ဘရိုက်တန် ကွင်းလယ်ကြယ်ပွင့် မက်ကယ်လစ္စတာဟာ အာဂျင်တီးနားဂန္တဝင် လီယွန်နယ် မက်ဆီနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ချိန်တုန်းက လက်တွေတုန်တဲ့အထိ စိတ်လှုပ်ရှားခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မက်ကယ်လစ္စတာဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂ ဂိုး ပါဝင်ပတ်သက်ပေးခဲ့သူဖြစ်ပြီး ဘိုကာဂျူနီယာလူငယ်ကြယ်ပွင့်ကစားသမားဘဝတုန်းက ၎င်းရဲ့ စံပြပုဂ္ဂိုလ်ဆီ စိတ်လှုပ်ရှားစွာနဲ့ ချဉ်းကပ်ခဲ့ဖူးတာဖြစ်ပါတယ်။
အာဂျင်တီးနားကွင်းလယ်ကြယ်ပွင့်ဟာ လီယွန်နယ် မက်ဆီနဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အမှတ်တရအခိုက်အတန့်ကို ပြန်ပြောင်း ပြောပြသွားခဲ့တာဖြစ်ပြီး ဘလွန်ဒေါ ၇ ဆုရှင်နဲ့ တွေ့ချိန်မှာ လက်တွေတောင် တုန်နေခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ ကျွန်တော့်လက်တွေဆို တုန်တောင် တုန်နေတယ်။ ကျွန်တော်က တကယ်ကို ရှက်တဲ့သူပါ။ အဲဒီတော့ ဟုတ်ပါတယ်။ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားခဲ့ပါတယ်။ ဒါပေမယ့် နောက်တော့ သူက ဘယ်လောက်တောင် နှိမ့်ချတတ်လဲဆိုတာကို ခင်ဗျား သိသွားတယ်”
“အဲဒီအချိန်မှာ ကျွန်တော်က ဘိုကာ ဂျူနီယာမှာ ကစားနေခဲ့တာဖြစ်ပြီး ကျွန်တော်တို့ အာဂျင်တီးနားကနေ စပိန်မှာ ခြေစမ်းပွဲကစားဖို့ သွားခဲ့တာလို့ ထင်တယ်။ ကျွန်တော်တို့ အဲဒီကို ရောက်သွားခဲ့ပြီး သူက ညစာစားနေတာပါ”
“ကျွန်တော် သူ့စားပွဲကို သွားခဲ့ပြီး ဟယ်လိုလို့ ပြောခဲ့ပြီး လက်တွေက တုန်နေတယ်။ ကျွန်တော် ဇောချွေးတွေတောင် ပျံနေခဲ့တယ်။ ဒါပေမယ့် အဲဒါက အံ့အားသင့်စရာ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပါ။ သူက ကမ္ဘာပေါ်က အကောင်းဆုံးဘောလုံးသမားပါ”လို့ ပြောကြားခဲ့ပါတယ်။
မက်ကယ်လစ္စတာက အရင်ကလည်း အသင်းဖော်တွေက သူ မနှစ်သက်တဲ့ နာမည်ပြောင်ကို ခေါ်တာနဲ့ပတ်သက်ပြီး လီယွန်နယ် မက်ဆီက ကာကွယ်ပေးခဲ့တဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး “အားလုံးက ကျွန်တော့်ကို ‘Colo'[ချင်း(ဂျင်း)လို့ အဓိပ္ပာယ်ရ]လို့ ခေါ်ကြတာ မှတ်မိတယ်။ ကျွန်တော် အဲဒီနာမည်ကို မနှစ်သက်ဘူး။ မက်ဆီက အသင်းဖော်တွေကို ‘သူက Colo လို့ ခေါ်တာ ကြိုက်တဲ့ပုံမပေါ်ဘူး။ အဲဒီတော့ သူ့ကို အဲဒီလို မခေါ်ကြနဲ့’ဆိုပြီး ပြောခဲ့တယ်”လို့ ပြောပြခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ဘ႐ိုက္တန္ ကြင္းလယ္ၾကယ္ပြင့္ မက္ကယ္လစၥတာဟာ အာဂ်င္တီးနားဂႏၲဝင္ လီယြန္နယ္ မက္ဆီနဲ႔ ပထမဆုံးအႀကိမ္ ေတြ႕ဆုံခဲ့ခ်ိန္တုန္းက လက္ေတြတုန္တဲ့အထိ စိတ္လႈပ္ရွားခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
