International World Cup

မက်ဆီကြောင့် ဘရာဇီးလ်နဲ့အနာဂတ်ကို ပြန်စဉ်းစားတော့မယ့် နေမာ

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ လီယွန်နယ် မက်ဆီရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲကို လေးစားအားကျခဲ့ပြီး လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ကို ဦးဆောင်သွားချင်နေတယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၎င်းရဲ့ ရည်မှန်းချက်ကို နောက်ထပ်တစ်ကြိမ် အကောင်အထည်မဖော်နိုင်ခဲ့တာဖြစ်ပြီး တောင်အမေရိကအသင်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ခရိုအေးရှားကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

နေမာဟာ ဘရာဇီးလ်အသင်းရဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်မယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ရှုံးထွက်အဆင့်မှာ လက်ရွေးစင်အသင်းအတွက် ပြန်လည် ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းက တောင်ကိုရီးယားကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲမှာ နေမာက ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ပွဲစဉ် အချိန်ပိုမှာလည်း ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း တီတီရ့အသင်းက ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်က ပြီးခဲ့တဲ့နှစ်မှာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၎င်းရဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိတော့ အနားယူကြောင်း ကြေညာခြင်းမရှိသေးတာဖြစ်ပြီး လက်ရှိမှာတော့ ဆုံးဖြတ်ချက်ကို ပြင်ဆင်တော့မယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီဟာ အသက် ၃၅ နှစ်အရွယ်မှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားအောင်ပွဲ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတဲ့ နေမာဟာ ဘရာဇီးလ်အသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် ဦးဆောင်ပေးချင်တဲ့ စိတ်ဓာတ်ခွန်အား ရရှိခဲ့တာဖြစ်ပါတယ်။

နေမာဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကျရင် အသက် ၃၄ နှစ်အရွယ်သာ ရှဦးမှာဖြစ်ပြီး လက်ရှိခြေစွမ်းနဲ့ ကြံ့ခိုင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားနိုင်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေနမာဟာ လီယြန္နယ္ မက္ဆီရဲ႕ ၂၀၂၂ ကမာၻ႔ဖလားေအာင္ပြဲကို ေလးစားအားက်ခဲ့ၿပီး လာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္ကို ဦးေဆာင္သြားခ်င္ေနတယ္လို႔ သိရပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ေနမာဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၎ရဲ႕ ရည္မွန္းခ်က္ကို ေနာက္ထပ္တစ္ႀကိမ္ အေကာင္အထည္မေဖာ္ႏိုင္ခဲ့တာျဖစ္ၿပီး ေတာင္အေမရိကအသင္ဟာ ကြာတားဖိုင္နယ္အဆင့္မွာ ခ႐ိုေအးရွားကို ပင္နယ္တီနဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ေနမာဟာ ဘရာဇီးလ္အသင္းရဲ႕အုပ္စုအဖြင့္ပြဲစဥ္မွာ ရရွိခဲ့တဲ့ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္မယ့္အေရးနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ရႈံးထြက္အဆင့္မွာ လက္ေ႐ြးစင္အသင္းအတြက္ ျပန္လည္ ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းက ေတာင္ကိုရီးယားကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ပြဲမွာ ေနမာက ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး ခ႐ိုေအးရွားနဲ႔ ကစားခဲ့တဲ့ပြဲစဥ္ အခ်ိန္ပိုမွာလည္း ဂိုးသြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း တီတီရ႕အသင္းက ပင္နယ္တီ အဆုံးအျဖတ္မွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္က ၿပီးခဲ့တဲ့ႏွစ္မွာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ၎ရဲ႕ ေနာက္ဆုံးကမာၻ႔ဖလားျဖစ္ႏိုင္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္အထိေတာ့ အနားယူေၾကာင္း ေၾကညာျခင္းမရွိေသးတာျဖစ္ၿပီး လက္ရွိမွာေတာ့ ဆုံးျဖတ္ခ်က္ကို ျပင္ဆင္ေတာ့မယ္လို႔ သိရပါတယ္။

လီယြန္နယ္ မက္ဆီဟာ အသက္ ၃၅ ႏွစ္အ႐ြယ္မွာ အာဂ်င္တီးနားအသင္းကို ကမာၻ႔ဖလားေအာင္ပြဲ ရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရတဲ့ ေနမာဟာ ဘရာဇီးလ္အသင္းအတြက္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရရွိေအာင္ ဦးေဆာင္ေပးခ်င္တဲ့ စိတ္ဓာတ္ခြန္အား ရရွိခဲ့တာျဖစ္ပါတယ္။

ေနမာဟာ လာမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲက်ရင္ အသက္ ၃၄ ႏွစ္အ႐ြယ္သာ ရွဦးမွာျဖစ္ၿပီး လက္ရွိေျခစြမ္းနဲ႔ ႀကံ့ခိုင္မႈကို ဆက္လက္ ထိန္းသိမ္းထားႏိုင္မယ္ဆိုရင္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္အတြက္ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးသြားႏိုင္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.