Premier League

ကမ္ဘာ့ဖလားချန်ပီယံ မာတီနက်ဇ် လာမယ့်ရာသီရုန်းကန်ရမယ်လို့ ပြောလိုက်တဲ့ အီဗရာ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပက်ထရစ် အီဗရာက ပရီးမီးယားလိဂ်ကစားသမားဘဝကို အထင်ကြီးဖွယ်စတင်နိုင်ခဲ့ပေမယ့်လည်း လီဆန်ဒရို မာတီနက်ဇ်အနေနဲ့ လာမယ့်ရာသီမှာ ဘာကြောင့် ရုန်းကန်ရနိုင်လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုင်းယက်စ်ကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားနောက်ခံလူရဲ့ ရုပ်ပိုင်းဆိုင်ရာကြောင့် ပရီးမီးယားလိဂ်နဲ့ အံမဝင်မှာကို စိုးရိမ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာတီနက်ဇ်ဟာ လက်ရှိအချိန်အထိ အဲဒီစိုးရိမ်မှုတွေကို လျော့ပါးစေခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဗဟိုခံစစ်မှာ ရာဖေးလ် ဗာရွမ်းနဲ့အတူ အထင်ကြီးဖွယ်ခံစစ်အတွဲကို ပုံဖော်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

အီဗရာဟာ မာတီနက်ဇ်ရဲ့ ခြေစွမ်းကြောင့် အထင်ကြီးမိခဲ့ပေမယ့်လည်း အာဂျင်တီးနားနောက်ခံလူရဲ့ လက်ရှိစွမ်းဆောင်ရည်ဟာ ကာလရှည်အောင်မြင်လိမ့်မယ်လို့ အာမခံချက်မပေးနိုင်ဘူးလို့ ထင်မြင်နေပြီး လာမယ့်ရာသီမှာ ပြိုင်ဘက်အသင်းတွေက ၎င်းကို ကျင့်သားရလာတဲ့အချိန်မှာ ခက်ခဲတဲ့ စမ်းသပ်မှုတွေကို ခံရနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လီဆန်ဒရို မာတီနက်ဇ်က ဒီရာသီမှာ ကျွန်တော့်ကို အထင်ကြီးစေခဲ့တယ်။ ရာသီအစပိုင်းမှာ သူ့ကို ခေါ်ယူခဲ့တဲ့အချိန်မှာ အားလုံးက သူရဲ့ အရပ်အမောင်းနဲ့ပတ်သက်ပြီး ပြောခဲ့ကြတယ်။ ဒါပေမယ့် သူက Pitbull ပါ။ မန်ယူနိုက်တက်ပရိသတ်တွေ မြင်ချင်တာ အဲဒါပဲ။ တောင်အမေရိကကစားသမားတွေက ဒီလို စိတ်ဆန္ဒပြင်းပြမှုမျိုးရှိတယ်။ သူတို့တွေက အရာအားလုံးကိုပေးဖို့ ဆာလောင်နေတယ်။ သူတို့က သူတို့နှလုံးသားနဲ့ ကစားကြတယ်။ သူက အသင်းအတွက် သွေးထွက်သံယိုဖြစ်ပေးချင်ပြီး ခင်ဗျား သူနဲ့ အခု ဘယ်လိုကစားသမားမျိုးပဲ တွဲပေးပေး သူ့အလုပ်သူလုပ်ပြီး သူ ကာဗာလုပ်ပေးမယ်ဆိုတာကို မြင်နိုင်ပါတယ်။ ကျွန်တော် ဗာရွမ်း ဒဏ်ရာရတဲ့အချိန်မှာ စိတ်ပျက်ခဲ့မိတယ်။ ဘာလို့လဲဆိုတော့ သူတို့ ၂ ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် နားလည်ကြပြီး အဲဒါက တကယ်ကောင်းမွန်ခဲ့တယ်လို့ ထင်လို့ပါ”

“ဒါပေမယ့် လာမယ့်နှစ်မှာ လူတွေက မာတီနက်ဇ်အကြောင်းသိကြပြီ။ နည်းပြတွေက သူ့ကို လေ့လာဆန်းစစ်ပြီး သူ့ရဲ့ အားနည်းချက်ကို သိသွားကြလိမ့်မယ်။ သူက တကယ် အကြမ်းပတမ်းနိုင်တယ်။ အဲဒီတော့ လူတွေက သူ့ကို ထုတ်ခံရအောင် ကြိုးစားလာကြလိမ့်မယ်။ ကျွန်တော်တို့အတွက် အိုဘာတန် ကစားပေးခဲ့တဲ့အချိန်ကို သတိရတယ်။ သူ ဝင်လာတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့ပြီး သူက ‘ပက်ထရစ် ဝိုး။ ခင်ဗျားတို့လို လူတွေနဲ့ ကစားရတာ အရမ်းလွယ်တာပဲ။ ပရီးမီးယားလိဂ်က တော်တော်လွယ်ကူတာပဲ’လို့ ပြောခဲ့တယ်”

