International World Cup

မန်ယူနိုက်တက်ကို မင်းရဲ့အိမ်အဖြစ်သတ်မှတ်လိုက်လို့ လီဗာပူးလ်ပစ်မှတ်ကို တောင်းဆိုခဲ့တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က အင်္ဂလန်ကမ္ဘာ့ဖလားကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ကို အခြားဥရောပထိပ်သီးအသင်းကြီးတွေကို ငြင်းပယ်ပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာဖို့ တောင်းဆိုခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်တို့အပါအဝင် ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်အသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရသူဖြစ်ပါတယ်။

Express Sports ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်မှာ ဒေါ့မွန်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့အတွက် စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပြီး မန်ယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က အသက် ၁၉ နှစ်အရွယ် အင်္ဂလန်ကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့တခြားအသင်းတွေကို ငြင်းပယ်ပြီး အိုးထရက်ဖို့ဒ်ကို အိမ်အဖြစ် သတ်မှတ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ဂျုဒ် ဘယ်လင်ဟမ်က ကမ္ဘာ့ဖလားမှာ ထူးခြားဆန်းကြယ်ခဲ့ပါတယ်။ သူ့မှာ ကြီးထွားမှုအများကြီး၊ တိုးတက်နိုင်သေးတဲ့နေရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူက အင်္ဂလန်ရှပ်နဲ့ အင်္ဂလန်အတွက် ဆယ်ကျော်သက်ကစားသမားတစ်ယောက်က ကျွန်တော်တို့ ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့အရာတွေကို လုပ်ပြပြီး ပွဲစဉ်တွေမှာ လွှမ်းမိုးမှု ရှိခဲ့တာ ကျိန်းသေတယ်”

“မန်ချက်စတာယူနိုက်တက်ရေ သူ့ကို ဒီကို ခေါ်လိုက်တော့။ အိုးထရက်ဖို့ဒ်ကို ခင်ဗျားအိမ်လုပ်လိုက်တော့ ဂျုဒ်။ ခင်ဗျား လာပြီး ယဉ်ကျေးမှုကို အပြောင်းအလဲလုပ်နိုင်အေင် ကူညီပေးပါ။ အသင်းကို ရှိသင့်တဲ့အဆင့်အတန်းကို ပို့ဆောင်ပေးပါ။ သူက ပြည်ပမှာ နိုင်ငံအလံကို လွင့်ပျံစေခဲ့တယ်။ သူက ဂျာမနီမှာ သူ့ရဲ့အစွမ်းအစတွေနဲ့ လုပ်ပြခဲ့ပြီးပြီ။ အခု အိမ်ပြန်လာရမယ့်အချိန်ကျပြီ ဘေဘီရေ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေး ခန့်မှန်းခြေ ပေါင်သန်း ၁၀၀ သတ်မှတ်ထားတယ်လို့ ယုံကြည်ရတဲ့ ဘယ်လင်ဟမ်ဟာ အင်္ဂလန်အသင်းအတွက် ကာတာမှာ ၅ ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းနဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၅ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးက အင်္ဂလန်ကြယ်ပွင့်ကို စာချုပ်သက်တမ်းတိုးဖို့ စိတ်ဝင်စားနေတယ်လို့ ယုံကြည်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က အဂၤလန္ကမာၻ႔ဖလားၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္ကို အျခားဥေရာပထိပ္သီးအသင္းႀကီးေတြကို ျငင္းပယ္ၿပီး အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဘယ္လင္ဟမ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး လီဗာပူးလ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔အပါအဝင္ ကမာၻေပၚက အႀကီးမားဆုံးကလပ္အသင္းႀကီးေတြရဲ႕ ေစာင့္ၾကည့္ျခင္းကို ခံေနရသူျဖစ္ပါတယ္။

Express Sports ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္ဟာ ၂၀၂၃ ခုႏွစ္မွာ ေဒါ့မြန္ၾကယ္ပြင့္ကို ေခၚယူႏိုင္ဖို႔အတြက္ စိတ္ဝင္စားေနဆဲျဖစ္တယ္လို႔ သိရၿပီး မန္ယူႏိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က အသက္ ၁၉ ႏွစ္အ႐ြယ္ အဂၤလန္ၾကယ္ပြင့္ကို စိတ္ဝင္စားေနတဲ့တျခားအသင္းေတြကို ျငင္းပယ္ၿပီး အိုးထရက္ဖို႔ဒ္ကို အိမ္အျဖစ္ သတ္မွတ္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ဂ်ဳဒ္ ဘယ္လင္ဟမ္က ကမာၻ႔ဖလားမွာ ထူးျခားဆန္းၾကယ္ခဲ့ပါတယ္။ သူ႔မွာ ႀကီးထြားမႈအမ်ားႀကီး၊ တိုးတက္ႏိုင္ေသးတဲ့ေနရာေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ သူက အဂၤလန္ရွပ္နဲ႔ အဂၤလန္အတြက္ ဆယ္ေက်ာ္သက္ကစားသမားတစ္ေယာက္က ကြၽန္ေတာ္တို႔ ဘယ္တုန္းကမွ မျမင္ဖူးခဲ့တဲ့အရာေတြကို လုပ္ျပၿပီး ပြဲစဥ္ေတြမွာ လႊမ္းမိုးမႈ ရွိခဲ့တာ က်ိန္းေသတယ္”

“မန္ခ်က္စတာယူႏိုက္တက္ေရ သူ႔ကို ဒီကို ေခၚလိုက္ေတာ့။ အိုးထရက္ဖို႔ဒ္ကို ခင္ဗ်ားအိမ္လုပ္လိုက္ေတာ့ ဂ်ဳဒ္။ ခင္ဗ်ား လာၿပီး ယဥ္ေက်းမႈကို အေျပာင္းအလဲလုပ္ႏိုင္ေအင္ ကူညီေပးပါ။ အသင္းကို ရွိသင့္တဲ့အဆင့္အတန္းကို ပို႔ေဆာင္ေပးပါ။ သူက ျပည္ပမွာ ႏိုင္ငံအလံကို လြင့္ပ်ံေစခဲ့တယ္။ သူက ဂ်ာမနီမွာ သူ႔ရဲ႕အစြမ္းအစေတြနဲ႔ လုပ္ျပခဲ့ၿပီးၿပီ။ အခု အိမ္ျပန္လာရမယ့္အခ်ိန္က်ၿပီ ေဘဘီေရ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေျပာင္းေ႐ႊ႕ေၾကး ခန႔္မွန္းေျခ ေပါင္သန္း ၁၀၀ သတ္မွတ္ထားတယ္လို႔ ယုံၾကည္ရတဲ့ ဘယ္လင္ဟမ္ဟာ အဂၤလန္အသင္းအတြက္ ကာတာမွာ ၅ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေဒါ့မြန္အသင္းနဲ႔ လက္ရွိစာခ်ဳပ္သက္တမ္းဟာ ၂၀၂၅ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ၿပီး ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးက အဂၤလန္ၾကယ္ပြင့္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ စိတ္ဝင္စားေနတယ္လို႔ ယုံၾကည္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.