ကမ္ဘာ့ဘောလုံးပရိသတ်တွေကြားထဲမှာ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို မမျှတဘူးလို့ ထင်နေကြသူတွေလည်း ရှိနေပြီး ပြင်သစ်အသင်းအနေနဲ့ မတရားအလုပ်ခံခဲ့ရတယ်လို့ ဆိုခဲ့ကြသလို လီယွန်နယ် မက်ဆီအနေနဲ့ ဟက်ထရစ်သွင်းခဲ့တဲ့ ခီလီယန် အမ်ဘာပေကို ကျော်ပြီး ဆုဖလားနဲ့ ရွှေဘောလုံးတွေကို မရသင့်ဘူးဆိုတာနဲ့ ပွဲကို ပြန်ကစားသင့်တယ်လို့လည်း တချို့က ကန့်ကွက်နေကြပါတယ်။
မက်ဆီနဲ့ အာဂျင်တီးနားတို့ဘက်က ပရိသတ်တွေကတော့ အမ်ဘာပေရဲ့ ဂိုးမှာရော ကွင်းထဲကို အရန်ခုံက လူတွေ ပြေးဝင်ခဲ့ကြတာပဲ မဟုတ်လားလို့ ပြန်ထောက်ခဲ့ကြသလို မော်ရိုကိုနဲ့ ပွဲမှာလည်း သူတို့တွေအနေနဲ့ ပင်နယ်တီပေးရမယ့်အစား အဝါကတ်တောင် တစ်ဖက်ကစားသမားကို ပြပြီး အသာရသွားတဲ့ အမှားကြောင့် ပြင်သစ်တို့ကို ဆီမီးဖိုင်နယ် ပြန်မကစားဘူးလားလို့ ပြန်လှောင်ခဲ့ကြတာပါ။
ဒါတွေက အာဂျင်တီးနားနဲ့ ပြင်သစ်တို့ တွေ့ဆုံမှုဖြစ်လို့ မက်ဆီနဲ့ အမ်ဘာပေတို့ကြား အငြင်းပွားစရာဖြစ်ခဲ့မယ်ဆိုရင် တကယ်လို့များ သူတို့နှစ်ဦးအနေနဲ့ အဲ့ဒီနိုင်ငံအသင်းတွေမှာ မကစားဘဲ တခြားနိုင်ငံတွေကို ကိုယ်စားပြုဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားကို ရနိုင်ဦးမလားလို့ ဘောင်အပြင်က ထွက်တွေးကြည့်ဖို့ ဖြစ်လာခဲ့ပါတယ်။
မက်ဆီအနေနဲ့ မိခင်ဖြစ်သူ စီလီယာ မာရီယာ ကူချီတီနီဘက်က အီတလီအဆက်အနွယ်တွေဖြစ်ပြီး စပိန်နိုင်ငံကိုတော့ အသက် ၁၂ နှစ် အရွယ်ကတည်းက ရောက်ရှိခဲ့တာကြောင့် ၅ နှစ်အကြာမှာ နိုင်ငံသားခံယူခွင့် ရှိခဲ့တာဖြစ်လို့ သူဟာ အာဂျင်တီးနားမှာ မကစားဘူးဆိုရင် အီတလီနဲ့ စပိန်တို့မှာ ကိုယ်စားပြုခွင့် ရှိခဲ့တာပါ။
အီတလီမှာ အာဂျင်တီးနားသားတွေထဲက မော်ရို ကာမိုရာနီစီရဲ့ ၂၀၀၆ ကမ္ဘာ့ဖလားကို နိုင်ငံပြောင်းလဲရယူနိုင်ခဲ့မှုက ထင်ရှားခဲ့တာဖြစ်ပြီး စပိန်မှာတော့ ရီးရဲလ်မက်ဒရစ်ဂန္ထဝင် အယ်လ်ဖရက်ဒို ဒီစတီဖာနိုက ဘာဆိုလားဖြစ်ခဲ့ဖူးသလို သူတို့တွေ ဖလားရတဲ့ ခေတ်မှာတော့ ဘရာဇီးလ်သားထဲက မားကို့စ် ဆန်နာကပဲ ဗိုလ်စွဲမှုနဲ့ တိုက်ဆိုင်ခဲ့ဖူးတာဖြစ်ပါတယ်။
