အဲရစ် တန်ဟက် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုအပ်ပေမယ့်လည်း အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး သင့်တော်တဲ့သူဖြစ်ရမယ်ဆိုတဲ့အပေါ်မှာ အာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ညမှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကမ္ဘာ့ဖလားအပြီး ပထမဆုံးပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲမှာ သွင်းဂိုး ၂၀ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
တန်ဟက်ဟာ ဂက်ခ်ပိုကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းက လက်ဦးမှု ရယူသွားပြီဖြစ်တာကြောင့် ဒတ်ချ်ကြယ်ပွင့်ကို လက်လျှော့ရပြီဖြစ်ပါတယ်။
လီဗာပူးလ်အသင်းက ပီအက်စ်ဗွီနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဆိုတာကို အတည်မပြုခင် ပြောဆိုခဲ့ရာမှာ တန်ဟက်က ယူနိုက်တက်ရဲ့ သွင်းဂိုးပြဿနာကို လက်ရှိ လူစာရင်းထဲက ကစားသမားတစ်ဦးက အကူအညီပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ပထမဆုံးအနေနဲ့ အဲဒါက ကျွန်တော်တို့ အသင်းထဲကနေ လာနိုင်ပါတယ်။ ဂါနာချို၊ အီလန်ဂါ၊ ပယ်လီစထရီတို့ကို မြင်ပါတယ်။ ပြီးတော့ ဟုတ်ပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှူးတစ်ယောက် ဆုံးရှုံးခဲ့တာကို သတိပြုမိပါတယ်။ အဲဒီတော့ ကျွန်တော် ထင်တယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှူးတစ်ယောက် ရအောင် ခေါ်ရမှာပါ”
“ဒါပေမယ့်လည်း အဲဒါက သင့်တော်တဲ့သူတစ်ယောက်ဖြစ်ရမှာဖြစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ဆိုတာက အသင်းကို အရည်အသွေးတွေ ယူဆောင်လာဖို့လိုပြီး လူစာရင်းထဲ လူထပ်ထည့်ရုံမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ခင်ဗျားကို ပြဿနာပဲ ပေးနိုင်လို့ပါ။ ပြီးတော့ ခင်ဗျား သိလား။ မန်ယူနိုက်တက်မှာက စံသတ်မှတ်ချက်ကလည်း မြင့်မားပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားနားရက်ကို အဆင့် ၄ နေရာက စပါးစ်နဲ့ ၃ မှတ်ကွာ တစ်ပွဲလျော့နဲ့ အဆင့် ၅ နေရာကနေ ဖြတ်သန်းခဲ့ရတာဖြစ်ပြီး ယနေ့ညပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ယူပြီး ထိပ်ဆုံး ၄ နေရာတိုက်ပွဲအတွင်းမှာ ဆက်ရှိနေအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အဲရစ္ တန္ဟက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ တိုက္စစ္မႉးတစ္ဦး ေခၚယူဖို႔ လိုအပ္ေပမယ့္လည္း အရည္အေသြးပိုင္းနဲ႔ပတ္သက္ၿပီး သင့္ေတာ္တဲ့သူျဖစ္ရမယ္ဆိုတဲ့အေပၚမွာ အာ႐ုံစိုက္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာ ယေန႔ညမွာ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ ကမာၻ႔ဖလားအၿပီး ပထမဆုံးပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၄ ပြဲမွာ သြင္းဂိုး ၂၀ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။
တန္ဟက္ဟာ ဂက္ခ္ပိုကို ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမတိုင္ခင္ နံပါတ္ ၁ ပစ္မွတ္အျဖစ္ သတ္မွတ္ထားခဲ့ေပမယ့္လည္း လီဗာပူးလ္အသင္းက လက္ဦးမႈ ရယူသြားၿပီျဖစ္တာေၾကာင့္ ဒတ္ခ်္ၾကယ္ပြင့္ကို လက္ေလွ်ာ့ရၿပီျဖစ္ပါတယ္။
လီဗာပူးလ္အသင္းက ပီအက္စ္ဗြီနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီဆိုတာကို အတည္မျပဳခင္ ေျပာဆိုခဲ့ရာမွာ တန္ဟက္က ယူႏိုက္တက္ရဲ႕ သြင္းဂိုးျပႆနာကို လက္ရွိ လူစာရင္းထဲက ကစားသမားတစ္ဦးက အကူအညီေပးႏိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
“ပထမဆုံးအေနနဲ႔ အဲဒါက ကြၽန္ေတာ္တို႔ အသင္းထဲကေန လာႏိုင္ပါတယ္။ ဂါနာခ်ိဳ၊ အီလန္ဂါ၊ ပယ္လီစထရီတို႔ကို ျမင္ပါတယ္။ ၿပီးေတာ့ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ တိုက္စစ္မႉးတစ္ေယာက္ ဆုံးရႈံးခဲ့တာကို သတိျပဳမိပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ထင္တယ္။ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ တိုက္စစ္မႉးတစ္ေယာက္ ရေအာင္ ေခၚရမွာပါ”
“ဒါေပမယ့္လည္း အဲဒါက သင့္ေတာ္တဲ့သူတစ္ေယာက္ျဖစ္ရမွာျဖစ္ၿပီး သင့္ေတာ္တဲ့သူတစ္ေယာက္ဆိုတာက အသင္းကို အရည္အေသြးေတြ ယူေဆာင္လာဖို႔လိုၿပီး လူစာရင္းထဲ လူထပ္ထည့္႐ုံမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက ခင္ဗ်ားကို ျပႆနာပဲ ေပးႏိုင္လို႔ပါ။ ၿပီးေတာ့ ခင္ဗ်ား သိလား။ မန္ယူႏိုက္တက္မွာက စံသတ္မွတ္ခ်က္ကလည္း ျမင့္မားပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကမာၻ႔ဖလားနားရက္ကို အဆင့္ ၄ ေနရာက စပါးစ္နဲ႔ ၃ မွတ္ကြာ တစ္ပြဲေလ်ာ့နဲ႔ အဆင့္ ၅ ေနရာကေန ျဖတ္သန္းခဲ့ရတာျဖစ္ၿပီး ယေန႔ညပြဲစဥ္မွာ ေနာ္တင္ဟမ္ေဖာရက္စ္ကို အႏိုင္ယူၿပီး ထိပ္ဆုံး ၄ ေနရာတိုက္ပြဲအတြင္းမွာ ဆက္ရွိေနေအာင္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.