Bundesliga Premier League Transfer News

သီယာဂိုအတြက္ သေဘာတူညီႏုိင္ခဲ့ၿပီး ေက်ာနံပါတ္ ၆ ေပးအပ္မယ့္ လီဗာပူးလ္

ၿပီးခဲ့တဲ့ ရာသီကုန္ကတည္းက ေခၚယူဖို႔ လုပ္ေဆာင္ေနခဲ့တဲ့ သီယာဂို အယ္လ္ကန္တာရာအတြက္ လီဗာပူးလ္အသင္းအေနနဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔ သေဘာတူညီမွဳ ရရွိခဲ့ၿပီျဖစ္ေၾကာင္း ဘာေဗးရီးယားကလပ္ရဲ႕ ဥကၠဌ ကားလ္-ဟိုင့္ဇ္ ရမ္မာနစ္ဂါက အတည္ျပဳေၾကျငာသြားခဲ့ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ အသက္ ၂၉ ႏွစ္အရြယ္ စပိန္လက္ေရြးစင္အတြက္ ယူ႐ိုသန္း ၃၀ (ေပါင္ ၂၇.၂ သန္း)ကို ေပးေခ်သြားမွာျဖစ္ၿပီး ကနဦးက ဘုိင္ယန္ရဲ႕ ဒီသတ္မွတ္ေဈးကို ေပးဖို႔ ျငင္းဆန္ေနခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေလးႏွစ္အရစ္က် ခြဲေပးၿပီး သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။

“ကၽြန္ေတာ့္အေနနဲ႔ေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ သီယာဂိုကို လီဗာပူးလ္ဆီ ေရာင္းခ်ဖို႔ သေဘာတူညီမွဳရခဲ့ၿပီျဖစ္ေၾကာင္း ေျပာလုိပါတယ္။ ကစားသမားဘဝရဲ႕ ေနာက္ဆုံးအခ်ိန္ေတြမွာ လီဗာပူးလ္အသင္းနဲ႔အတူ တစ္ခုခုထပ္ၿပီး အသစ္ေတြအတြက္ ႀကဳိးစားခြင့္ကလည္း သူ႕အတြက္ ေကာင္းတာပါပဲ”လို႔ ရမ္မာနစ္ဂါက အတည္ျပဳလုိက္ပါတယ္။

သီယာဂိုအတြက္ လီဗာပူးလ္အသင္းအေနနဲ႔ လုပ္ခလစာ ဘယ္ေလာက္နဲ႔ သေဘာတူညီခဲ့တယ္ဆုိတာနဲ႔ စာခ်ဳပ္ရဲ႕ အေသးစိတ္နဲ႔ ကာလအပုိင္းအျခားကိုေတာ့ ထုတ္ျပန္ထားျခင္း မရွိေသးဘူးလို႔ သိရၿပီး သူ႕ကို သေဘာက်ႏွစ္သက္တဲ့ နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ေတာ့ ဆႏၵျပည့္ဝႏိုင္ခဲ့ၿပီပဲျဖစ္ပါတယ္။

ဘာစီလိုနာအသင္းကေန ေျပာင္းေရႊ႕ေရာက္ရွိလာၿပီး ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔ လက္တြဲခဲ့တဲ့ ၇ ႏွစ္တာမွာ ဘြန္ဒက္စ္လီဂါဖလား ၇ လုံးကို ပုိင္ဆုိင္ႏုိင္ခဲ့တဲ့ သီယာဂိုဟာ လီဗာပူးလ္အသင္းမွာေတာ့ လက္ရွိအသင္းက ေက်ာနံပါတ္ ၆ ကိုပဲ ဆက္လက္ထိန္းသိမ္းဝတ္ဆင္သြားမွာျဖစ္တယ္လုိ႔ သိရၿပီး ဒီေန႔မွာ ေဆးစစ္ဖို႔ ရွိေနတဲ့ သူ႕ကို ခ်ဲလ္ဆီးနဲ႔ပြဲအမီ ပါဝင္ႏုိင္ဖို႔ေတာ့ ဖုတ္ပူမီးတုိက္လုပ္ေဆာင္မွာ မဟုတ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ရာသီကုန်ကတည်းက ခေါ်ယူဖို့ လုပ်ဆောင်နေခဲ့တဲ့ သီယာဂို အယ်လ်ကန်တာရာအတွက် လီဗာပူးလ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဘာဗေးရီးယားကလပ်ရဲ့ ဥက္ကဌ ကားလ်-ဟိုင့်ဇ် ရမ်မာနစ်ဂါက အတည်ပြုကြေငြာသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ အသက် ၂၉ နှစ်အရွယ် စပိန်လက်ရွေးစင်အတွက် ယူရိုသန်း ၃၀ (ပေါင် ၂၇.၂ သန်း)ကို ပေးချေသွားမှာဖြစ်ပြီး ကနဦးက ဘိုင်ယန်ရဲ့ ဒီသတ်မှတ်ဈေးကို ပေးဖို့ ငြင်းဆန်နေခဲ့ပေမယ့် လက်ရှိမှာတော့ လေးနှစ်အရစ်ကျ ခွဲပေးပြီး သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော့်အနေနဲ့တော့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ သီယာဂိုကို လီဗာပူးလ်ဆီ ရောင်းချဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း ပြောလိုပါတယ်။ ကစားသမားဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ လီဗာပူးလ်အသင်းနဲ့အတူ တစ်ခုခုထပ်ပြီး အသစ်တွေအတွက် ကြိုးစားခွင့်ကလည်း သူ့အတွက် ကောင်းတာပါပဲ”လို့ ရမ်မာနစ်ဂါက အတည်ပြုလိုက်ပါတယ်။

သီယာဂိုအတွက် လီဗာပူးလ်အသင်းအနေနဲ့ လုပ်ခလစာ ဘယ်လောက်နဲ့ သဘောတူညီခဲ့တယ်ဆိုတာနဲ့ စာချုပ်ရဲ့ အသေးစိတ်နဲ့ ကာလအပိုင်းအခြားကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ သိရပြီး သူ့ကို သဘောကျနှစ်သက်တဲ့ နည်းပြ ယာဂန် ကလော့ပ်အတွက်တော့ ဆန္ဒပြည့်ဝနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ လက်တွဲခဲ့တဲ့ ၇ နှစ်တာမှာ ဘွန်ဒက်စ်လီဂါဖလား ၇ လုံးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ သီယာဂိုဟာ လီဗာပူးလ်အသင်းမှာတော့ လက်ရှိအသင်းက ကျောနံပါတ် ၆ ကိုပဲ ဆက်လက်ထိန်းသိမ်းဝတ်ဆင်သွားမှာဖြစ်တယ်လို့ သိရပြီး ဒီနေ့မှာ ဆေးစစ်ဖို့ ရှိနေတဲ့ သူ့ကို ချဲလ်ဆီးနဲ့ပွဲအမီ ပါဝင်နိုင်ဖို့တော့ ဖုတ်ပူမီးတိုက်လုပ်ဆောင်မှာ မဟုတ်ကြောင်းလည်း သိရှိရပါတယ်။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.