ဒါပေမယ့် မက်ဆီသာ ဒီနိုင်ငံတွေကို ကိုယ်စားပြု ကစားခဲ့မယ်ဆိုရင်တော့ ဘာကြောင့်များ ဗိုလ်စွဲဖို့ မဖြစ်နိုင်ရမှာလဲလို့ ပြောရမှာဖြစ်ပြီး ဘယ်သူကမှ ခြေစွမ်းမပြခဲ့ဘူးဆိုရင်တော့ လက်ရှိ မြင်လာခဲ့ရသမျှ ခြေစွမ်းနဲ့ အီတလီနဲ့ စပိန်တို့ကို သူ့တစ်ယောက်တည်း ထမ်းတင်သွားနိုင်ဖို့ ရှိနေတာပါ။
အမ်ဘာပေကတော့ ကင်းမရွန်းလူမျိုး ဖခင်နဲ့ အယ်လ်ဂျီးရီးယားနွယ်ဖွား ပြင်သစ်သူ မိခင်တို့က မွေးဖွားလာခဲ့သူဖြစ်ပြီး ပြင်သစ်မှာသာ မကစားခဲ့ဖူးဆိုရင် သူ့ရဲ့ ဖလားရနိုင်ခြေက တော်တော်လေး နည်းသွားမှာဖြစ်သလို သူ့တစ်ယောက်တည်းရဲ့ အားနဲ့ သွင်းဂိုးတွေက ခံစစ်မှာ နာမည်ကြီးတောင် သိပ်မရှိဘဲ အလုပ်မဖြစ်တဲ့ နိုင်ငံတွေမှာ တစ်စုံတစ်ရာဖြစ်လာဖို့တော့ ခက်ခဲမှာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိပြင်သစ်အသင်းဖော်နှစ်ဦးဖြစ်တဲ့ အူဟယ်လီယင် ချွာမင်နီနဲ့ ဝီလီယမ် ဆာလီဘာတို့ကို အမ်ဘာပေအနေနဲ့ စည်းရုံးခေါ်ယူပြီး ကင်းမရွန်းသွားကစားနိုင်ဖို့ ရှိနေသလို ဥရောပမှာ ထင်ပေါ်နေတဲ့ ဖရန့်ဖတ်နောက်ခံလူ အီဗန် အန်ဒစ်ကာနဲ့ ခြေစွမ်းမကောင်းလို့ လက်ရွေးစင်အသင်းက ကန်ထုတ်ခံထားရတဲ့ ဆမ်မြူယယ်လ် အမ်တီတီတို့ကတော့ သူနဲ့ အဖွဲ့ဖွဲ့နိုင်သူတွေဖြစ်နေတာပါ။
ချွာမင်နီ၊ ဆာလီဘာ၊ အန်ဒစ်ကာနဲ့ အမ်တီတီတို့နဲ့လောက်တော့ အမ်ဘာပေတစ်ယောက် ရုန်းကန်နိုင်ဖို့က ခက်ခဲဖို့ပဲ ဆက်ဖြစ်လာနိုင်သလို ရှိတဲ့ သူတွေထဲက ဂိုးသမား အန်ဒရီ အိုနာနာလောက်ကိုတောင် မကိုင်တွယ်နိုင်ဘဲ ဒစ်လည်နေတဲ့ ရီဂိုဘတ် ဆောင်းလို နည်းပြမျိုးနဲ့ ကင်းမရွန်းမှာတော့ ကြယ်ပွင့်တွေကို လမ်းညွှန်နိုင်ဖို့ အရည်အချင်းရှိတဲ့ ပဲ့ကိုင်ရှင်မျိုး ရှိမနေတာကြောင့် ဥက္ကဌကြီးအနေနဲ့ ကိုယ်တိုင်နည်းပြရဖွယ်ရှိနေပါတယ်။
ဒါကြောင့် မက်ဆီနဲ့ အမ်ဘာပေတို့သာ အာဂျင်တီးနားနဲ့ ပြင်သစ် မဟုတ်ခဲ့ကြဘူးဆိုရင်တော့ မက်ဆီအတွက် အခက်အခဲ မရှိနိုင်ပေမယ့် အမ်ဘာပေကတော့ ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ အခွင့်အရေး နည်းပါးသွားမှာဖြစ်ပြီး ပရိသတ်တွေကို အငြင်းပွားစရာဖြစ်စေခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမျိုး မကြုံရနိုင်ကြောင်းလည်း တခြားတစ်ဖက်က