Premier League

အမ်းမရိတ်စ်ကို ပထမဆုံးပြန်လာချိန်မှာ ကြည်နူးဖွယ် ကြိုဆိုမှုရရှိခဲ့တဲ့ အာစင်ဝင်းဂါး

အာစင်ဝင်းဂါးဟာ တနင်္လာနေ့ညက အာဆင်နယ်နဲ့ ဝက်စ်ဟမ်းယူနိုက်တက်တို့ရဲ့ ဘောက်ဆင်ဒေးပွဲစဉ်ကို အမ်းမရိတ်စ်ကွင်းထဲ ပထမဆုံးအကြိမ် ပြန်လည်လာရောက်ကြည့်ရှုခဲ့ပြီး ပရိသတ်တွေဆီကနေ အံ့အားသင့်ဖွယ် ကြိုဆိုမှု ရရှိခဲ့ပါတယ်။

ပြင်သစ်လူမျိုးနည်းပြကြီးဟာ ၂၀၁၈ ခုနှစ်မှာ ၂၂ နှစ်ကြာ အာဆင်နယ်နည်းပြဘဝကို အဆုံးသတ်ခဲ့တာဖြစ်ပြီး ဂန်းနားတွေကို ပရီးမီးယားလိဂ်ပွဲပေါင်း ၈၀၀ ကျော် နည်းပြပေးခဲ့ရာမှာ ဆုဖလား ၁၀ လုံးအထိ ရရှိခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ အက်ဖ်အေဖလား ၇ ကြိမ်အထိ ရရှိခဲ့ပေမယ့်လည်း အာစင်ဝင်းဂါးရဲ့ နောက်ဆုံးရာသီဟာ အမ်းမရိတ်စ်ကွင်းအတွင်းမှာ ‘ဝင်းဂါး ထွက်’ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆိုးဆိုးဝါးဝါး အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၇၃ နှစ်အရွယ် ဂန္တဝင်နည်းပြကြီးဟာ နောက်ဆုံးမှာတော့ တနင်္လာနေ့မှာ ဝက်စ်ဟမ်းကို အသင်းဟောင်းက ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ပရိသတ်တွေက ‘အာစင်ဝင်းဂါးဆိုတာ တစ်ယောက်တည်းရှိတယ်’ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

အာစင်ဝင်းဂါဟာ ဒီလိုမျိုး ကြိုဆိုမှုကို ရရှိခဲ့ပြီးနောက် စိတ်ခံစားမှုတွေ ပြည့်နှက်နေခဲ့မှာ သေချာပြီး ပရိသတ်တွေဘက်ကို ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ လက်ဝှေ့ရမ်း နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ အဲဒီအဖြစ်အပျက်ကို လူမှုကွန်ရက်ပေါ်မှာ လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြပြီး “အာစင်ဝင်းဂါးဆီကနေ ဒီလို တုံ့ပြန်မှုမျိုး မြင်ရတာ မျက်လုံးထဲ မျက်ရည်ပါ ကျခဲ့ရတယ်။ ဂန္တဝင်လူသား”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “အာစင်ဝင်းဂါးကို အမ်းမရိတ်စ်မှာ ပြန်တွေ့ရတာ နှစ်သက်စရာကောင်းပြီး သူ့အတွက် ဒီလို ပရိသတ်တွေဆီကနေ နွေးထွေးတဲ့ကြိုဆိုမှု ရရှိတာကလည်း ချစ်မြတ်နိုးစရာကောင်းပါတယ်။ ဒီလို အစောကြီးကတည်းက ဖြစ်ရမှာ။ နောက်ဆုံးတော့ အဲဒီလို ဖြစ်လာခဲ့လို့ ငါ ဝမ်းသာမိတယ်”လို့ ရေးသားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကလည်း ပွဲအပြီးမှာ နည်းပြဟောင်း အာစင်ဝင်းဂါး လာရောက်ကြည့်ရှုခဲ့တဲ့အပေါ်မှာ “ကစားသမားတွေက မသိကြဘူး။ ကျွန်တော်တို့ အဲဒါကို ဘယ်သူ့မှမပြောဘဲ သူ့အတွက် လွတ်လွတ်လပ်လပ်ဖြစ်စေချင်ခဲ့ပါတယ်။ စတန်နဲ့ ဂျော့ရှ်ကလည်း ဒီမှာရှိခဲ့ကြပြီး တကယ်ကို ထူးခြားတဲ့နေ့ဖြစ်ခဲ့ပါတယ်။ သူ လာကြည့်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ သူ ဒီအဆောက်အဦးတွေကို ဖြတ်လျှောက်လာတဲ့အချိန်မှာ သူ ထားရစ်ခဲ့တဲ့ အမွေအနှစ်တွေကြောင့် အားလုံးက သူ့အကြောင်းတွေးနေကြမယ်ဆိုတဲ့ ခံစားချက်မျိုး ရခဲ့မယ်လို့ မျှော်လင့်မိပါတယ်။ သူရဲ့ တည်ရှိနေမှုကလည်း ဒီအသင်းနဲ့ အရမ်းကို တသားတည်းဖြစ်နေခဲ့ပါတယ်။ သူအသင်းမှာ လုပ်ခဲ့တဲ့အရာအားလုံးအတွက်လည်း သူ့ကို ကျေးဇူးတင်ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာစင္ဝင္းဂါးဟာ တနလၤာေန႔ညက အာဆင္နယ္နဲ႔ ဝက္စ္ဟမ္းယူႏိုက္တက္တို႔ရဲ႕ ေဘာက္ဆင္ေဒးပြဲစဥ္ကို အမ္းမရိတ္စ္ကြင္းထဲ ပထမဆုံးအႀကိမ္ ျပန္လည္လာေရာက္ၾကည့္ရႈခဲ့ၿပီး ပရိသတ္ေတြဆီကေန အံ့အားသင့္ဖြယ္ ႀကိဳဆိုမႈ ရရွိခဲ့ပါတယ္။