“ကစားသမားအချို့အတွက်တော့ အဲဒါက လွယ်ကူပေမယ့် ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခြေစွမ်းပိုင်းတည်ငြိမ်ဖို့က အဓိကပဲ။ လီဆန်ဒရိုက ဒီရာသီကုန်တဲ့အထိ ကောင်းကောင်း ကစားနိုင်ရင်တောင်မှ လာမယ့်နှစ်က သူ့အတွက် ခက်ခဲလိမ့်မယ်။ ကျွန်တော် ပြောတာယုံ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ပက္ထရစ္ အီဗရာက ပရီးမီးယားလိဂ္ကစားသမားဘဝကို အထင္ႀကီးဖြယ္စတင္ႏိုင္ခဲ့ေပမယ့္လည္း လီဆန္ဒ႐ို မာတီနက္ဇ္အေနနဲ႔ လာမယ့္ရာသီမွာ ဘာေၾကာင့္ ႐ုန္းကန္ရႏိုင္လဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုင္းယက္စ္ကေန အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ပိုင္း အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားေနာက္ခံလူရဲ႕ ႐ုပ္ပိုင္းဆိုင္ရာေၾကာင့္ ပရီးမီးယားလိဂ္နဲ႔ အံမဝင္မွာကို စိုးရိမ္မႈေတြ ရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာတီနက္ဇ္ဟာ လက္ရွိအခ်ိန္အထိ အဲဒီစိုးရိမ္မႈေတြကို ေလ်ာ့ပါးေစခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ဗဟိုခံစစ္မွာ ရာေဖးလ္ ဗာ႐ြမ္းနဲ႔အတူ အထင္ႀကီးဖြယ္ခံစစ္အတြဲကို ပုံေဖာ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

အီဗရာဟာ မာတီနက္ဇ္ရဲ႕ ေျခစြမ္းေၾကာင့္ အထင္ႀကီးမိခဲ့ေပမယ့္လည္း အာဂ်င္တီးနားေနာက္ခံလူရဲ႕ လက္ရွိစြမ္းေဆာင္ရည္ဟာ ကာလရွည္ေအာင္ျမင္လိမ့္မယ္လို႔ အာမခံခ်က္မေပးႏိုင္ဘူးလို႔ ထင္ျမင္ေနၿပီး လာမယ့္ရာသီမွာ ၿပိဳင္ဘက္အသင္းေတြက ၎ကို က်င့္သားရလာတဲ့အခ်ိန္မွာ ခက္ခဲတဲ့ စမ္းသပ္မႈေတြကို ခံရႏိုင္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“လီဆန္ဒ႐ို မာတီနက္ဇ္က ဒီရာသီမွာ ကြၽန္ေတာ့္ကို အထင္ႀကီးေစခဲ့တယ္။ ရာသီအစပိုင္းမွာ သူ႔ကို ေခၚယူခဲ့တဲ့အခ်ိန္မွာ အားလုံးက သူရဲ႕ အရပ္အေမာင္းနဲ႔ပတ္သက္ၿပီး ေျပာခဲ့ၾကတယ္။ ဒါေပမယ့္ သူက Pitbull ပါ။ မန္ယူႏိုက္တက္ပရိသတ္ေတြ ျမင္ခ်င္တာ အဲဒါပဲ။ ေတာင္အေမရိကကစားသမားေတြက ဒီလို စိတ္ဆႏၵျပင္းျပမႈမ်ိဳးရွိတယ္။ သူတို႔ေတြက အရာအားလုံးကိုေပးဖို႔ ဆာေလာင္ေနတယ္။ သူတို႔က သူတို႔ႏွလုံးသားနဲ႔ ကစားၾကတယ္။ သူက အသင္းအတြက္ ေသြးထြက္သံယိုျဖစ္ေပးခ်င္ၿပီး ခင္ဗ်ား သူနဲ႔ အခု ဘယ္လိုကစားသမားမ်ိဳးပဲ တြဲေပးေပး သူ႔အလုပ္သူလုပ္ၿပီး သူ ကာဗာလုပ္ေပးမယ္ဆိုတာကို ျမင္ႏိုင္ပါတယ္။ ကြၽန္ေတာ္ ဗာ႐ြမ္း ဒဏ္ရာရတဲ့အခ်ိန္မွာ စိတ္ပ်က္ခဲ့မိတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ ၂ ေယာက္စလုံးက တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ၾကၿပီး အဲဒါက တကယ္ေကာင္းမြန္ခဲ့တယ္လို႔ ထင္လို႔ပါ”

“ဒါေပမယ့္ လာမယ့္ႏွစ္မွာ လူေတြက မာတီနက္ဇ္အေၾကာင္းသိၾကၿပီ။ နည္းျပေတြက သူ႔ကို ေလ့လာဆန္းစစ္ၿပီး သူ႔ရဲ႕ အားနည္းခ်က္ကို သိသြားၾကလိမ့္မယ္။ သူက တကယ္ အၾကမ္းပတမ္းႏိုင္တယ္။ အဲဒီေတာ့ လူေတြက သူ႔ကို ထုတ္ခံရေအာင္ ႀကိဳးစားလာၾကလိမ့္မယ္။ ကြၽန္ေတာ္တို႔အတြက္ အိုဘာတန္ ကစားေပးခဲ့တဲ့အခ်ိန္ကို သတိရတယ္။ သူ ဝင္လာတယ္။ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့ၿပီး သူက ‘ပက္ထရစ္ ဝိုး။ ခင္ဗ်ားတို႔လို လူေတြနဲ႔ ကစားရတာ အရမ္းလြယ္တာပဲ။ ပရီးမီးယားလိဂ္က ေတာ္ေတာ္လြယ္ကူတာပဲ’လို႔ ေျပာခဲ့တယ္”

“ကစားသမားအခ်ိဳ႕အတြက္ေတာ့ အဲဒါက လြယ္ကူေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ေျခစြမ္းပိုင္းတည္ၿငိမ္ဖို႔က အဓိကပဲ။ လီဆန္ဒ႐ိုက ဒီရာသီကုန္တဲ့အထိ ေကာင္းေကာင္း ကစားႏိုင္ရင္ေတာင္မွ လာမယ့္ႏွစ္က သူ႔အတြက္ ခက္ခဲလိမ့္မယ္။ ကြၽန္ေတာ္ ေျပာတာယုံ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.