အမြင်နဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ကမာၻ႔ေဘာလုံးပရိသတ္ေတြၾကားထဲမွာ အာဂ်င္တီးနားနဲ႔ ျပင္သစ္တို႔ရဲ႕ ကမာၻ႔ဖလားဗိုလ္လုပြဲကို မမွ်တဘူးလို႔ ထင္ေနၾကသူေတြလည္း ရွိေနၿပီး ျပင္သစ္အသင္းအေနနဲ႔ မတရားအလုပ္ခံခဲ့ရတယ္လို႔ ဆိုခဲ့ၾကသလို လီယြန္နယ္ မက္ဆီအေနနဲ႔ ဟက္ထရစ္သြင္းခဲ့တဲ့ ခီလီယန္ အမ္ဘာေပကို ေက်ာ္ၿပီး ဆုဖလားနဲ႔ ေ႐ႊေဘာလုံးေတြကို မရသင့္ဘူးဆိုတာနဲ႔ ပြဲကို ျပန္ကစားသင့္တယ္လို႔လည္း တခ်ိဳ႕က ကန႔္ကြက္ေနၾကပါတယ္။
မက္ဆီနဲ႔ အာဂ်င္တီးနားတို႔ဘက္က ပရိသတ္ေတြကေတာ့ အမ္ဘာေပရဲ႕ ဂိုးမွာေရာ ကြင္းထဲကို အရန္ခုံက လူေတြ ေျပးဝင္ခဲ့ၾကတာပဲ မဟုတ္လားလို႔ ျပန္ေထာက္ခဲ့ၾကသလို ေမာ္႐ိုကိုနဲ႔ ပြဲမွာလည္း သူတို႔ေတြအေနနဲ႔ ပင္နယ္တီေပးရမယ့္အစား အဝါကတ္ေတာင္ တစ္ဖက္ကစားသမားကို ျပၿပီး အသာရသြားတဲ့ အမွားေၾကာင့္ ျပင္သစ္တို႔ကို ဆီမီးဖိုင္နယ္ ျပန္မကစားဘူးလားလို႔ ျပန္ေလွာင္ခဲ့ၾကတာပါ။
ဒါေတြက အာဂ်င္တီးနားနဲ႔ ျပင္သစ္တို႔ ေတြ႕ဆုံမႈျဖစ္လို႔ မက္ဆီနဲ႔ အမ္ဘာေပတို႔ၾကား အျငင္းပြားစရာျဖစ္ခဲ့မယ္ဆိုရင္ တကယ္လို႔မ်ား သူတို႔ႏွစ္ဦးအေနနဲ႔ အဲ့ဒီႏိုင္ငံအသင္းေတြမွာ မကစားဘဲ တျခားႏိုင္ငံေတြကို ကိုယ္စားျပဳျဖစ္ခဲ့မယ္ဆိုရင္ ကမာၻ႔ဖလားကို ရႏိုင္ဦးမလားလို႔ ေဘာင္အျပင္က ထြက္ေတြးၾကည့္ဖို႔ ျဖစ္လာခဲ့ပါတယ္။
မက္ဆီအေနနဲ႔ မိခင္ျဖစ္သူ စီလီယာ မာရီယာ ကူခ်ီတီနီဘက္က အီတလီအဆက္အႏြယ္ေတြျဖစ္ၿပီး စပိန္ႏိုင္ငံကိုေတာ့ အသက္ ၁၂ ႏွစ္ အ႐ြယ္ကတည္းက ေရာက္ရွိခဲ့တာေၾကာင့္ ၅ ႏွစ္အၾကာမွာ ႏိုင္ငံသားခံယူခြင့္ ရွိခဲ့တာျဖစ္လို႔ သူဟာ အာဂ်င္တီးနားမွာ မကစားဘူးဆိုရင္ အီတလီနဲ႔ စပိန္တို႔မွာ ကိုယ္စားျပဳခြင့္ ရွိခဲ့တာပါ။
အီတလီမွာ အာဂ်င္တီးနားသားေတြထဲက ေမာ္႐ို ကာမိုရာနီစီရဲ႕ ၂၀၀၆ ကမာၻ႔ဖလားကို ႏိုင္ငံေျပာင္းလဲရယူႏိုင္ခဲ့မႈက ထင္ရွားခဲ့တာျဖစ္ၿပီး စပိန္မွာေတာ့ ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ အယ္လ္ဖရက္ဒို ဒီစတီဖာႏိုက ဘာဆိုလားျဖစ္ခဲ့ဖူးသလို သူတို႔ေတြ ဖလားရတဲ့ ေခတ္မွာေတာ့ ဘရာဇီးလ္သားထဲက မားကို႔စ္ ဆန္နာကပဲ ဗိုလ္စြဲမႈနဲ႔ တိုက္ဆိုင္ခဲ့ဖူးတာျဖစ္ပါတယ္။
