ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ခရစ္စတီယာနို ဂျူနီယာကလည်း အင်္ဂလိပ်ကလပ်အသင်းကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။
ခရစ္စတီယာနို ဂျူနီယာဟာ ဖခင်ဖြစ်သူရဲ့ အသင်းဟောင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်လူငယ်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တယ်လို့ သတင်းအများအပြားက ဖော်ပြခဲ့ပေမယ့်လည်း ဂျာနယ်လစ် အရန်ချာ ရိုဒရီဂွက်ဇ်ကတော့ အဲဒီလိုမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒို ဂျူနီယာဟာ လူငယ်ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်၊ ဂျူဗင်တပ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းတို့ကို အပြောင်းအရွှေ့ ပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်ကို ဖခင်နဲ့အတူ ပြန်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂျာနယ်လစ် အရန်ချာ ရိုဒရီဂွက်ဇ်က ခရစ္စတီယာနို ဂျူနီယာဟာ မက်ဒရစ်ကို ဖခင်ဖြစ်သူနဲ့အတူ လေ့ကျင့်ရေးပြုလုပ်ဖို့သာ လာရောက်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်လူငယ်အသင်းနဲ့ ပူးပေါင်းလိုတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒို ဂျူနီယာဟာ ဖခင်ဖြစ်သူရဲ့ နောက်ထပ် ပြောင်းရွှေ့မယ့် အသင်းကို လိုက်ပါမှာဖြစ်တယ်လို့ အရန်ချာ ရိုဒရီဂွက်ဇ်က တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
“ခင်ဗျားတို့ထဲက အချို့က ကျွန်တော့်ကို ခရစ္စတီယာနိုရဲ့သားအကြောင်း မေးကြတယ်။ သူ ကန်တယ်ရာကို ပြန်လာတာလားတဲ့။ သူဘယ်တုန်းကမှ အကယ်ဒမီမှာ မကစားခဲ့ဘူး။ သူက လွန်ခဲ့တဲ့အပတ်က ရီးရဲလ်မက်ဒရစ်မှာ သူ့ဖခင်နဲ့အတူ လေ့ကျင့်ရေးကို ရက်တော်တော်ကြာကြာ ဆင်းခဲ့တယ်။ ခရစ္စတီယာနို ဂျူနီယာက သူ့ အဖေကစားတဲ့နေရာမှာပဲ ကစားလိမ့်မယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ မက်ဒရစ်မှာ ကစားမှာမဟုတ်ပါဘူး”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းက မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ ပြုလုပ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဆော်ဒီ အာရေဗျကလပ်အသင်းဖြစ်တဲ့ အယ်လ် နက်ဆာကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ ခရစၥတီယာႏို ဂ်ဴနီယာကလည္း အဂၤလိပ္ကလပ္အသင္းကို စြန႔္ခြာခဲ့တာျဖစ္ပါတယ္။
ခရစၥတီယာႏို ဂ်ဴနီယာဟာ ဖခင္ျဖစ္သူရဲ႕ အသင္းေဟာင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္လူငယ္အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့တယ္လို႔ သတင္းအမ်ားအျပားက ေဖာ္ျပခဲ့ေပမယ့္လည္း ဂ်ာနယ္လစ္ အရန္ခ်ာ ႐ိုဒရီဂြက္ဇ္ကေတာ့ အဲဒီလိုမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
ခရစၥတီယာႏို ေရာ္နယ္လ္ဒို ဂ်ဴနီယာဟာ လူငယ္ကစားသမားဘဝကို ရီးရဲလ္မက္ဒရစ္ကေန ဂ်ဴဗင္တပ္၊ ဂ်ဴဗင္တပ္ကေန မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ကို အေျပာင္းအေ႐ႊ႕ ျပဳလုပ္ခဲ့ၿပီး လက္ရွိမွာေတာ့ ရီးရဲလ္မက္ဒရစ္ကို ဖခင္နဲ႔အတူ ျပန္လာခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဂ်ာနယ္လစ္ အရန္ခ်ာ ႐ိုဒရီဂြက္ဇ္က ခရစၥတီယာႏို ဂ်ဴနီယာဟာ မက္ဒရစ္ကို ဖခင္ျဖစ္သူနဲ႔အတူ ေလ့က်င့္ေရးျပဳလုပ္ဖို႔သာ လာေရာက္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္လူငယ္အသင္းနဲ႔ ပူးေပါင္းလိုတဲ့ ရည္႐ြယ္ခ်က္မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
ခရစၥတီယာႏို ေရာ္နယ္လ္ဒို ဂ်ဴနီယာဟာ ဖခင္ျဖစ္သူရဲ႕ ေနာက္ထပ္ ေျပာင္းေ႐ႊ႕မယ့္ အသင္းကို လိုက္ပါမွာျဖစ္တယ္လို႔ အရန္ခ်ာ ႐ိုဒရီဂြက္ဇ္က တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။
“ခင္ဗ်ားတို႔ထဲက အခ်ိဳ႕က ကြၽန္ေတာ့္ကို ခရစၥတီယာႏိုရဲ႕သားအေၾကာင္း ေမးၾကတယ္။ သူ ကန္တယ္ရာကို ျပန္လာတာလားတဲ့။ သူဘယ္တုန္းကမွ အကယ္ဒမီမွာ မကစားခဲ့ဘူး။ သူက လြန္ခဲ့တဲ့အပတ္က ရီးရဲလ္မက္ဒရစ္မွာ သူ႔ဖခင္နဲ႔အတူ ေလ့က်င့္ေရးကို ရက္ေတာ္ေတာ္ၾကာၾကာ ဆင္းခဲ့တယ္။ ခရစၥတီယာႏို ဂ်ဴနီယာက သူ႔ အေဖကစားတဲ့ေနရာမွာပဲ ကစားလိမ့္မယ္လို႔ ကြၽန္ေတာ္ နားလည္ထားပါတယ္။ မက္ဒရစ္မွာ ကစားမွာမဟုတ္ပါဘူး”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတုန္းက မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အေျပာင္းအေ႐ႊ႕ ျပဳလုပ္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ေဆာ္ဒီ အာေရဗ်ကလပ္အသင္းျဖစ္တဲ့ အယ္လ္ နက္ဆာကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.