မက္ကယ္လစၥတာဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းအတြက္ ၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂ ဂိုး ပါဝင္ပတ္သက္ေပးခဲ့သူျဖစ္ၿပီး ဘိုကာဂ်ဴနီယာလူငယ္ၾကယ္ပြင့္ကစားသမားဘဝတုန္းက ၎ရဲ႕ စံျပပုဂၢိဳလ္ဆီ စိတ္လႈပ္ရွားစြာနဲ႔ ခ်ဥ္းကပ္ခဲ့ဖူးတာျဖစ္ပါတယ္။
အာဂ်င္တီးနားကြင္းလယ္ၾကယ္ပြင့္ဟာ လီယြန္နယ္ မက္ဆီနဲ႔ ပထမဆုံး ေတြ႕ဆုံခဲ့တဲ့ ႏွစ္လိုဖြယ္ေကာင္းတဲ့ အမွတ္တရအခိုက္အတန႔္ကို ျပန္ေျပာင္း ေျပာျပသြားခဲ့တာျဖစ္ၿပီး ဘလြန္ေဒါ ၇ ဆုရွင္နဲ႔ ေတြ႕ခ်ိန္မွာ လက္ေတြေတာင္ တုန္ေနခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္ အရမ္းစိတ္လႈပ္ရွားေနခဲ့တယ္။ ကြၽန္ေတာ့္လက္ေတြဆို တုန္ေတာင္ တုန္ေနတယ္။ ကြၽန္ေတာ္က တကယ္ကို ရွက္တဲ့သူပါ။ အဲဒီေတာ့ ဟုတ္ပါတယ္။ ကြၽန္ေတာ္ တကယ္ကို စိတ္လႈပ္ရွားခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ေတာ့ သူက ဘယ္ေလာက္ေတာင္ ႏွိမ့္ခ်တတ္လဲဆိုတာကို ခင္ဗ်ား သိသြားတယ္”
“အဲဒီအခ်ိန္မွာ ကြၽန္ေတာ္က ဘိုကာ ဂ်ဴနီယာမွာ ကစားေနခဲ့တာျဖစ္ၿပီး ကြၽန္ေတာ္တို႔ အာဂ်င္တီးနားကေန စပိန္မွာ ေျခစမ္းပြဲကစားဖို႔ သြားခဲ့တာလို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ အဲဒီကို ေရာက္သြားခဲ့ၿပီး သူက ညစာစားေနတာပါ”
“ကြၽန္ေတာ္ သူ႔စားပြဲကို သြားခဲ့ၿပီး ဟယ္လိုလို႔ ေျပာခဲ့ၿပီး လက္ေတြက တုန္ေနတယ္။ ကြၽန္ေတာ္ ေဇာေခြၽးေတြေတာင္ ပ်ံေနခဲ့တယ္။ ဒါေပမယ့္ အဲဒါက အံ့အားသင့္စရာ အခိုက္အတန႔္ျဖစ္ခဲ့ပါတယ္။ သူက ကြၽန္ေတာ့္ရဲ႕ စံျပပုဂၢိဳလ္ပါ။ သူက ကမာၻေပၚက အေကာင္းဆုံးေဘာလုံးသမားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
မက္ကယ္လစၥတာက အရင္ကလည္း အသင္းေဖာ္ေတြက သူ မႏွစ္သက္တဲ့ နာမည္ေျပာင္ကို ေခၚတာနဲ႔ပတ္သက္ၿပီး လီယြန္နယ္ မက္ဆီက ကာကြယ္ေပးခဲ့တဲ့အေၾကာင္းကိုလည္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး “အားလုံးက ကြၽန္ေတာ့္ကို ‘Colo'[ခ်င္း(ဂ်င္း)လို႔ အဓိပၸာယ္ရ]လို႔ ေခၚၾကတာ မွတ္မိတယ္။ ကြၽန္ေတာ္ အဲဒီနာမည္ကို မႏွစ္သက္ဘူး။ မက္ဆီက အသင္းေဖာ္ေတြကို ‘သူက Colo လို႔ ေခၚတာ ႀကိဳက္တဲ့ပုံမေပၚဘူး။ အဲဒီေတာ့ သူ႔ကို အဲဒီလို မေခၚၾကနဲ႔’ဆိုၿပီး ေျပာခဲ့တယ္”လို႔ ေျပာျပခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.