ဒါေပမယ့္ မက္ဆီသာ ဒီႏိုင္ငံေတြကို ကိုယ္စားျပဳ ကစားခဲ့မယ္ဆိုရင္ေတာ့ ဘာေၾကာင့္မ်ား ဗိုလ္စြဲဖို႔ မျဖစ္ႏိုင္ရမွာလဲလို႔ ေျပာရမွာျဖစ္ၿပီး ဘယ္သူကမွ ေျခစြမ္းမျပခဲ့ဘူးဆိုရင္ေတာ့ လက္ရွိ ျမင္လာခဲ့ရသမွ် ေျခစြမ္းနဲ႔ အီတလီနဲ႔ စပိန္တို႔ကို သူ႔တစ္ေယာက္တည္း ထမ္းတင္သြားႏိုင္ဖို႔ ရွိေနတာပါ။
အမ္ဘာေပကေတာ့ ကင္းမ႐ြန္းလူမ်ိဳး ဖခင္နဲ႔ အယ္လ္ဂ်ီးရီးယားႏြယ္ဖြား ျပင္သစ္သူ မိခင္တို႔က ေမြးဖြားလာခဲ့သူျဖစ္ၿပီး ျပင္သစ္မွာသာ မကစားခဲ့ဖူးဆိုရင္ သူ႔ရဲ႕ ဖလားရႏိုင္ေျခက ေတာ္ေတာ္ေလး နည္းသြားမွာျဖစ္သလို သူ႔တစ္ေယာက္တည္းရဲ႕ အားနဲ႔ သြင္းဂိုးေတြက ခံစစ္မွာ နာမည္ႀကီးေတာင္ သိပ္မရွိဘဲ အလုပ္မျဖစ္တဲ့ ႏိုင္ငံေတြမွာ တစ္စုံတစ္ရာျဖစ္လာဖို႔ေတာ့ ခက္ခဲမွာျဖစ္ပါတယ္။
ဒါေပမယ့္ လက္ရွိျပင္သစ္အသင္းေဖာ္ႏွစ္ဦးျဖစ္တဲ့ အူဟယ္လီယင္ ခြၽာမင္နီနဲ႔ ဝီလီယမ္ ဆာလီဘာတို႔ကို အမ္ဘာေပအေနနဲ႔ စည္း႐ုံးေခၚယူၿပီး ကင္းမ႐ြန္းသြားကစားႏိုင္ဖို႔ ရွိေနသလို ဥေရာပမွာ ထင္ေပၚေနတဲ့ ဖရန႔္ဖတ္ေနာက္ခံလူ အီဗန္ အန္ဒစ္ကာနဲ႔ ေျခစြမ္းမေကာင္းလို႔ လက္ေ႐ြးစင္အသင္းက ကန္ထုတ္ခံထားရတဲ့ ဆမ္ျမဴယယ္လ္ အမ္တီတီတို႔ကေတာ့ သူနဲ႔ အဖြဲ႕ဖြဲ႕ႏိုင္သူေတြျဖစ္ေနတာပါ။
ခြၽာမင္နီ၊ ဆာလီဘာ၊ အန္ဒစ္ကာနဲ႔ အမ္တီတီတို႔နဲ႔ေလာက္ေတာ့ အမ္ဘာေပတစ္ေယာက္ ႐ုန္းကန္ႏိုင္ဖို႔က ခက္ခဲဖို႔ပဲ ဆက္ျဖစ္လာႏိုင္သလို ရွိတဲ့ သူေတြထဲက ဂိုးသမား အန္ဒရီ အိုနာနာေလာက္ကိုေတာင္ မကိုင္တြယ္ႏိုင္ဘဲ ဒစ္လည္ေနတဲ့ ရီဂိုဘတ္ ေဆာင္းလို နည္းျပမ်ိဳးနဲ႔ ကင္းမ႐ြန္းမွာေတာ့ ၾကယ္ပြင့္ေတြကို လမ္းၫႊန္ႏိုင္ဖို႔ အရည္အခ်င္းရွိတဲ့ ပဲ့ကိုင္ရွင္မ်ိဳး ရွိမေနတာေၾကာင့္ ဥကၠဌႀကီးအေနနဲ႔ ကိုယ္တိုင္နည္းျပရဖြယ္ရွိေနပါတယ္။
ဒါေၾကာင့္ မက္ဆီနဲ႔ အမ္ဘာေပတို႔သာ အာဂ်င္တီးနားနဲ႔ ျပင္သစ္ မဟုတ္ခဲ့ၾကဘူးဆိုရင္ေတာ့ မက္ဆီအတြက္ အခက္အခဲ မရွိႏိုင္ေပမယ့္ အမ္ဘာေပကေတာ့ ကမာၻ႔ဖလားကို ရယူႏိုင္ဖို႔ အခြင့္အေရး နည္းပါးသြားမွာျဖစ္ၿပီး ပရိသတ္ေတြကို အျငင္းပြားစရာျဖစ္ေစခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလား ဗိုလ္လုပြဲမ်ိဳး မႀကဳံရႏိုင္ေၾကာင္းလည္း တျခားတစ္ဖက္က အျမင္နဲ႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.