ျပင္သစ္လူမ်ိဳးနည္းျပႀကီးဟာ ၂၀၁၈ ခုႏွစ္မွာ ၂၂ ႏွစ္ၾကာ အာဆင္နယ္နည္းျပဘဝကို အဆုံးသတ္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြကို ပရီးမီးယားလိဂ္ပြဲေပါင္း ၈၀၀ ေက်ာ္ နည္းျပေပးခဲ့ရာမွာ ဆုဖလား ၁၀ လုံးအထိ ရရွိခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဖလား ၃ ႀကိမ္နဲ႔ အက္ဖ္ေအဖလား ၇ ႀကိမ္အထိ ရရွိခဲ့ေပမယ့္လည္း အာစင္ဝင္းဂါးရဲ႕ ေနာက္ဆုံးရာသီဟာ အမ္းမရိတ္စ္ကြင္းအတြင္းမွာ ‘ဝင္းဂါး ထြက္’ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ဆိုးဆိုးဝါးဝါး အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၇၃ ႏွစ္အ႐ြယ္ ဂႏၲဝင္နည္းျပႀကီးဟာ ေနာက္ဆုံးမွာေတာ့ တနလၤာေန႔မွာ ဝက္စ္ဟမ္းကို အသင္းေဟာင္းက ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကို လာေရာက္ၾကည့္ရႈခဲ့တာျဖစ္ၿပီး ပရိသတ္ေတြက ‘အာစင္ဝင္းဂါးဆိုတာ တစ္ေယာက္တည္းရွိတယ္’ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ႀကိဳဆိုခဲ့ၾကတာျဖစ္ပါတယ္။

အာစင္ဝင္းဂါဟာ ဒီလိုမ်ိဳး ႀကိဳဆိုမႈကို ရရွိခဲ့ၿပီးေနာက္ စိတ္ခံစားမႈေတြ ျပည့္ႏွက္ေနခဲ့မွာ ေသခ်ာၿပီး ပရိသတ္ေတြဘက္ကို ေက်းဇူးတင္ေၾကာင္း ျပသတဲ့အေနနဲ႔ လက္ေဝွ႔ရမ္း ႏႈတ္ဆက္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြဟာ အဲဒီအျဖစ္အပ်က္ကို လူမႈကြန္ရက္ေပၚမွာ လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကၿပီး “အာစင္ဝင္းဂါးဆီကေန ဒီလို တုံ႔ျပန္မႈမ်ိဳး ျမင္ရတာ မ်က္လုံးထဲ မ်က္ရည္ပါ က်ခဲ့ရတယ္။ ဂႏၲဝင္လူသား”လို႔ ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “အာစင္ဝင္းဂါးကို အမ္းမရိတ္စ္မွာ ျပန္ေတြ႕ရတာ ႏွစ္သက္စရာေကာင္းၿပီး သူ႔အတြက္ ဒီလို ပရိသတ္ေတြဆီကေန ေႏြးေထြးတဲ့ႀကိဳဆိုမႈ ရရွိတာကလည္း ခ်စ္ျမတ္ႏိုးစရာေကာင္းပါတယ္။ ဒီလို အေစာႀကီးကတည္းက ျဖစ္ရမွာ။ ေနာက္ဆုံးေတာ့ အဲဒီလို ျဖစ္လာခဲ့လို႔ ငါ ဝမ္းသာမိတယ္”လို႔ ေရးသားခဲ့ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာကလည္း ပြဲအၿပီးမွာ နည္းျပေဟာင္း အာစင္ဝင္းဂါး လာေရာက္ၾကည့္ရႈခဲ့တဲ့အေပၚမွာ “ကစားသမားေတြက မသိၾကဘူး။ ကြၽန္ေတာ္တို႔ အဲဒါကို ဘယ္သူ႔မွမေျပာဘဲ သူ႔အတြက္ လြတ္လြတ္လပ္လပ္ျဖစ္ေစခ်င္ခဲ့ပါတယ္။ စတန္နဲ႔ ေဂ်ာ့ရွ္ကလည္း ဒီမွာရွိခဲ့ၾကၿပီး တကယ္ကို ထူးျခားတဲ့ေန႔ျဖစ္ခဲ့ပါတယ္။ သူ လာၾကည့္ေပးခဲ့တဲ့အတြက္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ သူ ဒီအေဆာက္အဦးေတြကို ျဖတ္ေလွ်ာက္လာတဲ့အခ်ိန္မွာ သူ ထားရစ္ခဲ့တဲ့ အေမြအႏွစ္ေတြေၾကာင့္ အားလုံးက သူ႔အေၾကာင္းေတြးေနၾကမယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ရခဲ့မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ သူရဲ႕ တည္ရွိေနမႈကလည္း ဒီအသင္းနဲ႔ အရမ္းကို တသားတည္းျဖစ္ေနခဲ့ပါတယ္။ သူအသင္းမွာ လုပ္ခဲ့တဲ့အရာအားလုံးအတြက္လည္း သူ႔ကို ေက်းဇူးတင္ခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.