီးလ္ဒ္ယူႏုိက္တက္အေနနဲ႔ လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားကို ေခၚယူလိုတဲ့ အသင္းေတြထဲမွာ ထိပ္ဆုံးက ေျပးေနခဲ့ၿပီး ေပါင္ ၂၅ သန္း + Buy Back Clause နဲ႔ ေခၚယူႏုိင္ဖို႔ လီဗာပူးလ္ဘက္က သေဘာတူညီသြားဖြယ္ရွိေန။

– လီဗာပူးလ္တုိက္စစ္မွဴးေဟာင္း မိုက္ကယ္ အိုဝင္က သူတင္ဆက္ေနက် Bet Victor ဝက္ဘ္ဆုိက္ကေန ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တုိ႔ရဲ႕ ပြဲစဥ္ကို ခန္႔မွန္းရာမွာ ပရိသတ္ေတြအတြက္ ပြဲေကာင္းတစ္ပြဲျဖစ္မွာျဖစ္ၿပီး ႏွစ္ဂိုးစီသေရနဲ႔ ပြဲၿပီးဆုံးလိမ့္မယ္လို႔ ဆိုထားခဲ့။

– လီဗာပူးလ္အသင္းရဲ႕ ခံစစ္က ေကာင္းမြန္ေပမယ့္ သူတုိ႔ေတြအေနနဲ႔ ထိုးေဖာက္ဂိုးသြင္းႏုိင္မယ္လုိ႔ ယုံၾကည္ေၾကာင္းနဲ႔ ဒီပြဲကို အႏုိင္ရလိုေၾကာင္း ခ်ဲလ္ဆီးအသင္းအတြက္ ဂိုးသြင္းယူႏုိင္ျခင္းမရွိေသးတဲ့ တုိက္စစ္မွဴးသစ္ တီမို ဗာနာေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းအနေနဲ့ သီယာဂို အယ်လ်ကန်တာရာကို ဘိုင်ယန်မြူးနစ်ကနေ ခေါ်ယူဖို့ သဘောတူညီခဲ့ပြီး ဒီနေ့မှာတော့ ကစားသမားအနေနဲ့ အသင်းဟောင်းကို ကျေးဇူးတင်နှုတ်ဆက်စကား တွစ်တာမှာ ပြောကြားခဲ့သလို မာဆေးဆိုက်ဒ်ကို ရောက်ရှိလာပြီး အသင်းနဲ့ အပြီးသတ်ကိစ္စတွေကို လုပ်ဆောင်သွားဖို့ရှိနေ။

– သီယာဂိုအပြင် တိုက်စစ်ပိုင်း အားဖြည့်မှုအတွက် လီဗာပူးလ်အသင်းအနေနဲ့ ဝတ်ဖို့ဒ်ရဲ့ အစ္စမိုင်လာ ဆားရ်ထက် ကမ္ဘာ့ဖလားဆုရ ပြင်သစ်လက်ရွေးစင် အူစမန် ဒမ်ဘီလီကို ဘာစီလိုနာကနေ အငှားနဲ့ ခေါ်ယူဖို့ ရှိနေပြီး ကာတာလန်ကလပ်ဘက်ကလည်း သဘောတူညီဖွယ်ရှိ။

isamaila sarr

– ဝတ်ဖို့ဒ်ရဲ့ အစ္စမိုင်လာ ဆားရ်ကိုတော့ ပေါင်သန်း ၃၀ သတ်မှတ်ထားတယ်လို့ ကြားရပြီး လီဗာပူးလ်အသင်းအနေနဲ့ စိတ်ဝင်စားနေဆဲဖြစ်သလို ခေါ်ယူမယ်ဆိုရင် ဂျေဒန် ဆန်ချိုကို မရလိုက်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရနိုင်။

– အသင်းကနေ ဇာဘီ အလွန်ဆို ထွက်ခွာသွားခဲ့အပြီးမှာ သူ့ရဲ့ ဘောလုံးကစားဟန်နဲ့ ပေးပို့မှုမျိုး ပြုလုပ်နိုင်တဲ့ ကစားသမားမျိုး လီဗာပူးလ်မှာ မရှိခဲ့တာကြောင့် သီယာဂိုကို ယာဂန် ကလော့ပ်က အသည်းအသန် လိုချင်နေတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– ရှက်ဖီးလ်ဒ်ယူနိုက်တက်အနေနဲ့ လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ထိပ်ဆုံးက ပြေးနေခဲ့ပြီး ပေါင် ၂၅ သန်း + Buy Back Clause နဲ့ ခေါ်ယူနိုင်ဖို့ လီဗာပူးလ်ဘက်က သဘောတူညီသွားဖွယ်ရှိနေ။

– လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က သူတင်ဆက်နေကျ Bet Victor ဝက်ဘ်ဆိုက်ကနေ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်ကို ခန့်မှန်းရာမှာ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲဖြစ်မှာဖြစ်ပြီး နှစ်ဂိုးစီသရေနဲ့ ပွဲပြီးဆုံးလိမ့်မယ်လို့ ဆိုထားခဲ့။

– လီဗာပူးလ်အသင်းရဲ့ ခံစစ်က ကောင်းမွန်ပေမယ့် သူတို့တွေအနေနဲ့ ထိုးဖောက်ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ ဒီပွဲကို အနိုင်ရလိုကြောင်း ချဲလ်ဆီးအသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတဲ့ တိုက်စစ်မှူးသစ် တီမို ဗာနာပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.